Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, October 13, 2015

တိုင်းပြည်တိုးတက်ရေးမှာ ခေါင်းဆောင်မှုအပိုင်း ဘယ်လောက်အရေးပါသလဲ



တိုင်းပြည်တိုးတက်ရေးမှာ ခေါင်းဆောင်မှုအပိုင်း ဘယ်လောက်အရေးပါသလဲ
မောင်ဝံသ
မေ ၂၉၊ ၂၀၁၃

(ပြည်သူ့ခေတ်ဂျာနယ် ၂၉ မေ ၂၀၁၃ပါ မောင်ဝံသ ပြောချင်လွန်းလို့ဆောင်းပါး)
● ပဓာနကျတဲ့အကြောင်းအချက်
တိုင်းပြည်တစ်ပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်ရေးမှာ ခေါင်းဆောင်မှု အပိုင်းဟာ ပဓာနကျတဲ့ အကြောင်းအချက် (Factor) ဖြစ်တယ်လို့ ပညာရှင်အများက လက်ခံထားကြပါတယ်။ ဒါဆိုရင် တိုင်းပြည်ရဲ့ သယံဇာတအပိုင်း၊ တိုင်းသူပြည်သားတွေရဲ့ ပညာရေးအပိုင်း၊ တစ်နည်းအားဖြင့် လူသား အရင်းအမြစ်အပိုင်း၊ ပြီးတော့ အရင်းအနှီးအင်အားအပိုင်းတွေကော အရေးမကြီးဘူးလားဆိုတော့ အဲဒါတွေလည်း သူ့ကဏ္ဍအလိုက် အရေးကြီးပါတယ်၊ သို့ပေမယ့် ခေါင်းဆောင်မှုအပိုင်းဟာ အဲဒါတွေ အားလုံးထက်ပိုပြီး ပဓာနကျတယ်ဆိုတဲ့ သင်ခန်းစာတွေကို ဂျပန်နဲ့ စင်ကာပူက လက်တွေ့ပြနေတာ အထင်အရှား တွေ့နေရပါတယ်။
● အံ့ဖွယ်ဂျပန်
အားလုံး သိပြီးကြတဲ့အတိုင်း ဂျပန်နိုင်ငံဟာ မည်မည်ရရ သယံဇာတ ဘာမှ မထွက်ပါဘူး။ သို့ပေမယ့် ဒုတိယကမ္ဘာစစ်ပြီးချိန် စစ်ရှုံးနိုင်ငံဘ၀ကနေ ပြန်လည် ကုန်းရုန်းထနိုင်ခဲ့တယ်။ ဆယ်စုနှစ် နှစ်ခု ကာလအတွင်း အံ့သြစရာ ကောင်းလောက်အောင် စက်မှုနိုင်ငံတစ်နိုင်ငံအဖြစ် ပြန်လည်ခေါင်းမော်လာ ခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်ပြီးနောက် ၂၅နှစ်အကြာ၊ ၁၉၇၀ပြည့်နှစ်လောက်မှာ ကမ္ဘာ့ထိပ်ဆုံးတန်း စီးပွားရေးအင်အားရှင်နိုင်ငံကြီး ဖြစ်လာခဲ့ပါတယ်။
● ဘက်ပေါင်းစုံခေါင်းဆောင်မှု
အဲဒါ ဂျပန်နိုင်ငံရဲ့ စစ်ပြီးခေတ်ခေါင်းဆောင်မှုအဆက်ဆက်ရဲ့ အရည်အသွေးကြောင့်ပဲ ဖြစ်ပါတယ်။ သည်နေရာမှာ ခေါင်းဆောင်မှုလို့ပဲ သုံးနှုန်းထားတာကို သတိပြုစေချင်ပါတယ်။ ခေါင်းဆောင် တစ်ဦးတစ်ယောက်၊ ဆူဇူကီးရယ်၊ တာနာကာရယ် မဆိုလိုပါဘူး။ အစိုးရအဖွဲ့တွေ တစ်နှစ်ပဲခံခံ၊ နှစ်နှစ်ပဲခံခံ၊ အစိုးရအပြောင်းအလဲတွေ ဘယ်လောက်များများ၊ လွှတ်တော်ရယ်၊ တရားစီရင်ရေးစနစ်ရယ်၊ နိုင်ငံရေးသမားတွေရယ်ဆိုတဲ့ တိုင်းပြည်ရဲ့ ခေါင်းဆောင်မှု (ူနေိနမျ့ငစ) အပိုင်းဟာ ပုံမှန် ဟန်ချက်ညီညီ အလုပ်လုပ် နေခဲ့ကြတယ်။ ဒါတင်မက ဂျပန်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကကျသူတွေဖြစ်တဲ့ စီးပွားရေးလုပ်ငန်းရှင်များကလည်း မျိုးချစ် ပြည်ချစ်စိတ်အပြည့်အ၀နဲ့ တိုင်းပြည်အကျိုးကို ရှေ့တန်းတင်ပြီး တာဝန်ကျေခဲ့ကြတယ်။ အဲဒီကဏ္ဍတွေအားလုံးကို စောင့်ကြည့်ပြီး ဝေဖန်ထောက်ပြကာ အများပြည်သူထင်မြင်ချက်ကို ဦးဆောင်ပေးခဲ့ကြတဲ့ ဂျပန်စတုတ္ထမဏ္ဍိုင် (ဂျပန်သတင်းစာလောက)ရဲ့ အခန်းကဏ္ဍကလည်း အရေးပါတဲ့အခန်းကဏ္ဍက ပါခဲ့တယ်ဆိုတာ ဂျပန်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို လေ့လာသူတိုင်းလိုလိုက ထည့်သွင်းရေးသားခဲ့ကြပါတယ်။
● ဂျပန်က အစိုးရ၀န်ထမ်းတွေ
နောက်တစ်ခုက ခေါင်းဆောင်မှုအပိုင်းရဲ့ အဓိက ထောက်တိုင်တွေ ဖြစ်တဲ့ အုပ်ချုပ်ရေးဝန်ထမ်းအများစုရဲ့ ကိုယ့်အလုပ်ကိုယ်တာဝန်ကျေစွာလုပ်မှု ဖြစ်ပါတယ်။ သူတို့ဟာ ဘယ်ပါတီကနိုင်ငံရေးသမားတွေအစိုးရတက်ဖြစ်ဖြစ်၊ ပုံမှန်ကိုယ့်အလုပ်ကိုယ်လုပ်နေကြတာပါပဲ။ သူတို့ဆီမှာက ရာသက်ပန် အပြောင်းအလဲ မရှိတဲ့ အစိုးရဆိုတာ မရှိတဲ့ နိုင်ငံဖြစ်လေတော့ အာဏာရ ပါတီကလူတွေကို အသေကပ်ထားစရာမလိုဘူး။ ဘယ်ပါတီကိုမှလည်း သံယောဇဉ်ထားနေစရာမလိုဘူး။ သူတို့ဆီမှာ မိုးကျရွှေကိုယ်ဆိုတဲ့ လူ့ အလွှာလည်း လုံးဝမရှိ၊ ရှိခဲ့ရင်လည်း စတုတ္ထမဏ္ဍိုင်ရဲ့ ဖော်ထုတ်ဖွင့်ချမှုနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဂျပန်မှာ မသမာမှုတွေကို သတင်းစာတွေက ဖွင့်ချလို့ ၀န်ကြီးချုပ်တွေတောင် ပြုတ်ကျတဲ့သာဓကတွေ ရှိခဲ့ပါတယ်။
ဂျပန် အုပ်ချုပ်ရေးဝန်ထမ်းတွေရဲ့ လစာဝင်ငွေကလည်း အပြင်လုပ်ငန်းဌာနတွေက ပုဂ္ဂလိက၀န်ထမ်းတွေထက် ပိုများတယ်။ ပြီးတော့ တချို့နိုင်ငံတွေမှာလို အစိုးရ၀န်ထမ်းတွေကို အထင်သေးအမြင်သေး မဖြစ်ဘဲ ပြည်သူတွေက လေးစားသမှုရှိကြပါတယ်။ အစိုးရ၀န်ထမ်းတွေဟာလည်း လောဘတိုက်သူနဲ့ လောင်းကစားဖက်မိသူတွေကလွဲလို့ လာဘ်စားမှု၊ ငွေအလွဲသုံးမှုတွေ အလွန်နည်းပါးပါတယ်။
● စင်ကာပူလည်း အလားတူ
