Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, October 12, 2015

သင့်ဥာဏ်ရည်ထူးချွန်မှုကို စစ်ဆေးမယ့် ပုစ္ဆာ (၁၀) ခု


သင့်ဥာဏ်ရည်ထူးချွန်မှုကို စစ်ဆေးမယ့် ပုစ္ဆာ (၁၀) ခု
----------------------------------------------------------
သင့်ရဲ့ထိုးထွင်းဥာဏ်ကို စစ်ဆေးဖို့ ဒီမေးခွန်း (၁၀) ခုကို ဖြေကြည့်ကြပါစို့.... (အဖြေတွေကိုမကြည့်ဘဲ ဖြေဖို့လိုပါမယ်...)
၁) ဂျွန်နီရဲ့ အမေမှာ ကလေးသုံးယောက်ရှိတယ်... ပထမကလေးနာမည်က ဧပရယ် ဖြစ်ပြီး... ဒုတိယကလေးနာမည်က မေ ဖြစ်ပါတယ်... တတိယကလေးနာမည်က ဘယ်သူလဲ....
၂) သားသတ်ရုံကအရောင်းစာရေးက အရပ် ငါးပေဆယ်လက်မမြင့်ပြီး သူ့ဖိနပ်နံပတ်က ၁၃ ဖြစ်တယ်... သူဘာကို တိုင်းတာချိန်တွယ်ရမလဲ...
၃) ဧဝရတ်တောင်ကြီးမပျောက်ကွယ်ခင်က ကမ္ဘာ့အမြင့်ဆုံးတောင်ကဘာလဲ....
၎) ၂ပေ x ၃ပေ x ၄ပေ ရှိတဲ့ ကျင်းထဲမှာ မြေကြီးဘယ်လောက်ရှိမလဲ...
၅) ဘယ်လိုစာလုံးပေါင်းပေါင်း မှားနေတဲ့ စာလုံးတစ်လုံးကိုဖော်ပြပါ...
၆) ဘီလီက ဒီဇင်ဘာ ၂၈ မှာမွေးပါတယ်... ဒါပေမဲ့သူမရဲ့မွေးနေ့ဟာ နွေရာသီမှာပဲ အမြဲကျရောက်နေတယ်... ဖြစ်နိုင်ပါ့မလား...
၇) ကနေဒါအနောက်ပိုင်းပြည်နယ်တစ်ခုဖြစ်တဲ့ British Columbia မှာ သစ်သားခြေထောက်နဲ့လူတွေကို ဓာတ်ပုံရိုက်ဖို့မဖြစ်နိုင်ပါဘူး... ဘာကြောင့်ပါလဲ...
၈) သင်အပြေးပြိုင်ပွဲဝင်နေတဲ့အချိန်မှာ ဒုတိယနေရာကလူကို ကျော်တက်လာပြီဆိုရင် သင်ဘယ်နှစ်ယောက်မြောက်ဖြစ်နေပြီလဲ....
၉) "ကြက်ဥအနှစ်သည်အဖြူရောင်ဖြစ်သည်..." နဲ့ "ကြက်ဥအနှစ်များသည်အဖြူရောင်ဖြစ်ကြသည်..." ဆိုတဲ့နှစ်ခုမှာ ဘယ်ဟာကအမှန်လဲ...
၁၀) လယ်သမားတစ်ယောက်ရဲ့ လယ်ကွက်တစ်ကွက်ထဲမှာ ကောက်ရိုးပုံငါးပုံရှိပြီး နောက်လယ်ကွက်တစ်ကွက်ထဲမှာ ကောက်ရိုးပုံ လေးပုံရှိပါတယ်... လယ်ကွက်တစ်ကွက်ထဲမှာကောက်ရိုးပုံအားလုံးကိုစုပေါင်းထားရင် ဘယ်နှစ်ပုံရှိမလဲ...

