ပုညခင် လည်းပြောပါပြီ ရုပ်ရှင်လောကကြီးရေ
``အကယ်ဒမီအတွေး´´
.............
၁။ မေ့ကျန်ရစ်သော အရေးကြီးဆုံးတစ်ခု...
မနေ့က အကယ်ဒမီပေးပွဲမှာ ရုပ်ရှင်အစည်းအရုံး ဥက္ကဌက ရုပ်ရှင်လောက ဖွံ့ဖြိုးတိုးတက်ဖို့ လိုအပ်တဲ့အချက်တွေအများကြီး ပြောသွားပါတယ် ။ ဒါပေမယ့် အရေးကြီးဆုံးနဲ့ အခြေခံအကျဆုံးအချက်တစ်ချက်ကိုတော့
မေ့ကျန်ခဲ့ပါတယ် ။ အဲ့ဒါက ဇာတ်လမ်း ပါ ။ စက်မှု နည်းပညာတွေဘယ်လောက်
ကောင်းကောင်း ဇာတ်လမ်းကောင်းမရှိရင် ကားကောင်းဖြစ်လာမှာမဟုတ်ပါဘူး။
ရုပ်ရှင်လောက တိုးတက်ဖို့ဆိုတာ စက်မှုနည်းပညာတွေက အခြေခံမကျပါဘူး။
ရုပ်ရှင်လောကသားတွေရဲ့ mindset ကို ပြောင်းဖို့ရယ်၊
ဇာတ်လမ်းကောင်းဖို့အတွက်အြေ ခခံကျတဲ့
ဇာတ်လမ်းကောင်းရယ် ၊ဖန်တီးသူတွေ အတွေးအခေါ်မြင့်ဖို့အတွက်
စာများများဖတ်ဖို့ရယ် လိုအပ်ပါတယ် ။ ရုပ်ရှင်လောက
ကျဆင်းရခြင်းအကြောင်းရင်းတွေထဲမှာ
တချို့သောပရိုဂျူဆာများ ဒါရိုက်တာများက နိုင်ငံခြားဇာတ်ကားများကို
ပုံတူကူးခြင်း၊ ဇာတ်လမ်းအတွက် အသုံးစရိတ်ကို ချွေတာခြင်း ၊ တစ်ခါတရံ
လက်တမ်းရိုက်ကူးခြင်း၊ နိုင်ငံခြားကားများမှကောင်း နိုးရာရာကဒ်များကို
စုပေါင်းကာ ဇာတ်လမ်းဖန်တီးခြင်း ၊သရုပ်ဆောင်များ အချိန်မလေးစားခြင်း
၊ရိုက်ရက် အနည်းငယ်သာပေးကာ တစ်ကားပြီးတစ်ကားရိုက်ကူးခြ င်း ၊သရုပ်ဆောင်များက ကိုယ်ရိုက်မည့်ဇာတ်လမ်းကိုပ င် ရိုက်ကွင်းရောက်မှ သိရှိခြင်း စတဲ့ စတဲ့ အချက်တွေအများကြီးကြောင့် ကျဆင်းရခြင်းဖြစ်ပါတယ် ။
၂။ နေရာချထားခြင်း...
