Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, September 20, 2016

အချိန်ကို စီမံခန့်ခွဲ အသုံးချနည်း (Time Management Skill)

အချိန်ကို စီမံခန့်ခွဲ အသုံးချနည်း (Time Management Skill)
------------------------------------
အချိန်ကိုစီမံခန့်ခွဲ အသုံးချနည်းကို မျှဝေပေးဖို့ တောင်းဆိုလာကြလို့ ရေးတင်ပေးခဲ့ပါတယ်။

လူတိုင်းမှာ ကိုယ်ပိုင်အချိန် ရှိကြတာချင်း တူပါတယ်။ မတူကြတာက အချိန်ကို စနစ်တကျ စီမံခန့်ခွဲ အသုံးချပုံ ချနည်းပါ။
ဒီအချက်အပေါ် မူတည်ပြီးတော့မှ လူချင်းတူပေမယ့်၊ အလုပ် လုပ်ကြတာချင်းတူပေမယ့် အောင်မြင်ခြင်း၊ မအောင်မြင်ခြင်း ဆိုပြီး အသွင်ဒြပ်ချင်း ကြွာခြားသွားကြတာလည်း ဖြစ်တယ်။

အချိန်ဟာ ဘ၀ (Time is life)
အချိန်ဟာ ငွေ (Time is money)
အချိန်ဟာ အသက် (Time is age)

Time Management Skill အချိန်ကို စီိမံခန့်ခွဲ အသုံးချနည်းဆိုတာ…

Understanding how to use your time in effective way between specific activities. အသေးစိတ် အလုပ်နှင့် အချိန်ကို ဘယ်လို စနစ်တကျ ထိထိရောက်ရောက် အသုံးချမလဲဆိုတာကို နားလည်ခြင်း။ အသုံးချနိုင်ခြင်း။

Good time management enables you to work smarter not harder – so that you get more done in less time. အချိန်ကို စနစ်တကျ စီမံခန့်ခွဲအသုံးပြုတတ်သူတွေဟာ အလုပ်ကို ခက်ခဲပင်ပန်းစွာ မလုပ်ဘူး။ စမတ်တကျလုပ်တယ်။ ဒါကြောင့် သူတို့ဟာ အချိန်အနည်းငယ်အတွင်းမှာ အလုပ်အများကြီးကို ပြီးအောင် လုပ်နိုင်တယ်။

အချိန်တိုအတွင်းမှာ အလုပ်အများကြီးကို ပြီးအောင်လုပ်နိုင်ဖို့ဆိုရင်…
အချိန်ကို ဘယ်လို စီမံခန့်ခွဲမလဲ?

၁။ ချက်ချင်းလုပ်ရမည့် အလုပ်။ ရေရှည် လုပ်ရမည့် အလုပ်ကို သိမြင်ပါ။ (Urgent and gradual actions)
၂။ ချက်ချင်း လုပ်ရမည့် အလုပ်တွေကို ချရေးပါ။ (List what to do)
၃။ အရေးကြီး/မကြီး ခွဲပါ။ (Divide what are priorities)
၎။ အချိန်နှင့် အလုပ်ကို တွဲ သတ်မှတ်ပါ။ (Time within activities)

၁။ ချက်ချင်းလုပ်ရမည့် အလုပ်။ ရေရှည်အလုပ်ကို သိပါ။ (Urgent and long-term actions)

အောင်မြင်မှုကို ဆာလောင် ငတ်မွတ်နေတဲ့ လူတွေမှာ လုပ်စရာ အလုပ်တွေ အလွန်များပါတယ်။
အလုပ်နှင့် အချိန်ကို စီမံခန့်ခွဲနည်းလမ်းကို မပိုင်တဲ့ လူတွေဟာ ဘာကိုစလုပ်လို့ လုပ်ရမှန်းမသိတော့ပဲ ခေါင်းတွေ ပူထူနေတတ်ပါတယ်။ ဒါပေမဲ့ ဒီနည်းလမ်းကို သိရင်လွယ်ပါတယ်။

များလွန်းတဲ့ လုပ်စရာတွေကို ဒီနေ့ အပြီးသတ်ရမည့်အလုပ်၊ တစ်ပတ်အတွင်း၊ တစ်လအတွင်း၊ တစ်နှစ်အတွင်း၊ နှစ်တို နှစ်ရှည် လုပ်သွားရမယ့် အလုပ်၊ ဆိုပြီးတော့ ခွဲခြား မြင်ထားပါ။

