Win Naing Oo with Ginny Ginny.
………………………………………………………
Some အချို့ ၊ အနည်းငယ်
Any အချို့ ၊ အနည်းငယ်
ဒီစကားလုံးနှစ်လုံးကို အခြေခံအားဖြင့်တော့
……………..
(1) Some ကို Positive sentence (ရိုးရိုး ၀ါကျ) တွေမှာသုံးပြီး
(2) Any ကို Negative (ငြင်းဆိုဝါကျ) နဲ့ Question (မေးခွန်းဝါကျ) တွေမှာ သုံးတယ်လို့ သိထားကြပါတယ်
…………
(3) Countable noun နဲ့ uncountable noun နှစ်မျိုးလုံးနဲ့ သုံးလို့ရတယ်ဆိုတာ သတိထားရပါမယ်
...............
(a) He got SOME books from the library.
သူစာကြည့်တိုက်ကနေ စာအုပ်တချို့ ရခဲ့ပါတယ်
(b) I had SOME rice for lunch.
နေ့လည်စာအတွက် ကျနော် ထမင်းနည်းနည်း စားခဲ့ပါတယ်
(c) Do you have ANY friends in London?
လန်ဒန်မှာ ခင်ဗျား သူငယ်ချင်း တချို့ ရှိပါသလား
....................
(4) Any ကို negative ၀ါကျတွေမှာ သုံးတဲ့အခါမှာတော့ “မည်သည့် ..မဆို” လို့ အဓိပ္ပါယ် ဖြစ်သွားပြီး အငြင်းသဘောကို ပိုပြီးလေးနက်စေပါတယ် ၊ any ကို ဖြုတ်လိုက်လျှင် အငြင်းသဘောဟာ အားပျော့သွားပါတယ်
Any is also used with not in negative statements. In these statements, the word any emphasizes the negation. It can be left out to soften the negation.
.
(d) I don’t eat ANY meat.
ကျနော် ဘယ်အသားမှ မစားပါဘူး
(ကျနော် မည်သည့် အသားမဆို မစားပါဘူး)
(e) I don't want ANY excuses.
ဘယ်လို အကြောင်းပြချက်ဆင်ခြေမျိုးတွေမှ ငါမလိုချင်ဘူး (အပြတ်ငြင်းထားတာ)
.......................
(5) Negative sentence မှာ Any ကို ဖြုတ်ကြည့်မယ်ဆိုလျှင် မလေးနက်တော့ဘူး ဖြစ်သွားပါတယ် ၊ ပေါ့သွားပါတယ်
…
(f) I don’t want excuses.
ငါ အကြောင်းပြချက်ဆင်ခြေတွေ မလိုချင်ဘူး
…………………….
(6) အဲလိုပဲ any ကို “ဘယ်..မဆို ၊ ဘာ..မဆို ၊ မည့်သည့် ..မဆို” စတဲ့ အဓိပ္ပါယ်ယူပြီး ရိုးရိုးဝါကျများမှာ သုံးနိုင်ပါတယ်
We use any in positive sentences when we mean it doesn't matter which ..:
.
(g) You can come and ask for my help ANY time.
ဘယ်အချိန်မဆို ခင်ဗျား ကျနော်ဆီလာပြီးတော့ အကူအညီတောင်းဆိုနိုင်ပါတယ်
(h) Which book shall I read? - Any one. It's up to you.
ဘယ်စာအုပ်ကို ကျနော်ဖတ်လျှင် ကောင်းမလဲ ။ ဘယ်တစ်အုပ် ဖြစ်ဖြစ်ပေါ့ ၊ ခင်ဗျားအပေါ်တည်တာပဲလေ ။
(i) You can sit ANYWHERE but here. This is my seat!
ခင်ဗျား ဒီနေရာကလွဲလို့ ဘယ်နေရာမဆို ထိုင်နိုင်ပါတယ် ၊ ဒါက ကျနော် ထိုင်ခုံနေရာပါ ။
…..................
