Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, April 19, 2016

Bobby Soxer နှင့် တွေ့ဆုံခြင်း

 လူငယ်ဟစ်ဟော့ပ် အဆိုတော်များထဲမှ ရှားရှားပါးပါး လူငယ်အမျိုးသမီး အဆိုတော်တစ်ဦးအဖြစ် ပရိသတ် လက်ခံအားပေးမှုများပြားသူတစ်ဦးမှာ Bobby Soxer ဖြစ်သည်။ လွန်ခဲ့သည့် ဖေဖော်ဝါရီလအတွင်းက ပန်းတနော်မြို့၌ သွားရောက်ဖျော်ဖြေစဉ် ပရိသတ်များထဲမှ ပစ်ပေါက်လိုက်သည့် ခဲလုံးထိမှန်၍ မျက်လုံးတစ်ဖက်တွင် ထိခိုက်ဒဏ်ရာရရှိကာ အနုပညာအလုပ်များအား ရပ်နားထားခဲ့ရသူ Bobby Soxer သည် ပြီးခဲ့သည့် သင်္ကြန်ကာလတွင်မူ ပထမဆုံး အနုပညာ ပြန်လည်လှုပ်ရှားမှုအဖြစ် ရန်ကုန်မြို့ Ve Ve မဏ္ဍပ်တွင် ပါဝင်ဖျော်ဖြေခဲ့သည်။ Bobby Soxer နှင့်တွေ့ဆုံ၍ လက်ရှိ မျက်လုံးဒဏ်ရာ အခြေအနေ၊ ဆက်လက် လုပ်ဆောင်သွားမည့် အနုပညာအလုပ်များအပေါ် ရည်ရွယ်သတ်မှတ်ထားမှု၊ ကြုံတွေ့ခဲ့ရသည့် အခက်အခဲပေါ်တွင် ရင်ဆိုင်ခဲ့သည့် စိတ်ဓာတ်ခွန်အားစသည့် သိလိုသည့် အကြောင်းအရာများကို မေးမြန်းဖြစ်ခဲ့ပါသည်။


