'Facebook သူငယ်ချင်းဆိုသူတွေရဲ့ ပြန်ပေးဆွဲခံရတဲ့ ညီအစ်မနှစ်ဦး'
အေမီနဲ့ နစ်ကိုးလ်တို့ဟာ ချောမောလှပတဲ့ ဆယ်ကျော်သက် ညီအစ်မနှစ်ဦးဖြစ်ပြီး အိုင်ယာလန်မှာ နေထိုင်ကြပါတယ်။ သူမတို့နှစ်ဦးဟာ ယနေ့ခေတ် ဆယ်ကျော်သက်တွေလိုပဲ Facebook ကို စွဲစွဲမြဲမြဲ သုံးလေ့ရှိပါတယ်။ ဒီလိုနဲ့ ညီအစ်မနှစ်ဦးဟာ Facebook မှာ အမျိုးသားနှစ်ဦးနဲ့ ခင်မင်ရင်းနှီးခဲ့ကြပါတယ်။ နောက်တော့ သူတို့ညီအစ်မက Facebook မှာ ခင်မင်ရင်းနှီးနေတဲ့ အသက် ၂၅ နှစ်နဲ့ အသက် ၃၀ အရွယ် အမျိုးသားနှစ်ဦးနဲ့ အပြင်မှာ ချိန်းဆိုတွေ့ဆုံဖို့ သဘောတူ လက်ခံခဲ့ကြပါတယ်။ ညီအစ်မနှစ်ဦးဟာ Facebook Friend အမျိုးသားနှစ်ဦးနဲ့ တွေ့ဆုံဖို့ နယူးဘရစ်ခ်ျမှာရှိတဲ့ တိုက်ခန်းအိမ်ယာတစ်ခုမှာ ချိန်းဆိုခဲ့ကြပါတယ်။
ချိန်းဆိုတဲ့ တိုက်ခန်းကိုရောက်ပြီး မကြာမီမှာပဲ Facebook Friend အမျိုးသားနှစ်ဦးရဲ့ ပြောဆိုဆက်ဆံပုံတွေက မူမမှန်ပဲ ရန်ပြုမဲ့ အနေအထားဖြစ်လာတာကို ညီအစ်မနှစ်ဦးက ရိပ်စားမိခဲ့ပါတယ်။ အဲဒီနောက် ညီအစ်မနှစ်ဦးအနက် နစ်ကိုးလ်က ဒီနေရာကနေ ပြန်ဖို့အတွက် စတင်ပြင်ဆင်လိုက်ပါတယ်။ ဒါပေမယ့် သူမတို့နှစ်ဦး နောက်ကျသွားပါပြီ။ သူမတို့နှစ်ဦးနဲ့ တွေ့ဆုံဖို့ ချိန်းဆိုခဲ့တဲ့ Facebook Friend အမျိုးသားနှစ်ဦးထဲက တစ်ဦးက နစ်ကိုးလ်ရဲ့ ဆံပင်ကို ဆောင့်ဆွဲကာ တွန်းထိုးကန်ကျောက် တိုက်ခိုက်ပါတော့တယ်။ ဒါကိုမြင်တဲ့ အေမီက နစ်ကိုးလ်ထံကို အကူအညီပေးဖို့ သွားတဲ့အခါ သူမကိုလည်း အခြား အမျိုးသားတစ်ဦးက ရိုက်နှက်ထိုးကြိတ်ခဲ့ပါတယ် ။
အဲဒီနောက် အမျိုးသားနှစ်ဦးက သူမတို့ရဲ့ မိသားစုဝင်တွေကို ဆက်သွယ်ပြီး ပြန်ပေးငွေ လာရောက်ပေးဖို့ ပြောဆိုရန် စေခိုင်းပါတော့တယ်။ အေမီနဲ့ နစ်ကိုးလ် ညီအစ်မနှစ်ဦးဟာ သူတို့ ပြန်ပေးဆွဲ ဖမ်းဆီးခံရပြီဆိုတာ အသေအချာ သိသွားခဲ့ပါပြီ။ ညီအစ်မနှစ်ဦးက သူမတို့ မိသားစုမှာ ချမ်းသာကြွယ်ဝခြင်း မရှိကြောင်း၊ ပိုက်ဆံမရှိကြောင်း ရှင်းပြတဲ့အခါ အမျိုးသားနှစ်ဦးက ထပ်မံ ထိုးကြိတ်ရိုက်နှက်ပြန်ပါတယ်။ အဲဒီလို ဖြစ်နေချိန်မှာ နစ်ကိုးလ်က ရုတ်တရက် အခန်းကနေထွက်ပြီး လှေခါးအတိုင်း တစ်ဟုန်ထိုး ထွက်ပြေးပါတယ်။ ဒါပေမယ့် ကံဆိုးစွာပဲ လှေခါးပေါ်ကနေ ခြေချော်လိမ့်ကျပြီး ကြမ်းပြင်နဲ့ ဦးခေါင်း ဆောင့်မိသွားပါတယ်။
