Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, April 15, 2016

ဒေါ်အောင်ဆန်းစုကြည်ရဲ့ စန္ဒယားအိုလေးအကြောင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ စန္ဒယားအိုလေးအကြောင်း
--------------------

မြန်မာဘုရင်များခေတ်အခါတုန်းက အင်္ဂလိပ်တွေ ဝင်လာတော့ တကူးတက သယ်ယူလာပြီး တီးခတ် လေ့ရှိတဲ့ တူရိယာပစ္စည်း တမျိုး ရှိပါတယ်။ ဒီ တူရိယာ ဟာ တခမ်းတနား ထုထည်နဲ့ မဟူရာ အရောင် တောက်လို့ နေတယ်။ ရုတ်တရက်ကြည့်လိုက်တဲ့ အခါလည်း စက်ယန္တယား ကြီးနဲ့ တူလွန်းလှပါတယ်။ အင်္ဂလိပ်တွေကတော့ ဘယ်လိုခေါ်တယ်ဆိုတာကို ပြောပြတယ်။ ဒါပေမယ့် မြန်မာတွေ အနေနဲ့ ကတော့ ဒါကြီးကို စက်ယန္တယား တူရိယာလို့သာ တွင်တွင်ခေါ်ဆိုလာခဲ့တယ်။ ဒီလိုနဲ့ပဲ "စန္ဒယား" ဆိုတဲ့ ဝေါဟာရ အသစ်နဲ့ တူရိယာလေး မြန်မာတွေကြားမှာ ထင်ပေါ် ကျော်ကြားလာခဲ့တယ်။

ဂီတ သမားတွေအတွက် တီးခတ်တဲ့ အပိုင်းဟာ ပြဿနာ မဟုတ်ပေမယ့် ဒီ တူရိယာ အတွင်းပိုင်း ယန္တယားတွေကို ထိန်းသိမ်းမွမ်းမံခြင်းကိုပါ ပြုလုပ်နိုင်တဲ့လူ ရှေးယခင်တုန်းက ရှားလွန်းလှပါတယ်။ ဒီလို ထိန်းသိမ်းမှု မရှိတဲ့ စန္ဒယားတွေအတွက် အပူပိုင်းဒေသ ဆိုတာဟာ သိပ်ပြီး အကောင်းကြီးထဲမှာ မပါပါဘူး။ အသံအိုးတွေ အနေနဲ့ အပူဒဏ်ကြောင့် ပျက်စီးနိုင် သလို စိုထိုင်းတဲ့ ပတ်ဝန်းကျင်ကြောင့် ကြိုးများပြေလျော့ခြင်း၊ အသံအိုးမှာ ရှိတဲ့ အပ်တုံး ကလေးများ ပျက်စီးခြင်း၊ နောက်ဆုံး ခြစားလို့ အတွင်း တည်ဆောက်ပုံတွေ ယိုယွင်းကာ လုံးဝ တီးမရတော့ တဲ့ အခြေအနေ အထိကို ဖြစ်နိုင်ပါတယ်။

ဒီလို ဟောင်းနွမ်းယိုယွင်းပြီး လွှင့်ပစ်ရလုဆဲဆဲ စန္ဒယား အိုကြီး တစ်လုံးဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အနာဂတ် အတွက် အရမ်းကို အရေးပါတဲ့ နေရာကနေ တာဝန်ထမ်းဆောင်သွားတယ် ဆိုရင် စာဖတ်သူ တို့ အံ့သြ ကြမိ လိမ့်မယ် လို့ထင်ပါတယ်။

တက္ကသိုလ်ရိပ်သာလမ်းက အိမ်တစ်အိမ်ရဲ့ အပေါ်ထပ် ဧည့်ခန်းထဲမှာ YAMAHA စန္ဒယားအိုကြီး တစ်လုံး ရှိပါတယ်။ Johann Pachelbel ရဲ့ Canon တေးသွားဟာ ဒီ စန္ဒယား ပိုင်ရှင် အနှစ်သက်ဆုံး တေးသွား ဖြစ်ပြီးတော့ မကြာခဏ ဆိုသလို စွဲမက်စွာ တီးခတ်လေ့ရှိပါတယ်။