မေး- ထိခိုက် ဒဏ်ရာရခဲ့တာကြောင့် နှစ်လလောက် အနားယူခဲ့ရတဲ့ ညီမလေးအနေနဲ့ အခုနှစ်သင်္ကြန်မှာ ပထမဆုံး ပြန်လည် ဖျော်ဖြေရတဲ့ ခံစားမှုလေး သိချင်ပါတယ်။
ဖြေ- ညီမလေး မျက်လုံးတစ်ဖက်မှာ ထိခိုက်ဒဏ်ရာ ရထားလို့ အိမ်မှာ နှစ်လလောက် အနားယူခဲ့ပါတယ်။ သင်္ကြန်ကာလမှာတော့ ရန်ကုန်မြို့ ပြည်လမ်းပေါ်က Ve Ve မဏ္ဍပ်မှာ ဖျော်ဖြေဖြစ်ခဲ့ပါတယ်။ နေ့ခင်းပိုင်း ဖျော်ဖြေရတာဖြစ်တဲ့အတွက် သဘာဝအလင်းရောင်နဲ့ ဖျော်ဖြေရတာဖြစ်ပြီး မီးထိုးထားတာတွေလည်း မရှိနေတော့ စင်ပေါ်မှာသီချင်းဆိုရတာ အဆင်ပြေပါတယ်။ အဲဒီလိုဆိုခွင့်ရတဲ့၊ ဆိုနိုင်တဲ့အချိန်လေးမှာတော့ ငါ့ဘ၀လေးကိုပြန်ရပြီ ဆိုတဲ့ခံစားချက်လေးတော့ ဖြစ်မိပါတယ်။ အဲဒါကြောင့် စိတ်လည်းချမ်းသာတယ်။ ပျော်လည်းပျော်ပါတယ်။
မေး- ညီမလေးရဲ့မျက်လုံး ထိခိုက်ဒဏ်ရာရမှုနဲ့ ပတ်သက်လို့ လူမှုကွန်ရက် စာမျက်နှာကတစ်ဆင့် ပရိသတ်တွေကို အသိပေးထားတယ်နော်။ လက်ရှိအခြေအနေလေးကိုလည်း ထပ်ပြီးပြောပြပေးပါဦး။
ဖြေ- ညီမရဲ့ မျက်လုံးဒဏ်ရာ အခြေအနေကတော့ ခွဲစိတ်မှုပြုလုပ်မှ ပကတိ အကောင်းအတိုင်း ပြန်ဖြစ်မှာပါ။ အဲဒီလို ခွဲစိတ်နိုင်ဖို့အတွက် မျက်လုံးအရောင် ကျသွားမှဖြစ်ပါမယ်။ လက်ရှိကတော့ မျက်လုံးဒဏ်ရာက ရောင်နေဆဲ ဖြစ်တဲ့အတွက် ခြောက်လလောက်တော့ မျက်စဉ်းခတ်ရင်း၊ နည်းနည်းအနားယူရင်း စောင့်ရပါမယ်။ မျက်လုံးရဲ့မြင်ရတဲ့အနေ အထားကတော့ ခပ်ဝါးဝါးပေါ့။ ဒါကြောင့် ဒီကြားထဲကတော့ မျက်လုံးအတွင်းပိုင်းရောင်တာ ပျောက်သွားတဲ့အထိ  စောင့်ရဦးမှာပါ။
မေး- ဒီကြားထဲမှာရော အနုပညာအလုပ်တွေအတွက် ဘယ်လိုစဉ်းစားထားလဲ။
ဖြေ- သင်္ကြန်တုန်းကစပြီး အနုပညာအလုပ်တွေ စလုပ်နိုင်ပြီဆိုတော့ ဒီကြားထဲမှာတော့ အနုပညာအလုပ်တွေကို နည်းနည်းချင်းတော့ လုပ်ဖြစ်ပါမယ်။ အဓိကတော့ ကိုယ့်ကျန်းမာရေးအတွက်လည်း ငဲ့ညှာတဲ့အနေနဲ့ နဂိုစာချုပ်ရှိပြီးသား ပွဲတွေကိုတော့ ဖျော်ဖြေဖြစ်မယ်။ ကြားထဲ ထပ်ငှားတဲ့ပွဲတွေကိုတော့ လတ်တလောမှာ လက်ခံဖြစ်မှာမဟုတ်သေးပါဘူး။ ဒါကြောင့် လက်ခံစာချုပ်ချုပ်ထားပြီးသား ပွဲတချို့မှာ ဖျော်ဖြေဖြစ်မယ်။ MTV ရိုက်ဖို့ကလည်း ထက်ထက်အနေနဲ့ အပြည့်အ၀ ရာနှုန်းပြည့် မလုပ်နိုင်မှာစိုးလို့ ခဏနားထားပါတယ်။ အားတဲ့အချိန်တွေကတော့ သီချင်းရေး၊ ဂိမ်းဆော့၊ အင်တာနက်သုံးတဲ့ အလုပ်တွေပဲရှိပါမယ်။ ပွဲကတော့ နည်းမှာပါ။
မေး- အောင်မြင်နေတဲ့ လူငယ်အနုပညာရှင် တစ်ယောက်အတွက် အခုလိုထိတ်လန့်စရာ ဖြစ်ရပ်တစ်ခုကို ကြုံရတဲ့အချိန်မှာ ဘယ်လိုစိတ်ဓာတ်ခွန်အား ပြန်တည်ဆောက်ခဲ့ရလဲ။
