မေးခွန်းပုံစံများ ဦးနှောက်စားကြည့်ဖို့ (၂)
.......................... ..................
.......................... .
2. Object questions
.......................... ..
မေးခွန်းတွေထဲမှာ ကံပုဒ်ကို မေးတဲ့ဝါကျတွေက အများဆုံးဖြစ်ပါတယ်.. ဒါကြောင့် ကျနော်တို့ ကျောင်းမှာ သင်ယူခဲ့ပြီးသား ပုံစံတွေလည်း ဖြစ်ပါတယ် ၊ သူ့ကို ပြန်နွှေးပြီးတော့မှ Subject question နဲ့ အမြန်ခွဲခြားဖို့ ခက်တာလေးတွေ နှိုင်းယှဉ် စဉ်းစားပါမယ် .. နှိုင်းယှဉ်စဉ်းစားပြီး ကောက်ချက်ဆွဲထားလိုက်တာကေ၀၀ါးဝါးဖြစ်စရာ ပေါ်လာတဲ့အခါ မြန်မြန်ဆန်ဆန် ခွဲခြားပြီး သိသွားစေပါတယ် .. စမ်းကြည့်ကြပါ ။ ကျနော် အကြံပြုတာ မှန်သမျှ လေ့ကျင့်ပါ .. စမ်းကြည့်ပါ ၊ ဟုတ်ပြီဆိုမှ လက်ခံကြပါ ။ လေ့ကျင့်ဖို့တော့ အဓိကကျတယ်နော် .. ကဲ စလိုက်ကြရအောင်ပါ
..
ဒီမှာတော့ မေးခွန်းပုံစံပြောင်းပုံကို နှစ်ဆင့်သွားပါမယ်
ပထမဆုံး yes/no ဖြေလို့ရတဲ့ “လား” ဆုံးတဲ့ မေးခွန်းကို အရင် ပြောင်းပါမယ်
နောက်မှ အချက်အလက်ကို ဖြေရတဲ့ “လဲ” ဆုံးတဲ့ မေးခွန်းကို ပြောင်းပါမယ်
.......................... .......................... ......
(2.1) I love my sweetheart. ကျနော်က ကျနော့်ချစ်သူကို ချစ်ပါတယ်
~ Present tense နဲ့ past tense အတွက် V-do ကို အကူအညီခေါ်ပြီး သင့်တော်ရာကို ရှေ့ဆုံးမှာ ထားရပါမယ်
~ Pronoun (နာမ်စား) ကို I ဆိုလျှင်တော့ you ကို ပြောင်းပေးရပါမယ် ။ ကိုယ့်ကိုယ်ကို ပြန်ထုတ်မေးနေတဲ့ ပုံစံမဖြစ်သင့်ဘူး မဟုတ်လား ၊ သူများကိုမေးမှာဆိုတော့ you ပေါ့ ။ ဒါကြောင့်
.
Do you love / your sweetheart? ခင်ဗျားက ခင်ဗျားရဲ့ ချစ်သူကို ချစ်ပါသလား
.
ဒီမှာ ကျနော်တို့မေးချင်တာက ခင်ဗျားရဲ့ ချစ်ခြင်းကို ခံယူရတဲ့သူ ကံပုဒ်က ဘယ်သူလဲလို့ မေးချင်တာဖြစ်ပါတယ်
အဲသည် လူပုဂ္ဂိုလ်က ဘယ်သူလဲလို့ မေးမှာဖြစ်လို့ your sweetheart ကို who ပြောင်းပြီး ရှေ့ကဖြည့်လိုက်ပါ
..
Who do you love? ဘယ်သူ့ကို ခင်ဗျားက ချစ်တာပါလဲ ... ဖြစ်သွားပါပြီ
..
ကံပုဒ်ကို မေးတဲ့ မေးခွန်းတွေမှာ လူအတွက် whom ကိုလည်း သုံးလို့ရပါတယ် ၊ whom က ပုံစံကျအသုံး formal ဖြစ်ပါတယ် ၊ ဒါကြောင့် စာမေးပွဲတွေလိုမျိုးမှာတော့ whom ကိုပိုသုံးသင့်ပါတယ် ။ သို့သော် who ရဲ့အသုံးက အလွန်ကို ကျယ်ပြန့်လွှမ်းမိုးလာတဲ့အတွ က် whom ဟာ အခုအချိန်မှာ ရှေးသုံးဖြစ်သွားပြီးတော့ နောက်မကြာခင်မှာ ပျောက်ကွယ်သွားလိမ့်မယ်လို့ ခန့်မှန်းသူတွေလည်း ရှိလာပါပြီ ။
.......................... .......................... ..
