ခင်ဗျားရှုံးပြီ
မနေ့ညနေက မိတ်ဆွေဟောင်းဂျပန်ကြီးတယောက်နဲ့ ပြန်တွေတော့ တိတ်ဆိတ်တဲ့နေရာမှာ စကားနဲနဲ ပြောဖြစ်ကြတယ်.။
ခင်ဗျားတို့ မြန်မာတွေ က ဂျပန်တွေနဲ့ သိတ်မကွာပါဘူး.. ဂျပန်မိတ်ဆွေက ပြောတယ်.။
ဟုတ်လို့လား ကျနော်တော့ ကွာတယ်လို့ ထင်ပါတယ်..ရှင်းပြပါအုန်းလို့ပြန်ပြောလိုက်တယ်..
တကယ်တန်းက ဂျပန်တယောက်နဲ့ မြန်မာတယော် Level တူ Ground filed မှာ ပညာရပ်ဖြစ်ဖြစ်၊ တီတွင်မှုဖြစ်ဖြစ် တခုခု ကို ပြိုင်ခိုင်းရင် တခါတရံ ဂျပန်လည်း နိုင်နိုင်တယ်..။ ဒါပေမဲ့ မြန်မာလည်း နိုင်နိုင်တယ်..။ တယောက်တလှည့်စီ နိုင်ဖို့ ဖြစ်နိုင်ခြေ ရှိတယ် ၅၀ % နှုန်း ချန့် ရှိတယ်၊ မျော်လင့်လို့ ရတယ်ပေါ့ လေ..။
အဲဒီတော့..ကျနော် ဖြစ်နိုင်မဖြစ်နိုင်စဉ်းစားကြည့်သေးတယ်.။ ပြီးတော့မှ ဂျပန် ကဆက်ပြော တယ်.။
ဒါပေမဲ့ ဆရာ..။ ခင်းဗျားနဲ့ ကျနော် တယောက်ချင်းပြိုင်ရင် နိုင်ခြင်တဲ့အခါ နိုင်မယ် ပညာပေါ့နော်၊ အားကစား၊ နည်းပညာ တီထွင်မှုပေါ့.။ ဂျပန်လည်းဖြတ်ထိုးညဏ် ထက် လုံလ၀ရီယ အားကောင်းတယ်..။ မြန်မာက ဖြတ်ထိုးညဏ် ပိုကောင်းတယ်
ဒါပေမဲ့ဆရာတဲ့..။ ခင်ဗျားတို့ မြန်မာငါးယောက်နဲ့ ဂျပန် ငါးယောက်ပြိုင်ရင် တော့ ခင်ဗျားတို့ ဘယ်တော့မှ မနိုင်ဘူး..။ ၁၀၀ % မနိုင်ဘူးတဲ့.။ ဘာဖြစ်လို့လည်း ဆိုတော့ ခင်ဗျားတို့ က တစ်ဦး ခြင်း အရည်အချင်းစွမ်းရည် ရှိပေမဲ့ အုပ်စုလိုက်၊ အဖွဲ့လို က် နှစ်ယောက် သုံး
ယာက် ပေါင်း လုပ်တဲ့ ရင် အမြဲတန်းမညီညွတ်တော့ ခင်ဗျားတို့ ကျဆုံးမှာပါ..။ အဲဒီ cultural အားနည်းတာကိုးတဲ့..။
အဲဒီလို ရှင်းပြပြီးရော ကျနော် မင်သက်မိတယ်..။ တဆက်တည်း ကျနော်ဘေးးကလူတွေ၊ ကျနော်မိတ်ဆွေတွေ၊ ကျနော်အသိုင်းအ၀ိုင်းတွေ၊ ကျနော့်လူအဖွဲ့အစည်းတွေ၊ အသင်းအဖွဲ့တွေ ၊ သမိုင်းကြောင်းတွေ အားလုံးတန်းစဉ်းစားမိရောပေါ့ဗျာ..။ သူပြောတာ ဟုတ်နေတာကိုး..။ အတော်ကို ဟုတ်နေတာ..
ကျနော်တို့က ရှုံးအုန်းမှာဘဲ လေ ၊ တစ်ဦးခြင်း တော်တာပဲဖြစ်ဖြစ် ကောင်းတာပဲ ဖြစ်ဖြစ် မညီညွတ်ကြတော့ အချင်းချင်းမညီညွတ်ကျတော့..။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။