Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, October 12, 2015

မြတ်နိုးမှုမဲ့စကားလုံးများ


မြတ်နိုးမှုမဲ့စကားလုံးများ

နီဟိန်းမော်
7 Days News

‘Hi’
‘Hi’
‘ဘာတွေလုပ်နေလဲ’

‘စကားပြောနေတာလေ’

‘ထမင်းစားပြီးပြီလား’

‘ဟင့်အင်း’

‘ဘာဟင်းချက်လဲ’

‘အသည်းရယ် နှလုံးရယ်၊ စားမလား’

‘ခွံ့ကျွေးရင်စားမယ်’

‘ပါးစပ်ဟ ထမင်းထဲမှာ အချစ်တွေပါထည့်လိုက်တယ် နော်’

ကမ္ဘာကြီး၏ပေါက်ကွဲလာ သောနည်းပညာအဟုန်က မြန်မာ နိုင်ငံသို့ လွင့်စဉ်လာချိန်တွင် မြန်မာတို့၏ လူမှုယဉ်ကျေးမှု ထုံးတမ်းစဉ်လာ မည်ရွေ့မည်မျှ ထိမှန်ပျက်ယွင်းသွားလေသလဲဟု ကျွန်တော်စဉ်းစားမိသည်။ အထက်မှာကျွန်တော်ရေးခဲ့သည့် စကားအပြန်အလှန်များက ချစ်သူနှစ်ဦးကြည်နူးနေကြသည်ဟု ထင် မြင်စရာရှိသည်။ တကယ်တော့ သည်စကားများကို လူချင်းဖုန်းနှင့် ပြောနေသည်လည်းမဟုတ်၊ ကိုယ်တိုင်ဆုံတွေ့ပြောနေသည် လည်းမဟုတ်။ ဖုန်းကိုကိုင်၍ လက်ညှိုးနှင့် လက်မလေးကို အသုံးပြုကာ စာများရိုက်နှိပ်နေခြင်းသာဖြစ်သည်။ ပို၍အံ့သြစရာကောင်းသည်က ထိုသို့ပြောဆိုနေသော လူနှစ်ယောက်က ပြင်ပတွင်တစ်ခါမျှ တွေ့ဆုံဖူးခြင်းမရှိသလို တစ်ဦးနှင့်တစ်ဦး မြင်မျှပင်မမြင်ဖူးဟုဆိုသည့်အချက်ပင် ဖြစ်သည်။ သို့သော် သည်အဖြစ်အပျက်မျိုးကို ကျွန်တော်က အံ့သြစွာဖြင့် လူငယ်များကို ပြောပြမိလျှင်တော့ ဒါများခုမှသိလားဆိုသောပုံစံဖြင့် ကျွန်တော့်ကို လှောင်ပြုံးပြုံးနေပါလိမ့်မည်။

ပြီးခဲ့သည့်ရက်ပိုင်းက အိမ် သူက ကျွန်တော့်ကိုသတင်းတစ်ခု ပြောသည်။ ကျွန်တော်နှင့်ခင်မင် ရင်းစွဲရှိသော ငတူးဆိုသော ကောင်လေး သူ့ဇနီးနှင့်ကွဲသွား သည်ဆိုသောသတင်း။ ‘‘ဟ. . ဘာ ဖြစ်လို့လဲ၊ ဒီကောင်မူးပြီး မိန်းမ ကိုရစ်လို့လား’’ဆိုတော့ မဟုတ်ဘူးတော်ရေ။ လင်မယားနှစ်ယောက်ထမင်းစားနေတုန်း ဖုန်းက Viber ဝင်လာတယ်တဲ့။ ငတူးက ဖုန်းလည်းဖွင့်လိုက်ရော ဟိုဘက်ကကောင်နဲ့ ကြူထားတာတွေကိုတွေ့ပြီး လင်မယားထသတ်ကြတာ။ ခုတော့ကွဲပြီ’’ ဟုပြောသည်။‘‘ဟိုဘက်က ကောင်ကို ငတူးကသိလား’’ဟု ကျွန်တော်ကမေးတော့ ‘‘ငတူးတင်မဟုတ်ဘူး။ သူ့မိန်းမပါမသိဘူးတဲ့။ ဒီလိုပဲ Viber ထဲမှာ ကြူနေကြတာ တစ်လလောက်ရှိ ပြီတဲ့’’။ ကျွန်တော် အံ့သြဘနန်းဖြစ်သွားသည်။ ဘယ့်နှယ်လူလည်းမသိ၊ မြင်လည်း မမြင်ဖူးတဲ့လူကို။