(2.2) He likes music. သူက ဂီတကို နှစ်သက်တယ်
.
~ He နဲ့ တစ်ခုကိန်း/အများကိန်း ညှိရမှာဖြစ်လို့ Does ကိုရွေးပါမယ်
~ အကူကြိယာ V-do ရဲ့ နောက်က verb သည် base form မူလပုံစံပဲ ဖြစ်ရတဲ့အတွက် like ဖြစ်သွားပါမယ်
.
Does he like / music? သူက ဂီတကို နှစ်သက်ပါသလား.
.
~ music သည် လူမဟုတ်တဲ့အတွက် what နဲ့ လဲပြီးရှေ့ထုတ်လိုက်တဲ့အခါ
..
What does he like? ဘာကို သူက နှစ်သက်တာလဲ..လို့ ရသွားပါပြီ ။
.......................... ........................
အကူကြိယာ V-be, V-have, Modal verb တွေ ပါပြီးသား ၀ါကျတွေကို ဆက်စဉ်းစားကြည့်ပါမယ် .. အဲဒါတွေက ပိုပြီး လွဲတတ်လို့ပါ
.
အကူကြိယာတွေပါပြီးသားဆိုလျှ င်တော့ V-do ကို အကူခေါ်ဖို့ မလို့တော့ပါဘူး
.
continuous tense အတွက် စဉ်းစားကြည့်ပါစို့
(2.3) He is learning English. သူက အင်္ဂလိပ်စာကို လေ့လာနေပါတယ်
Is he learning / English? သူက အင်္ဂလိပ်စာကို လေ့လာနေပါသလား
What is he learning? ဘာကို သူက လေ့လာနေပါသလဲ
..
Perfect tense
(2.4) He has planned about your future. သူက ခင်ဗျားရဲ့ အနာဂါတ်အတွက် စီမံကိန်းချပြီးပါပြီ
Has he planned about your future? သူက ခင်ဗျားရဲ့ အနာဂါတ်အတွက် စီမံကိန်းချပြီးပါပြီလား
What has he planned? ဘာကို သူက စီမံကိန်းချပြီးတာပါလဲ
.
Future tense
(2.5) She will become a president. သူမက သမတတစ်ယောက် ဖြစ်လာပါလိမ့်မယ်
Will she become / a president? သူမက သမတတစ်ယောက် ဖြစ်လာမှာလား
What will she become? ဘာကို သူမက ဖြစ်လာမှာလဲ (သူမက ဘာဖြစ်လာမှာလဲ)
.......................... ..........
ကဲ ဒါဆို ဒီနှစ်ခုကို ကွဲကွဲပြားနားလည် ပြီလား စမ်းကြည့်ကြရအောင် ..
(2.6) Who are you calling?
(2.7) Who is calling you?
.
ဒီတစ်ခါတော့ နားလည်ဖို့ မေးခွန်းကို အဖြေပြောင်းကြည့်ပါမယ် (2.6) ကို ပြောင်းမှာပါ
(2.6.1) Are you calling who? ( Obj ဖြစ်မလားလို့ နောက်ပြန်ပို့ကြည့်တာ)
(2.6.2) You are calling who? ( Helping verb နဲ့ Sub ကိုနေရာပြန်လဲကြည့်တာ)
မြန်မာလိုပြန်ကြည့်ပါ လွယ်သွားပါပြီ .. ခင်ဗျားဖုန်းခေါ်နေတာ ဘယ်သူ့ကိုလဲ ..လို့ နားလည်သွားပါပြီ ။
~ ဒါကြောင့် object ကို မေးတဲ့ မေးခွန်းဟာ အခုလိုပဲ ပြန်ထားကြည့်လျှင် နားလည်ရတာ အဆင်ပြေပါတယ်
...
