ကျောင်းနေပျော်ဘို့၊ စိတ်မဖိစီးဘို့.။
သားနဲ့သမီး မနက်ကျောင်းသွားခါနီးတိုင်း အမြဲ လန်းဆန်းတက်ကြွတယ်။
ကျောင်းက ပြန်လာရင်လည်း ခဏနား၊ စားသောက်ပြီး (မိဘကမခိုင်းလဲ)
ကျောင်းစာအုပ်တွေလှန်ပြီး သူတို့ အိမ်စာတွေ တန်းလုပ်တော့တာပဲ.။
သူတို့မရှင်းတာဆို မေးမြန်းအကူအညီတောင်းတယ်။ သူတို့ကြည့်ရတာ
Stress စိတ်ဖိစီးမှု မရှိ၊ ပေါ့ပေါ့ပါးပါးပဲ.။ အဲဒါ ပထမတန်းကနေ အခု အလယ်တန်းရောက်တဲ့အထိပါပဲ။
ကျောင်းနောက်ကျမှာ၊ ကျောင်းပျက်မှာလည်း သူတို့ အရမ်းပူပန်ကြတယ်။
သူတို့ကြည့်ပြီး ကိုယ်ငယ်ငယ်အခြေအနေကို ပြန်တွေးကြည့်တယ်။
ကျောင်းသွားချင်စိတ်၊ အိမ်စာလုပ်ချင်စိတ်က ပုံမှန်မဟုတ်၊ အတက်အကျရှိတယ်။
တခါတလေ ကျောင်းသွားရမှာ ကြောက်နေတယ်။
တခါတလေ ကိုယ်ကြောက်လန့်ရတဲ့ဆရာ ဒီနေ့မလာပါစေနဲ့၊
စာလာမသင်ပါစေနဲ့လို့ ဆုတောင်းတယ်။သူ့အိမ်စာ မလုပ်နိုင်ရင် ပိုဆိုး၊
အသေကြောက်။
ဆရာတွေက တပည့်တွေကို ခွဲခြားဆက်ဆံစိတ်ရှိမရှိ မပိုင်းခြားတတ်ပေမယ့်
ကိုယ်က ဆရာတွေကို ခွဲခြားဆက်ဆံစိတ် အလိုလိုရှိနေတယ်။
ဆရာတွေတဦးနဲ့တဦး စိတ်သဘော အနိမ့်အမြင့် မတူကြ တာကို ကိုယ်ကအလိုလို ခံစားမိနေတယ်။
အိမ်စာတွေ ပေးမှာ ကြောက်တယ်။ အတန်းထဲ စာမေးခံရမှာ ကြောက်တယ်။
( ဒီကခလေးတွေကတော့ မေးခွန်းရှိရင် သူ့ထက် ငါ လက်ညှိုးထောင် ပြီး
အရင်ဖြေရဘို့ တက်ကြွနေတယ်)
ကိုယ်ဟာ ငယ်ငယ်က အတော် သိမ်ငယ်စိတ်ဝင်တတ်၊ စိုးရိမ်စိတ်လွန်ကဲတတ်၊
ကြောက်ရွံ အားငယ်တတ်၊ စိတ်ဖိစီးတတ်၊ စိတ်အနိမ့်အမြင့် ရှိတတ်သူမှန်း ပြန်သတိထားမိတယ်..။
အခုအချိန်ထိ ငယ်ငယ်က ကြောက်လန့်ရတဲ့( အရိုက်၊ အဆူသန်တဲ့) ဆရာတွေ မျက်နှာနဲ့ နာမည်ကို မမေ့နိုင်သလို၊ သဘောကောင်း၊ ဂရုဏာရှိတဲ့ ဆရာ၊ ဆရာမတွေနာမည်နဲ့ အပြုအမူတွေ၊ သူတို့ ဆုံးမစကား၊ ပုံပြင်လေးတွေတောင်
မမေ့မပျောက် နိုင်ရှိသေးတယ်။
စိတ်ဒါဏ်ရာဟာ အတော်ကြောက်စရာကောင်းပါလား. ။
အခုအရွယ်ထိ(ငယ်ဘ၀ပြန် တွေးမိရင်) စာသင်ခန်းဝင်ရမှာ ကြောက်သလိုလို၊ အိမ်စာ လုပ်ရမှာ စိတ်ပျက်သလိုလို၊ ကျောင်းသွားရမှာ ၀န်ထုတ်ဝန်ပိုးတခုလို..ခံစားနေရတုန်း..။ တကယ့် Psycho ပဲ.။
ကျောင်းနေပျော်၍ စာတော်ရမည်..ဆိုတဲ့ ဆောင်ပုဒ်လေး အသက်ဝင်ဘို့ဆိုတာ..ခလေးတွေကို စိတ်ဖိစီးမှု မပေးမိဘို့လိုပါတယ်..။
မနက်စောစော ကျောင်းသွားဘို့ တက်တက်ကြွကြွ၊ တေးတညည်းညည်းနဲ့ ပြင်ဆင်နေတဲ့ သားနဲ့သမီးတို့ရဲ့ ဘ၀မျိုး ငါလည်း အမြဲတမ်း မဟုတ်တောင်
တခါတလေတော့လည်း ခံစားဘူးပါတယ်ကွ...လို့ ကိုယ့်ဖာသာ အားပေးပြီး
မြက်ကနဲ ဖြစ်သွားတဲ့ ခံစားချက်ကို ဖျောက်လိုက်တယ်။
မြန်မာပြည်က ခလေးတွေ ပျော်ရွှင်ပါစေ။
ဆရာ၊ ဆရာမတွေ သာ၍ပျော်ရွှင်ကြပါစေ..။
