Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, February 19, 2016

အောက်ချင်းငှက် သစ္စာအကြောင်းသင်သိသလား..?

အောက်ချင်းငှက် သစ္စာအကြောင်းသင်သိသလား..?
▬▬▬▬▬▬▬▬▬▬▬▬▬▬
သစ္စာ .... စကားလုံးလေးက နှစ်လုံးတည်းရယ် ... ဒါပေမယ့် အဓိပ္ပာယ်က ကျယ်ပြန့်နက်ရှိုင်း လွန်းလှပါတယ် ... ရာဇ၀င်တွင်လောက်တဲ့ သစ္စာတရားကြီးမားသူတို့အကြောင်းနဲ့ သစ္စာမဲ့ ဖောက်ပြန်တတ်သူတို့အကြောင်းကို ကြားဖူးကြမှာပါ ... ... သစ္စာတရားအကြောင်းကို အများကြီး တော့ အဓိပ္ပာယ်ဖွင့်ဆိုပြီး မပြောပြတတ်ပါဘူး ... သူငယ်ချင်းအပေါ်ထားတဲ့ သစ္စာ ... ချစ်သူအပေါ်ထားတဲ့ သစ္စာ .. မိသားစုအပေါ်ထားတဲ့ သစ္စာ ... ဇနီးခင်ပွန်းအပေါ်ထားတဲ့ သစ္စာ ... လူမျိုးအပေါ်ထားတဲ့ သစ္စာ ... နိုင်ငံတော်အပေါ်ထားတဲ့ သစ္စာ ဆိုပြီး အမျိုးမျိုး ရှိမှာပါ ..။


အောက်ချင်းငှက်ကို အရင်ကတော့ ချင်းလူမျိုးအများစုနေထိုင်ရာ ချင်းတောင်တန်းတွေပေါ်မှာ အများဆုံး မြင်တွေ့ နိုင်ပါတယ် ... အဲဒီ အောက်ချင်းငှက်တွေဟာ တစ်ကောင်တည်းရှိနေတတ်တာ နည်းပါတယ် ... အဖို၊ အမ မောင်နှံစုံတွဲ ရှိနေတတ်တာ များပါတယ် ... သူတို့ထဲက တစ်ကောင်ကောင်ဟာ ရန်သူလက်ချက်ကြောင့်ဖြစ်စေ ၊ သဘာဝရာသီဥတုဒဏ်ကြောင့်ဖြစ်စေ မတော်တဆ သေဆုံး သွားခဲ့ရင် ကျန်တဲ့တစ်ကောင်ဟာ သေဆုံးသူအနားကနေ လုံးဝမခွာတော့ပါဘူ ...
ခေတ်စ ကားနဲ့ ပြောရရင် အတွဲသစ်လုံးဝမရှာတော့ပါဘူး ... သေဆုံးသူနားမှာ ပူဆွေးသောကရောက် နှလုံးကွဲကြေပြီး လိုက်သေကြပါတယ် ... ဒါကြောင့် ချင်းလူမျိုးတွေဟာ အောက်ချင်းငှက်နဲ့ တောင်ဇလပ် ပွင့်တွေကို ချင်းလူမျိုးတို့ရဲ့ သင်္ကေတအဖြစ် အသုံးပြုကြတာများပါတယ် ... ဘာလို့လည်းဆိုတော့ အောက်ချင်းငှက်ဟာ သစ္စာတရားကြီးမားတာကို ဖော်ညွှန်းတာဖြစ်ပြီး တောင်ဇလပ်ပွင့် တွေကတော့ ရဲရင့်ရိုးသားခြင်းကို ဖော်ညွှန်းနေလို့ပါပဲ .။
တစ်ပါးသူတွေရဲ့ သစ္စာမဲ့ခြင်းမှလည်း ကင်းဝေးရသောသူ ဖြစ်ပါစေလို့ .
အောက်ချင်းငှက် သစ္စာ
▬▬▬▬▬▬▬
သိပါရဲ့လား
အောက်ချင်းငှက် ပုံပြင် လေးကို

ကြားဖူးရဲ့လား
သူတို့ ဇာတ်လမ်း လေးကို

အောက်ချင်းငှက်တို့ဆိုတာ
တစ်ကောင်သေရင်ကျန်တစ်ကောင်မှာ
အဖော်မွန်သစ်မဖွေရှာဘဲ
သစ္စာတရားကြီးမားလှစွာ
သေဆုံးသူနား တစ်ဖ၀ါးမခွာဘဲ
ပူဆွေးသောကရောက်
နှလုံးကွဲကြေလျက်
သေပွဲဝင်ရရှာသတဲ့

ကိုယ်နဲ့မင်းလည်း
အောက်ချင်းငှက်တို့သစ္စာ
ပုံပမာထားလို့
တစ်ဦးအပေါ်တစ်ဦး
ဖောက်ပြန်ခြင်းကင်းတဲ့
သစ္စာတရားမျိုးနဲ့
တွဲလက်တွေ မဖြုတ်စတမ်း
ကမ္ဘာကုန်တည်နေသရွေ့
သစ္စာထားကြပါစို့လား