Subject မှာကျတော့ အဲလို နေရာပြောင်း ပြန်ထားလို့ အဆင်မပြေဘူး ၊ အစကတည်းက Sub နေရာမှာ တိုက်ရိုက်အစားထိုးပြီး မေးခွန်းပြုလုပ်တာဖြစ်တဲ့အတွက် Who/what နေရာကို ဘယ်သူက/ဘာက အစားထိုးပြီး နားလည်ကြည့်လိုက်ပါ ..ok ဆို Sub question လို့ သိလိုက်ပါ
(2.7) Who is calling you?
ဘယ်သူက ခင်ဗျားကို ဖုန်းခေါ်နေတာလဲ ..လို့ သိသွားပါပြီ
.
ဒီနှစ်ခု ရှုပ်နေတာက you ရဲ့ subject form နဲ့ object form တူနေတာကြောင့်လည်း ဖြစ်ပါတယ်
(2.6) မှာ you ဟာ Subject ဖြစ်ပြီး
(2.7) မှာ you ဟာ Object ဖြစ်နေလို့ပါ
..
ကျနော်က ပေရှည်တတ်ပါတယ် ဖြတ်ရမယ့်နေရာမှာမဖြတ်ပဲ ဆက်ပြောနေတတ်တယ်လေ.. အခုဒီမှာတော့ ဇွတ်ကြီးပေးချင်နေလို့ ပေရှည်မိတာပါ .. Object နှစ်ခု ရှိတဲ့ဝါကျလေးတစ်ခုကို စဉ်းစားကြည့်မလားလို့ပါ
..
(2.8) KWNO shares /the English lessons /to the learners.
ကိုဝင်းနိုင်ဦးက အင်္ဂလိပ်စာ သင်ခန်းစာတွေကို လေ့လာသူများသို့ မျှဝေပါတယ်..
.
ဒီဝါကျမှာဆို တိုက်ရိုက်ကံပုဒ်ဖြစ်တဲ့ the English lessons နဲ့ သွယ်ဝိုက်ကံပုဒ် (ဒုတိယကံပုဒ်) ဖြစ်တဲ့ the learners ဆိုပြီး နှစ်ခုရှိနေပါတယ်..
.
~ KWNO သည် English lessons တွေကို အရင်ရေးရပါတယ် ..ဒါကြောင့် အရင်ထိတွေ့ရပါတယ် ။ အရင်ထိတွေ့တာကို တိုက်ရိုက်ကံပုဒ် Direct Object (DO) လို့ သတ်မှတ်ပါတယ်
(အများအားဖြင့် တိုက်ရိုက်ကံပုဒ်များဟာ လူပုဂ္ဂိုလ် ဖြစ်လေ့မရှိပါဘူး ၊ ဒီကွင်းထဲက အချက်ကို အသေတော့ မမှတ်ပါနဲ့ အလွယ်စဉ်းစားရာမှာ အထောက်အကူဖြစ်ဖို့ပါ .. လူပုဂ္ဂိုလ် ဖြစ်ချင်လည်း ဖြစ်နိုင်ပါတယ် ) ..
.
~ KWNO က ရေးပြီးမှ (သူနဲ့ အရင်ထိတွေ့ပြီးမှ) လေ့လာသူတွေ the learners ဆီကို မျှဝေလိုက်တာပါ ။ KWNO ရဲ့ လုပ်ဆောင်မှုဟာ the learners တွေဆီကို နောက်တစ်ဆင့်ကျမှ ရောက်လာတာပါ ။ အဲဒါကြောင့် သွယ်ဝိုက်ကံပုဒ် Indirect Object (IO) လို့ သတ်မှတ်ပါတယ် ၊ IO တွေကတော့ လူပုဂ္ဂိုလ်တွေ ဖြစ်လေ့ရှိပါတယ်..
..
ပထမဆုံး Subject question လုပ်မယ်ဆို KWNO နေရာ Who ထည့်ပြီး ၀ါကျဆက်ရေးလိုက်လျှင် ရပြီဆိုတော့
( 2.8.1) Who shares the English lessons to the learners. ဘယ်သူက အင်္ဂလိပ်စာ သင်ခန်းစာတွေကို လေ့လာသူတွေဆီ မျှဝေပေးတာလဲ.