လောကမှာ ဒူးနေရာဒူး တော်နေရာတော်ဆိုတဲ့စကားတစ်ရ ပ်ရှိပါတယ် ။ လူဆိုတာ ကိုယ်နေရမယ့်နေရာ ကိုယ်နေသင့်တဲ့နေရာကို သိဖို့လိုအပ်သလို ဘယ်လိုလူကို ဘယ်လိုနေရာမှာထားရမယ်ဆိုတာ သိရပါတယ် ။ အခန်းအနားတွေကျင်းပတဲ့အခါ အဲ့ဒီ့အခန်းအနားအတွက်အရေးပါ တဲ့
လူက နောက်ကိုရောက်နေပြီး အရေးမပါတဲ့လူက ရှေ့ကိုရောက်နေရင်လည်း မကျေနပ်မှု
တင်းမာမှု မခံချင်မှုတွေကြောင့် တင့်တယ်ကျက်သရေရှိသော
အခန်းအနားတစ်ခုဖြစ်မလာတတ်ပါ ဘူး။
၃ ။အခန်းအနားမူး
ကိုယ့်ဝတ္ထု နဲ့အကယ်ဒမီရတဲ့ အာဒမ် ဧဝ ဇာတ်ကားအထိ အခန်းအနားမှူး လုပ်သူများဟာ မြန်မာ့အသံဝန်ထမ်းများဖြစ်ြ ကပါတယ်
။ အကယ်ဒမီတစ်ခု ကြေငြာပြီးတိုင်း အသံအနိမ့်အမြင့်လေးနဲ့ အချိန်ကို ငဲ့ကွက်
တင်ပြရရင်ဖြင့် ဆိုတဲ့အသံလေးနဲ့ ရုပ်ရှင်ကားရဲ့ အကြောင်းကို
စာရေးဆရာပါမကျန် ရုပ်ရှင်မှာ နာမည်ပြောင်းခဲ့ရင်တောင်
မူရင်းဝတ္ထုနာမည်ပါမကျန် ပြောပြီး ဇာတ်ကားတစ်ကားမှာ ဇာတ်လမ်းရဲ့အရေးပါပုံကို
သေချာ ပြည့်ပြည့်စုံစုံပြောသွားတာ အင်မတန် နားထောင်လို့ကောင်းပါတယ် ။ ရုပ်ရှင်ဆိုတာ ရုပ်ရှင်ရုံရှိတဲ့မြို့ကလူေ တွသာကြည့်ရတာဖြစ်ပြီး အကယ်ဒမီပေးပွဲကိုတော့လှည်းေ နလှေအောင်း မြင်းဇောင်းမကျန် ကြည့်ကြတာဖြစ်ပါတယ် ။ ဒါ့ကြောင့် သူတို့မကြည့်ရသေးတဲ့ ရုပ်ရှင်အကြောင်း ပြည့်ပြည့်စုံစုံလေးပြောဖို့ လိုပါတယ်
။ ခု အခန်းအနားမှူးတွေဟာလည်း သူ့နေရာနဲ့သူ တော်သူတွေချည်းပါ ။ ဒါပေမယ့်
ရုပ်ရှင်အကြောင်းတော့ သိပ်သေချာသိပုံမရပါဘူး ။ သေချာလှပစွာကြိုတင်
လေ့လာစာစီခဲ့ပုံမရပါဘူး။ ဒီနှစ်အကယ်ဒမီရတဲ့ဒါရိုက်တာ
အရင်နှစ်က ရခဲ့တာလည်း ကျွန်မဝတ္ထု အမုန်းရဲ့ဆွဲငင်အားကို
ပြန်လည်ရိုက်ကူးတဲ့ စေတန်ရဲ့ကချေသည် နဲ့ရတာပါ ။ဒါပေမယ့် နင် စေရင် လို့
မှားပြီးပြောခဲ့ပါတယ် ။ တော်တဲ့သူတွေပဲမို့ ရုပ်ရှင်ဟာ
ဘယ်ဝတ္ထုကိုရိုက်ထားတယ် စသဖြင့် ပြည့်ပြည့်စုံစုံလေး ကြိုတင်လေ့လာလိုက်ရင်
အကောင်းဆုံးဖြစ်သွားမှာပါ ။သူတို့မှာလည်း ကျွန်မမသိနိုင်တဲ့
အခက်အခဲတွေရှိကောင်းရှိနိုင်တာမို့ ကျမ မသိနားမလည်လို့ ပြောတာလွဲမှားခဲ့ရင်လည်း ပိုပြီးကောင်းစေချင်တဲ့စေတနာနဲ့ပြောရတယ်ဆိုတာ နားလည်စေလိုပါတယ်။
၎။ နားမလည်တာလေးတစ်ခု
ကောင်းကျိုးကိုယ်၌တည်စေမင်း ကိုကြည့်ကတည်းက ကြိုက်ပါတယ် ။ ဒါပေမယ့် ဒီကားနဲ့အကယ်ဒမီတွေအများကြီးရပြီး
ထုတ်လုပ်သူဆုတောင်ရပေမယ့် ဒီလိုဆုတွေရဖို့ ပဲ့ကိုင်ရတဲ့ ဒါရိုက်တာက
ဆုမရတာတော့ သိပ်နားမလည်ပါဘူး။ အာဒမ်တုန်းကလည်း တစ်ခါဖြစ်ဖူးပါတယ် ။
နားမလည်တာကို နားမလည်ကြောင်း ရိုးရိုးသားသားပြောပြခြင်းသာဖြစ်ပါတယ် ။မည်သူ့ကိုမှ အပြစ်တင်လိုခြင်းမရှိပါဘူး။
၅။ ကျေးဇူးတင်စကား..