ဒီအဖြစ်အပျက်ကို အစအဆုံး မြင်တွေ့ခဲ့ရတဲ့ အေမီ ပြန်ပြောပြတာအရ နစ်ကိုးလ် လှေခါးပေါ်က လိမ့်ကျပြီး ဦးခေါင်းကို ထိခိုက်ကာ မလှုပ်နိုင်တော့တာကို တွေ့တဲ့အခါ အမျိုးသားနှစ်ဦးက နစ်ကိုးလ်သေပြီလို့ ထင်ခဲ့ကြပါတယ်။ အဲဒီနောက် အမျိုးသားနှစ်ဦးဟာ သူတို့အပေါင်းအဖော်တွေထံ ဖုန်းဆက်ပြီး အဖြစ်အပျက်ကို ပြောပြပါတယ်။ နစ်ကိုးလ် လိမ့်ကျသွားတဲ့ အဖြစ်အပျက်ကို မြင်တွေ့ပြီး အဲဒီ အမျိုးသားနှစ်ဦးဟာ အတန်ငယ် စိတ်လှုပ်ရှား ထိတ်လန့်သွားပုံလည်းရတယ်လို့  အေမီက ဆိုပါတယ်။ နောက်ဆုံးမှာတော့ အမျိုးသားနှစ်ဦးဟာ အေမီနဲ့ နစ်ကိုးလ် ညီအစ်မနှစ်ဦးကို ထားခဲ့ပြီး ထွက်သွားပါတယ်။ ဒီကိစ္စကို ဘယ်သူ့ကိုမှ မပြောဖို့၊ ရဲမတိုင်ဖို့နဲ့ အဲဒီလို မဟုတ်ပါက သူမတို့နှစ်ဦးကိုဖြစ်စေ၊ မိသားစုဝင်တွေကိုဖြစ်စေ သတ်ဖြတ်မယ်လို့ ခြိမ်းခြောက်ခဲ့ကြောင်း အေမီက ပြန်ပြောပါတယ်။
ညီအစ်မနှစ်ဦးဟာ ဖြစ်စဉ် အစအဆုံး နာရီပေါင်း ၂၀ ကြာအောင် ပြန်ပေးဆွဲ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။ ရဲတပ်ဖွဲ့နဲ့ အဆက်အသွယ်ရပြီးနောက် သူမတို့နှစ်ဦးကို ဆေးရုံကို အမြန် ပို့ဆောင်ခဲ့ရပါတယ်။ အေမီက မေးရိုးကျိုးသွားပါတယ်။ နစ်ကိုးလ်က နှာခေါင်းမှာ ဒဏ်ရာရခဲ့တဲ့အပြင် ဦးခေါင်းမှာလည်း ဒဏ်ရာပြင်းထန်စွာရခဲ့ပါတယ်။ ပြန်ပေးဆွဲသမားနှစ်ဦးက ခြိမ်းခြောက်ခဲ့ပေမယ့် အေမီနဲ့ နစ်ကိုးလ် ညီအစ်မနှစ်ဦးက သူမတို့ရဲ့ အတွေ့အကြုံ အဖြစ်အပျက်ကို Facebook မှာ ပြန်လည်မျှဝေရင်း မိန်းကလေးတွေ အနေနဲ့ Facebook ပေါ်မှာ သူစိမ်းတွေနဲ့ သတိထားဆက်ဆံဖို့၊ ရှင်းရှင်းလင်းလင်း နေကြဖို့နဲ့ အယုံမလွယ်ကြဖို့ သတိပေးခဲ့ပါတယ်။