ကင်ဆာရောဂါနဲ့ ဆုံးပါးသွားခဲ့ပြီ ဖြစ်တဲ့ စန္ဒယားပိုင်ရှင်ရဲ့ ခင်ပွန်းသည် ၁၉၉၇ ခုနှစ်က နောက်ဆုံး အကြိမ် အဖြစ် သူမဆီကို အလည်လာ သွားစဉ်တုန်းက ဒီ Canon တေးသွားလေးကို မျက်ရည်များနဲ့ သူမ တီးခတ်ခဲ့ ဖူးပါတယ်။

ခင်ပွန်းဖြစ်သူ အင်္ဂလန် ပြန်ရောက်သွားတဲ့ အခါမှာလည်း အိမ်အနီးက ဖြတ်သွားသူတိုင်း ကို မှာ လေ့ရှိတာက သူမရဲ့ စန္ဒယားသံကိုပါ။ ဒီအိမ်အထဲကနေ စန္ဒယားသံ ကြားရင် ကျုပ်ဆီ ဆက်သွယ်ပါ ဆိုပြီး မှာရတဲ့အထိကို ဇနီးသည် အသက်ရှင်ရေး မရှင်ရေးက စန္ဒယားသံ အဆုံးအဖြတ် ပေါ်မူတည်တယ်လို့ သူမ ခင်ပွန်း ယုံကြည်ပါတယ်။

ဒီစန္ဒယားအိုကြီးဟာ Johann Sebastian Bach ရဲ့ Brandenburg Concertos တေးသွားတွေ ဆိုညည်းခဲ့ဖူးသလို Béla Bartók ရဲ့ Piano Sonata နဲ့လဲ စန္ဒယားရှင်ကို ချော့သိပ်ခဲ့ဖူး ပါတယ်။ Telemann, Mozart နှင့် Clementi တို့လို ဂီတပညာရှင်တွေနဲ့လဲ သူမဟာဒီစန္ဒယားအိုကြီးကနေ တဆင့် ရင်းနှီးကျွမ်းဝင်ခဲ့ရပါတယ်။ ကာလကြာရှည်စွာ အာဏာရှင် စစ်အစိုးရကို အတိုက်အခံ လုပ် လာခဲ့တဲ့ သူမရဲ့ ပင်ပန်း နွမ်းနယ်မှုများ/ မကျေနပ်မှုများ ကို ဒီစန္ဒယားအို တစ်လုံးကသာ ဖြေလျော့ ပေးနိုင်စွမ်း ရှိပါတယ်။

၁၉၉၇ ခုနှစ်က အင်္ဂလိပ် သတင်းစာဆရာ ဂျွန်ပီလ်ဂါ နဲ့ အင်တာဗျူး လုပ်စဉ်အခါတုန်းကလဲ မကြာ မကြာဆိုသလို သူမဟာ စိတ်အရမ်းမြန်ကြောင်း၊ စိတ်ဆိုးစရာရှိလာတဲ့အခါ စန္ဒယား ခြေနင်း တွေကို တအားဖိနင်း ပစ်လို့ ကြိုးတွေ ခနခန ပြတ်ဖူးကြောင်း ထည့်သွင်း ပြောဆိုခဲ့ ဖူးပါတယ်။