ရုပ်ရှင်လောကသားတော်တော်များများဟာ စာရေးဆရာကိုကျေးဇူးတင်စကားေ ပြာလေ့မရှိပါဘူး။ ဒါလည်း အပြစ်မတင်လိုပါဘူး ။သရုပ်ဆောင်တွေဟာ ဒါရိုက်တာနဲ့သာထိတွေ့ရတာဖြစ်ပြီး တချို့ဆို စာရေးဆရာနာမည်တောင်သေချာမသိ ပါဘူး။ စိတ်လှုပ်ရှားချိန်မှာ မေ့လျော့တာလည်း ဖြစ်တတ်ပါတယ် ။
ဒါပေမယ့် ထူးထူးခြားခြား ဒီနှစ်မှာ ဖွေးဖွေးက ကျေးဇူးတင်စကားပြောသွားပါတယ် ။ သူနဲ့ကျမ ပရက်ရှိုးမှာတစ်ခါဆုံဖူးတာက လွဲရင် အပြင်မှာမရင်းနှီးပါဘူး။သူက ပထမတော့ကျမကို ဘယ်သူမှန်းတောင်မသိပါဘူး ။အင်တာဗျူးရိုက်ကူးရင်းနဲ့မှ ထားသခင်ကို ကျမဘယ်လိုဖန်တီးခဲ့တယ်ဆိုတာ သိပြီး ကျေးဇူးတင်စကားလာပြောခဲ့တာပါ ။ တကယ်တော့ ကျေးဇူးတင်ပါတယ်လို့ ပြောလိုက်တဲ့စကားဟာ သူများကိုပြောပေမယ့် ကိုယ်က ရတာမျိုးပါ ၊၊ အဲ့ဒီလိုပြောလိုက်တဲ့အတွက်. ..
၁။ ကျွန်မရဲ့စာဖတ်ပရိသတ်တွေက ဖွေးလေးတော်လိုက်တာ ယဉ်ကျေးသိတတ်လိုက်တာ ငါတို့ဆရာမကို ကျေးဇူးတင်စကား ပြောတယ်ဆိုပြီး အမှတ်တွေပေးပြီး သူ့ကိုပိုချစ်သွားပါတယ် ။ဒါ့ကြောင့် သူ့မှာ ပရိသတ်တိုးသွားပါတယ် ။
၂။ စာပေလောသားတချို့က ငါတို့စာရေးဆရာတွေကို တန်ဖိုးထားလိုက်တာဆိုပြီး သဘောကျပါတယ် ။
၃။စာရေးဆရာရဲ့မေတ္တာသက်ရောက် မှုကိုခံလိုက်ရပါတယ် ။
အဲ့ဒီလို သက်ရောက်တဲ့အတွက် ကိုယ့်ဝတ္ထုကောင်းတာလေး အကယ်ဒမီရနိုင်တာလေး သူ့ကိုပိုအောင်မြင်စေမယ့်ဇာ တ်ရုပ်မျိုးလေးအတွက် သရုပ်ဆောင်ရွေးတဲ့အခါ သူ့ကိုရွေးဖို့စေတနာသက်ရောက်သွားပါတယ် ။သူနဲ့ရိုက်ပါလို့ ပရိုဂျူဆာကိုပြောလိုက်ဖို့ မေတ္တာသက်ရောက်ပါတယ် ။ သူပြောလိုက်တဲ့ကျေးဇူးတင်စကားလေးတစ်ခွန်းအတွက် သူ အများကြီးပြန်ရလိုက်ပါတယ် ။
ကျမဟာ ရုပ်ရှင်လောကနဲ့တနည်းတဖုံပတ်သက်နေရပြီး ရုပ်ရှင်ချစ်သူတစ်ဦးဖြစ်တဲ့ အတွက် ဒီလောကအတွက် စေတနာရှေ့ထားရေးသားလိုက်ရခြ င်းသာဖြစ်ပါတယ် ။
ရုပ်ရှင်လောကသားများအားလုံး တိုးတက် အောင်မြင် ငြိမ်းချမ်းနိုင်ကြပါစေ..