စင်ကာပူနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကိုလေ့လာရင်လည်း ခေါင်းဆောင်မှု အပိုင်းရဲ့ အရည်အသွေးကြောင့် ဆင်းရဲသားနိုင်ငံဘ၀ကနေ နှစ်အစိတ်လောက် အတွင်း ပထမကမ္ဘာစာရင်းဝင်နိုင်ငံဖြစ်သွားတာပဲလို့ တွေ့ရှိကြရပါတယ်။ စင်ကာပူကတော့ ဂျပန်လို လစ်ဘရယ် ဒီမိုကရေစီစနစ်ကို မကျင့်သုံးခဲ့ပါဘူး။ မလေးရှားကနေ ခွဲထွက်လာရပြီးချိန်ကစလို့ ခုချိန်ထိ ကြိုးကိုင်ဒီမိုကရေစီ စနစ်ကိုပဲ ကျင့်သုံးပါတယ်။ စင်ကာပူလည်း ဂျပန်လိုပဲ ဘာသယံဇာတမှ မထွက်ပါဘူး။ ဂျပန်ထက်ဆိုးတာက ဂျပန်က လူသားအရင်းအမြစ် ရှိပြီးသားအခြေအနေကနေ တိုင်းပြည်ကို ပြန်လည်ထူထောင်တာဖြစ်တယ်။ စင်ကာပူဟာ လွန်ခဲ့တဲ့ နှစ် ၅၀လောက်က အသိပညာ၊ အတတ်ပညာ၊ နည်းပညာလူသားအရင်းအမြစ် ဘာတစ်ခုမှ မရှိခဲ့ဘူး။ တချို့ချိုးနှိမ်ချင်သူတွေ ပြောသလို တံငါရွာသာသာအဆင့်ပဲရှိခဲ့တယ်ဆိုတာ မမှားပါဘူး။
အဲဒီအခြေအနေကနေ နိုင်ငံခြားလူသားအရင်းအမြစ်၊ နိုင်ငံခြား စီးပွားရေးရင်းနှီးမြှပ်နှံမှုတွေ စိတ်ချလက်ချ ၀င်လာအောင် ခေါင်းဆောင်ကြီး လီကွမ်ယူက ဖိတ်ခေါ်နိုင်ခဲ့တယ်။ ကိုယ့်ဆီက မျိုးဆက်သစ်လူငယ်တွေကို ပညာရေးဘက်မှာ ကမ္ဘာ့အဆင့်မီ ပညာတတ်တွေဖြစ်အောင် ပျိုးထောင် နိုင်ခဲ့တယ်။ (စင်ကာပူနိုင်ငံ ပထမကမ္ဘာစာရင်းဝင်ဖြစ်လာတဲ့အထိ အောင်မြင်မှု ဇာတ်လမ်းတွေကို စာအုပ်စာတမ်းတွေ အတော်များများထွက်ခဲ့ပြီးဖြစ်လို့ အကျယ်မရေးတော့ပါ။) ပြောချင်တာကတော့ ခေါင်းဆောင်မှုပါပဲ။
● ခေါင်းဆောင်ကို မွေးယူတယ်
လီကွမ်ယူက သူအနားယူတော့ တပည့်ကျော် တစ်ယောက် (ဂိုချောက်တောင်) ကို သူ့နေရာဆက်ခံစေခဲ့တယ်။ အဲဒီကာလများအတွင်း သားဖြစ်သူ လီရှောင်လုံးကို ခေါင်းဆောင်မှုပညာတွေ ဆည်းပူးစေခဲ့တယ်။ နတ်ရေကန်ထဲပစ်ချပြီး လူလားမြောက်ခိုင်းခဲ့တာမျိုးမဟုတ်။ ဟော- ဂိုချောက်တောင် ရာထူးသက်တမ်းနှစ်ဆက်လောက်လုပ်ပြီးတော့ လီရှောင်လုံးဝန်ကြီးချုပ် ၀င်လုပ်တယ်။ အားလုံး အဆင်ချောပါတယ်။ သူတို့ပီအေပီပါင်္တီကလည်း တိုင်းပြည်ထူထောင်ချိန်ကစလို့ ခုထိ အာဏာရပါတီပါပဲ။ ယနေ့ထိ လွှတ်တော်ထဲမှာ အတိုက်အခံအမတ် ၆ယောက်ထက်မပိုသေး။ နည်းမျိုးစုံနဲ့ ဤအခြေအနေကို အပြောင်းအလဲ မရှိအောင် လုပ်ထားပါတယ်။ ပြည်သူအများစုကလည်း စားဝတ်နေရေး မပူပင်ရတဲ့အတွက် ယေဘုယျအားဖြင့် ကျေနပ်နေကြတယ်။ စင်ကာပူနိုင်ငံသားဖြစ်ရမှုကို ဂုဏ်ယူနေကြတယ်။
● ဆိုရှယ်လစ်အမြင်နဲ့မတူ
