#ဟံသာဝတီဦးဝင်းတင်ရဲ့ #ရဲရင့်တဲ့စိတ်
Q. ဘဘကိုယ်တိုင်က ရဲရင့်တဲ့စိတ်ကို မွေးမြူတည်ဆောက်ခဲ့ရတာလား၊ ဒါမှမဟုတ် နဂိုဗီဇအရ ရဲရင့်တဲ့သူလား။
A. လူတွေမှာ ရဲရင့်တဲ့စိတ်ဆိုတာက မွေးယူရတာပဲ။ နဂိုဗီဇအရ ဖြစ်လာတာ လို့ ကျွန်တော်မထင်ဘူး။ လူဆိုတာက ကြောက်တတ်တာပဲ။ ကျွန်တော် လည်း ကြောက်တတ်တာပဲ။ ကြောက်တတ်တယ်ဆိုတာက ဒုက္ခမခံချင်ဘူး။ ကိုယ့်အသားနာမှာ စိုးရိမ်တယ်။ ဆင်းရဲမှာ ကြောက်တယ်။ ငတ်မှာ ကြောက် တယ်။ မရှိခြင်းတွေကို ကြောက်ကြတယ်။ အဲဒီလို စိုးရိမ်ကြောင့်ကျတဲ့စိတ်၊ စိုးရိမ်ထိတ်လန့်တဲ့စိတ်၊ တွန့်ရွံ့တဲ့စိတ်တွေက လူတွေရဲ့သဘာဝဗီဇစိတ်တွေ ပဲ။ ကျွန်တော် ယူဆတာကတော့ ရဲရင့်တဲ့စိတ်ဆိုတာက မွေးယူရတယ်။ ရဲရင့်တာနဲ့ပတ်သက်ပြီးတော့ ဘာသာတရားက သင်တာတွေလည်း ရှိတယ်။ ပညာရှိက၀ိတွေဆီက သင်တာ၊ ကြားတာတွေလည်း ရှိတယ်။ ဘ၀က သင်တာလည်းရှိတယ်။ အဲဒါတွေထဲကနေ ရဲရင့်တဲ့စိတ်ကို ကိုယ်တိုင် က မွေးထုတ်ယူရမယ်။ ဥပမာ မကြောက်သင့်တာကို မကြောက်ဘူး။ ကြောက် သင့် တာကို ကြောက်ရင်တောင်မှ ကြောက်ပေမယ့်လည်း တာဝန်အရ လုပ်သင့်လုပ်ထိုက်တာကို လုပ်ရမယ်ဆိုတဲ့ စိတ်မျိုးမွေးခြင်းဟာ ရဲရင့်တဲ့စိတ်ကို အားပေးတယ်လို့ ယူဆတယ်။
ရဲရင့်တဲ့စိတ်ကို မွေးတဲ့နေရာမှာ သူများပြောတိုင်းလည်း မယုံပါနဲ့။ ကိုယ့်ရဲ့ ဘ၀အသိနဲ့ သူများဆီကရတဲ့ပညာတွေ၊ ဘ၀ကပေးတဲ့ ပညာတွေ ကိုပေါင်းစပ်ပြီး ကိုယ့်အတွက် အကောင်းဆုံးဖြစ်အောင်၊ ကိုယ်ပိုင်စိတ် ကလေးဖြစ်အောင်၊ ကိုယ်ပိုင်အလေ့အကျင့်လေးဖြစ်အောင်၊ ကိုယ်ပိုင် အသိလေးဖြစ်အောင် လုပ်ယူရမယ်။ အဲဒီလို မွေးမြူခြင်းဖြင့် ရဲရင့်မှုဆိုတာကို ရလာမယ်။ ကိုယ်ပိုင်ပစ္စည်းဖြစ်လာမယ်။
ရဲရင့်မှုဆိုတာကို မွေးရာပါဗီဇလို့ ကျွန်တော် မယုံဘူး။ ဒါဟာ မွေးမြူ ပျိုးထောင်ရတဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာပစ္စည်းတစ်ခုဖြစ်တယ်။
အဲဒီပစ္စည်းကို ကြီးထွားလာအောင်လုပ်လို့ ရတယ်။ ပီပြင်လာအောင် လုပ်လို့ရတယ်။
