ကောက်ကျစ်တဲ့ စွန့်စားမှု
--------------------------
ဟိုးရှေးရှေးတုန်းက အိန္ဒိယပြည်မှာ ဆင်းရဲသားတွေဟာ ငွေကြေးအတွက် အရဲစွန့်ပြီး စပါးအုံးမြွေတွေဖမ်းခဲ့ရတယ် ။
.
စပါးအုံးမြွေတွေဟာ စွတ်စိုတဲ့ကျောက်ဂူတွေထဲမှာ နေတဲ့
ဧရာမမြွေကြီးတွေဖြစ်တယ်။ အသေကောင်တွေကို မျိုရတာကြိုက်တယ်။ အထူးသဖြင့်
လူသေကောင်တွေကို မက်မက်စက်စက်မျိုတယ်။ အိန္ဒိယလူမျိုးစုတချို့ဟာ
စပါးအုံးမြွေကို နတ်ဘုရားအဖြစ်တွေ့မြင်ပြီး လူသေကောင်တွေချေဖျက်တဲ့တာဝန်ကိုယူထားတဲ့ နတ်ဘုရားရဲ့စေတမန်အဖြစ်ကိုး ကွယ်ကြတယ်။ ဒါကြောင့် လူသေရင် စပါးအုံးမြွေရှိတဲ့ ကျောက်ဂူရှေ့မှာသွားချထားပြီး လူသေကောင်ကို မြွေအမြန်မျိုဖို့ ဆုတောင်းကြတယ်။ မြွေမျိုရ ပိုလွယ်အောင်ဆိုပြီး လူသေအလောင်းပေါ် ဆီတစ်မျိုးသုတ်လိမ်းလိုက်ကြ တယ်။ မြွေဟာ ဆီမှာပါတဲ့အမွေးနံ့ကိုရှုရှို က်မိရင် ဂူထဲကနေတွားထွက်လာပါတယ်…
.
ဆင်းရဲကြပ်တည်းတဲ့လူတချို့က
ဒီလိုဧရာမမြွေကြီးကို ဖမ်းယူနိုင်ဖို့ ကြိုးစားခဲ့ကြတယ်။ သူတို့ကိုယ်တိုင်
လူသေကောင်ဟန်ဆောင်ကာ ခန္ဓာကိုယ်ပေါ် ဆီတွေလိမ်းကျံပြီး မြွေအောင်းနေတတ်တဲ့
ဂူဝမှာ ဆန့်ဆန့်ကြီးလဲလျောင်းနေပါေ တာ့တယ်။
.
ကျွန်တော်ငယ်ငယ်တုန်းက အိန္ဒိယပုံပြင်တစ်ပုဒ်ဖတ်ခဲ့ ဖူးတယ်။
အဲဒီပုံပြင်မှာ လူက မြွေကိုဖမ်းတဲ့ဖြစ်စဉ်ကို အသေးစိတ်ရေးထားပါတယ်။
အဲဒီလူက လူကြီးမဟုတ်ပါဘူး… ၁၃နှစ်သားအရွယ် ကောင်လေးတစ်ယောက်ပါ။ ကောင်လေးက
အဖေနဲ့နေပါတယ်။ အဖေအသည်းအသန်နာမကျန်းဖြစ်တဲ့ အခါ ဆေးကုစရာ ငွေမရှိခဲ့ပါဘူး။ ငွေရှိရင် ရောဂါပျောက်အောင် ကုနိုင်တယ်လို့ ဆရာဝန်အာမခံတော့ ကောင်လေးဟာ မြွေဖမ်းဖို့စိတ်ကူးရလိုက်ပါတယ်။ စပါးအုံးမြွေတစ်ကောင်ဖမ်းမိ ရင် မြွေရေခွံကိုရောင်းမယ်.. ဒီလိုဆိုရင် အဖေမသေနိုင်တော့ဘူးလို့ သူနားလည်ထားပါတယ်။
.
