ချစ်သူနဲ့ ပြသနာတက်တိုင်း သင့်ကျန်းမာရေးအတွက် ဆိုးကျိုးတွေ ဖြစ်စေနိုင်
။။။။။။။။။။
ကိုယ့်ချစ်သူလက်တွဲဖော်နဲ့ ပြသနာတက်ပြီဆိုတာနဲ့ ဒေါသထွက်ပြီး ပြောချင်တာတွေ ပြောချမိတာမျိုး ကြုံဖူးပါလိမ့်မယ်။ ဒီလိုမဟုတ်လည်း ကြိတ်ပြီး ခံစား တာမျိုး၊စိတ်မကောင်းဖြစ်တာမျိုးတွေရှိဖူးမှာပါ။ဒီလိုမျိုးတွေခံစားရတိုင်း၊ ဒေါသတွေထွက်ရတိုင်းသင့်ကျန်းမာရေးအတွက်ဘယ်လိုဆိုးကျိုး တွေ ဖြစ်စေနိုင်သလဲ ကြည့်ရအောင်။
၁။ အာဟာရမဖြစ်တဲ့ အလွယ်စာ စားလိုစိတ်ဖြစ်စေတဲ့ ဟော်မုန်းထုတ်ပေး။ မိမိလက်တွဲဖော်နဲ့ အပြင်းအထန်ငြင်းခုံအငြင်းပွားမှုဖြစ်ခြင်းက ghrelin ခေါ် အစာစားလိုစိတ် ပုံမှန်ဖြစ်စေတဲ့ ဟော်မုန်း ပမာဏ မြင့်တက်စေကြောင်း မကြာသေးမီက လေ့လာမှုအရ သိရပါတယ်။
ရန်လိုမှု၊ ဝေဖန်ပြောဆိုခြင်း စတာတွေက ယင်းဟော်မုန်းတိုးပွားစေတဲ့ အဓိကအပြုအမူတွေဖြစ်ပါတယ်။အဲ ဒီလိုအပြုအမူတွေများများဖြစ်ပေါ် လေလေ၊ ghrelin ပမာဏ ပိုမြင့်တက်လာလေလို့ ဆိုပါတယ်။
၂။ မိမိနှလုံးကို ထိခိုက်စေနိုင်။
သုတေသီတွေက စုံတွဲတွေထဲမှာ တခါတလေ ကူညီတတ်ကြပြီးတခါတလေ ကျတော့လည်း စိတ်ကောက်လိုက်ဖြစ်နေတတ်တဲ့ စိတ်နှစ်ခွ ချစ်သူစုံတွဲတွေ အကြောင်း လေ့လာကြည့်တဲ့အခါသူတို့မှာ သွေးပေါင်တက်ခြင်း၊ သွေးတိုးရောဂါနဲ့ နှလုံးရောဂါစတဲ့ကျန်းမာရေးချို့ယွင်းမှုအန္တရာယ်ရှိနိုင် ကြောင်း
တွေ့ရှိခဲ့ပါ တယ်။ မိမိလက်တွဲဖော်နဲ့ ရန်ဖြစ်လိုက်ပြီဆိုရင် သင်ဟာ
စိတ်ကြည်လင်မှု ရရှိစေဖို့ စိတ်ဖိစီးမှု ပြေပျောက်စေဖို့ လမ်းလျှောက်ထွက်ပါ။
နောက်ပြီး အဆင်ပြေနေချိန်မှာတော့ကျန်း မာရေးကောင်းအောင်လည်း နေထိုင်ပါ။ လေ့ကျင့်ခန်းကို ပုံမှန်လေးလုပ်ပြီး သစ်သီးနဲ့ ဟင်းသီးဟင်းရွက်များ ပုံမှန် စားသုံးပေးပါ။
၃။ စိတ်ကျရောဂါ စတင်ဖြစ်ပေါ်စေပြီး ကိုယ်အလေးချိန်တိုးစေနိုင်။ ချစ်သူလက်တွဲဖော်နဲ့ ငြင်းခုံစကားများခြင်းက မိမိကို ဝမ်းနည်းစေတာဟာ အံ့သြစရာမဟုတ်ပေမယ့် ပြင်းထန်တဲ့စိတ်ပိုင်းဆိုင် ရာ ပြသနာတွေဖြစ်စေနိုင်ပါတယ်။အိမ်ထောင်ကိစ္စမှာစိတ်ဆင်းရဲရ တာကစိတ်ကျရောဂါအဖြစ်များ ကြောင်း မကြာသေးမီလေ့လာမှု တစ်ခုက ဆိုပါတယ်။ စိတ်ကျရောဂါရှိကြောင်းမှတ်တ မ်းရှိထားသူတွေဟာလက်တွဲဖော် နဲ့ ငြင်းခုံ ရန်ဖြစ်ပြီးနောက်ပိုင်း ကိုယ်အလေးချိန် ပိုများတဲ့ အထောက်အထားလည်း ရှိပါတယ်။
Credit : yourtango
။။။။။။။။။။
ကိုယ့်ချစ်သူလက်တွဲဖော်နဲ့ ပြသနာတက်ပြီဆိုတာနဲ့ ဒေါသထွက်ပြီး ပြောချင်တာတွေ ပြောချမိတာမျိုး ကြုံဖူးပါလိမ့်မယ်။ ဒီလိုမဟုတ်လည်း ကြိတ်ပြီး ခံစား တာမျိုး၊စိတ်မကောင်းဖြစ်တာမ
၁။ အာဟာရမဖြစ်တဲ့ အလွယ်စာ စားလိုစိတ်ဖြစ်စေတဲ့ ဟော်မုန်းထုတ်ပေး။ မိမိလက်တွဲဖော်နဲ့ အပြင်းအထန်ငြင်းခုံအငြင်းပွ
ရန်လိုမှု၊ ဝေဖန်ပြောဆိုခြင်း စတာတွေက ယင်းဟော်မုန်းတိုးပွားစေတဲ့
၂။ မိမိနှလုံးကို ထိခိုက်စေနိုင်။
သုတေသီတွေက စုံတွဲတွေထဲမှာ တခါတလေ ကူညီတတ်ကြပြီးတခါတလေ ကျတော့လည်း စိတ်ကောက်လိုက်ဖြစ်နေတတ်တဲ့
၃။ စိတ်ကျရောဂါ စတင်ဖြစ်ပေါ်စေပြီး ကိုယ်အလေးချိန်တိုးစေနိုင်။
Credit : yourtango
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။