အဖြေများ
-------------
၁) ဂျွန်နီ
၂) အသား
၃) ဧဝရတ်တောင် (အခုထိမပျောက်ကွယ်သေးပါဘူး)
၎) ကျင်းဆိုတာ မြေကြီးကိုတူးထုတ်ထားတာပါ...
၅) အမှား
၆) ဘီလီက ကမ္ဘာ့တောင်ဘက်ခြမ်းမှာနေပါတယ်...
၇) သစ်သားခြေထောက်နဲ့ ဘာကိုမှ ဓာတ်ပုံရိုက်လို့မရပါ... ကင်မရာ.. ဖုန်း တစ်ခုခုရှိမှဓာတ်ပုံရိုက်နိုင်ပါတယ်...
၈) သင်ဟာဒုတိယနေရာမှာပဲရှိပါမယ်... သင်ကျော်တက်ခဲ့တာ ဒုတိယလူပါ... ပထမနေရာကလူမဟုတ်ပါဘူး...
၉) တစ်ခုမှမမှန်ပါဘူး... ကြက်ဥအနှစ်ဟာ အဝါရောင်ဖြစ်ပါတယ်...
၁၀) တစ်ပုံပါပဲ.... ကောက်ရိုးပုံအားလုံးကိုပေါင်းလိုက်ရင် ကောက်ရိုးပုံကြီးတစ်ပုံရလာပါလိမ့်မယ်....

ဟုတ်ပါပြီ... ဒီအထဲကမေးခွန်းတစ်ချို့ကတော့ ဖန်တစ်ရာတေ မွဲပြာပုဆိုးဖြစ်နေပါပြီ... ဒါပေမဲ့ မေးခွန်းအားလုံးဟာ လောကကြီးမှာ ကျွန်တော်တို့ ဆုံးဖြတ်ချက်ကိုဘယ်လိုပြုလုပ်ကြသလဲဆိုတဲ့ ဦးနှောက်ရဲ့ လုပ်ဆောင်ချက်ဝိသေသတွေကို ပြဆိုနိုင်ပါတယ်....

ကျွန်တော်တို့စိတ်ထဲက ဘာကိုမြင်ချင်တယ်... ဘာကိုမြင်ဖို့မျှော်လင့်ထားတယ်ဆိုတဲ့အတိုင်း ဦးနှောက်က လုပ်ဆောင်တတ်ပါတယ်... ဒီအချက်ဟာ ကျွန်တော်တို့ရဲ့ စားသုံးသူတွေ... ဈေးကွက်တွေ... ပြိုင်ဘက်တွေနဲ့ စီးပွားရေးဆိုင်ရာဆုံးဖြတ်ချက်အပေါ် အဓိကလွှမ်းမိုးနေတဲ့ အချက်အလက်တွေကို လေ့လာတဲ့အခါမှာ ကြီးမားတဲ့ အကျိုးသက်ရောက်မှုရှိပါတယ်....

ကျွန်တော်တို့က ကိုယ်မြင်ချင်တဲ့အရာ ကိုယ်မျှော်လင့်တဲ့အရာကိုပဲ မြင်တဲ့အခါမှာ အပြိုင်ရောက်လာနိုင်တဲ့ ခြိမ်းခြောက်မှုတွေကို ကျွန်တော်တို့ လွဲချော်သွားကြပါတယ်... ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ရဲ့ဦးနှောက်က ဒီခြိမ်းခြောက်မှုတွေဟာ အဲ့ဒီအရပ်မျက်နှာကနေလာဖို့ မဖြစ်နိုင်ဘူးလို့ ကျွန်တော်တို့ကို ပြောနေလို့ပါပဲ... ကျွန်တော်တို့ရဲ့ အခွင့်အရေးတွေလည်း ဆုံးရှုံးရပါတယ်... ဘာကြောင့်လဲဆိုတော့ ဘာဖြစ်လာနိုင်သလဲဆိုတာထက် ကျွန်တော်တို့ အတိတ်မှာဘာတွေလုပ်ခဲ့သလဲဆိုတာကိုပဲ ကျွန်တော်တို့ မြင်ကြလို့ပါပဲ... ပြီးတော့ အဓိကဈေးကွက်အရွေ့တွေ... စားသုံးသူလိုအင်ပြောင်းလဲမှုတွေကိုလည်း မျက်စိမှောက်သွားတတ်ကြတာကို ပြန်ပြောင်းကြည့်လိုက်ရင် အလွယ်တကူတွေ့မြင်နိုင်ပါတယ်... တကယ်တော့ ဒီအချက်တွေဟာ ကျွန်တော်တို့သိထားပြီးသားအရာတွေအပေါ်မှာပဲ အာရုံစိုက်ကြည့်လိုက်ရင် အလွယ်တကူမြင်နိုင်မယ့်အချက်တွေပါပဲ...