မေတ္တာဖြင့်...
ပုညခင်
``အကယ်ဒမီအတွေး´´
.............
၁။ မေ့ကျန်ရစ်သော အရေးကြီးဆုံးတစ်ခု...
မနေ့က အကယ်ဒမီပေးပွဲမှာ ရုပ်ရှင်အစည်းအရုံး ဥက္ကဌက ရုပ်ရှင်လောက ဖွံ့ဖြိုးတိုးတက်ဖို့ လိုအပ်တဲ့အချက်တွေအများကြီး
၂။ နေရာချထားခြင်း...
လောကမှာ ဒူးနေရာဒူး တော်နေရာတော်ဆိုတဲ့စကားတစ်ရ
၃ ။အခန်းအနားမူး
ကိုယ့်ဝတ္ထု နဲ့အကယ်ဒမီရတဲ့ အာဒမ် ဧဝ ဇာတ်ကားအထိ အခန်းအနားမှူး လုပ်သူများဟာ မြန်မာ့အသံဝန်ထမ်းများဖြစ်ြ
၎။ နားမလည်တာလေးတစ်ခု
ကောင်းကျိုးကိုယ်၌တည်စေမင်း
၅။ ကျေးဇူးတင်စကား..
ရုပ်ရှင်လောကသားတော်တော်မျာ
ဒါပေမယ့် ထူးထူးခြားခြား ဒီနှစ်မှာ ဖွေးဖွေးက ကျေးဇူးတင်စကားပြောသွားပါတယ
၁။ ကျွန်မရဲ့စာဖတ်ပရိသတ်တွေက ဖွေးလေးတော်လိုက်တာ ယဉ်ကျေးသိတတ်လိုက်တာ ငါတို့ဆရာမကို ကျေးဇူးတင်စကား ပြောတယ်ဆိုပြီး အမှတ်တွေပေးပြီး သူ့ကိုပိုချစ်သွားပါတယ် ။ဒါ့ကြောင့် သူ့မှာ ပရိသတ်တိုးသွားပါတယ် ။
၂။ စာပေလောသားတချို့က ငါတို့စာရေးဆရာတွေကို တန်ဖိုးထားလိုက်တာဆိုပြီး သဘောကျပါတယ် ။
၃။စာရေးဆရာရဲ့မေတ္တာသက်ရောက်
အဲ့ဒီလို သက်ရောက်တဲ့အတွက် ကိုယ့်ဝတ္ထုကောင်းတာလေး အကယ်ဒမီရနိုင်တာလေး သူ့ကိုပိုအောင်မြင်စေမယ့်ဇာ
ကျမဟာ ရုပ်ရှင်လောကနဲ့တနည်းတဖုံပတ
ရုပ်ရှင်လောကသားများအားလုံး
မေတ္တာဖြင့်...
ပုညခင်
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။