မိအေး၂ခါနာတဲ့ ပြည်တော်ပြန်တွေ.။
မြန်မာပြည်ဘွား တိုင်းရင်းသား
( ပြည်တွင်းဖြစ် နိုင်ငံခြားသား) ပြည်တော်ပြန်တွေ မကြာခဏငြီးလေ့ရှိတာက သူတို့ကို (နိုင်ငံခြား ပတ်စ်ပို့စ်ကိုင်ဆောင်သူတွေ မို)့
ဟော်တယ်ခလည်း ပုံမှန်ထက်၂ဆ၊ အဝေးပြေးဘတ်ဟ်ကားခလည်း၂ဆ၊ ပြည်တွင်း
လေကြောင်းခလည်း ၂ဆ၊ ရုတ်စွအဆုံး အိမ်သာတက်တာတောင် ပိုက်ဆ ၂ဆတောင်းကြသတဲ့.။
ယခင် အစိုးရတုန်းက စီးပွား သောင်းကျန်းသူတွေ၊ စားဖားတွေပေါင်းပြီး အစဉ်အလာတွေနဲ့ လုပ်ခဲ့သလို..အခုလည်း အဲဒီ
စစ္စတန်ကြီးက မပြောင်းသေးဘူးတဲ့.။
လွန်ခဲ့တဲ့ ရက်ပိုင်းကပဲ မြန်မာပြည်က ရောက်လာတဲ့ပြည်တော်ပြန် မိသားတစုက မှတ်ပုံတင်မရှိလို့ တည်းခိုခန်းခ၊ ဘတ်စ်ကားခ၊ လေယာဉ်ခ အားလုံး ၂ဆပေးလာခဲ့ရသတဲ့.။
ဘယ်အာစီယံနိုင်ငံမှာမှ အဲလို ခွဲခြားဆက်ဆံပြီး အမြတ်ထုတ်တာမျိုး မကြားဖူးပါဘူး။ (ကိုယ်ပဲ မနှံ့စပ်လို့လားတော့မသိဘူး)
တလောတုန်းကလည်း အမေရိကန်ရောက် ပြည်တော်ပြန်တယောက်နဲ့ အွန်လိုင်းမှာတွေ့တော့ ..
ကိုယ့်မှာ နှစ် ၂၀နီးပါး တောထဲတောင်ထဲ ဒုက္ခသည်စခန်းထဲ ဆင်းရဲငတ်မွတ်မှုတွေနဲ့ နဘမ်းလုံးပြီး တတိယနိုင်ငံရောက်ခဲ့တဲ့အကြောင်း၊ ဟိုရောက်တော့လည်း အောက်ခြေကျတဲ့ အလုပ်ကြမ်းတွေလုပ်ပြီး ပင်ပင်ပမ်းပမ်း ငွေရှာရသလို
မြန်မာပြည်က မိသားစုတွေနဲ့တွေ့ဘို့ ငွေကိုခြစ်ခြုတ်စုဆောင်းပြီး အလည်သွားတဲ့အခါ မှတ်ပုံတင်မရှိလို့ သာမန်ထက် ၂ဆလောက်ငွေကုန်ကြေးကျခံရကြောင်း..၊
ဒါမျိုးဟာ သဘာဝကျမကျ သူလည်းမသိပေမယ့်...စိတ်ထဲတော့ ကသိကအောက်နဲ့ ခံစားရတဲ့အကြောင်း၊ မိမိအဖို့ မြန်မာပြည်သူတွေကို ချစ်ခင်လို့ စိတ်ငြိုငြင်မှု မထားပေမယ့်..ထိုင်းနိုင်ငံမှာ
အဲလို နိုင်ငံခြားသားမို့ ကားခ၂ဆပိုတောင်းတာ၊ တည်းခိုခန်းက
၂ဆပိုတောင်းတာတော့ မရှိတဲ့အကြောင်း၊ မိမိတို့ မြန်မာ
လူမျိုးအချင်းချင်းတောင် ကိုယ်ချင်းစာ ယိုင်းပင်းမှုမရှိတာ
စိတ်မကောငသ်းဖြစ်ရကြောင်း
ပြောပြပါတယ်။
တိုင်းပြည်ကို နိုင်ငံတကာဖွံဖြိုးမှုနဲ့အညီ ပြောင်းလဲတော့မယ်ဆို (အစိုးရက အခရာကျပေမယ့်) အစိုးရချည်းလည်း အားမကိုးပါနဲ့ ၊ စီးပွားရေးသမားတွေ