ကျွန်တော်တို့ရဲ့ဦးနှောက်ဟာ သတင်းအချက်အလက် ဟာကွက်ဖြစ်နေတာတွေကို မကြိုက်မနှစ်သက်ပါဘူး... ဒါကြောင့် မေးခွန်းတစ်ခုကို ပထမဆုံးဖြေတဲ့အခါမှာ အချက်အလက်အားလုံးကို ဆန်းစစ်ဖို့အချိန်မယူတော့ဘဲ ကိုယ်ထင်တဲ့အဖြေဆီကို ကျော်ခွခုန်လွှားပြီးဦးတည်သွားပါတော့တယ်... ဒီအချက်ဟာ ဒီကနေ့ကမ္ဘာမှာ ပိုပြီး မှန်ကန်ပါတယ်... ကျွန်တော်တို့မှာ သတင်းအချက်အလက်တွေကို လက်ခံမှတ်သားဖို့ အချိန်ထက် နေ့စဉ်နဲ့အမျှ စီးဝင်လာတဲ့အချက်အလက်တွေက ပိုများနေတာတွေကို ကြုံနေရပါတယ်... နောက်ဆုံးတော့ ကျွန်တော်တို့ဦးနှောက်တွေဟာ နမူနာအချက်တွေကို ပိုမြင်တတ်လာပြီး အချက်အလက်အချင်းချင်း အဆက်အသွယ်တွေတည်ဆောက်ပါတယ်... အဲ့ဒီဉာဉ်ဟာ လောကတစ်ခွင်ကို နည်းလမ်းပေါင်းစုံနဲ့ ဖြတ်သန်းနိုင်အောင် ကျွန်တော်တို့ကို လုပ်ဆောင်ပေးပါတယ်... ဒါပေမဲ့ ဦးနှောက်ရဲ့လုပ်ဆောင်မှုကလည်း အမြဲတမ်းမမှန်နိုင်ပါဘူး...

ဥပမာအားဖြင့် မေးခွန်းနံပတ်(၁)ကို သင်ဘယ်လိုဖြေခဲ့ပါသလဲ... ရိုးရိုးသားသားပြန်တွေးကြည့်လိုက်ပါ... လူအများစုအတွက် သူတို့ခေါင်းထဲကိုဦးဆုံးဝင်လာတာကတော့ ဂျွန်ဆိုတာပဲဖြစ်ပါမယ်... ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ဦးနှောက်က ဧပရယ်... မေ.. ဂျွန်...ဆိုတဲ့ပုံစံကို အလွယ်တကူမှတ်မိနေလို့ပါပဲ... မေးခွန်းကိုပြန်ဖတ်ပြီး အချက်အလက်တွေကို ဆန်းစစ်လိုက်မယ်ဆိုရင် အဖြေက ဂျွန်နီဆိုတာ အသိသာကြီးပါပဲ...

