ကလေးအိမ်စာကို မိဘများဘယ်လိုကူညီသင့်သလဲ
++++++++++++++++++++++++++ ++++++++
၁။ ကျောင်းကဆရာ ဆရာမများနဲ့ အမြဲထိတွေ့ပါ။ မိမိကလေးရဲ့ အိမ်စာပမာဏနဲ့ အိမ်စာ ပြီးစီးမူအခြေအနေကို သိရှိနိုင်ပါစေ။
၂။ ကလေးနဲ့ ပူးပေါင်းပြီး အချိန်ဇယား တစ်ခုဆွဲပါ။ အိမ်စာစတင်ရမဲ့အချိန်နဲ့ ပြီးဆုံးရမဲ့အချိန်ကို သတ်မှတ်ပါ။ အိမ်စာကို ကလေးအိပ်ယာဝင်ခါနီး အချိန်မျိုးမသတ်မှတ်ပါနှင့် ၊
ကလေးအရမ်းပင်ပမ်းနေရင် အဆင်မပြေတတ်ပါ။ ကျောင်းပိတ်ရက်ဆိုရင် သော့ကြာည
စနေနေ့ဖြစ်ရင် ပိုကောင်းတယ်။ တကယ်ပြီးသွားရင် ကလေးကို တနင်္ဂနွေနေ့ မှာ
လွတ်လွတ်လပ်လပ် ပေးဆော့ကစားပါ။ အားနေတာနဲ့ မထူးဘူး၊ နည်းနည်း
ပိုလုပ်လိုက်ဆိုတာမျိုး သွားမခိုင်းမိပါစေနှင့်၊
၃။ ကလေးကိုယ်တိုင် အိမ်စာကို “ မိမိတစ်ယောက်တည်း ပြီးအောင်လုပ်နိုင်တဲ့ အိမ်စာ” နဲ့ “ အကူအညီလိုအပ်တဲ့ အိမ်စာ” “ အဖြစ် ပိုင်းခြားခိုင်းလိုက်ပါ။
ကလေးကိုယ်တိုင်ပြီးဆုံးနိုင်တဲ့
အိမ်စာအားလုံး ကလေးကိုယ်တိုင် ပြီးမြောက်ပါစေ။ အကူအညီလိုတဲ့ အပိုင်းကို
ကိုယ်ကိုတိုင် လမ်းညွန်တတ်ရင်လမ်းညွန်၊ မတတ်ရင် ကလေးအတန်းဖေါ်
တစ်ဦးဦးကိုဖြစ်ဖြစ် ဆရာမကိုဖြစ်ဖြစ် ဖုန်းဖြင့်မေးရင်မေး၊
လူကိုယ်တိုင်တွေ့ရင်တွေ့ တဲ့ပုံစံနဲ့ လုပ်ခိုင်းလို့ ရပါတယ်။
၎။ အိမ်စာမပြီးဆုံးခင်မှာ တီဗွီမကြည့်ရ၊ ဂိမ်းမဆော့ရ၊ မကစားရ စသည့် စည်းကမ်းမျိုးကို ထုတ်ထားပါ။ အိမ်စာလုပ်လိုက် တီဗွီခဏကြည့်လိုက် ပုံစံမျိုးလုပ်ရင် ကလေးအာရုံ ပြန်စုမိဖို့ မလွယ်ကူလှပါ။
၅။ ကလေးအိမ်စာ ကောင်းကောင်းမွန်မွန် ပြီးဆုံးတိုင်း မိဘများ အသိအမှတ်ပြုပေးပါ။
၆။ အလင်းရောင် လုံလောက်တဲ့ နေရာ၊ အနောက်အယှက် ကင်းတဲ့ နေရာမှာ အိမ်စာလုပ်ပါစေ။ ကလေးအိမ်စာလုပ်နေတဲ့ဘေးမှာ မိဘများ တီဗွီ ဇတ်လမ်းထိုင်ကြည့်နေတာမျိုး ၊ လက်ကိုင်ဖုန်း ဆော့ကစား နေတာမျိုး လုံးဝရှောင်ကျဉ်ပါ။
ရ။ ဖြစ်နိုင်ရင် ကလေးအိမ်စာလုပ်နေတဲ့ အချိန်မှာ ကလေးကို ယုံယုံ ကြည်ကြည် ထားခဲ့ပြီး လူကြီး အနားမှာ မရှိလျင် ပိုကောင်းပါသည်။ မိဘအားကိုးလိုစိတ်ကို လျော့နည်းစေပြီး ကလေးယုံကြည်မူ ကို ပိုမို ပျိုးထောင်စေနိုင်ပါတယ်။
၈။ ကလေးအိမ်စာပြီးသွားရင် မိဘများ ချက်ချင်း အမှားအမှန် မစစ်ဆေးပေးပါနှင့်၊ ကလေးကိုယ်တိုင် စစ်ဆေးခိုင်းပါ။ မှားရင် ကိုယ့်ကိုကို တာဝန်ယူခိုင်းပါ။ ကျောင်းက ဆရာဆရာမများလည်း ကလေးအိမ်စာကို မူတည်ပြီး ကလေး အခြေအနေ မှန်ကို ခန့်မှန်းလို့ လွယ်ကူသွားစေပါတယ်။