အသိတွေ ကြွယ်လာအောင် လုပ်လို့ရတယ်။ ဥပမာ ဆိုပါစို့။ အာဏာရှင်စနစ်ကာလတွေမှာ
ကျွန်တော် အများကြီးခံခဲ့ရတယ်။ တစ်ခါတည်းခံရတာ မဟုတ်ဘူး။
အကြိမ်ကြိမ်ခံခဲ့ရတယ်။ ခြိမ်းခြောက်တာ ခံရတယ်။ တားဆီးပိတ်ပင်တာ ခံရတယ်။
ထောင်ချတာ ခံရတယ်။ ဒါတွေ အကုန်လုံးက ကျွန်တော့်ကိုလာပြီး ဖိစီးနေတာ။
အဲဒါတွေ အကုန်လုံးဟာ မှားတယ်ဆိုတာကို မြင်လာတယ်။ သူများပြောတဲ့အလျောက်သော်
လည်းကောင်း၊ ကိုယ့်ရဲ့ ဘ၀အသိနဲ့သော်လည်းကောင်း သိလာတဲ့အခါ ကျတော့
အဲဒီအမှားတွေက လျော့ပါးအောင် လုပ်ရမယ်ဆိုပြီး တဖြည်းဖြည်းနဲ့
ရင်ဆိုင်ရဲလာတယ်။ နောက်ဆုံးဘယ်လိုပဲဖြစ်ဖြစ် ထောင်ထဲကို သွားဖို့တောင်
သိပ်မကြောက်တော့ဘူး။
နောက်တစ်ခါ ဒုက္ခဆိုတာက ခြိမ်းခြောက်နေမှ ရှိတာမဟုတ်ဘူး။ တစ်ခါတလေကျတော့ ဒုက္ခက ကိုယ့်ထဲမှာကို လာပြီးတော့ ဖိစီးနေတာမျိုးရှိတယ်။ ဆိုပါတော့၊ ကျွန်တော် ထောင်ကျတော့ စားစရာတွေ ကို အိမ်ကလူတွေက နှစ်ပတ်မှာ တစ်ခါလာပို့ခွင့်ရှိပြီး ကျွန်တော်နဲ့ ဆယ့်ငါးမိနစ်ပဲ တွေ့ခွင့်ရှိတယ်။ ထောင်ထဲမှာရှိတဲ့ တချို့မိတ်ဆွေ၊ သူငယ်ချင်းတွေရဲ့ မိသားစုတွေက ဆင်းရဲတော့ စားစရာတွေ လာမပို့နိုင်ကြ ဘူး။ မိတ်ဆွေအပေါင်းအသင်းတွေကို ကူညီချင်တဲ့စိတ် ရှိပေမယ့် တစ်ခါတလေတော့ ကျွန်တော် ကြောက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီစားစရာတွေကို ကျွန်တော် တစ်ဆယ့်လေးရက်လုံးလုံး စားရမှာ။ ထောင်ထမင်းဟင်းဆိုတာက စားလို့မရဘူး။ ထမင်းကလည်း မာတယ်။ အသီးအရွက်တွေက ရေလုံပြုတ်ထားတာ။ တစ်ခါတလေကျတော့ စားရတဲ့အထဲမှာ ဖိနပ်အစတွေ၊ ကင်းခြေများလို အကောင်မျိုးတွေလည်း ပါတတ်တယ်။ အဲဒီလိုဟာတွေနဲ့ စားရတဲ့အခါကျတော့ ကျွန်တော် အဲဒါတွေကို မစားနိုင်ဘူး။ အဲဒီအခါ အိမ်ကပို့တဲ့ ဒီပစ္စည်းတွေကို ခင်တွယ်လာတယ်။ ဒါပေမဲ့ ကိုယ့်ဘာသာကိုယ် ပြင်ရတာပေါ့။