ဥပမာ - လူတွေနှင့် အလုပ်ကိစ္စဆွေးနွေးဖို့ ချိန်းထားတဲ့ အလုပ်ဆိုရင် သတ်မှတ် နေ့ရက်၊ အချိန်တို အတွင်းမှာ အရောက်သွားရမယ်။ အပြီးဖြတ်ရမယ်။
ကိုယ့်ဘ၀အောင်မြင်မှု စီမံကိန်းကို သွားတဲ့အခါကျတော့ တစ်ရက်နဲ့ တစ်လနဲ့ အပြီးဖြတ်လို့ မရတဲ့ အလုပ်ဖြစ်သွားပြီ။ သတ်မှတ်ချိန် Time bound, deadline နှင့် သွားရမယ့် နှစ်ရှည် အလုပ် ဖြစ်သွားပြီ။ ဒီလို ရက်ပိုင်းအတွင်း လုပ်ရမယ့် အလုပ်၊ နှစ်စဉ်အလိုက် လုပ်ရမည့် အလုပ်တွေကို ကွဲကွဲပြားပြား ရှင်းရှင်းလင်းလင်း သိမြင်ထားရမှာ ဖြစ်တယ်။

၂။ ချက်ချင်း လုပ်ရမည့် အလုပ်တွေကို ချရေးပါ။ (List what to do)

တစ်ရက်ကုန်ပြီးတိုင်း နောက်တစ်နေ့အတွက် အလုပ်တွေကို အစဉ်တိုင်း ချရေးပါ။ အသစ် စ, ရမယ့် စီမံကိန်းတွေလည်း ပါဝင်လာနိုင်တယ်။ လုပ်လက်စ ဆက်သွားရမယ့် အလုပ်တွေ ပါဝင်မယ်။ နောက် သတ်မှတ်ချိန် ပြည့်သွားလို့ အပြီးသတ်ရမယ့် ပရော့ဂျက် လုပ်စရာတွေ ပါဝင်နိုင်တယ်။ ဘယ်လို Reason တွေပဲ ပါဝင်နေပါစေ တစ်နေတာ လုပ်ငန်းစဉ်ထဲမှာ ချရေးပါ။ မေ့ကျန်ရစ်တာပဲ ဖြစ်ဖြစ်၊ သိလျက်နဲ့ ချန်ထားရစ်တာပဲ ဖြစ်ဖြစ်၊ နေ့တွေ လုပ်စရာ အကြွေးတွေ များလာရင် အလုပ်ပိသွား တတ်ပါတယ်။ ဒီလို အလုပ် ပိ,သွားတဲ့ လူတွေဟာ အောင်မြင်မှု ရလာဒ်အစား၊ ကျရှုံးမှု ရလာဒ်ကို မလိုချင်လဲ နောက်ဆုံး လက်ခံရမယ်။ အရှုံးသမား ဖြစ်သွားမယ်။ ဒါ့ကြောင့် နောက်နေ့ လုပ်စရာတွေကို ချန်မထားရစ်ပဲ၊ မေ့မကျန်စေပဲ အစဉ်တိုင်း ချရေးပါ။

၃။ အရေးကြီး/မကြီး ခွဲပါ။ (Divide what are priorities)

၂-အချက်က ချရေးထားတဲ့ အလုပ်များထဲက တစ်ရက်တည်း တစ်ချိန်တည်းမှာ တခါတခါ လုပ်စရာတွေများနေလို့ ခေါင်းစားရတဲ့ အချိန်တွေ ရှိမယ်။ ဒီလို မဖြစ်ဖို့ ပထမ ဦးစားပေး အရေးတကြီး လုပ်ရမယ့် အလုပ်။ ဒုတိယ ဦးစားပေး အလုပ်။ တတိယ ဦးစားပေးအလုပ် ဟူ၍ စုလိုက်ပါ။

ပထမဦးစားပေးအလုပ်ကို မနက်၊ နေ့လည်၊ သို့မဟုတ် ညနေ ဘယ်နှစ်နာရီ၊ ဘယ်နေရာမှာ အချိန် ဘယ်လောက် အသုံးပြုမယ်…ဆိုတာ တခါတည်း ဇယားဆွဲထားပါ။ အလုပ်အခြေအနေအရ အချိန် တိုး/ချော့ ဖြစ်ခဲ့ရင်လည်း ဒုတိယဦးစားပေးအလုပ်ကို မထိခိုက်ဖို့ လှမ်းအကြောင်းကြားတာပဲ ဖြစ်ဖြစ် လတ်တလော ဖြတ်ထိုးဥာဏ်ဖြင့် အဖြေရှာ ဖြေရှင်းနည်းကိုလည်း ကြိုတွေးထားပါ။

အလုပ်များပေမယ့် နည်းလမ်းသိထားရင် ခေါင်းအေးအေးနဲ့ အလုပ် တစ်ခုချင်းစီ အချိန်အနည်းငယ်အတွင်းမှာ စမတ်တကျ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

