Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, September 7, 2016

"ရှက်တတ်ကြပါစေ"

"ရှက်တတ်ကြပါစေ"
---------------------------
ကိုယ် ဝန်ထမ်းဘဝတုန်းက..

တံမြက်စည်းလှည်းရလဲ သူများထက်ပြောင်အောင် လှည်းတယ်။ အိမ်သာဆေးရလဲ သူများထက်ပြောင်အောင်ဆေးတယ်။ တစ်ခါမှာ
Sales Target ချပေးထားတာကို ပြည့်ချင်တဲ့ဇောနဲ့ နေ့ရော ညရော အလုပ်ပဲ အာရုံစိုက်နေမိတာမို့ ရောဂါသည်ကိုယ့်အဖေဆုံးသွားတာ ကိုယ့်ပယောဂမကင်းသလို ခုချိန်ထိ ခံစားနေရတုန်းပဲ။ (ဘယ်လိုမှမဖြစ်နိုင်တဲ့ Stretched Sales Target ကို ၉၅% ထိခဲ့ပေမယ့် ၁၀၀%မထိလို့ ကော်မရှင်လဲတစ်ပြားမှ မရခဲ့ပါဘူး။) တကယ်က ကော်မရှင်လိုချင်တာထက် အလုပ်ရှင်က "သမီးကို အားကိုးပါတယ်"ဆိုတဲ့စကားတစ်ခွန်းနဲ့ ထမီခါးတောင်းကျိုက်ပြီး ရောင်းပေးခဲ့တာ။

ဝန်ထမ်းအဖြစ်နဲ့ နောက်ဆုံး လုပ်ခဲ့တဲ့အချိန်ထိ အလုပ်မပြီးရင် ည ၉နာရီ ၁၀နာရီအထိ ရုံးမှာဆက်လုပ်တယ်။ Work Hard တွေ Work Smart တွေဆိုတာ အခြေနေ အချိန်ခါပေါ်မူတည်တဲ့ သီအိုရီထဲက စကားလုံးလေးတစ်ခုပါ။ ကိုယ်တစ်ယောက်ထဲ ထမင်းဟင်းမေ့နေတော့ ညစောင့်ဦးလေးကြီးက သနားလို့ဆိုပြီး သူ့ညစာလေး ခူးခပ်ပြီး ပန်းကန်ထဲစုပုံထည့် လာလာကျွေးတယ်။ (ပြူတင်းပေါက်သံတိုင်ကြားက ထိုးပေးတာ။ ညစောင့်ဆိုတော့ ရုံးထဲမဝင်ရလို့လေ။ ဘာနဲ့တူမလဲ စဉ်းစားသာကြည့်) အဲဒီဦးလေးကြီးက အစာအိမ်သမားမို့ သူ့ထမင်းပျော့ပျော့ပြဲပြဲကို ငါးခြောက်ကြော်လေးတွေပုံပြီး အငမ်းမရ စားခဲ့ရတဲ့ညတွေ အများကြီးပါ။ Overtime တို့ Commission တို့ဆိုတာ Marketing သမားမို့ တစ်သက်လုံးမရခဲ့ဖူးတဲ့အရာ။

ငွေမက်လို့မဟုတ်ရင် ဘာကြောင့်လဲဆိုတော့ မာနကြောင့်။
ကိုယ့်ကို သူများလက်ညှိုးထိုးခံရမှာ အရမ်းကြောက်ခဲ့တာ။ အသုံးကျတာ မကျတာ.. တော်တာ မတော်တာကို ပြောတာမဟုတ်ပါဘူး။
ကိုယ်လဲ သူများထက် ပိုတော်နေ တတ်နေတာမဟုတ်ပါဘူး။
လစာ အလကားညာယူနေတဲ့လူလို့ အထင်ခံရမှာကိုသာ သေမလောက် ရှက်ခဲ့တာ။

ကိုယ်လုပ်တာ အကောင်းဆုံးတော့ ဖြစ်ချင်မှဖြစ်မယ်။
ဒါပေမယ့် ကိုယ့်ရဲ့အကောင်းဆုံးတွေကိုတော့ ပြန်ပေးဆပ်ဖို့ ကြိုးစားခဲ့တယ်။
အနည်းဆုံးတော့ လစာယူရတာလဲ လိပ်ပြာသန့်တယ်။ ဒီလစာနဲ့ မိသားစုကို ကျွေးရတာလဲ ကျေနပ်တယ်။

ကိုယ်တွေခေတ်က ကိုယ်လို စိတ်ရှိတဲ့သူ အများသား။ ရှက်ရ ကြောက်ရကောင်းမှန်းနားလည်တယ်။

အခု ခေတ် တွေ့နေ ကြုံနေရတာတွေကို အတော်လေး စိတ်ပျက်မိတယ်။

တော်တဲ့သူ ကြိုးစားတဲ့သူက မရိုးသားတာမျိုး..
တော်လဲတော် ကြိုးစားရိုးသားပြန်တော့ အလုပ်ထဲမှာ လူမှုရေးဖောက်ပြန်တာမျိုး..
အဲဒီနှစ်မျိုးက လွတ်ပြန်တော့ ငပျင်းတွေဖြစ်ပြန်ရော..
အများစုက အဲလိုလူတွေ..