လူတစ်ယောက်ဟာ တခြားလူတွေအတွက်လည်း ကြည့်ဖို့လိုတယ်။ ဘာသာရေးအဆုံးအမတွေရယ်၊ ပညာရှိတွေပြောတာ၊ လူကြီးသူမတွေ က ပြောဆိုဆုံးမတာတွေကိုပြန်ပြီးတော့ စဉ်းစားတယ်။
စဉ်းစားပြီးတော့ ပြန်အကဲဖြတ်တယ်။ တကယ်ရော ဟုတ်သလား၊ ကိုယ်တကယ်လုပ်ဖို့ကောင်းသလား၊
လုပ်ဖို့အတွက် လိုအပ်တဲ့ အခြေအနေလား၊ ပတ်ဝန်းကျင်ကလည်း ရှိသေးတယ်လေ။
ထောင်မကျဖူး တဲ့သူတွေကို ဒါတွေသွားပြောနေရင် နားလည်မှာ မဟုတ်ဘူး။ ထောင်ကျ
ဖူးတော့ ဒါတွေကို သိလာတယ်။ သိလာတဲ့အခါကျတော့ ငါ ဒီလိုလုပ်လို့ မဖြစ်သေးဘူး။
အိမ်က စားစရာပေးတယ်ဆိုတာကလည်း ဆယ့်လေးရက်လုံးလုံးအတွက်
လုံလောက်တာမဟုတ်ဘူး။ ဒီနေ့မကုန်ရင် မနက်ဖြန်ကုန်မှာပဲ။ မနက်ဖြန်မကုန်ရင်
နောက်တစ်နေ့ကုန်မှာပဲ။ ကုန်မှာကို ဘာဖြစ်လို့ တွန့်တိုနေရမှာလဲ။
ဝေမျှစားလိုက်တာ မကောင်းဘူးလား ဆိုပြီးတော့ ကျွန်တော့်ဆီရောက်လာတဲ့
စားစရာတွေအကုန်လုံးကို မိတ်ဆွေတွေကို ဝေမျှပေးလိုက်တယ်။ အဲဒီတော့ ကိုယ်လည်း
ပေါ့ပါးသွား တယ်။ တခြားသူတွေကလည်း သူတို့ရတဲ့ရက်မှာ ပြန်ပေးကြတော့
ကိုယ်လည်း စားရသောက်ရတာပါပဲ။ ဆိုလိုတာက အဲဒီလို လုပ်ခြင်းအားဖြင့်
ငတ်မှာကြောက်တဲ့စိတ် သိပ်မရှိတော့ဘူး။
သူများသင်တာ၊ ကြားတာနဲ့ ကိုယ့်ဘ၀နဲ့ ပေါင်းစပ်ပြီးတော့ ကြောက်ရွံ့ခြင်း တို့၊ စိုးရိမ်ထိတ်လန့်ခြင်းတို့ကို
လျှော့လို့ရတယ်။ လက်တွေ့ပျိုးထောင်ကြ ဖို့လိုတယ်။ နည်းနည်းတော့ နာတာပေါ့။
နည်းနည်းတော့ ငတ်တာပေါ့။ အဲဒီလို သူများကိုပေးလိုက်တာက
ကိုယ့်ရဲ့အကျင့်ဖြစ်သွားရင် သူများ ကို ပေးရဲလာတယ်။ ရဲရင့်မှုဆိုတာက ဗီဇမဟုတ်ဘူး။ လေ့ကျင့်ပျိုးထောင် ယူရတယ်။ သင်ကြားယူရတယ်။ လေ့ကျင့်သင်ကြားယူတဲ့အခါမှာ
ဆရာတွေ က သင်နေရုံနဲ့မရဘူး။ ဘုန်းကြီးက သင်နေရုံနဲ့ မရဘူး။
ကိုယ့်ကိုယ်ကိုယ် သင်နေရုံနဲ့ မရဘူး။ စာအုပ်တွေဖတ်နေရုံနဲ့ မရဘူး။
ဒါတွေနဲ့ပေါင်းစပ်ပြီးတော့ ကိုယ့်ဘ၀မှာ တကယ်ဖြစ်နိုင်တာကို
လက်တွေ့ကျင့်သုံးပြီး ရဲရင့်မှု ကို မွေးယူကြရမယ်။