.
ဘာကို မျှဝေပေးတာလဲလို့ (IO) ကို မေးမယ်ဆိုပါတော့ the English lessons ကို What နဲ့ အစားထိုးပြီး ရှေ့မှာရေးရမှာပေါ့ ..
~ KWNO သည် တစ်ယောက်တည်းဖြစ်ခြင်းကြောင့် အကူကြိယာက does ဖြစ်သွားပါမယ် ။
.............
~ Subject question ပဲဖြစ်ဖြစ် Object question ပဲဖြစ်ဖြစ် တစ်ခုအများ ညီအောင်ညှိရမှာက Subject နဲ့ Verb သာလျှင် ဖြစ်တယ် .. ဒီအချက်က အတူတူပဲ ဆိုတာ သတိထားရပါမယ်
...........
.
(အခုဒီမှာဆို the English lessons သည် အများကိန်းဖြစ်နေသော်လည်း သူနဲ့ မညှိပါဘူး ၊ Sub ဖြစ်တဲ့ KWNO နဲ့ပဲ အကူကြိယာကို ညှိပါတယ်) အဲသည်တော့ ဒီလိုရသွားပြီ
.
(2.8.2) What does KWNO share to the learners? ဘာတွေကို ကိုဝင်းနိုင်ဦးက လေ့လာသူတွေဆီ မျှဝေပေးတာလဲ
.
ဘယ်သူကို မျှဝေပေးတာလဲလို့ (DO) ကို မေးချင်လျှင်လည်း လွယ်သွားလောက်ပါပြီ
(2.8.3) Who does KWNO share the English lessons? ဘယ်သူ့ကို ကိုဝင်းနိုင်ဦးက အင်္ဂလိပ်စာ သင်ခန်းစာတွေ မျှဝေပေးတာပါလဲ
.
အဆုံးသတ်မှာ နည်းနည်းလေး အဆစ်ပေးပါရစေဦး ..
ကြိယာများဟာ အကူကြိယာမပါဘဲ သူ့ချည့်ပဲဆိုလျှင်
~ တစ်ခုကိန်းလား အများကိန်းလား ဆိုတာ ဖေါ်ပြရပါတယ်
~ အတိတ်လား ပစ္စုပ္ပန်လားဆိုတာ ဖေါ်ပြရပါတယ်
~ သူ့မူလ အဓိပ္ပါယဖြစ်တဲ့ ဘာလုပ်တယ် ဆိုတာကိုလည်း ဖေါ်ပြရပါတယ်
သို့သော် အကူကြိယာများပါလာပြီဆိုလျှင်
သူ့တာဝန်ထဲကနေ ပထမ ဒုတိယ တာဝန်နှစ်ခုကို အကူကြိယာများက ကူပြီး
ထမ်းဆောင်ကြပါတော့တယ် ..အဲဒါကြောင့် အကူကြိယာပါလာလျှင် Sub နဲ့ helping
verb ကို ညှိရတာဖြစ်ပါတယ် ။
.
နောက် Adverb question သင်ခန်းစာတစ်ခု ထပ်ရေးပြီးတဲ့အခါ ၀ါကျ အရှည်ကြီး ရေးပြီးတော့မှ အခုလိုပဲ အပိုင်းလိုက် ဖြုတ်ထုတ် မေးခွန်းလုပ်တာလေးတွေ လေ့ကျင့်ဦးမယ်လို့ စဉ်းစားထားပါတယ် .. adverb တွေကကျတော့ ခုရေ အများကြီး ထည့်လို့ရပါတယ် ။ အစိတ်အပိုင်းလေးတွေ ဖြုတ်နည်း ဆက်နည်း သိသွားတဲ့အခါ ၀ါကျ ရှည်ရှည်ကြီးတွေပဲဖြစ်ဖြစ် ၊ လိုချင်တဲ့အချက်တွေ ပေါင်းထည့်ဖို့ပဲ ဖြစ်ဖြစ် .. ဘယ်လို ချိတ်ဆက်ပြီး ၀ါကျ ဖွဲ့ရမလဲဆိုတာ သိသွားစေချင်တာပါ .. ကျနော်ရေးတဲ့အခါ အများအားဖြင့်တော့ အလွယ်ကနေ အခက်ကို တက်သွားတဲ့ နည်းနဲ့ ရေးလေ့ရှိပါတယ် ။ ဘယ်လောက်ထိ လိုက်လာနိုင်မလဲ လိုက်ခဲ့ပါဆိုတဲ့သဘောပေါ့ ၊ တကယ် စိတ်ထဲမှာကတော့ ကျနော်ရေးထားတာတွေထက် ပိုမြင့်တဲ့ အဆင့်တစ်ခုဆီရောက်သွားအောင်
တွန်းတင်ပေးလိုက်ချင်တာပါ .. အဲလိုလေ့လာသူတွ တက်သွားမယ့် လှေခါးလေးကို
ကျနော်က ထောင်ပေးလိုက်ချင်တာပါ .. ကြိုးစားပြီး တက်သွားကြပါနော် ..
