Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, April 11, 2016

အင်တာနက်၏မက်လုံး (သို့မဟုတ်) တွန်းအား

အင်တာနက်၏မက်လုံး (သို့မဟုတ်) တွန်းအား

======================================

သိန်း ၃ဝ ကျော် ခေတ် ကနေ သောင်းဂဏန်းပေးရုံနဲ့ လက်ကိုင်ဖုန်း ကိုင်နိုင် တဲ့ခေတ် ရောက်လာတော့ လက်ကိုင်ဖုန်းဆိုတာ ပြည်သူအများစု လက်လှမ်းမီတဲ့ အသုံးအဆောင် ပစ္စည်းဖြစ်လာပါတယ်။ လူငယ်တွေအတွက် ထို လက်ကိုင်ဖုန်းဆိုတာ မရှိမဖြစ်ပစ္စည်းပါ။ လက်ကိုင် ဖုန်းတွေ ပေါလာတော့ မိသားစုဝင်တွေ အချင်းချင်း အပြန်အလှန် ဆက်သွယ်ပြောဆိုတာကို သာမန်လူမှု ရေးကိစ္စမျိုးမှာတောင် အများကြီးအဆင်ပြေလာပါတယ်။
ပိုကောင်းတာက လက်ကိုင်ဖုန်းရှိရင် အင်တာနက် အသုံးပြုနိုင်တာပါ။ ကားပေါ်မှာ၊ ဈေးထဲမှာ၊ ဘတ်စ် ကားဂိတ်မှာ၊ ဆေးရုံမှာ ဘယ်နေရာပဲကြည့်ကြည့် လက်ကိုင်ဖုန်းလေးတွေ ကိုယ်စီကိုယ်စီ ပွတ်နေကြတာကို တွေ့ရမှာပါ။ မကြာခင်က ဖတ်လိုက်ရတဲ့သတင်း တစ်ပုဒ်အရ မြန်မာနိုင်ငံမှာ အင်တာနက်အသုံးပြုသူ တွေရဲ့ ၈ဝ ရာခိုင်နှုန်းဟာ Facebook ကိုပဲ သုံးကြပါ တယ်။
ပညာဗဟုသုတတိုးတက်ရာတိုးတက်ကြောင်း၊ လုပ်ငန်းအခွင့်အလမ်း တိုးတက်ရာတိုးတက်ကြောင်း အသုံးပြုသူတွေက ၂ဝ ရာခိုင်နှုန်းပဲရှိပါတယ်။

မြန်မာပြည်သူတွေ အင်တာနက်ကိုအသုံးပြုကြတဲ့ အခါ ဘာလို့ Facebook တစ်ခုတည်းမှာပဲ အာရုံစိုက် နေရသလဲဆိုတာက စိတ်ဝင်စားဖို့ ကောင်းပါတယ်။
အခြေခံအကြောင်းရင်းက မြန်မာနိုင်ငံရဲ့ အလွတ်ကျက် ပညာရေးစနစ်နဲ့ ဆက်စပ်နေတယ်လို့ ယူဆပါတယ်။ စာစီစာကုံးကို အလွတ်ကျက်ဖြေရတယ်။ သမိုင်းကို ဖြေတဲ့အခါ ဆရာသင်ထားသလိုပဲ ဖြေရတယ်။ ဒီလို အခြေအနေမျိုးမှာ ကျောင်းသား ကျောင်းသူတွေ အချက်အလက်တွေ ကြိုးစားရှာဖွေဖတ်ရှုတယ်ဆိုတာ လုံးဝမလိုအပ်တဲ့ကိစ္စပါ။ တက္ကသိုလ်ကျောင်းသား ကျောင်းသူဘဝမှာလည်း အလွတ်ကျက်ပညာရေးစနစ် ကပဲ လွှမ်းမိုးနေတာပါ။

မဟာဘွဲ့အတွက်၊ ပါရဂူဘွဲ့ အတွက် စာတမ်းတွေကို ပိုက်ဆံပေးရေးခိုင်းတယ်ဆိုတာတွေကလည်း ကြားနေကျဇာတ်လမ်းတွေပါ။ ထိုင်းနိုင်ငံမှာ အနေကြာတဲ့ သူငယ်ချင်းတစ်ယောက် လာပြောပြဖူးပါတယ်။ ထိုင်းတက္ကသိုလ်တွေက ဆရာ ဆရာမတွေဟာ သူ့အဆင့်အလိုက် စာတမ်းတွေကို နှစ်စဉ် မဖြစ်မနေပြုစုတင်ပြကြရပါတယ်။ စာတမ်းတွေရဲ့ အဆင့်အတန်းကိုလည်း လေးလေးနက်နက် စိစစ်ကြပါ တယ်။ ဒီတော့ ထိုင်းတက္ကသိုလ်တွေက ဆရာ ဆရာမ တွေဟာ ပညာဗဟုသုတတိုးတက်ရာ တိုးတက်ကြောင်း အတွက် အင်တာနက်ကို လက်လွှတ်လို့မရပါဘူး။