[ပရိသတ်များမှာလည်း ဆယ်ကျော်သက်အရွယ် မိတ်ဆွေသူငယ်ချင်းတွေ ရှိတယ်ဆိုရင် ဒီအဖြစ်အပျက်က သတိထား ဆင်ခြင်ဖွယ်ရာ သိထားသင့်တဲ့ အဖြစ်အပျက်ပါ။ ဒါကြောင့် မိတ်ဆွေသူငယ်ချင်းတွေကို Share လုပ်ပြီး ပြောပြလိုက်ပါအုံး]
#OddForYou
Odd For You က တင်ဆက်တဲ့ Post တွေကို သင့်ရဲ့ News Feed မှာ အချိန်နဲ့တစ်ပြေးညီ မြင်တွေ့သိရှိနိုင်ဖို့ #Like လုပ်ထားပေးပါ။ Odd For You ကို အသိအမှတ်ပြုတဲ့ အနေနဲ့ သင့်ရဲ့ Friend တွေသိအောင် #Share လုပ်ပေးဖို့ တောင်းဆိုပါရစေ။
### Thank You All ###
အေမီနဲ့ နစ်ကိုးလ်တို့ဟာ ချောမောလှပတဲ့ ဆယ်ကျော်သက် ညီအစ်မနှစ်ဦးဖြစ်ပြီး အိုင်ယာလန်မှာ နေထိုင်ကြပါတယ်။ သူမတို့နှစ်ဦးဟာ ယနေ့ခေတ် ဆယ်ကျော်သက်တွေလိုပဲ Facebook ကို စွဲစွဲမြဲမြဲ သုံးလေ့ရှိပါတယ်။ ဒီလိုနဲ့ ညီအစ်မနှစ်ဦးဟာ Facebook မှာ အမျိုးသားနှစ်ဦးနဲ့ ခင်မင်ရင်းနှီးခဲ့ကြပါတယ်။ နောက်တော့ သူတို့ညီအစ်မက Facebook မှာ ခင်မင်ရင်းနှီးနေတဲ့ အသက် ၂၅ နှစ်နဲ့ အသက် ၃၀ အရွယ် အမျိုးသားနှစ်ဦးနဲ့ အပြင်မှာ ချိန်းဆိုတွေ့ဆုံဖို့ သဘောတူ လက်ခံခဲ့ကြပါတယ်။ ညီအစ်မနှစ်ဦးဟာ Facebook Friend အမျိုးသားနှစ်ဦးနဲ့ တွေ့ဆုံဖို့ နယူးဘရစ်ခ်ျမှာရှိတဲ့ တိုက်ခန်းအိမ်ယာတစ်ခုမှာ ချိန်းဆိုခဲ့ကြပါတယ်။
ချိန်းဆိုတဲ့ တိုက်ခန်းကိုရောက်ပြီး မကြာမီမှာပဲ Facebook Friend အမျိုးသားနှစ်ဦးရဲ့ ပြောဆိုဆက်ဆံပုံတွေက မူမမှန်ပဲ ရန်ပြုမဲ့ အနေအထားဖြစ်လာတာကို ညီအစ်မနှစ်ဦးက ရိပ်စားမိခဲ့ပါတယ်။ အဲဒီနောက် ညီအစ်မနှစ်ဦးအနက် နစ်ကိုးလ်က ဒီနေရာကနေ ပြန်ဖို့အတွက် စတင်ပြင်ဆင်လိုက်ပါတယ်။ ဒါပေမယ့် သူမတို့နှစ်ဦး နောက်ကျသွားပါပြီ။ သူမတို့နှစ်ဦးနဲ့ တွေ့ဆုံဖို့ ချိန်းဆိုခဲ့တဲ့ Facebook Friend အမျိုးသားနှစ်ဦးထဲက တစ်ဦးက နစ်ကိုးလ်ရဲ့ ဆံပင်ကို ဆောင့်ဆွဲကာ တွန်းထိုးကန်ကျောက် တိုက်ခိုက်ပါတော့တယ်။ ဒါကိုမြင်တဲ့ အေမီက နစ်ကိုးလ်ထံကို အကူအညီပေးဖို့ သွားတဲ့အခါ သူမကိုလည်း အခြား အမျိုးသားတစ်ဦးက ရိုက်နှက်ထိုးကြိတ်ခဲ့ပါတယ်