(Eternal Light Magazine March 2014 တွင် ဖော်ပြခဲ့သော "ရဲရင့်မှုနဲ့အတူ တော်လှန်-မာန်-ဥာဏ်-သတ္တိ လူငယ်တွေ ပြည့်စုံကြဆိုတဲ့ ဟံသာဝတီဦးဝင်းတင်နှင့်တွေ့ ဆုံခြင်း"
အင်တာဗျူးဆောင်းပါး မှ ကောက်နုတ်ချက်ကို ဟံသာဝတီဦးဝင်းတင် ကွယ်လွန်ခြင်း
နှစ်နှစ်ပြည့် အမှတ်တရအဖြစ် ပြန်လည်ဖော်ပြပါသည်။ လွတ်လပ်စွာ Share
နိုင်ပါသည်။)
— with Elight Elight.Q. ဘဘကိုယ်တိုင်က ရဲရင့်တဲ့စိတ်ကို မွေးမြူတည်ဆောက်ခဲ့ရတာလား၊ ဒါမှမဟုတ် နဂိုဗီဇအရ ရဲရင့်တဲ့သူလား။
A. လူတွေမှာ ရဲရင့်တဲ့စိတ်ဆိုတာက မွေးယူရတာပဲ။ နဂိုဗီဇအရ ဖြစ်လာတာ လို့ ကျွန်တော်မထင်ဘူး။ လူဆိုတာက ကြောက်တတ်တာပဲ။ ကျွန်တော် လည်း ကြောက်တတ်တာပဲ။ ကြောက်တတ်တယ်ဆိုတာက ဒုက္ခမခံချင်ဘူး။ ကိုယ့်အသားနာမှာ စိုးရိမ်တယ်။ ဆင်းရဲမှာ ကြောက်တယ်။ ငတ်မှာ ကြောက် တယ်။ မရှိခြင်းတွေကို ကြောက်ကြတယ်။ အဲဒီလို စိုးရိမ်ကြောင့်ကျတဲ့စိတ်၊ စိုးရိမ်ထိတ်လန့်တဲ့စိတ်၊ တွန့်ရွံ့တဲ့စိတ်တွေက လူတွေရဲ့သဘာဝဗီဇစိတ်တွေ ပဲ။ ကျွန်တော် ယူဆတာကတော့ ရဲရင့်တဲ့စိတ်ဆိုတာက မွေးယူရတယ်။ ရဲရင့်တာနဲ့ပတ်သက်ပြီးတော့ ဘာသာတရားက သင်တာတွေလည်း ရှိတယ်။ ပညာရှိက၀ိတွေဆီက သင်တာ၊ ကြားတာတွေလည်း ရှိတယ်။ ဘ၀က သင်တာလည်းရှိတယ်။ အဲဒါတွေထဲကနေ ရဲရင့်တဲ့စိတ်ကို ကိုယ်တိုင် က မွေးထုတ်ယူရမယ်။ ဥပမာ မကြောက်သင့်တာကို မကြောက်ဘူး။ ကြောက် သင့် တာကို ကြောက်ရင်တောင်မှ ကြောက်ပေမယ့်လည်း တာဝန်အရ လုပ်သင့်လုပ်ထိုက်တာကို လုပ်ရမယ်ဆိုတဲ့ စိတ်မျိုးမွေးခြင်းဟာ ရဲရင့်တဲ့စိတ်ကို အားပေးတယ်လို့ ယူဆတယ်။
ရဲရင့်တဲ့စိတ်ကို မွေးတဲ့နေရာမှာ သူများပြောတိုင်းလည်း မယုံပါနဲ့။ ကိုယ့်ရဲ့ ဘ၀အသိနဲ့ သူများဆီကရတဲ့ပညာတွေ၊ ဘ၀ကပေးတဲ့ ပညာတွေ ကိုပေါင်းစပ်ပြီး ကိုယ့်အတွက် အကောင်းဆုံးဖြစ်အောင်၊ ကိုယ်ပိုင်စိတ် ကလေးဖြစ်အောင်၊ ကိုယ်ပိုင်အလေ့အကျင့်လေးဖြစ