ပြီးတော့ သစ်သားခြေထောက်နဲ့လူတွေဆိုတာကကော... သင့်အဖြေက "နဲ့" ဆိုတာကို သင်ဘယ်လို ယူဆသလဲဆိုတာပေါ်မူတည်ပါတယ်... အဓိပ္ပာယ်က သစ်သားခြေထောက်တပ်ထားတဲ့လူတွေကို ဓာတ်ပုံရိုက်မှာလား ဒါမှမဟုတ် လူတွေကို ကင်မရာနဲ့မဟုတ်ဘဲ သစ်သားခြေထောက်နဲ့ ဓာတ်ပုံရိုက်မှာလား... မေးခွန်းကတော့ လှည့်ကွက်လေးတွေနဲ့လုပ်ထားတဲ့မေးခွန်းပါပဲ... ဒါပေမဲ့ ဘာသာစကားကို ဘယ်လိုအသုံးပြုလိုက်တာနဲ့ လောကကိုကြည့်မြင်တဲ့ပုံစံ ဘယ်လိုပြောင်းလဲသွားသလဲဆိုတာကို ရှင်းရှင်းလင်းလင်းသိမြင်နိုင်ပါတယ်....

ဒါမှမဟုတ်ရင်တော့ အကောင်းဆုံးဥပမာက ကြက်ဥအနှစ်မေးခွန်းမှာ ဘယ်လိုမျက်စိမှောက်သွားတယ်ဆိုတာပါပဲ... ကြက်ဥအနှစ်က အဝါဆိုတာ လူတိုင်းသိကြပါတယ်... ဒါပေမဲ့ မေးခွန်းရဲ့စာသားက စာလုံးအသုံးပြုမှု ဝါကျဖွဲ့စည်းပုံတွေ အပေါ်ဦးတည်ထားတဲ့ပုံစံမျိုးဖြစ်နေပါတယ်... ဒါကြောင့် ဒီလောက်သိသာတဲ့ အဓိပ္ပာယ်နဲ့ ထင်လွယ်မြင်လွယ်အဖြေကို ကျော်ပြီးကြည့်မြင်တတ်ကြပါတယ်....

အခုချိန်ထိ ဦးနှောက်ရဲ့ အလုပ်လုပ်ဆောင်ပုံကို ပြောင်းလဲအောင် ကျွန်တော်တို့ မလုပ်ဆောင်နိုင်သေးပါဘူး... သိပ္ပံပညာကို နောက်ထပ် အနှစ် ၅၀ လောက်အချိန်ထပ်ပေးရင်တောင်မှ ကျွန်တော်တို့ဦးနှောက်က ဘာတွေလုပ်ဆောင်နေတယ်ဆိုတာ သိနိုင်ဖို့ မလွယ်ပါဘူး... အခုကိစ္စမှာတော့ ကျွန်တော်တို့ဦးနှောက် ဘယ်လိုလုပ်ဆောင်လဲဆိုတာကို အရင်ကထက် ပိုနားလည်လာနိုင်ပါပြီ... တစ်ခုခုဆုံးဖြတ်ဖို့ သုံးသပ်ဖို့ကြုံလာတိုင်း အချိန်တစ်ခုနဲ့တစ်ခုကြားမှာ ခဏလောက်နားပြီး ကျွန်တော်တို့ဘာကိုလွတ်သွားလဲဆိုတာကို စဉ်းစားဖို့အချိန်ပေးရပါမယ်... စဉ်းစားရမယ့်အချက်တွေအထဲမှာ ကျွန်တော်တို့သတိမမူဘဲ ကောက်ချက်ချမိတဲ့အချက်တွေ... ကျွန်တော်တို့ ထင်မြင်မျှော်လင့်ထားတာနဲ့ ဆန့်ကျင်ဘက်ရှိနေမယ့် တခြားအရင်းအမြစ်တွေကရမယ့်အချက်အလက်တွေလည်း ပါဝင်ရပါမယ်....

အပေါ်ကအကြံပြုချက်တွေအတိုင်း သင့်ဦးနှောက်ကိုနှိုးဆွတဲ့ အလေ့အကျင့်လုပ်ပေးမယ်ဆိုရင်... သင့်အနေနဲ့ အရင်ကနဲ့မတူတဲ့ ရလဒ်တွေထွက်ပေါ်လာမယ်ဆိုတာကို အံ့အားသင့်ဖွယ်တွေ့မြင်ရမှာဖြစ်ပါတယ်...

#နှိုင်းရင့်နွေ
----------------------------------------------------------------
Ref: General knowledge

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။