ဒီကိစ္စကို ကျွန်တော့်တူမ တစ်ယောက်ကိုမေးကြည့်သည်။ သူ့အဖြေက ‘‘ဟာ . . . ဒါက ဘာ ထူးဆန်းလို့လဲ၊ ဒီလိုပဲသူပြော ကိုယ်ပြော အီစီကလီလုပ်လိုက် တာပဲ။ လေထဲကလာတဲ့စကား လေထဲမှာတင်ပြီးသွားတာပဲလေ’’ တဲ့။ ‘ဗုဒ္ဓေါ’ဟုသာ ကျွန်တော် ရေရွတ်မိသည်။ လွယ်လှချည် လားဟု ကျွန်တော့်စိတ်ထဲ စလုံး စခုဖြစ်သွားဖူးသည်။

အင်တာနက်ကြီးပေါ်လာ တော့ ကျွန်တော်တို့မှာ ဝမ်းသာ လိုက်သည့်အဖြစ်။ လက်ညှိုးတစ် ချောင်းတည်းဖြင့် ကမ္ဘာကြီးကို မွှေ နှောက်နိုင်ပြီဆိုသည့်အတွေးဖြင့်။ ရပ်ကွက်ထဲမှာ အင်တာနက်ဆိုင် လေးတွေပေါ်လာတော့လည်း လူငယ်တွေအတွက် အားတက်မိ သည်။ ကျွန်တော်တို့ငယ်စဉ်က ပြင်ပဗဟုသုတတွေရဖို့ ခက်ခဲ လွန်းလှသည်မို့ တစ်ကမ္ဘာလုံးက အချက်အလက်မျိုးစုံကို ထိုင်ရာ မထ ရှာဖွေနိုင်သည့် ဂူးဂဲလ်ကို ကျွန်တော်စွဲသွားသည်။ ဝီကီပီးဒီး ယားက ကျွန်တော့်ကို သိမ်းယူ သွားသည်။ Enter တစ်ချက်၊ ကလစ်တစ်ချက်က တန်ဖိုးရှိလှ ချည်လားပေါ့။ သို့သော်လည်း အင်တာနက်ဆိုင်ထဲရောက်တိုင်း မသိ မသာအကဲခတ်တော့ လူငယ် တော်တော်များများက ဂိမ်းနှင့် ပျော်နေသူများ၊ မြန်းဂလစ်နှင့် အရမ်းချစ်နေသူများက အများစု မို့ အင်း..ငါတို့ဆီမှာလည်း တံခါး ဖွင့်လိုက်တာနဲ့ အများဆုံးဝင်လာ တာက အမှိုက်တွေပါလားဟု သက်ပြင်းချရသည်။ နောက်တော့ ဖေ့စ်ဘွတ်ခ်ရောက်လာသည်။ ဟိုလူနှင့် Add၊ ဒီလူနှင့် Add ပြီး အပေါင်းအသင်းတွေများ၊ သတင်းပလင်းအစုံကြားမှာ ချစ် ရေးချစ်ရာတို့ပါလာကြသည်။ ကျွန်တော်တို့ခေတ်တုန်းကတော့ ကောင်မလေးကို ကောင်လေးက စာတစ်တန်ပေတစ်တန် ဖွဲ့ပို့ရ သည်။ ခုတော့ ဖန်သားပြင်ပေါ်မှာ တင် စာတွေရေးသားပို့ကြသည်။ သည်မှာတင် ကြီးကျယ်ခမ်းနား နူးညံ့သိမ်မွေ့လှစွာသော အချစ် ကို စတင်ဖျက်ဆီးမည့်သူများပေါ် လာသည်။ ဘယ်သူဘယ်ဝါ မမြင် ဖူးသောလူတစ်ယောက်နှင့် တစ်ခါတစ်ရံ တစ်ပြိုင်တည်းလူနှစ်ယောက်၊ သုံးယောက်နှင့် ချစ်မှုချစ်ရာများကို ပြောဆိုကြရင်း အချစ်ဆိုသောအရာက ပျော်တော်ဆက်အဆင့်သို့ ထိုးဆင်းသွားသည်။ ပြောရလျှင် အချစ်ပင်မမည်တော့။ဖိုမ အတွေ့မပါသော စိတ်အာသာဖြေမှုတစ်မျိုးဟုပင် ကင်ပွန်းတပ်လိုက်ချင်သည်။