တစ်ညမှာ ကောင်လေးဟာ စပါးအုံးမြွေဝင်ထွက်သွားလာတ တ်တဲ့
တောင်အောက်တစ်နေရာမှာ အဝတ်အစားချွတ်ပြီး သူ့ကိုယ်ပေါ်ကို ဆီလိမ်းလိုက်တယ်။
ဆီကို ခန္ဓာကိုယ်တစ်ခုလုံး နေရာလပ်မကျန်၊ ခြေမျက်စိပါမကျန်
သူသုတ်လိမ်းလိုက်တယ်။
.
ကောင်လေးဟာ လက်မှာ ဓားထက်ထက်တစ်လက်ဆုပ်ကိုင်ထားပြီး
ညအချိန်မှာပဲ မြွေရှိတဲ့ ကျောက်ဂူရှေ့မှာ လဲလျောင်းနေလိုက်တယ်။
မနက်မိုးလင်းချိန်မှာ ကောင်လေးကို မြွေတွေ့သွားပါတယ်။ မြွေဟာ
ကောင်လေးရဲ့စုနေတဲ့ခြေအစုံက နေ စမျိုပါတယ်။ ကောင်လေး အသက်ကိုအောင့်ထားတယ်။
.
မြွေမျိုချိန် နှေးသည်ဖြစ်စေ၊ မြန်သည်ဖြစ်စေ.. မြွေဖမ်းသူဟာ အသက်ကိုအောင့်ထားရပါတယ်။ စပါးအုံးမြွေက အာရုံခံလွယ်တယ်။ အသက်ကိုမျှင်းရှုနေရင်တောင် သူသိနိုင်တယ်။ သာမန်အားဖြင့် ဆီလိမ်းထားတဲ့ လူကြီးတစ်ယောက်ကိုမျိုဖို့ အချိန် မိနစ်၂ဝလိုပါတယ်။ မြွေဖမ်းသူဟာ သူ့ကို မြွေထက်ဝက်လောက်မျိုပြီးချိ န် တစ်နည်းပြောရရင် ခါးအထိရောက်ချိန် ရုတ်ခနဲထထိုင်ပြီး လျင်မြန်တဲ့အရှိန်နဲ့ လက်တစ်ဘက်ကမြွေရဲ့အပေါ်မေးရိုးကိုမ,ပြီး ကျန်လက်တစ်ဘက်က အားနဲ့ ဓားကို ကန့်လန့်ဖြတ်ဆွဲချလိုက်တယ်။ ဒီလိုအားနဲ့ခုတ်ဖြတ်လိုက်ချိန်မှာ မျက်လုံးအပါအဝင် မြွေခေါင်းတစ်ဝက်လောက်ဟာ တိခနဲပြတ်ကျသွားပါတယ်။ မြွေဟာ ရုတ်တရက်ခံလိုက်ရတဲ့ ပြင်းထန်တဲ့နာကျင်မှုကြောင့် ထက်ဝက်လောက်မျိုချထားတဲ့လူ့ ခန္ဓာကိုယ်ကို
ထွေးထုတ်လိုက်တတ်တယ်။ အထွေးထုတ်ခံလိုက်ရတဲ့လူက မြေပေါ်တစ်ပတ်လှိမ့်ပြီး
ပုန်းရှောင်လိုက်တယ်။ မျက်လုံးအပါအဝင် အပေါ်မေးရိုးပြတ်သွားတဲ့မြွေ ဟာ လူကိုကိုက်လို့လည်းမရသလို မမြင်ရတော့တာကြောင့် ရစ်ပတ်လို့လည်းမလွယ်တော့ပါဘူး။ မြွေဟာ မမြင်မကမ်းနဲ့ ဒေါသတကြီး ကျောက်နံရံတွေကို သူ့ခန္ဓာကိုယ်နဲ့ရိုက်ပါတော့ တယ်။ နောက်ဆုံးမှာ အားပြတ်ပြီး သေပွဲဝင်ပါတယ်။ တကယ်လို့ လှုပ်ရှားချိန်မြန်ပေမယ့် အားပျော့ခဲ့ရင် မြွေရဲ့ခေါင်းတစ်ဝက်ကိုဖြတ် နိုင်မှာ
မဟုတ်ပါဘူး။ ဒီလိုအချိန်မှာ မျက်စိမြင်ရသေးတဲ့မြွေဟာ အလိမ်ခံရတဲ့စိတ်နဲ့
ဒေါသတကြီး လူကိုရစ်ပတ်ပါတယ်။ နောက်ဆုံး လူသေတဲ့အထိ ရစ်ပတ်ပြီး
သူပါသေပွဲဝင်ပါတယ်…
.
