ငှက်မိုက်ပုံပြင်
~~~☆~~~
တစ်ခါက တောအုပ်တစ်ခုမှာ မျောက်အုပ်စုဟာ လူတွေ မီးမွှေးတာ ကိုမြင်ပြီး ပိုးစုန်းကြူးကို မီးကျီးခဲ အမှတ်နဲ့ ကောက်ရိုးခြောက် တွေထဲထည့်။ မီးတောက်အောင် ကြိုးပမ်းတစား ကုန်းမှုတ်နေ ကြသတဲ့။
ဒီအကြောင်းအရာကို ငှက်တစ်ကောင်က သိမြင်တော့ -
"ငမိုက်သားတွေပဲ... လူတွေ ကောက်ရိုးထဲ ထည့် မှုတ်တာ မီးကျီးခဲကွ။ မင်းတို့ ပိုးစုန်းကြူး ကို ထည့် မှုတ်လို့ ဘယ်လိုမှ မီးမတောက်လာဘူး"
ဆိုပြီးတော့ ရှင်းပြသတဲ့။
မျောက်တွေဟာ ငှက်လေးရဲ့စကားကို လက်မခံ ကြဘူးတဲ့။ ပိုးစုန်းကြူး ကို မီးကျီးခဲလို့ပဲ ထင်မှတ် နေတော့ မီးတောက်မယ်လို့ ယုံကြည်နေ သတဲ့။
ပိုးစုန်းကြူးက မီးလင်းလာလိုက်.. အားပါးတရ နဲ့ဝိုင်းမှုတ်လိုက်... နဲ့ပေါ့။ ငှက်ဟာလည်း မျောက် တွေ အနား တစာစာနဲ့ ယုံကြည် လက်ခံ အောင် ရှင်းပြနေသတဲ့။
ထိုအခါ မီးမတောက်သေးလို့ ပင်ပန်း စိတ်တို နေတဲ့ မျောက် တစ်ကောင် ဟာ နားငြီးတယ် ဆိုပြီးတော့ ငှက်ကို ဖမ်းပြီး ရိုက်သတ် လိုက်တယ် တဲ့။
ပုံပြင်လေးက ဒီလောက်ပါပဲ။ ရင်ထဲမှာ အသိ တခုခု တော့ ရကြမယ်လို့ မျှော်လင့်လို့ပါ။ ကျောင်းသား ဘဝက ဦးလေးတစ်ယောက် ပြောပြ တာကို အခုအချိန်ထိ ဒီပုံပြင်ကို အမှတ်ရနေတုန်း ဖြစ်တဲ့အတွက် အသိတခု ရကြစေလို့ငှာ ရေးသားပြီး share ပေးလိုက်ရပါတယ်။
(မှတ်စုကြမ်း စာဖတ်သူ တစ်ဦး ဖြစ်တဲ့ H.W.T (ဗောဓိ) ရဲ့ မျှဝေမှု အရေးအသားလေးပါ။ ကျေးဇူးပါခင်ဗျ။ 🙏🙏🙏)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။