Heaven Jade added 4 new photos.
ထိုင်ဝမ်ဆေးလောကပညာရှင်တဖွဲ့ ရဲ့ (၈)နှစ်ကျော်ကြာလေ့လာတွေ့ ရှိချက်တခုကို မကြာခင်က ထုတ်ပြန်ခဲ့ပါတယ်။ အဲဒါကတော့ ဆံပင်အား ဆေးဆိုးသူများ (အထူးသဖြင့်မကြာခဏဆေးဆိုးသော အမျိုးသားများတွင်)ဆီးကျိတ်ကင်ဆာ(Prostate Cancer) ဖြစ်ပွါးမှု နှုန်းသည် ဆေးမဆိုးသူများထက် (၁.၁၅ဆ)များပြားကြောင်းတွေ့ ရှိရတယ်လို့ ဆိုပါတယ်။ အကယ်၍ ဆေးဆိုးခြင်းအလေ့အထ (၁၀နှစ်)ကျော်ခဲ့သော် - (၁.၅၄ဆ)၊ အသက်၅၀အရွယ်တွင်စတင်ဆေးဆိုးခဲ့သော် - (၁.၆၄ဆ)၊
တနှစ်လျှင်ဆေးဆိုးမှု (၆)ကြိမ်ကျော်ခဲ့သော် - (၁.၆၅ဆ) အသီးသီးမြင့်မားတယ်လို့ ဆိုပါတယ်။
ဆံပင်ဆိုးဆေးအများစုတွင် Quinol (C6H6O2) ပါဝင်ပြီး ဈေးကွက်တွင် တံဆိပ်အမျိုးအစားများစွာရှိသည့်အပြင် ဈေးချိုသာသည့်လူသိနည်းဆိုးဆေးများတွင်တော့ ဗူးခွံပေါ်တွင် မည်သို့ ပင်ရေးသားသည်ဖြစ်ပါစေ၊ အမှန်တကယ်မည်သည့်ဓါတုဗေဒပစ္စည်းပါဝင်သည်ကိုတော့ ကွဲပြားစွာမသိရှိနိုင်ပါ။
ဆေးပညာရှင်များအမြင်အရ ဖြစ်နိုင်လျှင် ဆံပင်ဆိုးဆေးသုံးစွဲခြင်းကို အားမပေးဘဲ ရူပကာတင့်တယ်ခြင်းကိုအလေးထားပြီးမဖြစ်မနေသုံးစွဲကြမည်ဆိုလျှင်လည်း အနည်းဆုံး (၃လ)ခန့် ကွာခြားပြီးသုံးစွဲသင့်ပါတယ်။ ဆံပင်ဆိုးဆေးနှင့် ဆီးအိမ်ကင်ဆာ (Bladder Cancer)ပတ်သက်ခြင်းကိုတော့ ပြည်ပဆေးပညာစာစောင်များတွင် လွန်ခဲ့သောနှစ်ကတည်းက ရေးသားခဲ့ကြပြီးဖြစ်ပါတယ်။ ထိုင်ဝမ်ဆေးပညာရှင်များရဲ့ အထက်ပါတွေ့ ရှိချက်အား ကျော်ကြားသော ပြည်ပဆေးပညာဆိုင်ရာစာစောင်တခုဖြစ်သည့် ဗြိတိန်နိုင်ငံအခြေစိုက် BMC Cancer ဆေးဂျာနယ်တွင်ထည့်သွင်းဖေါ်ပြရန်ရှိပါတယ်။
ဆေးလောကတွေ့ ရှိချက်အား ကုန်ပစ္စည်းထုတ်လုပ်သူကုမ္မဏီများနှင့်စွဲမြဲစွာသုံးစွဲသူအချို့ မှ စောဒကတက်၊အငြင်းပွါးလေ့ ရှိစမြဲမို့  မိတ်ဆွေသင်္ဂဟများ မိမိတို့ ၏ကျန်းမာရေးအတွက်ဆင်ခြင်သုံးသပ်နိုင်ရန် ရေးသားဖေါ်ပြအပ်ပါတယ်။ ဆံပင်ဆိုးဆေးနှင့်ပတ်သက်ပြီး ဆိုးရွားအကျိုးဆက်ဖြစ်သော ကင်ဆာအပြင် တခြားအကျိုးဆက်များအဖြစ် ဆေးမတည့်လက္ခဏာဖြစ်ခြင်း၊အမွေးအိတ်ရောင်ရမ်းခြင်း၊ ဦးရေပြားအောက်ရှိအရောင်တင်ဂလင်းများ ဆိုးရွားစွာပျက်စီးခဲ့ပါက ရာသက်ပန်ဦးရေပြားအဖြူကွက်ကြီးထင်ကျန်ခြင်း တို့ လည်း ကုသရေးနယ်ပယ်တွင် တွေ့ ရှိရလေ့ ရှိပါတယ်။
***ကျမ်းမာရေးအသိရှိခြင်း, ကြိုတင်ကာကွယ်ခြင်း, နည်းမှန်လမ်းမှန်စနစ်တကျနေထိုင်ခြင်းတို့ ဖြင့်မိတ်ဆွေသင်္ဂဟအပေါင်း နိဒုက္ခာ နိဗ္ဘယာ နိေဿာကာ ဖြစ်ကြပါစေ။ Dr.Myo Tun
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။