၎။ အချိန်နှင့် အလုပ်ကို တွဲ သတ်မှတ်ပါ။ (Time within activities)

လုပ်ရမည့် အလုပ်တွေကို သိရင် ထိုအလုပ်တစ်ခုချင်းစီရဲ့ သုံးသင့်တဲ့ အချိန်ကိုလည်း ကြိုတွက်ထားရမယ်။ သုံးတတ်ရမှာ ဖြစ်တယ်။ အချိန်အလေအလွင့် မဖြစ်ဖို့ လိုအပ်သလို၊ ရလာဒ်မထွက် အကျိုးမရှိတဲ့ အလုပ်မျိုး မဖြစ်ဖို့လည်း အထူးသတိပြုရမှာ ဖြစ်ပါတယ်။

သူများဘောကန်နေတာကို အလုပ်တစ်ခုလို အချိန်အလေအလွင့် ဖြစ်နေတာမျိုး။ လဖက်ရည်ဆိုင်မှာ ထိုင် လေပေါတာမျိုး။ လမ်းဘေးမှာ ဂိမ်းကစားတာ။ ကြက်တိုက်တာ တွေမှာ နာရီပေါင်းများစွာ အလဟဿ ဖြစ်သွားတာမျိုးတွေဟာ အောင်မြင်မှုကို ဆာလောင်ငတ်မွတ်နေတဲ့ လူတစ်ယောက်အဖို့ လုံးဝ အဖြစ်ခံလို့ မရတဲ့ အရာတွေပါ။

ဒါ့ကြောင့်မို့ အလုပ်တွေကို တစ်နာရီအတွင်း။ တစ်ရက်အတွင်း။ တပတ်အတွင်း။ တစ်လအတွင်း။ တစ်နှစ်အတွင်း ပြီးအောင်လုပ်ရမယ့် အလုပ်တွေ ရှိသလို။
ငါးနှစ်စာ Plan ချ သွားရမယ့် အလုပ်။ ဆယ်နှစ်စာ plan ချ လုပ်ရမယ့် အလုပ်။ နှစ်ငါးဆယ် စီမံကိန်း။ နှစ်တစ်ရာ စီမံကိန်း ဆိုတာတွေဟာ လူတစ်ဦးချင်းစီ။ ကုမ္ပဏီတစ်ခုချင်းစီ။ နိုင်ငံတစ်ခုချင်းစီမှာ စီမံကိန်းတွေနှင့် သွားနေကြတာချဉ်း ဖြစ်တယ်။

အောင်မြင်ချင်ရင် ဒီလို စီမံကိန်းတွေကို အချိန်သတ်မှတ်ချက်တွေနဲ့ စနစ်တကျ ချမှတ်နိုင်ရမယ်။ ဒီလို ရေတို ရေရှည် စီမံကိန်းတွေကို ချမှတ်နိုင်ဖို့ဆိုရင်...

၁။ လေ့လာသင်ယူမှု အားကောင်းနေရမယ်။(Willing to learn)
၂။ စာများများ ဖတ်ပေးရမယ်။ (Today reader tomorrow leader or winner)

ဒီနှစ်ချက် မရှိတဲ့ လူတွေမှာ မနက်ဖန်ရက်မှာ ဘာလုပ်ရမယ် ဆိုတဲ့ စီမံကိန်း(အလုပ်နှင့် အချိန်ကို စနစ်တကျ စီမံခန့်ခွဲ အသုံးချခြင်း/ Time management skill)ကိုတောင် ချမှတ်နိုင်မှာ မဟုတ်ပါဘူး။

မနက်ဖန်မှာ လုပ်မယ့် စီမံကိန်းကိုတောင် မချမှတ်နိုင်တော့တဲ့ ထိုလူမှာ အနာဂါတ်မှာ အောင်မြင်သော၊ လှပသော ဘ၀ဆိုတာလည်း ရှိနိုင်တော့မှာ မဟုတ်ပါဘူး။

နောက်ဆုံးအကြံပြုလိုတာက...

၁။ ကိုယ့်အလုပ်အပေါ် အာရုံစိုက်ပါ။ (Focus on what you are doing)
၂။ အချိန်ကို စနစ်တကျ စီမံခန့်ခွဲ အသုံးချနည်း(Time Management Skill)ကို လက်တွေ့ ကျင့်သုံးပါ။
၃။ အမြဲလေ့လာသင်ယူနေခြင်း Income တံခါးကို ဖွင့်ထားပါ။
၎။ စာများများဖတ်ပါ။

By Ashin Panna
20,9,2016

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။