ဆရာသုခမိန်လှိုင်၏ ကဗျာ တစ်ပုဒ်ကိုဖတ်ဖူးသည်။ ကဗျာ ခေါင်းစဉ်က ၂၀၁၀ ကဗျာကမ္ဘာ တဲ့။

‘‘တစ်နေ့ပြီးတစ်နေ့

ပြီးခဲ့လေပြီ

၂၀၁၀ သို့ရောက်လေပြီ

ကဗျာရေးနည်းများသည်

ပြောင်းလေပြီ

တယ်လီဖုန်းမှာ

ကြိုးမပါတော့ဘူး

ကင်မရာမှာ

ဖလင်မပါတော့ဘူး

တစ်ယောက်နဲ့တစ်ယောက်

ချစ်တာ

အချစ်မပါတော့ဘူး’’တဲ့။

ကဗျာတိုတို၊ အဓိပ္ပာယ်များ များ၊ အနက် နက်နက်။ ရင်ကိုစွဲ သွားသည့်ကဗျာဟု ပြောရပါ မည်။ ကျွန်တော်ငယ်ငယ်က ရပ် ကွက်ထဲမှာ နှစ်လုံးတည်းသာရှိ သော ကြိုးဖုန်းအနက်ကြီးကို သွားသွားချောင်းကြည့်ဖူးသည်။ ဒိုင်ခွက်ကြီးနှင့်။ နံပါတ်တွေရေး ထားသည့် ဒိုင်ခွက်ကြီးကိုလှည့် လှည့်ပြီး သူများတွေဖုန်းဆက်နေ တာကိုကြည့်ကာ ကျွန်တော်လည်း ဆက်ကြည့်ချင်သည်။ ခုများတော့ ဖုန်းဆိုသည်က မြန်မာပြည်မှာ အပေါများဆုံးဟုပင်ပြောရလေ မလား။ ဒီလိုပဲ ကျွန်တော်တို့ ငယ်ငယ်က ဓာတ်ပုံတစ်ပုံရိုက်ဖို့ ဓာတ်ပုံဆိုင်ပြေးရသည်။ ဓာတ်ပုံ ဆိုင်မှာ သစ်သားဖရိမ်ကြီးဖြင့် တင်ထားသော ကင်မရာနှင့် ဓာတ်ပုံရိုက်ဖို့ ဆလိုက်မီးကြီးတွေ ထိုးသေးသည်။ အဲဒီ အဖြူ၊ အမည်းဓာတ်ပုံတွေ ကျွန်တော်တို့ အိမ်နံရံမှာ၊ မိတ်ဆွေများ၏ အိမ် နံရံတွေပေါ်မှာ ခမ်းခမ်းနားနားရှိ သေးသည်။ အခုတော့ ကင်မရာ က အဆန်းမဟုတ်။ ဖုန်းရှိလျှင် ကင်မရာရှိသည်။ ကင်မရာတွေ မှာလည်း အရင်ကလို ဖလင်ထည့် စရာမလိုတော့။ ရိုက်လိုက်၊ မကြိုက်ရင်ပြန်ဖျက်လိုက်၊ ကင်မရာဖြင့် ဖုန်းဖြင့် ဓာတ်ပုံတွေ အကြိမ်ကြိမ်ရိုက်သည်။ ဒါပေမဲ့ ဘယ်ဓာတ်ပုံကိုမျှ ကျွန်တော်တို့ အလေးမထားတော့။ ကျွန်တော် က ဆရာ့ကဗျာကိုဖတ်ပြီး ခေါင်း ထဲသို့ အတွေးတစ်ခုရောက်လာ သည်။ ကျွန်တော်တို့ဆီမှာ ပျောက်ဆုံးသွားသည်က မြတ်နိုး တတ်မှု။ တစ်နည်းအားဖြင့် မြတ် နိုးမှုတန်ဖိုး။ တစ်စုံတစ်ခုကို မြတ်မြတ်နိုးနိုး တန်ဖိုးထားသည့် အလေ့များ ပျောက်ဆုံးကုန်ခြင်း ပင်ဖြစ်သည်။

