မှတ်စုကြမ်း added 12 new photos.
--------------------
(၁) နံနက် ၁၀ နာရီမှ ညနေ ၅ နာရီအတွင်း လွင်တီး ခေါင်ပြင်၊ မြစ်နား၊ ရေဆိပ် စသည်တို့တွင် ရေချိုးခြင်း မှ ရှောင်ကြဉ်၍ အရိပ်ရ အေးမြ သော နေရာများတွင် နေပါ။
(၂) နေပူထဲမှပြန်လာပြီး ချက်ခြင်း ရေချိုးခြင်းမှ ရှောင်ကြဉ်ပါ။
(၃) နေပူထဲတွင် ပြင်းထန်သော ကိုယ်လက်လှုပ်ရှားမှုများ မပြုလုပ်သင့်ပါ။
(၄) အရက်သောက်ခြင်းသည် အပူဒဏ် အန္တရာယ် ဖြစ်ပေါ် လွယ်စေ ခြင်းနှင့် ဖြစ်ပွားပါက ပြင်းထန်စွာ ခံစားရခြင်းကြောင့် ရှောင်ကြဉ် သင့် ပါသည်။
(၅) နေ့ခင်းဖက် အပြင်ထွက်သည့် အခါတိုင်း အရိပ်လုံလောက်စွာ ရရှိနိုင်သည့် ထီး၊ ဦးထုပ်များဆောင်းပါ။
(၆) အလင်းရောင်ပြန်သော အဖြူရောင် သို့မဟုတ် အရောင်ဖျော့ဖျော့ အ၀တ် အထည်များကို ၀တ်ဆင်ပါ။
(၇) ပွပွချောင်ချောင် အ၀တ်အထည်များကို ၀တ်ဆင်ပါ။
(၈) ချွေးထွက်လွန်ပါက ကိုယ်တွင်းရှိ ရေနှင့် ဓာတ်ဆားဆုံးရှုံးမှုကို ပြန်လည်ဖြည့်တင်းနိုင်ရန် ဓာတ်ဆားရည် သောက်ပါ။
(၉) ကိုယ်အပူရှိန် တက်ပါက ရေအေးဖတ်နိုင်နိုင်တိုက်ပါ။
(၁၀) ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ သွေးတိုးရောဂါအခံရှိသူများ၊ ကလေး သူငယ်များနှင့် သက်ကြီး ရွယ်အိုများအနေဖြင့် နေ့လယ်နေ့ခင်းတွင် အရိပ်ရ၍ လေ၀င် လေထွက် ကောင်းသော နေရာ မျိုး၌ နားနေပါ။
(၁၁) မိတ်ဖု၊ ယားနာများထွက်ပါက ရေအေးဝတ်ကပ်ခြင်း၊ သနပ်ခါး လိမ်းခြင်းတို့ကို ပြုလုပ်ပါ။
(၁၂) အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ခြင်း၊ ကိုယ်အပူချိန်တက်ခြင်း၊ သတိလစ်ခြင်းနှင့် အတက် ရောဂါ ဖြစ်ပါက နီးစပ်ရာ ကျန်းမာရေး ဌာနတွင် ပြသပါ။
မှတ်ချက်။ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေငြာချက်ကို ပြန်လည် ဖော်ပြသည်။
- မှတ်စုကြမ်း #kyawnge

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။