အမှန်ကတော့ အင်တာနက်ဆိုတာ ပညာရေးမှာမှ မဟုတ်ပါဘူး။ စီးပွားရေးနဲ့ စီမံခန့်ခွဲရေးအပါအဝင် တိုင်းပြည်ရဲ့ကဏ္ဍတိုင်းမှာ အင်မတန်အသုံးဝင်တာပါ။ မြန်မာနိုင်ငံမှာ ဖြစ်နေတာက အစိုးရဝန်ကြီးဌာနတွေမှာ လည်း ကျလာတဲ့အမိန့်အတိုင်းပဲ ဆောင်ရွက်ရတာမို့လို့ အင်တာနက်ကို မွှေနှောက်ရှာဖွေနေဖို့ မလိုပါဘူး။
ပုဂ္ဂလိကကဏ္ဍမှာတောင် ဝန်ထမ်းတွေဟာ ပေးထားတဲ့ တာဝန်တွေကို သမားရိုးကျအတိုင်းသာ ဆောင်ရွက်ရ လေ့ရှိတာမို့လို့ ကုမ္ပဏီအများစုမှာ အင်တာနက်ကို ကြိုးစားပမ်းစား အသုံးပြုဖို့မလိုပါဘူး။ ပြောရရင်တော့ မြန်မာနိုင်ငံမှာ အင်တာနက်ကို ပညာဗဟုသုတ တိုးတက်ရာ တိုးတက်ကြောင်း၊ လုပ်ငန်းအခွင့်အလမ်း တိုးတက်ရာ တိုးတက်ကြောင်း သုံးစွဲလာဖို့ မက်လုံး (ဒါမှမဟုတ်) တွန်းအားမရှိသလောက် ဖြစ်နေပါတယ်။

လူထုအစိုးရက သက်ဆိုင်ရာအဖွဲ့အစည်းတွေကို စုစည်း ဆက်စပ်ဦးဆောင်ပြီး လူထုကြားထဲမှာ အင်တာနက်ကို ထိထိရောက်ရောက် အသုံးပြုလာအောင် ကြိုးပမ်း ဆောင်ရွက်သင့်ပါတယ်။ မြန်မာလူငယ်ထုနဲ့ ကိုက်ညီ မယ့် အင်္ဂလိပ်စာသင်ကြားရေးလိုဟာမျိုးကို အင်တာနက် ကတစ်ဆင့် ဆောင်ရွက်ပေးနိုင်မယ်ဆိုရင် ပြည်သူ လူထုကြား အင်တာနက်ကို အကျိုးရှိရှိအသုံးပြုမှုဟာ မြင့်တက်လာမှာပါ။
FM ရေဒီယိုတွေမှာ မေးလာတဲ့ စိုက်ပျိုးရေးဆိုင်ရာအခက်အခဲပြဿနာတွေကို ပညာ ရှင်တွေက ပြန်ဖြေကြားတာကို နားထောင်ရပါတယ်။
တိုင်းပြည်အတွက် အကျိုးရှိတဲ့ အစီအစဉ်ပါ။ အင်တာနက်မှာသာ ဒီလိုမေးခွန်းတွေကို ပညာရှင်တွေ စုစည်းပြီး ဖြေဆိုအကြံပေးနိုင်တယ်ဆိုရင် ကျေးလက် လူငယ်ထုဟာ ဒီလိုအင်တာနက်စာမျက်နှာတွေဆီ အာရုံ ရောက်လာနိုင်ပါတယ်။

စီးပွားရေးလုပ်ငန်းမှာလည်း လုပ်ငန်းချင်း တူရာ တူရာအလိုက် ပြဿနာတွေ၊ အခက်အခဲတွေ၊ စိန်ခေါ် ချက်တွေကို အင်တာနက်မှာ အပြန်အလှန် ဖလှယ် ဆွေးနွေးနိုင်ကြမယ်ဆိုရင် တိုးတက်မှုတွေရှိလာမှာ ကတော့ အသေအချာပါပဲ။ ခြုံပြောရရင်တော့ ပြည်သူလူထုကြား အင်တာနက်ကို အကျိုးရှိရှိ အသုံး ပြုလာဖို့ဆိုရင် ရေရှည်လုပ်ငန်းအနေနဲ့ မြန်မာနိုင်ငံရဲ့ အလွတ်ကျက်ပညာရေးစနစ်ကို ပြုပြင်ဖို့ လိုပါတယ်။ ရေတိုလုပ်ငန်းအနေနဲ့ကတော့ ပြည်သူလူထုအကျိုးရှိရှိ အသုံးပြုနိုင်မယ့် အင်တာနက်စာမျက်နှာတွေ ဖန်တီး ပေးဖို့လိုပါတယ်။

ဒီအင်တာနက်စာမျက်နှာတွေကို သုံးလာအောင် လည်း မက်လုံးတွေပေးရမှာဖြစ်သလို တွန်းအားတွေ ကိုလည်း ဖော်ဆောင်ပေးရမှာပါ။

သင်္ဂဟ

============

The Mirror Daily

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။