Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, April 10, 2016

မြန်မာ့စီးပွားရေး (သို့မဟုတ်) အစိုးရသစ်ကိုစောင့်ကြိုနေသည့်ခက်ခဲသောလမ်း

မြန်မာ့စီးပွားရေး (သို့မဟုတ်)
အစိုးရသစ်ကိုစောင့်ကြိုနေသည့်ခက်ခဲသောလမ်း
=============================
ဖြိုးဝေ(မဟာဝိဇ္ဇာ)

ယခုအချိန်သည် မြန်မာနိုင်ငံအတွက်အလွန်ထူးခြားသော အခါသမယဖြစ်သည်။ ပြည်သူအများစု၏မျက်နှာတွင် ပျော်ရွှင်မှုကြောင့်အပြုံးရိပ်များသန်းနေကြသည်။ နှစ်ပေါင်းများစွာအာဏာရှင်စနစ်အောက်မှာ အသက်သွေးချွေးမျက်ရည်ပေါင်းများစွာဖြင့် ပူဆွေးနေခဲ့ရသည့်ပြည်သူအများသည် သူတို့တစ်ခဲနက်ရွေးချယ်မှုကြောင့် တက်လာသောအရပ်သားကြီးစိုးသောအစိုးရနှင့် အရပ်သားသမ္မတကိုရလိုက်သောကြောင့်ဖြစ်သည်။ ပြည်သူအများပျော်ရွှင်နေကြသလို သူတို့တင်မြှောက်ထားသည့် အစိုးရသစ်အပေါ်မျှော်လင့်ထားမှုများကလည်း အထွတ်အထိပ်ပင်ဖြစ်သည်။ ထိုသို့မျှော်လင့်ချက်အထွတ်အထိပ်ရောက်နေချိန်တွင် နိုင်ငံမှာအာဏာရှင်စနစ်ကြောင့် စီးပွားရေးကျဆင်းပြီး စိုက်ပျိုးရေးကိုအခြေခံသည့် မြန်မာ့စီးပွားရေးသည် `အာရှစပါးကျီ´ဆိုသည့်ဂုဏ်ပုဒ်ကိုစွန့်လွှတ်ခဲ့ရသလို ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံများစာရင်းဝင် ဖြစ်သွားခဲ့ရပြီဖြစ်သည်။အထူးသဖြင့် လူဦးရေအများဆုံးနေထိုင်သည့်ကျေးလက်ဒေသများတွင်ပြည်သူအများသည် ဆင်းရဲတွင်းနက်နေရုံသာမက အကြွေးနွံထဲမှာနစ်နေကြပြီဖြစ်သည်။ လမ်းပန်းဆက်သွယ်ရေးလည်းအလွန်ဆိုးဝါးသည့် အတွက် ကုန်ပစ္စည်းများဈေးကွက်အတွင်းရောက်ရှိရန် ကုန်ကျစရိတ်ပိုများသွားသလို ရင်းနှီးမြုပ်နှံမှုကိုလည်းကြန့်ကြာသွားစေသည်။ တိုင်းပြည်၏လေးပုံသုံးပုံသော ကလေးများသည်လည်း လျှပ်စစ်မီးမရှိသောအိမ်များတွင်နေထိုင်နေကြရသည်။ ထို့ကြောင့်လည်း၁၉၆၀ ပြည့်လွန်နှစ်များနောက်ပိုင်း ပထမဆုံးအကြိမ်လွတ်လပ်စွာမဲပေးရွေးချယ်ထားမှုကြောင့်တက်လာသည့် အစိုးရသစ်သည် သူတို့ဘဝများကိုပိုမိုကောင်းမွန်အောင်လုပ်ပေးနိုင်လိမ့်မည်ဟု မဲဆန္ဒရှင်များက မျှော်လင့်ချက်မြင့်မားစွာထားရှိနေကြခြင်းဖြစ်သည်။ ထိုမျှော်လင့်ချက်များစွာအတွက် အစိုးရသစ်ကိုရှေ့မှာကြိုလင့်နေသည့် လုပ်ငန်းတာဝန်များကကြောက်ခမန်းလိလိပင်ဖြစ်သည်။ သမ္မတဦးထင်ကျော်နှင့်NLD ဦးဆောင်သည့် အစိုးရသစ်သည် နှစ်ပေါင်းများစွာအမြစ်တွယ်ခဲ့သည့် အကျင့်ပျက်ခြစားခြင်း၊အထက်မှအောက်အဆင့်ဆင့် အုပ်ချုပ်ရေးများကြောင့်တိုးတက်မှုဆိတ်သုဉ်းပြီး အင်စတီကျုးရှင်းများယိုယွင်းပျက်စီးနေခြင်း၊ကုန်ဈေးနှုန်းများမြင့်မားခြင်း ၊ အစိုးရအသုံးစရိတ်မြင့်မားနေခြင်း၊လက်သင့်ရာစားတော်ခေါ်သည့် ခရိုနီအရင်းရှင်စီးပွားရေးစနစ်ဖြစ်ထွန်းနေခြင်း,ဝယ်လိုအားများလာတိုင်းမှောင်ခိုဈေးကွက်ဖြစ်ထွန်းလာခြင်း,မြေသိမ်းယာသိမ်းမှုများဖြစ်ပွားခြင်း,ကိုယ်ကျိုးစီးပွားပဋိပက္ခဖြစ်ပွားနေခြင်း, ကုန်သွယ်မှုလိုငွေပြနေခြင်း၊အိမ်ခြံမြေဈေးများအဆမတန်မြင့်မားနေခြင်းနှင့် ငွေကြေးလဲလှယ်မှုမတည်ငြိမ်ခြင်းများကို အမွေဆက်ခံရမည်ဖြစ်သည်။`မြန်မာနိုင်ငံ၏ပြဿနာမှာ နိုင်ငံရေးပြဿနာများဖြစ်ပြီးနိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့်ဖြေရှင်းမည်´ဟုဆိုသော်ငြားလည်း နိုင်ငံရေးပြဿနာကြောင့်ဖြစ်ပွားသည်ဆိုသည့် နိုင်ငံရေးမတည်ငြိမ်မှုအများစုသည်ကိုယ်ကျိုးစီးပွားပေါ်အခြေခံသည့်စီးပွားရေးပြဿနာများကြောင့်ဖြစ်ပွား နေခြင်းဖြစ်ပြီး စီးပွားရေးသည်လည်း နိုင်ငံရေးမတည်ငြိမ်မှုကြောင့် မတိုးတက်သည့် နိုင်ငံရေးဘောဂဗေဒပြဿနာပင်ဖြစ်သည်။ ထိုသို့ အမွေဆိုးများရှိနေသော်လည်း အလားအလာများက အများအပြားရှိနေပါသေးသည်။မြန်မာနိုင်ငံတွင် ငယ်ရွယ်ပြီးဈေးချိုသောလုပ်သားအင်အား၊ ရှည်လျားသောကမ်းရိုးတန်းနှင့် ပေါများသောစိုက်ပျိုးမြေများရှိသလို ပထဝီအနေအထားအရလည်း တရုတ်၊အိန္ဒိယနှင့်အရှေ့တောင်အာရှရှိကြီးမားသော ဈေးကွက်ကြီးများကြားမှာရှိနေသည်။ပြည်ပကနေ စိတ်အားထက်သန်မှုများ၊ပရော်ဖက်ရှင်နယ်ဆိုင်ရာကျွမ်းကျင်မှုများနှင့် အတူပြန်လာနေသည့် ပြည်တော်ဝင် မြန်မာများကလည်းတစ်စတစ်စများပြားလာနေသည်။ ထို့အတူ ဦးသိန်းစိန်အစိုးရလက်အောက်မှာ လေးဖက်သွားကလေးသာသာရှိခဲ့သည့်အခြေအနေသည်လမ်းလျှောက်တတ်စကလေးအရွယ် အခြေအနေရောက်လာပြီဖြစ်သည်။ ကိန်းဂဏန်းများအရ ၂၀၁၅ ခုနှစ်တွင် ပြည်တွင်းအသားတင်ကုန်ထုတ်လုပ်မှု(GDP)သည် ၈.