ကံမကောင်းခြင်းက အဲဒီကောင်လေးကိုယ်ပေါ် ကျရောက်ခဲ့ပါတယ်။ မြွေမျိုလို့ ခန္ဓာကိုယ်တစ်ဝက်ရောက်ခါနီးမှာ ပုရွတ်ဆိတ်တစ်ကောင်ဟာ ကောင်လေးရဲ့နှာခေါင်းထဲတွား ဝင်သွားပါတယ်။ ဒါဟာ ဘယ်လိုမှ မအောင့်နိုင်တဲ့အဖြစ်ပါ။ ကောင်လေး နှာတစ်ချက်ချေလိုက်ပါတယ်။ အဲဒီနောက်မှာတော့ တွေးထင်ထားတဲ့အတိုင်း……
.
ရက်အနည်းငယ်အကြာမှာ ကောင်လေးရဲ့ဖခင်လည်း သေသွားပါတယ်။ လူတွေဟာ သူ့အလောင်းကိုလည်း ဆီတွေသုတ်လိမ်းပြီး အဲဒီမြွေတွင်းဝဆီ သယ်သွားခဲ့ပါတယ်။
.
နှစ်ပေါင်း ၃ဝကြာတဲ့အထိ ဖတ်ခဲ့ဖူးတဲ့ ဒီပုံပြင်ကို ကျွန်တော်မမေ့ခဲ့ပါဘူး။ ဖတ်ခဲ့ဖူးတဲ့ခံစားချက်က အချိန်အသက်အရွယ်နောက်လိုက်ြ ပီး
တဖြည်းဖြည်း အရောင်လွင့်လာခဲ့ပါတယ်။ ဒါပေမယ့် ဒီကနေ့ထိ
ခေါင်းမာတဲ့သံသယအမေးတစ်ခုက ခေါင်းထဲမှာရှိနေဆဲပါပဲ။ အဲဒီအမေးက
မြွေဖမ်းတဲ့နည်းလမ်း၊ အတွေ့အကြုံတွေ များစွာရှိနိုင်တာပဲ။ လူတွေက
ဘာဖြစ်လို့ အစွန့်စားရဆုံးနည်းကိုမှ ရွေးခဲ့ရသလဲ။
ကိုယ့်ကိုယ်ကိုယ်လူသေကောင်အ ဖြစ်သတ်မှတ်ပြီး ပြန်ရှင်သန်တဲ့နည်းဟာ သတ္တိရှိတဲ့၊ ဉာဏ်ရှိတဲ့နည်းဖြစ်တယ်ဆိုတာ အသေအချာပါပဲ။ ဒါပေမယ့် ဒီ “ဉာဏ်”က ကလိမ်ကျကောက်ကျစ်တဲ့ဉာဏ်လို့  ပြောလို့ရတာပဲမဟုတ်လား။ မြွေက လူသေကောင်မျိုရတာကို ကြိုက်တယ်၊ လူတွေက မြွေဘယ်လိုမှတွေးထင်မထားတဲ့ နည်းနဲ့ ကိုယ့်ကိုယ်ကိုယ်မျှားစာလုပ်ပြီး မြွေဆီအရောက်ပို့တယ်။ မြွေမျိုလို့ထက်ဝက်အရောက်မှာ ရုတ်တရက်ထပြီး အချက်ကျကျ လက်ဦးမှုရယူလိုက်တယ်။ ဘယ်လောက် စဉ်းလဲတဲ့ကောက်ကျစ်မှုလဲ…..