၉။ ကလေး နှစ်ယောက် သုံးယောက် အဖွဲ့ကလေး ဖွဲ့ ပြီးအိမ်စာ အတူလုပ်ရင် စည်းကမ်းထိမ်းပေးနိုင်ရင် ပိုမိုအကျိုး ရှိတတ်ပါတယ်။
၁၀။ အိမ်စာ လုပ်ချိန် အတောအတွင်း နားချိန်ပေးပါ။ ဥပမာ ရေသောက်ချင်တာတို့၊ အိမ်သာတက်ချင်တာတို့ ရှိတတ်ပါတယ်။
အသုံးဝင်နိုင်ကြပါစေ
Credit to: Sayar Aung Ko Latt
++++++++++++++++++++++++++
၁။ ကျောင်းကဆရာ ဆရာမများနဲ့ အမြဲထိတွေ့ပါ။ မိမိကလေးရဲ့ အိမ်စာပမာဏနဲ့ အိမ်စာ ပြီးစီးမူအခြေအနေကို သိရှိနိုင်ပါစေ။
၂။ ကလေးနဲ့ ပူးပေါင်းပြီး အချိန်ဇယား တစ်ခုဆွဲပါ။ အိမ်စာစတင်ရမဲ့အချိန်နဲ့ ပြီးဆုံးရမဲ့အချိန်ကို သတ်မှတ်ပါ။ အိမ်စာကို ကလေးအိပ်ယာဝင်ခါနီး အချိန်မျိုးမသတ်မှတ်ပါနှင့်
၃။ ကလေးကိုယ်တိုင် အိမ်စာကို “ မိမိတစ်ယောက်တည်း ပြီးအောင်လုပ်နိုင်တဲ့ အိမ်စာ” နဲ့ “ အကူအညီလိုအပ်တဲ့ အိမ်စာ” “ အဖြစ် ပိုင်းခြားခိုင်းလိုက်ပါ။
ကလေးကိုယ်တိုင်ပြီးဆုံးနိုင
၎။ အိမ်စာမပြီးဆုံးခင်မှာ တီဗွီမကြည့်ရ၊ ဂိမ်းမဆော့ရ၊ မကစားရ စသည့် စည်းကမ်းမျိုးကို ထုတ်ထားပါ။ အိမ်စာလုပ်လိုက် တီဗွီခဏကြည့်လိုက် ပုံစံမျိုးလုပ်ရင် ကလေးအာရုံ ပြန်စုမိဖို့ မလွယ်ကူလှပါ။
၅။ ကလေးအိမ်စာ ကောင်းကောင်းမွန်မွန် ပြီးဆုံးတိုင်း မိဘများ အသိအမှတ်ပြုပေးပါ။
၆။ အလင်းရောင် လုံလောက်တဲ့ နေရာ၊ အနောက်အယှက် ကင်းတဲ့ နေရာမှာ အိမ်စာလုပ်ပါစေ။ ကလေးအိမ်စာလုပ်နေတဲ့ဘေးမှာ မိဘများ တီဗွီ ဇတ်လမ်းထိုင်ကြည့်နေတာမျိုး
ရ။ ဖြစ်နိုင်ရင် ကလေးအိမ်စာလုပ်နေတဲ့ အချိန်မှာ ကလေးကို ယုံယုံ ကြည်ကြည် ထားခဲ့ပြီး လူကြီး အနားမှာ မရှိလျင် ပိုကောင်းပါသည်။ မိဘအားကိုးလိုစိတ်ကို လျော့နည်းစေပြီး ကလေးယုံကြည်မူ ကို ပိုမို ပျိုးထောင်စေနိုင်ပါတယ်။
၈။ ကလေးအိမ်စာပြီးသွားရင် မိဘများ ချက်ချင်း အမှားအမှန် မစစ်ဆေးပေးပါနှင့်၊ ကလေးကိုယ်တိုင် စစ်ဆေးခိုင်းပါ။ မှားရင် ကိုယ့်ကိုကို တာဝန်ယူခိုင်းပါ။ ကျောင်းက ဆရာဆရာမများလည်း ကလေးအိမ်စာကို မူတည်ပြီး ကလေး အခြေအနေ မှန်ကို ခန့်မှန်းလို့ လွယ်ကူသွားစေပါတယ်။
၉။ ကလေး နှစ်ယောက် သုံးယောက် အဖွဲ့ကလေး ဖွဲ့ ပြီးအိမ်စာ အတူလုပ်ရင် စည်းကမ်းထိမ်းပေးနိုင်ရင် ပိုမိုအကျိုး ရှိတတ်ပါတယ်။
၁၀။ အိမ်စာ လုပ်ချိန် အတောအတွင်း နားချိန်ပေးပါ။ ဥပမာ ရေသောက်ချင်တာတို့၊ အိမ်သာတက်ချင်တာတို့ ရှိတတ်ပါတယ်။
အသုံးဝင်နိုင်ကြပါစေ
Credit to: Sayar Aung Ko Latt

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။