၃ ရာခိုင်နှုန်းရှိခဲ့သလို အာရှဖွံ့ဖြိုးမှုဘဏ်(ADB)၏ခန့်မှန်းချက်နှင့် လည်းအများကြီးသွားတူခဲ့သည်။မတ်လ ၂၅ ရက်ကလည်း ရန်ကုန်စတော့အိတ်ချိန်းစာရင်းဝင်ကုမ္ပဏီတစ်ခု၏ ပထမဆုံးရှယ်ယာထုတ်ရောင်းမှုကို စတင်မြင်တွေ့ခဲ့ရသလို တခြားစာရင်းဝင်ကုမ္ပဏီ၁၀ခုကိုလည်း ယခုနှစ်အတွင်းမြင်တွေ့ရဖွယ်ရှိသည်။ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများ(အထူးသဖြင့် စွမ်းအင်နှင့်တယ်လီဖုန်းဆက်သွယ်ရေးလုပ်ငန်းများ)ကလည်းစီးဝင်လာနေသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့်NLDပါတီ တို့၏ရွေးကောက်ပွဲအောင်ပွဲကြောင့် မြန်မာသည် ကမ္ဘာမှာနာမည်ကောင်းရသွားပြီဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်၏ NLDဦးဆောင်သည့်အစိုးရအနေဖြင့် တစ်နိုင်ငံလုံးလုပ်သားအင်အား၏ ၇၀ ရာခိုင်နှုန်းကိုအလုပ်ပေးထားသည့် လယ်ယာစိုက်ပျိုးရေးကဏ္ဍကို အစိုးရ၏ထိပ်တန်းဦးစားပေးအဆင့်တွင်ထားရှိမည်ဟုဆိုထားသည်။ စစ်အစိုးရအာဏာသိမ်းသည့် ၁၉၆၂ ခုနှစ်မတိုင်ခင်ကမြန်မာနိုင်ငံသည်`အာရှစပါးကျီ´ဟု ဂုဏ်သတင်းမွှေးသည့် ကမ္ဘာ့ အကြီးဆုံးဆန်တင်ပို့သူဖြစ်ခဲ့ပြီး ထိုဂုဏ်ပုဒ်ကိုပြန်ရနိုင်သည်ဟု အများကယုံကြည်ထားကြသည်။ သို့သော်တောင်သူ လယ်သမားအများစုသည် ကောင်းမွန်သောမြေသြဇာနှင့်မျိုးစေ့မရှိဘဲ အရည်အသွေးနိမ့်ကောက်ပဲသီးနှံများကို စိုက်ပျိုးထုတ်လုပ်နေကြရသည်။ အခြေခံအဆောက်အအုံညံ့ဖျင်းမှုနှင့် ရှုပ်ထွေးသောကုန်သွယ်ရေးမူဝါဒ စည်းမျဉ်းစည်းကမ်းများကြောင့် ပြည်တွင်းဈေးကွက်သည်တစ်စစီပြန့်ကျဲနေသလို ကုန်ထုတ်စွမ်းအားလည်းကျဆင်းနေသည်။ မဝေးသောကာလတွင်တောင်သူ လယ်သမားများအတွက်ချေးငွေများရနိုင်မည်ဆိုပါက အထောက်အပံ့ပြုနိုင်မည်ဖြစ်သည်။ ကျေးလက်ဒေသနေသူများ ချေးငွေအတွက် အဓိကအားထားရာဖြစ်သည့်အစိုးရလည်ပတ်သည့် `မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်´ ကလည်း ချေးငွေအနည်းငယ်သာပံ့ပိုးပေးနိုင်ခဲ့သည်။ ထိုအခြေအနေကြောင့် တစ်လကို ၁၀% မကအတိုးယူသည့် ငွေချေးသူများလက်တွင်းသို့တောင်သူလယ်သမားများကျရောက်ပြီး အကြွေးသံသရာလည်ရာကနေ ပိုင်ဆိုင်သည့်လယ်ယာမြေများဆုံးရှုံးနေကြရသည်။ ရင်းနှီးမြုပ်နှံမှုများကိုကြန့်ကြာစေသည့် ရှုပ်ထွေးသည့် ဥပဒေများနှင့် ကျေးလက်တောင်သူလယ်သမားများကို