ကိုညို( အော်စလို)
ဓာတ်ပုံ- ဂူဂယ်လ်မှ
သားနဲ့သမီး မနက်ကျောင်းသွားခါနီးတိုင်း
ကျောင်းက ပြန်လာရင်လည်း ခဏနား၊ စားသောက်ပြီး (မိဘကမခိုင်းလဲ)
ကျောင်းစာအုပ်တွေလှန်ပြီး သူတို့ အိမ်စာတွေ တန်းလုပ်တော့တာပဲ.။
သူတို့မရှင်းတာဆို မေးမြန်းအကူအညီတောင်းတယ်။ သူတို့ကြည့်ရတာ
Stress စိတ်ဖိစီးမှု မရှိ၊ ပေါ့ပေါ့ပါးပါးပဲ.။ အဲဒါ ပထမတန်းကနေ အခု အလယ်တန်းရောက်တဲ့အထိပါပဲ။
ကျောင်းနောက်ကျမှာ၊ ကျောင်းပျက်မှာလည်း သူတို့ အရမ်းပူပန်ကြတယ်။
သူတို့ကြည့်ပြီး ကိုယ်ငယ်ငယ်အခြေအနေကို ပြန်တွေးကြည့်တယ်။
ကျောင်းသွားချင်စိတ်၊ အိမ်စာလုပ်ချင်စိတ်က ပုံမှန်မဟုတ်၊ အတက်အကျရှိတယ်။
တခါတလေ ကျောင်းသွားရမှာ ကြောက်နေတယ်။
တခါတလေ ကိုယ်ကြောက်လန့်ရတဲ့ဆရာ ဒီနေ့မလာပါစေနဲ့၊
စာလာမသင်ပါစေနဲ့လို့ ဆုတောင်းတယ်။သူ့အိမ်စာ မလုပ်နိုင်ရင် ပိုဆိုး၊
အသေကြောက်။
ဆရာတွေက တပည့်တွေကို ခွဲခြားဆက်ဆံစိတ်ရှိမရှိ မပိုင်းခြားတတ်ပေမယ့်
ကိုယ်က ဆရာတွေကို ခွဲခြားဆက်ဆံစိတ် အလိုလိုရှိနေတယ်။
ဆရာတွေတဦးနဲ့တဦး စိတ်သဘော အနိမ့်အမြင့် မတူကြ တာကို ကိုယ်ကအလိုလို ခံစားမိနေတယ်။
အိမ်စာတွေ ပေးမှာ ကြောက်တယ်။ အတန်းထဲ စာမေးခံရမှာ ကြောက်တယ်။
( ဒီကခလေးတွေကတော့ မေးခွန်းရှိရင် သူ့ထက် ငါ လက်ညှိုးထောင် ပြီး
အရင်ဖြေရဘို့ တက်ကြွနေတယ်)
ကိုယ်ဟာ ငယ်ငယ်က အတော် သိမ်ငယ်စိတ်ဝင်တတ်၊ စိုးရိမ်စိတ်လွန်ကဲတတ်၊
ကြောက်ရွံ အားငယ်တတ်၊ စိတ်ဖိစီးတတ်၊ စိတ်အနိမ့်အမြင့် ရှိတတ်သူမှန်း ပြန်သတိထားမိတယ်..။
အခုအချိန်ထိ ငယ်ငယ်က ကြောက်လန့်ရတဲ့( အရိုက်၊ အဆူသန်တဲ့) ဆရာတွေ မျက်နှာနဲ့ နာမည်ကို မမေ့နိုင်သလို၊ သဘောကောင်း၊ ဂရုဏာရှိတဲ့ ဆရာ၊ ဆရာမတွေနာမည်နဲ့ အပြုအမူတွေ၊ သူတို့ ဆုံးမစကား၊ ပုံပြင်လေးတွေတောင်
မမေ့မပျောက် နိုင်ရှိသေးတယ်။
စိတ်ဒါဏ်ရာဟာ အတော်ကြောက်စရာကောင်းပါလား.
အခုအရွယ်ထိ(ငယ်ဘ၀ပြန် တွေးမိရင်) စာသင်ခန်းဝင်ရမှာ ကြောက်သလိုလို၊ အိမ်စာ လုပ်ရမှာ စိတ်ပျက်သလိုလို၊ ကျောင်းသွားရမှာ ၀န်ထုတ်ဝန်ပိုးတခုလို..ခံစာ
ကျောင်းနေပျော်၍ စာတော်ရမည်..ဆိုတဲ့ ဆောင်ပုဒ်လေး အသက်ဝင်ဘို့ဆိုတာ..ခလေးတွေက
မနက်စောစော ကျောင်းသွားဘို့ တက်တက်ကြွကြွ၊ တေးတညည်းညည်းနဲ့ ပြင်ဆင်နေတဲ့ သားနဲ့သမီးတို့ရဲ့ ဘ၀မျိုး ငါလည်း အမြဲတမ်း မဟုတ်တောင်
တခါတလေတော့လည်း ခံစားဘူးပါတယ်ကွ...လို့ ကိုယ့်ဖာသာ အားပေးပြီး
မြက်ကနဲ ဖြစ်သွားတဲ့ ခံစားချက်ကို ဖျောက်လိုက်တယ်။
မြန်မာပြည်က ခလေးတွေ ပျော်ရွှင်ပါစေ။
ဆရာ၊ ဆရာမတွေ သာ၍ပျော်ရွှင်ကြပါစေ..။
ကိုညို( အော်စလို)
ဓာတ်ပုံ- ဂူဂယ်လ်မှ
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။