.
ကောက်ကျစ်တဲ့အကျိုးရလဒ်အတွက် ခေါင်းမခံနိုင်ရင်၊ လွန်ကဲတဲ့ကောက်ကျစ်မှုအတွက် ထိုက်သင့်တဲ့ပေးဆပ်မှုမျိုးမ လုပ်နိုင်ရင် ဉာဏ်နီဉာဏ်နက်စွန့်စားမှုမျိုးကိုတော့ မလုပ်ပါနဲ့။ မကောက်ကျစ်တဲ့လူအဖြစ်နေထိုင်တာဟာ အသက်ရှင်ရတာမဆိုးဘူးလို့ ခံစားရမှာပါ။
---
မူရင်းလင့်--- http://www.85nian.net/ zhihui/56823.html
နိုင်းနိုင်းစနေ (July. 1. 2016)
--------------------------
ဟိုးရှေးရှေးတုန်းက အိန္ဒိယပြည်မှာ ဆင်းရဲသားတွေဟာ ငွေကြေးအတွက် အရဲစွန့်ပြီး စပါးအုံးမြွေတွေဖမ်းခဲ့ရတယ်
.
စပါးအုံးမြွေတွေဟာ စွတ်စိုတဲ့ကျောက်ဂူတွေထဲမှာ
.
ဆင်းရဲကြပ်တည်းတဲ့လူတချို့က
.
ကျွန်တော်ငယ်ငယ်တုန်းက အိန္ဒိယပုံပြင်တစ်ပုဒ်ဖတ်ခဲ့
.
တစ်ညမှာ ကောင်လေးဟာ စပါးအုံးမြွေဝင်ထွက်သွားလာတ
.
ကောင်လေးဟာ လက်မှာ ဓားထက်ထက်တစ်လက်ဆုပ်ကိုင်ထာ
.
မြွေမျိုချိန် နှေးသည်ဖြစ်စေ၊ မြန်သည်ဖြစ်စေ.. မြွေဖမ်းသူဟာ အသက်ကိုအောင့်ထားရပါတယ်။ စပါးအုံးမြွေက အာရုံခံလွယ်တယ်။ အသက်ကိုမျှင်းရှုနေရင်တောင် သူသိနိုင်တယ်။ သာမန်အားဖြင့် ဆီလိမ်းထားတဲ့ လူကြီးတစ်ယောက်ကိုမျိုဖို့ အချိန် မိနစ်၂ဝလိုပါတယ်။ မြွေဖမ်းသူဟာ သူ့ကို မြွေထက်ဝက်လောက်မျိုပြီးချိ
.
ကံမကောင်းခြင်းက အဲဒီကောင်လေးကိုယ်ပေါ် ကျရောက်ခဲ့ပါတယ်။ မြွေမျိုလို့ ခန္ဓာကိုယ်တစ်ဝက်ရောက်ခါနီးမ
.
ရက်အနည်းငယ်အကြာမှာ ကောင်လေးရဲ့ဖခင်လည်း သေသွားပါတယ်။ လူတွေဟာ သူ့အလောင်းကိုလည်း ဆီတွေသုတ်လိမ်းပြီး အဲဒီမြွေတွင်းဝဆီ သယ်သွားခဲ့ပါတယ်။
.
နှစ်ပေါင်း ၃ဝကြာတဲ့အထိ ဖတ်ခဲ့ဖူးတဲ့ ဒီပုံပြင်ကို ကျွန်တော်မမေ့ခဲ့ပါဘူး။ ဖတ်ခဲ့ဖူးတဲ့ခံစားချက်က အချိန်အသက်အရွယ်နောက်လိုက်ြ
.
ကောက်ကျစ်တဲ့အကျိုးရလဒ်အတွက
---
မူရင်းလင့်--- http://www.85nian.net/
နိုင်းနိုင်းစနေ (July. 1. 2016)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။