.
မေတ္တာဖြင့်
..........................
..........................
2. Object questions
..........................
မေးခွန်းတွေထဲမှာ ကံပုဒ်ကို မေးတဲ့ဝါကျတွေက အများဆုံးဖြစ်ပါတယ်.. ဒါကြောင့် ကျနော်တို့ ကျောင်းမှာ သင်ယူခဲ့ပြီးသား ပုံစံတွေလည်း ဖြစ်ပါတယ် ၊ သူ့ကို ပြန်နွှေးပြီးတော့မှ Subject question နဲ့ အမြန်ခွဲခြားဖို့ ခက်တာလေးတွေ နှိုင်းယှဉ် စဉ်းစားပါမယ် .. နှိုင်းယှဉ်စဉ်းစားပြီး ကောက်ချက်ဆွဲထားလိုက်တာကေ၀၀ါးဝါးဖြစ်စရာ ပေါ်လာတဲ့အခါ မြန်မြန်ဆန်ဆန် ခွဲခြားပြီး သိသွားစေပါတယ် .. စမ်းကြည့်ကြပါ ။ ကျနော် အကြံပြုတာ မှန်သမျှ လေ့ကျင့်ပါ .. စမ်းကြည့်ပါ ၊ ဟုတ်ပြီဆိုမှ လက်ခံကြပါ ။ လေ့ကျင့်ဖို့တော့ အဓိကကျတယ်နော် .. ကဲ စလိုက်ကြရအောင်ပါ
..
ဒီမှာတော့ မေးခွန်းပုံစံပြောင်းပုံကို
ပထမဆုံး yes/no ဖြေလို့ရတဲ့ “လား” ဆုံးတဲ့ မေးခွန်းကို အရင် ပြောင်းပါမယ်
နောက်မှ အချက်အလက်ကို ဖြေရတဲ့ “လဲ” ဆုံးတဲ့ မေးခွန်းကို ပြောင်းပါမယ်
..........................
(2.1) I love my sweetheart. ကျနော်က ကျနော့်ချစ်သူကို ချစ်ပါတယ်
~ Present tense နဲ့ past tense အတွက် V-do ကို အကူအညီခေါ်ပြီး သင့်တော်ရာကို ရှေ့ဆုံးမှာ ထားရပါမယ်
~ Pronoun (နာမ်စား) ကို I ဆိုလျှင်တော့ you ကို ပြောင်းပေးရပါမယ် ။ ကိုယ့်ကိုယ်ကို ပြန်ထုတ်မေးနေတဲ့ ပုံစံမဖြစ်သင့်ဘူး မဟုတ်လား ၊ သူများကိုမေးမှာဆိုတော့ you ပေါ့ ။ ဒါကြောင့်
.
Do you love / your sweetheart? ခင်ဗျားက ခင်ဗျားရဲ့ ချစ်သူကို ချစ်ပါသလား
.
ဒီမှာ ကျနော်တို့မေးချင်တာက ခင်ဗျားရဲ့ ချစ်ခြင်းကို ခံယူရတဲ့သူ ကံပုဒ်က ဘယ်သူလဲလို့ မေးချင်တာဖြစ်ပါတယ်
အဲသည် လူပုဂ္ဂိုလ်က ဘယ်သူလဲလို့ မေးမှာဖြစ်လို့ your sweetheart ကို who ပြောင်းပြီး ရှေ့ကဖြည့်လိုက်ပါ
..