အဲဒီနောက် အမျိုးသားနှစ်ဦးက သူမတို့ရဲ့ မိသားစုဝင်တွေကို ဆက်သွယ်ပြီး ပြန်ပေးငွေ လာရောက်ပေးဖို့ ပြောဆိုရန် စေခိုင်းပါတော့တယ်။ အေမီနဲ့ နစ်ကိုးလ် ညီအစ်မနှစ်ဦးဟာ သူတို့ ပြန်ပေးဆွဲ ဖမ်းဆီးခံရပြီဆိုတာ အသေအချာ သိသွားခဲ့ပါပြီ။ ညီအစ်မနှစ်ဦးက သူမတို့ မိသားစုမှာ ချမ်းသာကြွယ်ဝခြင်း မရှိကြောင်း၊ ပိုက်ဆံမရှိကြောင်း ရှင်းပြတဲ့အခါ အမျိုးသားနှစ်ဦးက ထပ်မံ ထိုးကြိတ်ရိုက်နှက်ပြန်ပါတယ
ဒီအဖြစ်အပျက်ကို အစအဆုံး မြင်တွေ့ခဲ့ရတဲ့ အေမီ ပြန်ပြောပြတာအရ နစ်ကိုးလ် လှေခါးပေါ်က လိမ့်ကျပြီး ဦးခေါင်းကို ထိခိုက်ကာ မလှုပ်နိုင်တော့တာကို တွေ့တဲ့အခါ အမျိုးသားနှစ်ဦးက နစ်ကိုးလ်သေပြီလို့ ထင်ခဲ့ကြပါတယ်။ အဲဒီနောက် အမျိုးသားနှစ်ဦးဟာ သူတို့အပေါင်းအဖော်တွေထံ ဖုန်းဆက်ပြီး အဖြစ်အပျက်ကို ပြောပြပါတယ်။ နစ်ကိုးလ် လိမ့်ကျသွားတဲ့ အဖြစ်အပျက်ကို မြင်တွေ့ပြီး အဲဒီ အမျိုးသားနှစ်ဦးဟာ အတန်ငယ် စိတ်လှုပ်ရှား ထိတ်လန့်သွားပုံလည်းရတယ်လို
ညီအစ်မနှစ်ဦးဟာ ဖြစ်စဉ် အစအဆုံး နာရီပေါင်း ၂၀ ကြာအောင် ပြန်ပေးဆွဲ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။ ရဲတပ်ဖွဲ့နဲ့ အဆက်အသွယ်ရပြီးနောက် သူမတို့နှစ်ဦးကို ဆေးရုံကို အမြန် ပို့ဆောင်ခဲ့ရပါတယ်။ အေမီက မေးရိုးကျိုးသွားပါတယ်။ နစ်ကိုးလ်က နှာခေါင်းမှာ ဒဏ်ရာရခဲ့တဲ့အပြင် ဦးခေါင်းမှာလည်း ဒဏ်ရာပြင်းထန်စွာရခဲ့ပါတယ်။
[ပရိသတ်များမှာလည်း ဆယ်ကျော်သက်အရွယ် မိတ်ဆွေသူငယ်ချင်းတွေ ရှိတယ်ဆိုရင် ဒီအဖြစ်အပျက်က သတိထား ဆင်ခြင်ဖွယ်ရာ သိထားသင့်တဲ့ အဖြစ်အပျက်ပါ။ ဒါကြောင့် မိတ်ဆွေသူငယ်ချင်းတွေကို Share လုပ်ပြီး ပြောပြလိုက်ပါအုံး]
#OddForYou
Odd For You က တင်ဆက်တဲ့ Post တွေကို သင့်ရဲ့ News Feed မှာ အချိန်နဲ့တစ်ပြေးညီ မြင်တွေ့သိရှိနိုင်ဖို့ #Like လုပ်ထားပေးပါ။ Odd For You ကို အသိအမှတ်ပြုတဲ့ အနေနဲ့ သင့်ရဲ့ Friend တွေသိအောင် #Share လုပ်ပေးဖို့ တောင်းဆိုပါရစေ။
### Thank You All ###
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။