Chat box ဖွင့်ပြီး လူသုံး လေးယောက်နှင့် တစ်ပြိုင်တည်း ချစ်စကား ကြိုက်စကား ညုတုတု လုပ်နေသော လူငယ်တို့ရင်ထဲက အချစ်ကို မဆန်းစစ်ဝံ့။ အချစ်ဆို သည်ကို ဘယ်လိုစံနှုန်းတွေနှင့် အကဲဖြတ်နေကြသည်လည်း မမေးစမ်းဝံ့။ မြတ်နိုးမှုမပါသော အချစ်များဖြင့် အရာရာကို အလွယ်တကူ ပေါ့ပြက်ပြက် သဘောထားမှာကိုသာ ကျွန်တော် စိုးရိမ်မိခြင်းဖြစ်သည်။

ဘဝမှာ အရေးအကြီးဆုံး အစိတ်အပိုင်းဖြစ်သည့် ချစ်ရေး ချစ်ရာကိစ္စများကိုပင် မြတ်နိုးမှုမဲ့ ကြလျှင် သူတို့အနာဂတ်ကို သူတို့ ချစ်ပါလေမည်လား။ မိသားစုကို ခင်တွယ်တတ်ပါမည်လား။ သူတို့တိုင်းပြည်ကို သူတို့ မြတ်နိုးတတ်ပါမည်လား။ လူတိုင်း လူတိုင်း ငါ့တို့လိုပေါ့ပြက်ပြက်ပဲဟု ထင် မြင်ကာ လူမှုဆက်ဆံရေး၏လေး နက်သောဆက်ဆံရေးကို လျစ် လျူရှုသွားကြတော့မည်လား။

ပြောရလျှင် အခုတော့ ကျွန်တော်က ကြိုးပါသော တယ်လီဖုန်းကြီးကိုလွမ်းသည်။ အဝိုင်းလေးထဲ လက်ညှိုးထည့် လှည့်ရသော အရသာက မြတ်နိုးမှုတွေတိုးလာ သလိုခံစားရသည်။ ဖလင်ထည့်ရိုက်ရသော ကင်မရာက ပုံကောင်းစေဖို့၊ ပုံမပျက်စေဖို့ဂရုစိုက်ရ၍ တန်ဖိုးပိုမြင့်သည်ဟုထင်သည်။ ထို့အတူ လူတိုင်းလူတိုင်းအချစ်ပါသော အချစ်၊ မြတ်နိုးမှုပါသော အချစ်ဖြင့်လည်းတစ်ဦးကိုတစ်ဦးချစ်စေချင်သည်။

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။