Ko Nyo added 2 new photos.
နော်ဝေးမှာ တည်မယ့် ပန်းခြံကိုလည်း အားကျပေးတာ ကောင်းပါတယ်၊
ပိုပြီး အားကျစရာ၊ ၀မ်းမြောက် ရွှင်လန်းစရာဖြစ်စေဘို့
ကျနော်တို့ ရင်ဘတ်ထဲမှာလည်း
ပန်းခြံလေးတွေ ကိုယ်စီဖြစ်တည်နေဘို့ လိုတယ်။
အဲဒီပန်းခြံထဲမှာ..
အရောင်အသွေးစုံတဲ့ ပန်းတွေ အတူတူရောယှက်နေလို့
မွှေးရနံ့တွေနဲ့ မြင်သူတကာကြည့်မ၀ဘဲ ကြည်နူးမယ်။
ကျယ်ပြန့်ပြီး လွတ်လပ်တဲ့ ကောင်းကင်ပြာပြာကြီးကိုလည်း မြင်ရလို့
ငြိမ်းချမ်းပြီး တရားမျှတတဲ့ အတွေးအခေါ်တွေ ခံစားသိမ်းပိုက်နိုင်လိမ့်မယ်။
အေးမြတဲ့၊ လန်းဆန်းတဲ့ ကန်ရေ ကြည်လဲ့လဲ့နဲ့ ရေချိုတွေသောက်ပြီး
ခွန်အားသစ်တွေနဲ့ အနာဂတ်အတွက် မျှော်လင့်ချက်တွေ ခိုင်မာလာလိမ့်မယ်။
လတ်ဆတ် သန့်ရှင်းတဲ့ လေကောင်းလေသန့်တွေ ရှူရှိုက်ခွင့်ရလို့
ခန္ဓာကိုယ်သွေးလည်ပတ်မှုတွေ သန့်စင်ပြီး
သန့်ရှင်းကြည်လင်တဲ့ ဘ၀တွေကို ပိုင်ဆိုင်ခွင့်ရလိမ့်မယ်။
အမြဲစိမ်းလန်းစိုပြေတဲ့ မြင်ခင်းနဲ့ သက်တမ်းရှည်သစ်ပင်တွေပေါက်နေလို့
မိမိရပ်တည်ရာ အရပ်မှာ တရားမျှတခြင်း၊ ချစ်ကြည် ညီမျှခြင်း
စိုပြေလန်းဆန်းတဲ့ ထာဝရ အေးချမ်းမှု အရသာကို ခံစားရလိမ့်မယ်။
ကျနော်တို့ အားလုံးရဲ့
ချစ်ခြင်းမေတ္တာတွေ ဖုံးလွှမ်းနေတဲ့ ရင်ဘတ်ထဲက
ပန်းခြံလေးဟာ..
ကျနော်တို့အနာဂတ်..
ကျနော်တို့မျိုးဆက်နဲ့
ကျနော်တို့ ကမ္ဘာမြေအတွက် အမြဲလှပဝေဆာမွှေးပျံ့စွာ ပွင့်လန်းနေတဲ့
ပန်းရောင်စုံတွေနဲ့ ထာဝရ ဝေဆာနေလိမ့်မယ်.။
ခလေးတွေလည်း ပျော်ပါးမြူးတူး ခုန်ပေါက်လို့..
လူကြီးတွေလည်း ကြည်နူး၊ ရယ်မော လမ်းလျှောက်လို့.
ကမ္ဘာကြီးကလည်း ကျယ်လောင်စွာ..လက်ခုတ်လက်ဝါးတီးပြီး
သြဘာတွေ ပေးနေလေရဲ့....။
ကိုညို( အော်စလို)
(ဂူဂယ်လ်ထဲက ဓာတ်ပုံပါ)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။