Who do you love? ဘယ်သူ့ကို ခင်ဗျားက ချစ်တာပါလဲ ... ဖြစ်သွားပါပြီ
..
ကံပုဒ်ကို မေးတဲ့ မေးခွန်းတွေမှာ လူအတွက် whom ကိုလည်း သုံးလို့ရပါတယ် ၊ whom က ပုံစံကျအသုံး formal ဖြစ်ပါတယ် ၊ ဒါကြောင့် စာမေးပွဲတွေလိုမျိုးမှာတော့
..........................
(2.2) He likes music. သူက ဂီတကို နှစ်သက်တယ်
.
~ He နဲ့ တစ်ခုကိန်း/အများကိန်း ညှိရမှာဖြစ်လို့ Does ကိုရွေးပါမယ်
~ အကူကြိယာ V-do ရဲ့ နောက်က verb သည် base form မူလပုံစံပဲ ဖြစ်ရတဲ့အတွက် like ဖြစ်သွားပါမယ်
.
Does he like / music? သူက ဂီတကို နှစ်သက်ပါသလား.
.
~ music သည် လူမဟုတ်တဲ့အတွက် what နဲ့ လဲပြီးရှေ့ထုတ်လိုက်တဲ့အခါ
..
What does he like? ဘာကို သူက နှစ်သက်တာလဲ..လို့ ရသွားပါပြီ ။
..........................
အကူကြိယာ V-be, V-have, Modal verb တွေ ပါပြီးသား ၀ါကျတွေကို ဆက်စဉ်းစားကြည့်ပါမယ် .. အဲဒါတွေက ပိုပြီး လွဲတတ်လို့ပါ
.
အကူကြိယာတွေပါပြီးသားဆိုလျှ
.
continuous tense အတွက် စဉ်းစားကြည့်ပါစို့
(2.3) He is learning English. သူက အင်္ဂလိပ်စာကို လေ့လာနေပါတယ်
Is he learning / English? သူက အင်္ဂလိပ်စာကို လေ့လာနေပါသလား
What is he learning? ဘာကို သူက လေ့လာနေပါသလဲ
..
Perfect tense
(2.4) He has planned about your future. သူက ခင်ဗျားရဲ့ အနာဂါတ်အတွက် စီမံကိန်းချပြီးပါပြီ
Has he planned about your future? သူက ခင်ဗျားရဲ့ အနာဂါတ်အတွက် စီမံကိန်းချပြီးပါပြီလား
What has he planned? ဘာကို သူက စီမံကိန်းချပြီးတာပါလဲ
.
Future tense
(2.5) She will become a president. သူမက သမတတစ်ယောက် ဖြစ်လာပါလိမ့်မယ်
Will she become / a president? သူမက သမတတစ်ယောက် ဖြစ်လာမှာလား
What will she become? ဘာကို သူမက ဖြစ်လာမှာလဲ (သူမက ဘာဖြစ်လာမှာလဲ)
..........................
ကဲ ဒါဆို ဒီနှစ်ခုကို ကွဲကွဲပြားနားလည် ပြီလား စမ်းကြည့်ကြရအောင် ..
(2.6) Who are you calling?
(2.7) Who is calling you?
.
ဒီတစ်ခါတော့ နားလည်ဖို့ မေးခွန်းကို အဖြေပြောင်းကြည့်ပါမယ် (2.6) ကို ပြောင်းမှာပါ
(2.6.1) Are you calling who? ( Obj ဖြစ်မလားလို့ နောက်ပြန်ပို့ကြည့်တာ)
(2.6.2) You are calling who? ( Helping verb နဲ့ Sub ကိုနေရာပြန်လဲကြည့်တာ)
မြန်မာလိုပြန်ကြည့်ပါ လွယ်သွားပါပြီ .. ခင်ဗျားဖုန်းခေါ်နေတာ ဘယ်သူ့ကိုလဲ ..လို့ နားလည်သွားပါပြီ ။
~ ဒါကြောင့် object ကို မေးတဲ့ မေးခွန်းဟာ အခုလိုပဲ ပြန်ထားကြည့်လျှင် နားလည်ရတာ အဆင်ပြေပါတယ်
...