(7) Some ကိုလည်း တစ်စုံတစ်ခု ကို
(၁) ကမ်းလှမ်းတဲ့အခါ ၊
(၂) မေတ္တာရပ်ခံ တောင်းဆိုတဲ့အခါ ၊
(၃) အဆိုပြုတဲ့အခါ question ပုံစံများမှာ သုံးနိုင်ပါတယ် ၊ question mark ပါနေပေမယ့် မေးခွန်းတွေ မဟုတ်ပါဘူး ။
We use some in questions when offering, requesting or suggesting something.
.
(j) Would you like SOME bread? (offer)
ပေါင်မုန့် နည်းနည်း ယူပါဦးလား
(k) Could I have SOME water, please? (request)
ကျေးဇူးပြု၍ ရေ နည်းနည်းလောက် ရနိုင်ပါမလားခင်ဗျာ (ပေးပါ)
(l) Why don't we rent SOME movies to watch tonight? (suggest)
ဒီနေ့ညကြည့်ဖို့ ရုပ်ရှင်ကား တစ်ကားကား ငှားကြရအောင်လား
..................
(8) Some ကို.. အဖြေဟာ “ဟုတ်ကဲ့” လို့ ဖြစ်နိုင်တဲ့ မေးခွန်းများမှာသုံးနိုင်ပြီး any ကတော့ အဖြေဟာ ဟုတ်ကဲ့ ဖြစ်ဖို့ မသေချာတဲ့ မေးခွန်းများမှာ သုံးနိုင်ပါတယ်
We use some in question when we expect a positive YES answer.
.
(m) Will you buy SOME books?
စာအုပ်ဝယ်မလို့လား (စာအုပ်အရောင်းဆိုင်ထဲမှာ စာအုပ်တွေ ရွေးပြီးကိုင်ထားလို့ မေးတာမျိုး)
(n) Will you buy ANY books?
စာအုပ်ဝယ်မလို့လား (စာအုပ်တန်းမှာ လျှောက်ကြည့်နေတုန်း မေးတာမျိုး ၊ ကြိုက်တာတွေ့မှဝယ်ဖြစ်မယ်)
....................
(9) no တို့ not တို့ မပါသော်လည်း ၀ါကျရဲ့ အဓိပ္ပါယ်မှာ အငြင်းသဘောပါနေလျင် ရိုးရိုးဝါကျ positive sentence များမှာ any ကိုသုံးနိုင်ပါတယ်
We use any in a positive sentence when the real sense is negative.
.
(o) I REFUSED to give them ANY money. (refuse ကြောင့်)
ကျနော် သူတို့ကို ဘာပိုက်ဆံမှ မပေးဖို့ ငြင်းဆိုခဲ့ပါတယ်
(p) She finished the test WITHOUT ANY difficulty. (without ကြောင့်)
သူမစာမေးပွဲကို ဘာအခက်အခဲမျှ မရှိပဲ ပြီးဆုံးခဲ့ပါတယ်
(q) There's HARDLY ANY petrol left in the car. (hardly ကြောင့်)
ကားမှာ ဓါတ်ဆီက မဖြစ်စလောက်လေးပဲ ရှိပါတယ်
..........................
(10) အဲဒီစည်းမျဉ်းတွေဟာ some, any တို့ပေါင်း ထားတဲ့ အခြားစာလုံးများအတွက်လည်း အတူတူပဲ ဖြစ်ပါတယ်
The same rules are true for something and anything, someone and anyone, and somewhere and anywhere.
..........................
ဒီလိုသုံးမှ မှန်တယ်လို့် ပုံစံတွေ form တွေကို အသေကြီး ဆုပ်ကိုင်မထားပါနဲ့ အဓိပ္ပါယ်ကိုသာ စဉ်းစားရမှာ ဖြစ်ပါတယ်..
..
အမှားအနည်းငယ်ရှိပါက ပြင်ဆင်ပေးနိုင်ကြပါတယ်
.
မေတ္တာဖြင့်
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။