ရွှေအိမ်စည် ( Ref;....ဌက်တို့ ဓလေ့ မှသင့်သလို ..ကျနော်ပွားသည်)
အောက်ချင်းငှက် သစ္စာ
=============

မြန်မာပြည်ရဲ့  တောတောင် ရေ မြေမှာလည်း အောက်ချင်းငှက် များ နေထိုင် ကျက်စားပါတယ်။
ပုံမှာ မြင်တွေ့နေရတဲ့ အောက်ချင်းငှက် ကတော့ အင်ဒိုနီးရှား နိုင်ငံ ၊ တော တောင်ရေမြေ မှာ တွေ့ရတဲ့ အောက်ချင်း ငှက် ဖြစ်ပါတယ်။ သူ့ကို အင်္ဂလိပ်လို Knobbed Hornbill လို့ခေါ်ပါတယ်။ အထီးဟာ အလျား ၂၇ လက်မ ကနေ လက်မ ၃၀ အထိ ရှိပြီး အမကတော့ ၂၆ လက်မ ကနေ ၂၇ လက်မ အထိ ရှိပါတယ်။
သူ့မှာ အဓိက ထူခြားချက် တစ်ခု ရှိပါတယ်။ ဒါကတော့ ဇနီးမောင်နှံ အောက်ချင်းငှက်တို့ကြား ထားတဲ့ သစ္စာ ဖြစ်ပါတယ်။ မောင်နှံ ထဲမှာ အထီးဖြစ်ဖြစ်၊ အမ ဖြစ်ဖြစ် တစ်ကောင်ကောင်က အကြောင်း အမျိုးမျိုးကြောင့် သေသွားရင် နောက်တစ်ကောင်က လိုက်သေပါ တယ်။ ကောင်းကင်နေ မြေပေါ်ကို ထိုးဆင်းပြီး ကိုယ့်ကိုယ့်ကို သက်သေခြင်း ဖြစ်ပြီး ငှက်တွေထဲမှာ သံယောဇဉ် အကြီးဆုံး ငှက်များ အဖြစ် အသိအမှတ်ပြုထား ကြပါတယ်။
Ref:wiki
အောင်ခမ်း ( www.innewsmyanmar.com )

#‪#‎ဆက်စပ်သတင်း‬
မကွေးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်အစပ်ရှိ ရခိုင်ရိုးမတောင်ပေါ်တွင်
တည်ရှိပြီး ငဖဲမြို့နယ်အတွင်းပါဝင်သည့် ဂုတ်ကြီး ကျေးရွာဝန်းကျင်တွင်
အောက်ချင်းငှက်များ ကို ဖမ်းဆီးသတ်ဖြတ်မှုမှ ကာကွယ်ရန် ဒေသခံများကို
အသိပညာပေးမှုများ ပြုလုပ် သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

"အခုနောက်ပိုင်းမှာ အောက်ချင်းငှက် တွေကိုဖမ်းဆီးတာတွေ၊ ရောင်းချ
တာတွေတွေ့နေရတယ်။ ဒီငှက်မျိုးတွေကို တန်ဖိုးထား ထိန်းသိမ်းဖို့ ကျွန်တော်တို့တိုက်တွန်းသွားမယ်။ သူတို့ရဲ့ နေထိုင်မှုတွေ၊ စရိုက်သဘာဝ တွေ မပျောက်ပျက်အောင် ထိန်းသိမ်းသွား မယ်"ဟု ဆလိုင်းကိုရန်နိုင်က ပြောသည်။ အဆိုပါဂုတ်ကြီးဒေသသည် မကွေးတိုင်း ဒေသကြီးအတွင်း မြေမျက်နှာသွင်ပြင်အရ
အမြင့်ဆုံးဖြစ်ပြီး ဒေသခံအများစုမှာ ချင်းတိုင်းရင်းသားများဖြစ်ကြသည်။

အောက်ချင်းငှက်သည် ချင်းတိုင်းရင်းသားများ၏ အလေးအနက်ထားရာ အမှတ်သင်္ကေတ ဖြစ်သော ငှက်မျိုးစိတ်ဖြစ်ပြီး ဒေသခံတို့က ထိန်းသိမ်းရေး အသိပညာပေးမှုများကို အလွယ်တကူ လိုက်နာမည်ဟု မျှော်လင့်ရ ကြောင်း ငဖဲလူငယ်ကွန်ရက်ဦးဆောင်သူ တစ်ဦးဖြစ်သည့် ကိုကျော်ကိုကိုရှိန်က ပြောသည်။ "ဒီငှက်တွေရဲ့
ဓလေ့က သစ်ပင်အမြင့်ကြီးတွေမှာ နေတယ်။ ပျံရင်လည်း အမြင့်ကြီးမှာ
ပျံကြတယ်။ ဒီဒေသက လူတွေက အရင်က တော့ ဖမ်းလေ့မရှိကြပါဘူး။
အခု သူတို့ရဲ့ ဓလေ့စရိုက်တွေကို သိနေကြတော့ လွယ် လွယ် ဖမ်းနိုင်ကြ
တာများတယ်။ ကျော့ကွင်း ထောင်ကြတာများတယ်"ဟု ကိုကျော်ကိုကိုရှိန်က
ပြောသည်။
Photo credit ...all

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။