Subject မှာကျတော့ အဲလို နေရာပြောင်း ပြန်ထားလို့ အဆင်မပြေဘူး ၊ အစကတည်းက Sub နေရာမှာ တိုက်ရိုက်အစားထိုးပြီး မေးခွန်းပြုလုပ်တာဖြစ်တဲ့အတ
(2.7) Who is calling you?
ဘယ်သူက ခင်ဗျားကို ဖုန်းခေါ်နေတာလဲ ..လို့ သိသွားပါပြီ
.
ဒီနှစ်ခု ရှုပ်နေတာက you ရဲ့ subject form နဲ့ object form တူနေတာကြောင့်လည်း ဖြစ်ပါတယ်
(2.6) မှာ you ဟာ Subject ဖြစ်ပြီး
(2.7) မှာ you ဟာ Object ဖြစ်နေလို့ပါ
..
ကျနော်က ပေရှည်တတ်ပါတယ် ဖြတ်ရမယ့်နေရာမှာမဖြတ်ပဲ ဆက်ပြောနေတတ်တယ်လေ.. အခုဒီမှာတော့ ဇွတ်ကြီးပေးချင်နေလို့ ပေရှည်မိတာပါ .. Object နှစ်ခု ရှိတဲ့ဝါကျလေးတစ်ခုကို စဉ်းစားကြည့်မလားလို့ပါ
..
(2.8) KWNO shares /the English lessons /to the learners.
ကိုဝင်းနိုင်ဦးက အင်္ဂလိပ်စာ သင်ခန်းစာတွေကို လေ့လာသူများသို့ မျှဝေပါတယ်..
.
ဒီဝါကျမှာဆို တိုက်ရိုက်ကံပုဒ်ဖြစ်တဲ့ the English lessons နဲ့ သွယ်ဝိုက်ကံပုဒ် (ဒုတိယကံပုဒ်) ဖြစ်တဲ့ the learners ဆိုပြီး နှစ်ခုရှိနေပါတယ်..
.
~ KWNO သည် English lessons တွေကို အရင်ရေးရပါတယ် ..ဒါကြောင့် အရင်ထိတွေ့ရပါတယ် ။ အရင်ထိတွေ့တာကို တိုက်ရိုက်ကံပုဒ် Direct Object (DO) လို့ သတ်မှတ်ပါတယ်
(အများအားဖြင့် တိုက်ရိုက်ကံပုဒ်များဟာ လူပုဂ္ဂိုလ် ဖြစ်လေ့မရှိပါဘူး ၊ ဒီကွင်းထဲက အချက်ကို အသေတော့ မမှတ်ပါနဲ့ အလွယ်စဉ်းစားရာမှာ အထောက်အကူဖြစ်ဖို့ပါ .. လူပုဂ္ဂိုလ် ဖြစ်ချင်လည်း ဖြစ်နိုင်ပါတယ် ) ..
.
~ KWNO က ရေးပြီးမှ (သူနဲ့ အရင်ထိတွေ့ပြီးမှ) လေ့လာသူတွေ the learners ဆီကို မျှဝေလိုက်တာပါ ။ KWNO ရဲ့ လုပ်ဆောင်မှုဟာ the learners တွေဆီကို နောက်တစ်ဆင့်ကျမှ ရောက်လာတာပါ ။ အဲဒါကြောင့် သွယ်ဝိုက်ကံပုဒ် Indirect Object (IO) လို့ သတ်မှတ်ပါတယ် ၊ IO တွေကတော့ လူပုဂ္ဂိုလ်တွေ ဖြစ်လေ့ရှိပါတယ်..
..
ပထမဆုံး Subject question လုပ်မယ်ဆို KWNO နေရာ Who ထည့်ပြီး ၀ါကျဆက်ရေးလိုက်လျှင် ရပြီဆိုတော့
( 2.8.1) Who shares the English lessons to the learners. ဘယ်သူက အင်္ဂလိပ်စာ သင်ခန်းစာတွေကို လေ့လာသူတွေဆီ မျှဝေပေးတာလဲ.
.