တာဝန်ယူမှု တာဝန်ခံမှုမရှိတဲ့.. အဲဒါကိုလဲ ရှက်ရကောင်းမှန်းမသိတဲ့ မန်နေဂျာတွေ..
အားရင် ကင်တင်းန်မှာ.. လက်ဖက်ရည်ဆိုင်မှာထိုင်.. အတင်းအဖျင်းပြော.. ထမင်းကို ဇိမ်ဆွဲစား.. ဖုန်းပွတ်.. အိုဗာတိုင်ဆိုပြီး ရုံးမှာ အင်တာနက်ထိုင်သုံး.. ရုံးကို ၁၀နာရီလောက်မှရောက်လဲ ခပ်တည်တည် ၉နာရီရေးတတ်တဲ့ အချိန်သူခိုး ဝန်ထမ်းတွေ..
အများစု ဖြစ်လာတာကို နေရာတိုင်းမှာတွေ့နေရတော့ စိတ်ပျက်မိ အဖြေရှာမိတယ်။

တွေ့မိတာ တစ်ခုက ဟီရိဩတပ္ပဆိုတဲ့ အရှက်အကြောက်တရား နည်းပါးလာတာက စတာ။
မကောင်းမှုပြုလို့ ပညာရှိသူတော်ကောင်းတွေ ကဲ့ရဲ့ခံရမှာကို ရှက်ရကောင်းမှန်းကို မသိတော့တာ ဒီခေတ် Working Age တွေမှာ တော်တော် သိသာလာတာတွေ့ရတယ်။

အကြောင်းက သူတို့ကြီးပြင်းလာတဲ့ခေတ်က "လျင်သူစား"စတမ်းခေတ်။ စာရိတ္တမဏ္ဏိုင်ဆိုတာ ဆရာမိဘတွေ မဟရဲတဲ့စကားလုံး။ ခေတ်ကျပ်ကြီးမို့ဒီလိုပဲလုပ်စားရတယ်ဆိုတဲ့ မိဘဆရာတွေက ကလေးတွေကို ဘယ်လို ဆုံးမရဲမှာလဲ။
ပညာရေးအစ သူငယ်တန်း ကထဲက ကျူရှင်မှာ spot ရိုက်သင်တဲ့ဖြတ်လမ်းနည်းနဲ့စခဲ့တာ။ ဒါမေး ဒါဖြေ။ တက္ကသိုလ်အထိ ခိုးနည်းပေါင်းစုံနဲ့ ဘွဲ့ရကြရတာက အများစုဆိုတော့ အမှားကို အမှန်ထင်။
ဒီလူတွေ လုပ်ငန်းခွင်ရောက်တော့ Ethic လို့ ပါးစပ်က ပြောရဲတဲ့ကောင်က ငတုံးကြီးကိုဖြစ်လို့။ စည်းဝိုင်းအပြင်က လူ့ဂွစာ။ မပေါင်းအပ်တဲ့ စပိုင်ကောင်ပေါ့။

စတုတ္ထမဏ္ဏိုင်က ဒီနေရာမှာအတော် စကားပြောတာ။ အဖေတို့ အဖိုးတို့ခေတ်က တက်ကျမ်းခေတ်။ လူချွန်လူကောင်းဖြစ်မှ လူရာဝင်တဲ့ခေတ်။ မဆလခေတ်မှာလဲ စာရိတ္တအသားပေးတဲ့စာတွေ အတော်ရိုက်သွင်းထားတော့ မကောင်းတာလုပ်မိရင်တောင် ရှက်ရကောင်းမှန်းတော့ သိကြတယ်။ ပတ်ဝန်းကျင်ရဲ့ ဖိအားလဲပါတယ်။ အများညီတော့ အရှက်နဲ့အသက်ကို လဲရဲတယ်ဆိုတဲ့လူစား များတယ်။