ဖြေ- ညီမ စစဖြစ်ချင်းကတော့ အရမ်းလည်း အားငယ်ရသလို ၀မ်းလည်းနည်းပါတယ်။ ကြောက်စိတ်လည်းဖြစ်မိတယ်။ ဒါပေမဲ့ ပရိသတ်တွေကရော အနုပညာရှင် မောင်နှမတွေကပါ ၀ိုင်းအားပေးကြတဲ့အတွက် တော်တော်လေးကိုပြန်ပြီး ဖြေသိမ့်ခဲ့ရပါတယ်။ ပြီးတော့ ထက်ထက်တို့က ဗုဒ္ဓဘာသာဖြစ်တဲ့အတွက် ဒီလိုအဖြစ်မျိုးကြုံတွေ့ခဲ့ရတာက အတိတ်ဘ၀က ၀ဋ်ကြွေးလို့ပဲ သတ်မှတ်လိုက်တယ်။ အဲဒီအတွက် ပေးဆပ်ရတယ်လို့ပဲ ခံယူထားပါတယ်။ ညီမအခုလို ဖြစ်တဲ့အချိန်မှာ တချို့သိလိုက်တာ ခံစားလိုက်ရတာလေးတွေလည်း ရှိပါတယ်။ ဥပမာ ဂျာနယ်တချို့ဆိုရင် ညီမအခုလို ဖြစ်တဲ့ သတင်းခေါင်းစဉ်အောက်မှာ တခြားဖျော်ဖြေပွဲတစ်ခုခုမှာ ဆိုနေတဲ့ပုံ ထည့်တဲ့အခါမှာ တချို့ပုံလေးတွေက လူငယ်ဆန်ဆန် ဖြစ်နေတဲ့အတွက် အဲဒီလိုတွေဝတ်လို့ အခုလိုဖြစ်တာပေါ့ဆိုတာမျိုး အထင်အမြင် လွဲကြမလား ဆိုပြီး စိတ်မကောင်း ဖြစ်ရတာတွေရှိပါတယ်။
မေး-နောက်ပိုင်းမှာ အနုပညာအလုပ်တွေ ပြန်လုပ်တော့မယ်ဆိုတဲ့ အချိန်မှာရော စိုးရိမ်စိတ်ကို ခံစားရသေးလား။
ဖြေ- ခဲမှန်ဖူးတဲ့ စာသူငယ်ဆိုတဲ့ စကားပုံလိုပေါ့။ စင်ပေါ်ရောက်တဲ့ အချိန်မှာ အနည်းနဲ့ အများဆိုသလို စိုးရိမ်ပူပန်စိတ်ကတော့ ရှိတာပါပဲ။ ဒါပေမဲ့ အဲဒီလိုဖြစ်မှာ ကြောက်လို့ဆိုပြီး နယ်ပွဲတွေ မဖျော်ဖြေတော့ဘူး ဆိုတာမျိုးလည်း လုပ်မှာမဟုတ်ပါဘူး။ နယ်တွေမှာ ညီမကိုမျှော်နေမယ့် ပရိသတ်တွေလည်း အများကြီးရှိတယ်လေ။ ပြီးတော့ အခုလိုနယ်ပွဲတွေမှာ လိုက်ဆိုတာက လေးငါးနှစ်လောက်လည်း ရှိနေပြီ။ အခုလိုဖြစ်သွားတာကလည်း ခံရမယ့် ၀ဋ်ကြွေး ပါလာတယ်ပဲ သဘောထားပါတယ်။ ဘော်ဒီဂတ်တွေ ခုနစ်ယောက် ရှစ်ယောက်လောက် ကာကွယ်ပေးထားလည်း ကိုယ်တိုင်ခံစားရမယ့် ကံပါရင်တော့ ရှောင်နိုင်မှာမဟုတ်ဘူး။ ဒါကြောင့် ထက်ကတော့ လောလောဆယ် ကျန်းမာရေးအရ ပွဲတွေနည်းနည်း လောက်ပဲ ဖျော်ဖြေနိုင်မှာဖြစ်ပေမယ့် နောက်ပိုင်း ကျန်းမာရေး လုံးဝကောင်းသွားပြီဆိုရင်တော့ အရင်လိုပဲ ပုံမှန်အတိုင်းပဲ ဆက်လက် ဖျော်ဖြေသွားပါမယ်။ ရန်ကုန်ပွဲတွေရော၊ နယ်ပွဲတွေပါ ဆက်ပြီး သီဆိုဖြစ်သွားမှာပါ။
မေး- မြန်မာနှစ်သစ်မှာ ပရိသတ်တွေအတွက် ဆုတောင်းပေးချင်တဲ့ စကားများရှိဦးမလား။
ဖြေ- မြန်မာနှစ်သစ်မှာ ပရိသတ်အားလုံးလည်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပြီး ပျော်ရွှင်ကြပါစေ။ မြန်မာနှစ်သစ်မှာ အားလုံးလည်း ပျော်နိုင်ကြမယ်လို့ ယုံကြည်ပါတယ်။      
    
Writer: 
လင်းလင်းခိုင်
 news-eleven

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။