၂၀၀၄ ခုနှစ်မှာလည်း တစ်ခါ ကဗျာဆရာ ဦးတင်မိုး နေအိမ် အကျယ်ချုပ် ကျတယ် ဆိုတဲ့ အသံအကြား အရမ်း ပေါက်ကွဲ သွားတဲ့ ဒေါသကို သူမဟာ စန္ဒယားအပေါ်မှာ စုပုံ ဖောက်ခွဲခဲ့ ဖူးပါတယ်။ အဲ့ဒီ တုန်းက တီးကွက် တွေကြောင့် စန္ဒယား ကီးတွေ ပြုတ်ကုန်ရတဲ့ အထိပါ။

“Walk On” လို့ အမည်ရတဲ့ တေးသီချင်းက သူမအတွက် အိုင်းရစ် တီးဝိုင်း ဖြစ်တဲ့ U2 အဖွဲ့ကနေ ဂုဏ်ပြုရေးသား ထားတာဖြစ်ပြီး ဒီ သီချင်း ပါတဲ့ “All that you can't leave behind” အဲယ်လ်ဘမ်ဟာ ၂ဝဝဝ ခုနှစ် ဂရမ်မီဆုရ ဓာတ်ပြား ဖြစ်ခဲ့ပါတယ်။ ၅ နှစ် အကြာမှာ အိုင်းရစ် အဆိုတော်နှစ်ဦး ဖြစ်တဲ့ Damien Rice နဲ့ Lis Hannigan တို့ နှစ်ဦးက “Unplayed Piano” အမည်ရှိတဲ့ တေးသီချင်းကို သူမနဲ့ သူမ စန္ဒယား အတွက် ဂုဏ်ပြုလျှက် ထုတ်ဝေခဲ့ ပြန်ပါတယ်။

၂ဝဝ၇ ခုနှစ်ကာလ တုန်းက ဗြိတိသျှ အဆိုတော် Annie Lennox အနေနဲ့ ဒီ မြန်မာနိုင်ငံက စန္ဒယား ပိုင်ရှင်နဲ့ သူမ ပိုင်ဆိုင်တဲ့ YAMAHA စန္ဒယားအိုကြီး အကြောင်းကို ကြားသိရတဲ့ အခါမှာလည်း ရန်ပုံငွေ ရှာဖွေပြီး စန္ဒယား အသစ် တစ်လုံးကို ဝယ်ယူခဲ့ကာ မြန်မာနိုင်ငံမှ စန္ဒယားရှင် အား ပေးရန် အာဏာပိုင်များ ကို အတော် တောင်းတောင်းပန်ပန်နဲ့ ပြောခဲ့ကြရဖူးပါတယ်။

ယခုအခါမှာတော့ မြန်မာနိုင်ငံဟာ ပွင့်လင်းလာပြီး ကမ္ဘာအရပ်ရပ်မှ အရေးကြီးပုဂ္ဂိုလ်များ ဝင်ထွက် လာကြပါပြီ။ စန္ဒယားရှင် ဆိုတဲ့ အနုပညာသည်အောက်က ဒေါ်အောင်ဆန်းစုကြည် ဆိုတဲ့ အမျိုးသမီး ဟာ ရဲဝံ့စွာ ထွက်ပေါ် လာပါပြီ။ အကျယ်ချုပ်က လွတ်မြောက်ရုံသာမက နိုင်ငံ့တိုးတက်ရေးအတွက် အင်တိုက် အားတိုက် လုပ်ဆောင် နိုင်နေပါပြီ။ ဒါပေမယ့် တက္ကသိုလ်ရိပ်သာလမ်းက အိမ်တစ်အိမ်ရဲ့ အပေါ်ထပ် ဧည့်ခန်းထဲမှာ မြန်မာ့သမိုင်းတွေ အပြည့်နဲ့ YAMAHA စန္ဒယားအိုကြီး တစ်လုံးရှိနေဆဲပါပဲ။

ref: http://theappendix.net/issues/2013/7/solitude-and-sandaya-the-strange-history-of-pianos-in-burma
http://articles.latimes.com/2012/nov/15/world/la-fg-myanmar-piano-tuner-20121116

- မှတ်စုကြမ်း #kyawnge

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။