အခုခေတ်ကျ သူသူကိုယ်ကိုယ် မစောင့်ထိန်းတဲ့သူတွေများလာတော့ ရှက်စရာကို ရှက်စရာမမြင်တော့တဲ့အထိ စိတ်ဓာတ်တွေ ချွတ်ခြုံကျလာကြတယ်။ အလုပ်ပေါ်မှာလဲ စေတနာကွယ်ပျောက်ပြီး ဂွင်ရှာဖို့ မရှိရင် အသာလေး float လုပ်နေလိုက်ကြတယ်။ ဝန်ထမ်းရှားပါးတဲ့ ဒီခေတ်မှာ အလုပ်ထုတ်ခံရရင် ငါ့အခြေနေ တော်တော်ဆိုးလို့ထုတ်ခံရတာပဲလို့ မမြင်ဘဲ Labour Law အတိုင်း လျော်ကြေးပေးရမယ်ဆိုတာမျိုး အရှက်အကြောက်မရှိ တောင်းဆိုတာလဲ လုပ်ရဲလာကြတယ်။

ကြာရင် ဘာဖြစ်လာမလဲဆိုတော့ ဒီလူတွေပဲ နစ်နာမှာပါ။ Full Picture နဲ့ Consequences တွေမမြင်တတ်တဲ့ သူငယ်နာမစင်တဲ့ အစိုးရအဆက်ဆက် လက်ဆော့ပြီးထုတ်ခဲ့တဲ့ Law တွေ၊ Regulations တွေကြားမှာ သိပ္ပံ စမ်းသပ်ခန်းထဲက ဖားတွေကြွက်တွေလို မျက်ဖြူဆိုက်နေတဲ့ လုပ်ငန်းရှင်တွေက မခံနိုင်ရင် ပြည်တွင်း Workforce ကို မသုံးချင်တော့ဘဲ Import လုပ်ဖို့ကို စဉ်းစားလာကြတဲ့အထဲ Corporates တွေတင်မက SME လေးတွေပါ ပါလာကြပြီ။

မနှစ်က ငွေဆောင်ဘက်သွားအလည် ကားလမ်းပိတ်နေလို့ လမ်းဘေးဆင်းအိပ်နေတဲ့ ကားပေါ်ပါ စိုက်ခင်းအလုပ်သမားတွေနဲ့ စကားစမြည်သွားပြောမှ.. မြန်မာစကား တစ်လုံးမှမတတ်တဲ့ ပြည်ကြီးတရုတ်တွေ ဖြစ်နေပါရော။ မန်နေဂျာအဆင့်မဟုတ်ဘူးနော်။ အလုပ်ကြမ်းသမားတွေ။ နွေတုန်းက မန်းလေးဘက်သွားတော့ တရုတ်တွေမြေလာငှားပြီးစိုက်တဲ့ စပါးခင်းပိုင်ရှင်နဲ့တွေ့တယ်။ တရုတ်တွေက မနက် ၄နာရီ လယ်ကွင်းထဲတစ်ပတ်ကြည့်ပြီးပြီ။ မြန်မာလယ်သူရင်းငှားတွေကို ငေါက်ငမ်းပြီးလူလိုက်စုရသတဲ့။ နီတို့မြန်မာတွေ ငပျင်းတွေဆိုတာ မနက်တိုင်းကြားရသတဲ့။ ဒါ မြန်မာထဲမှာဆို အတော်လက်ကြောတင်းတဲ့ လယ်သမားဆိုတာတွေနော်။

တစ်နှစ်က ဘီယာကုမ္ပဏီကြီးတစ်ခုဖွင့်ပွဲလုပ်ဖို့ စက်ရုံကို survey သွားရတော့ စက်ရုံဝန်ထမ်းတွေဆိုတာ ကုလားပြည်ရောက်သွားသလို မြင်ရတယ်။ နေ့လည်ထမင်းစားချိန် ဖျာပေါ်မှာ ပဲဟင်းနဲ့ထမင်းလွေးနေကြတာ အိန္ဒိယက ဟိန္ဒူကုလားအစစ်ကြီးတွေ။ အလုပ်ကြမ်းသမားတွေနော်။ မန်နေဂျာတွေကြည့်အုံးမလား.. အဖြူတွေလက်အောက်မှာ လုပ်နေကြတာ အာဆီယံအစည်းအဝေးလုပ်နေသလို ဂျပန် ဗီယက်နမ် ကိုရီးယား စလုံး မလေး ဖိလစ်ပိုင်... ပေါင်းစုံ။ သူတို့ခိုင်းတာ ဖင်လေးကုန်း လက်လေးနောက်ပစ်ပြီး ရက်ဆားလုပ်နေရတာက ရွှေမြန်မာတွေ။ ဒါ ကိုယ့်တိုင်းပြည်ထဲတင် ဖြစ်နေတာနော်။