ရဲရင့်မှုဆိုတာကို မွေးရာပါဗီဇလို့ ကျွန်တော် မယုံဘူး။ ဒါဟာ မွေးမြူ ပျိုးထောင်ရတဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာပစ္စည်
နောက်တစ်ခါ ဒုက္ခဆိုတာက ခြိမ်းခြောက်နေမှ ရှိတာမဟုတ်ဘူး။ တစ်ခါတလေကျတော့ ဒုက္ခက ကိုယ့်ထဲမှာကို လာပြီးတော့ ဖိစီးနေတာမျိုးရှိတယ်။ ဆိုပါတော့၊ ကျွန်တော် ထောင်ကျတော့ စားစရာတွေ ကို အိမ်ကလူတွေက နှစ်ပတ်မှာ တစ်ခါလာပို့ခွင့်ရှိပြီး ကျွန်တော်နဲ့ ဆယ့်ငါးမိနစ်ပဲ တွေ့ခွင့်ရှိတယ်။ ထောင်ထဲမှာရှိတဲ့ တချို့မိတ်ဆွေ၊ သူငယ်ချင်းတွေရဲ့ မိသားစုတွေက ဆင်းရဲတော့ စားစရာတွေ လာမပို့နိုင်ကြ ဘူး။ မိတ်ဆွေအပေါင်းအသင်းတွေကို ကူညီချင်တဲ့စိတ် ရှိပေမယ့် တစ်ခါတလေတော့ ကျွန်တော် ကြောက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီစားစရာတွေကို ကျွန်တော် တစ်ဆယ့်လေးရက်လုံးလုံး စားရမှာ။ ထောင်ထမင်းဟင်းဆိုတာက စားလို့မရဘူး။ ထမင်းကလည်း မာတယ်။ အသီးအရွက်တွေက ရေလုံပြုတ်ထားတာ။ တစ်ခါတလေကျတော့ စားရတဲ့အထဲမှာ ဖိနပ်အစတွေ၊ ကင်းခြေများလို အကောင်မျိုးတွေလည်း ပါတတ်တယ်။ အဲဒီလိုဟာတွေနဲ့ စားရတဲ့အခါကျတော့ ကျွန်တော် အဲဒါတွေကို မစားနိုင်ဘူး။ အဲဒီအခါ အိမ်ကပို့တဲ့ ဒီပစ္စည်းတွေကို ခင်တွယ်လာတယ်။ ဒါပေမဲ့ ကိုယ့်ဘာသာကိုယ် ပြင်ရတာပေါ့။
လူတစ်ယောက်ဟာ တခြားလူတွေအတွက်လည်း ကြည့်ဖို့လိုတယ်။ ဘာသာရေးအဆုံးအမတွေရယ်၊ ပညာရှိတွေပြောတာ၊ လူကြီးသူမတွေ က ပြောဆိုဆုံးမတာတွေကိုပြန်ပြ
စဉ်းစားပြီးတော့ ပြန်အကဲဖြတ်တယ်။ တကယ်ရော ဟုတ်သလား၊ ကိုယ်တကယ်လုပ်ဖို့ကောင်းသလာ
သူများသင်တာ၊ ကြားတာနဲ့ ကိုယ့်ဘ၀နဲ့ ပေါင်းစပ်ပြီးတော့ ကြောက်ရွံ့ခြင်း တို့၊ စိုးရိမ်ထိတ်လန့်ခြင်းတို့က
(Eternal Light Magazine March 2014 တွင် ဖော်ပြခဲ့သော "ရဲရင့်မှုနဲ့အတူ တော်လှန်-မာန်-ဥာဏ်-သတ္တိ လူငယ်တွေ ပြည့်စုံကြဆိုတဲ့ ဟံသာဝတီဦးဝင်းတင်နှင့်တွေ့
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။