လယ်ယာမြေအသိမ်းခံရသည်အထိချည့်နဲ့စေသည့် လယ်ယာပိုင်ဆိုင်ခွင့်များကိုအစိုးရသစ်အနေဖြင့် ကိုင်တွယ်ရပါလိမ့်မည်။ လယ်ယာမြေပြုပြင်ပြောင်းလဲမှုများပြုလုပ်မည်ဟု ရွေးကောက်ပွဲကြေညာစာတမ်းတွင် NLD ကကတိပြုထားသော်လည်း အာဏာရှိနေသေးသည့် တပ်မတော်နှင့်ထိပ်တိုက်ရင်ဆိုင်ရမည့် NLD အစိုးရအနေဖြင့်ပေးထားသည့်ကတိအတိုင်း လက်တွေ့အကောင်အထည်ဖော်ရန် ပြောသလောက်လွယ်မည်မဟုတ်ပေ။ အထူးသဖြင့်နိုင်ငံရေးစနစ်တွင် တပ်မတော်၏အခန်းကဏ္ဍဆက်လက်ရှိနေသေးသလို ဒီမိုကရေစီကိုနောက်ကြောင်းပြန်အောင်လုပ်နိုင်သည့် အခွင့်အာဏာရှိနေသေးသည့်အတွက် မြန်မာ့ဒီမိုကရေစီရှေ့ခရီးအတွက်ယတိပြတ် အာမခံလို့မရသေးချေ။ ထိုအခြေအနေများကြောင့် မြန်မာ့စီးပွားရေးပြုပြင်ပြောင်းလဲမှုအတွက် မေးခွန်းကြီး နှစ်ခုပေါ်လာခဲ့သည်။
`မကြာသေးခင်ကာလအထိ ထိပ်တိုက်တွေ့ဆုံမှုများမကြာခဏဖြစ်ပွားနေသည့် NLD ဦးဆောင်သည့်အစိုးရ နှင့် တပ်မတော်သည် အတူတကွပူးပေါင်းလုပ်ဆောင်နိုင်ပါ့မလား´ ဆိုသည့်မေးခွန်းနှင့်
`အနှစ်ငါးဆယ်ကျော်အာဏာရှင်စနစ် အောက်ကျရောက်မှုကြောင့်ယိုယွင်းပျက်စီးပြီး ခေါက်ရိုးကျိုးနေသည့် ဗျူရိုကရေစီယန္တရားကို ပြန်လည်ပြုပြင်ပြီး မျှော်လင့်ချက်အထွတ်အထိပ်ရောက်နေသည့် ပြည်သူ့ဆန္ဒကို NLD ဦးဆောင်သည့်အစိုးရအနေဖြင့် အတတ်နိုင်ဆုံးကြိုးစားဖြည့်ဆည်းပေးနိုင်ပါ့မလား´ ဆိုသည့်မေးခွန်းများပင်ဖြစ်သည်။ လယ်ယာစိုက်ပျိုးရေးကဏ္ဍမှ နိုင်ငံခြားရင်းနှီးမြုပ်နှံသူတစ်ဦးကတော့ `ဝန်ကြီးတွေအနေနဲ့ ဘာတွေလုပ်ဖို့လိုသလဲဆိုတာ နားလည်ကောင်းနားလည်ပါလိမ့်မယ်။ဒါပေမဲ့ နှစ်ပေါင်းများစွာကွဲပြားခြားနားတဲ့အခြေအနေတစ်ခု အောက်မှာနေထိုင်ခဲ့ရတဲ့ အောက်ခြေအဆင့်ဆင့်က လူတွေအနေနဲ့ ပြုပြင်ပြောင်းလဲဖို့ အချိန်အတော်အကြာယူရပါလိမ့်မယ်´ဟု မှတ်ချက်ပြုသည်။ ပြည်သူအများမျှော်လင့်ထားသည့် အစိုးရသစ်တော့ပေါ်လာပါပြီ။ အစိုးရသစ်အတွက် စီးပွားရေးဆိုသည့် ခက်ခဲသောလမ်းကလည်း စောင့်ကြိုလင့်လျက်ရှိနေပါသည်။

ကိုးကား-The Economist
ဓာတ်ပုံ-AFP
(Myanmar B2B Management Magazine,June 2016 တွင်ဖော်ပြပါရှိမည့်ဆောင်းပါး)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။