အိန္ဒိယက မိတ်ဆွေတစ်ယောက်က အလုပ်တောင်းတယ်။ MBA လုပ်သက်က ၁၀နှစ်နီးပါး။ ပြည်ပတွေမှာ အတွေ့အကြုံရှိတယ်။ ဒေါ်လာ ၂၀၀၀လောက်ဆို လုပ်ပါ့မယ်တဲ့။ နှစ်ထောင်နော်။ ဟာ.. ငါတို့ တိုင်းပြည်မှာ နင့်လောက်ဆို လေးငါးထောင်ရနေပြီ။ နင်တို့ဆီဘယ်လောက်ရလဲဆိုတော့ $၁၉၀၀တဲ့။ ဘာလို့ပြောင်းချင်တာလဲဆို နင်တို့ဆီမှာ လူလိုနေရတယ်။ ငါတို့ဆီမှာ အိပ်ချိန်ကလွဲပြီး အလုပ်လုပ်ရတယ်။ ဒါတောင် မနက်ရုံးသွားရင် ကိုယ့်ကို အလုပ်ဖြုတ်ပြီလားလို့ ရင်တမမနဲ့သွားရတာ။ အဖြုတ်ခံရရင် ရုံးဂိတ်ပေါက်ဝမှာ ကိုယ့်ပစ္စည်းတွေရယ်၊ ဖြုတ်စာရယ်၊ လစာရယ်၊ လျော်ကြေးရယ်ကို အဆင်သင့် ထားထားတာ။ ကုမ္ပဏီကြီးတွေမှာ MIS အရမ်းကောင်းတော့ Handover လုပ်စရာကို မလိုဘူး။ ရှိသမျှ ဒေတာအားလုံး ရုံးမှာ backup အကုန်ရှိတယ်။ အထုတ်ခံရရင် Black List ကို သတင်းစာထဲရော ကိုယ့်ပတ်ဝန်းကျင်အကုန်ဖြန့်တာ လုပ်စားလို့မရတော့ဘူး။ လျော်ကြေးရတာပေမယ့် အလုပ်ခန့်မယ့် ကုမ္ပဏီမရှိတော့ဘူး။ မရိုးသားလို့မဟုတ်ဘဲ မကြိုးစားရင် Under-performance ကိုလဲ ဒီလို blacklist လုပ်ခံရတာပဲ။... ဒါက ကုမ္ပဏီကြီး ၃ခုက မန်နေဂျာနဲ့ GM အဆင့်ရှိတဲ့ Indian ၃ယောက် ပြောပြတာတွေကို စုပြီးပြောတာပါ။

ထပ်ပြောလိုက်သေးတယ်။ ငါတို့ ဒီမှာ လစာပိုရဖို့ မမျှော်လင့်ဘူး။ ရုံးချိန်ပြင်ပမှာ မိသားစုနဲ့နေချင်တယ်။ နောက် ၅နှစ်လောက်ဆို မြန်မာပြည်မှာ ကိုယ်ပိုင်စီးပွားရေးလုပ်ချင်တယ်။ အခုက အရင်းမရှိသေးလို့။ ဒါကြောင့် လာချင်တာ။ နင် လူလိုရင် ဘယ်လိုဝန်ထမ်းလိုချင်တယ်သာပြော။ ငါ့ မိတ်ဆွေတွေ မြန်မာပြည်လာရပြီးရောဆိုတာ အများကြီး။ ဈေးသက်သာတယ် ကြိုးစားတယ်.. တဲ့။ မိတ်ဆွေတစ်ယောက်ဆီမှာ ထိုင်းလူမျိုးမန်နေဂျာခန့်ထားတာ.. English ကောင်းကောင်း မြန်မာလိုနည်းနည်းတတ်တယ် presentation skill ကောင်းတယ်..ဘွဲ့ရပညာတတ်။ လစာ $၈၀၀ (ရှစ်ရာနော်).. အဲဒါနဲ့ လုပ်နေတယ်။ ဒီက လစာ ၈သိန်း ၁၀သိန်းသမားတွေထက် အများကြီး အလုပ်ပြီးတယ်။တာဝန်သိတယ်။ အချိန်မခိုးဘူး။

ကဲ... ဒီလိုတွေ ရေးပြနေတာ ကုလားအားပေးလို့လဲမဟုတ်ဘူး။ အမေကျော် ဒွေးတော်လွမ်းတာလဲမဟုတ်ဘူး။ မြန်မာဝန်ထမ်းတွေ ကြိုပြင်ဆင်ထားနိုင်အောင် Imported Talents တွေနဲ့ယှဉ်ရတော့မယ့် အနေအထားကို မီးမောင်းထိုးပြနေတာပါ။

အဖြုတ်ခံရတာကို ဝမ်းသာပြီး လစာလျော်ကြေးတောင်းဖို့လောက်ပဲ စိတ်ကူးတတ်တဲ့ အချို့သော ရွှေမြန်မာတွေ...
မှန်ကန်သောနည်းလမ်းနဲ့...
ရှက်တတ်ကြပါစေ...
ရှက်တတ်ကြပါစေ...
ရှက်တတ်ကြပါစေ...

#Aye Myat Myat Thu
7.9.2016

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။