ကိုယ်တိုင်ကလည်း
ဖွင့်ကြည့်တတ်ဘို့၊ ပြောင်းလဲရဲတဲ့ စိတ်ဓာတ်မွေးနိုင်ဘို့လိုပါ တယ်။
ရတဲ့အပေါက်က ခွါစားဘို့ချည်း ခေါင်းထဲမထည့်ပဲ ကိုယ့်နိုင်ငံသား ဂုဏ်နဲ့
ကျင့်ဝတ်သိက္ခာလေးတွေလည်း ထိန်းဘို့လိုပါတယ်။
ဇာတ်တူသားစားကြလွန်းလို့လည်း ဇာတ်ပျက်ခဲ့ပေါင်း မနည်းတော့ပါဘူး.။
ဒီအပြောင်းအလဲတကွေ့မှာတော့ ဇာတ်ပေါင်းခန်းလေးသာ ကြည့်ပရစေ.။
ကိုညို( အော်စလို)
မြန်မာပြည်ဘွား တိုင်းရင်းသား
( ပြည်တွင်းဖြစ် နိုင်ငံခြားသား) ပြည်တော်ပြန်တွေ မကြာခဏငြီးလေ့ရှိတာက သူတို့ကို (နိုင်ငံခြား ပတ်စ်ပို့စ်ကိုင်ဆောင်သူတွေ
ယခင် အစိုးရတုန်းက စီးပွား သောင်းကျန်းသူတွေ၊ စားဖားတွေပေါင်းပြီး အစဉ်အလာတွေနဲ့ လုပ်ခဲ့သလို..အခုလည်း အဲဒီ
စစ္စတန်ကြီးက မပြောင်းသေးဘူးတဲ့.။
လွန်ခဲ့တဲ့ ရက်ပိုင်းကပဲ မြန်မာပြည်က ရောက်လာတဲ့ပြည်တော်ပြန် မိသားတစုက မှတ်ပုံတင်မရှိလို့ တည်းခိုခန်းခ၊ ဘတ်စ်ကားခ၊ လေယာဉ်ခ အားလုံး ၂ဆပေးလာခဲ့ရသတဲ့.။
ဘယ်အာစီယံနိုင်ငံမှာမှ အဲလို ခွဲခြားဆက်ဆံပြီး အမြတ်ထုတ်တာမျိုး မကြားဖူးပါဘူး။ (ကိုယ်ပဲ မနှံ့စပ်လို့လားတော့မသိဘူး)
တလောတုန်းကလည်း အမေရိကန်ရောက် ပြည်တော်ပြန်တယောက်နဲ့ အွန်လိုင်းမှာတွေ့တော့ ..
ကိုယ့်မှာ နှစ် ၂၀နီးပါး တောထဲတောင်ထဲ ဒုက္ခသည်စခန်းထဲ ဆင်းရဲငတ်မွတ်မှုတွေနဲ့ နဘမ်းလုံးပြီး တတိယနိုင်ငံရောက်ခဲ့တဲ့အကြေ
မြန်မာပြည်က မိသားစုတွေနဲ့တွေ့ဘို့ ငွေကိုခြစ်ခြုတ်စုဆောင်းပြီ
ဒါမျိုးဟာ သဘာဝကျမကျ သူလည်းမသိပေမယ့်...စိတ်ထဲတေ
ပြောပြပါတယ်။
တိုင်းပြည်ကို နိုင်ငံတကာဖွံဖြိုးမှုနဲ့အညီ
ကိုယ်တိုင်ကလည်း
ဖွင့်ကြည့်တတ်ဘို့၊ ပြောင်းလဲရဲတဲ့ စိတ်ဓာတ်မွေးနိုင်ဘို့လိုပါ
ရတဲ့အပေါက်က ခွါစားဘို့ချည်း ခေါင်းထဲမထည့်ပဲ ကိုယ့်နိုင်ငံသား ဂုဏ်နဲ့
ကျင့်ဝတ်သိက္ခာလေးတွေလည်း ထိန်းဘို့လိုပါတယ်။
ဇာတ်တူသားစားကြလွန်းလို့လည်
ဒီအပြောင်းအလဲတကွေ့မှာတော့ ဇာတ်ပေါင်းခန်းလေးသာ ကြည့်ပရစေ.။
ကိုညို( အော်စလို)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။