ဘာကို မျှဝေပေးတာလဲလို့ (IO) ကို မေးမယ်ဆိုပါတော့ the English lessons ကို What နဲ့ အစားထိုးပြီး ရှေ့မှာရေးရမှာပေါ့ ..
~ KWNO သည် တစ်ယောက်တည်းဖြစ်ခြင်းကြောင
.............
~ Subject question ပဲဖြစ်ဖြစ် Object question ပဲဖြစ်ဖြစ် တစ်ခုအများ ညီအောင်ညှိရမှာက Subject နဲ့ Verb သာလျှင် ဖြစ်တယ် .. ဒီအချက်က အတူတူပဲ ဆိုတာ သတိထားရပါမယ်
...........
.
(အခုဒီမှာဆို the English lessons သည် အများကိန်းဖြစ်နေသော်လည်း သူနဲ့ မညှိပါဘူး ၊ Sub ဖြစ်တဲ့ KWNO နဲ့ပဲ အကူကြိယာကို ညှိပါတယ်) အဲသည်တော့ ဒီလိုရသွားပြီ
.
(2.8.2) What does KWNO share to the learners? ဘာတွေကို ကိုဝင်းနိုင်ဦးက လေ့လာသူတွေဆီ မျှဝေပေးတာလဲ
.
ဘယ်သူကို မျှဝေပေးတာလဲလို့ (DO) ကို မေးချင်လျှင်လည်း လွယ်သွားလောက်ပါပြီ
(2.8.3) Who does KWNO share the English lessons? ဘယ်သူ့ကို ကိုဝင်းနိုင်ဦးက အင်္ဂလိပ်စာ သင်ခန်းစာတွေ မျှဝေပေးတာပါလဲ
.
အဆုံးသတ်မှာ နည်းနည်းလေး အဆစ်ပေးပါရစေဦး ..
ကြိယာများဟာ အကူကြိယာမပါဘဲ သူ့ချည့်ပဲဆိုလျှင်
~ တစ်ခုကိန်းလား အများကိန်းလား ဆိုတာ ဖေါ်ပြရပါတယ်
~ အတိတ်လား ပစ္စုပ္ပန်လားဆိုတာ ဖေါ်ပြရပါတယ်
~ သူ့မူလ အဓိပ္ပါယဖြစ်တဲ့ ဘာလုပ်တယ် ဆိုတာကိုလည်း ဖေါ်ပြရပါတယ်
သို့သော် အကူကြိယာများပါလာပြီဆိုလျှင
.
နောက် Adverb question သင်ခန်းစာတစ်ခု ထပ်ရေးပြီးတဲ့အခါ ၀ါကျ အရှည်ကြီး ရေးပြီးတော့မှ အခုလိုပဲ အပိုင်းလိုက် ဖြုတ်ထုတ် မေးခွန်းလုပ်တာလေးတွေ လေ့ကျင့်ဦးမယ်လို့ စဉ်းစားထားပါတယ် .. adverb တွေကကျတော့ ခုရေ အများကြီး ထည့်လို့ရပါတယ် ။ အစိတ်အပိုင်းလေးတွေ ဖြုတ်နည်း ဆက်နည်း သိသွားတဲ့အခါ ၀ါကျ ရှည်ရှည်ကြီးတွေပဲဖြစ်ဖြစ် ၊ လိုချင်တဲ့အချက်တွေ ပေါင်းထည့်ဖို့ပဲ ဖြစ်ဖြစ် .. ဘယ်လို ချိတ်ဆက်ပြီး ၀ါကျ ဖွဲ့ရမလဲဆိုတာ သိသွားစေချင်တာပါ .. ကျနော်ရေးတဲ့အခါ အများအားဖြင့်တော့ အလွယ်ကနေ အခက်ကို တက်သွားတဲ့ နည်းနဲ့ ရေးလေ့ရှိပါတယ် ။ ဘယ်လောက်ထိ လိုက်လာနိုင်မလဲ လိုက်ခဲ့ပါဆိုတဲ့သဘောပေါ့ ၊ တကယ် စိတ်ထဲမှာကတော့ ကျနော်ရေးထားတာတွေထက် ပိုမြင့်တဲ့ အဆင့်တစ်ခုဆီရောက်သွားအောင်
.
မေတ္တာဖြင့်

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။