သမိုင်းရဲ့ ဖြစ်ပေါ်တိုးတက်မှုကို ရှုမြင်တဲ့နေရာမှာ ဆိုရှယ်လစ် သမိုင်းအမြင်ကို လက်ခံသူများက လူပုဂ္ဂိုလ် အခန်းကဏ္ဍကို လက်အောက်ခံ ပြဿနာလို့ပဲ သဘောထားတယ်ဆိုတာ လမ်းစဉ်ပါတီခေတ်က ဆိုရှယ်လစ် နိုင်ငံရေးသင်တန်းနဲ့ ဆိုရှယ်လစ် သတင်းစာပညာသင်တန်း တက်ခဲ့ဖူးတဲ့ ကျွန်တော့်အနေနဲ့ နားရည်ဝနေပါတယ်။ သမိုင်းပညာရှင်၊ နိုင်ငံရေးဒဿနဆရာ ထောမတ် ကာလိုင်း (၁၇၉၅-၁၈၈၁) ကတော့ လူထူးချွန်တွေရဲ့ အခန်းကဏ္ဍဟာ သမိုင်းကို ဖန်တီးရာမှာ အလွန်အရေးပါ တယ်လို့ ဆိုခဲ့တယ်။ အလွန်အားကြီးတဲ့ လူပုဂ္ဂိုလ်တွေဟာ ကမ္ဘာကြီးရဲ့ အကောင်းအဆိုးကို အဆုံးအဖြတ်ပေးခဲ့ကြတဲ့ အကြောင်း အထောက်အထားတွေ ဖော်ပြခဲ့ပါတယ်။
● ချာချီ စတာလင်
ဒုတိယကမ္ဘာစစ်ကာလအတွင်း အင်္ဂလန်မှာ ချာချီဝန်ကြီးချုပ်ဖြစ် လာလို့ ဂျာမနီကို စစ်အနိုင် တိုက်နိုင်ခဲ့တာလို့ အများက ယုံကြည်ကြတယ်။ ချိန်ဘာလိန်သာဝန်ကြီးချုပ်ဆက်လုပ်နေရင် ဂျာမန်လက်အောင်ကျသွားနိုင်တယ် လို့ အဆိုရှိတယ်။ ရုရှားမှာ အာဏာရှင် စတာလင် ဓာတ်ကြမ်းတိုက်ပြီး ကြံ့ကြံ့ခံ ခဲ့လို့ ဂျာမန်တွေ ဦးကျိုးသွားတာလို့လည်း သမိုင်းဆရာတွေက ရေးတယ်။
● အပြောင်းအလဲတွေ ဖြစ်စေခဲ့
လူပုဂ္ဂိုလ် ခေါင်းဆောင်မှုရဲ့ အရေးပါမှုကို မှတ်တမ်းတင်ခဲ့ကြ တာတွေ အများကြီးပါ။ ဒုတိယကမ္ဘာစစ်အပြီးမှာ ကုလသမဂ္ဂအဖွဲ့ကြီး ပေါ်လာပြီး ဟမ္မားရှိုးလို၊ ဦးသန့်လို အတွင်းရေးမှူးချုပ်တွေ အစွမ်းပြနိုင်ခဲ့တာ၊ မာရှယ်တီတိုး၊ ချူအင်လိုင်း၊ ဆူကာနို၊ နေရူး၊ နာဆာ၊ ဦးနု စတဲ့ ပုဂ္ဂိုလ်များ ဦးဆောင်မှုကြောင့် ဘက်မလိုက်နိုင်ငံများအုပ်စုပေါ်လာခဲ့တာတွေဟာ အားကောင်းတဲ့ လူပုဂ္ဂိုလ် အခန်းကဏ္ဍတွေပဲ မဟုတ်ပါလား။
ဒါတင်မက ဖရန်ကို ကွယ်လွန်ပြီးနောက် ဆက်ခံသူ ဘုရင် ဟွမ်ကာလို့စ်ကြောင့် စပိန်နိုင်ငံဟာ ဒီမိုကရေစီနိုင်ငံဖြစ်လာခဲ့တယ်။ ဆိုဗီယက်မှာ ပြည်ထောင်စုသမတ ဂေါ်ဘာချော့ဗ်ကို စစ်တပ်က အာဏာသိမ်း တော့ ရုရှားပြည်ရဲ့ သမတ ယဲ့လ်ဆင်က တင့်ကားပေါ်ခုန်တက်ပြီး ရဲရဲတောက် တရားဟောကာ ခုခံတိုက်ပွဲဝင်ခဲ့လို့ တစ်ပါတီစနစ်အောက် ပြန်လည် ကျရောက်မယ့် အန္တရာယ်က လွတ်ကင်းခဲ့တယ်။ နယ်လ်ဆင် မင်ဒဲလားကြောင့် တောင်အာဖရိက နိုင်ငံရေးအပြောင်းအလဲ ချောမွေ့ခဲ့တယ်။ ဖိလစ်ပိုင်က ဗိုလ်ချုပ်ကြီး ရာမို့စ်ကြောင့် နာရီပိုင်းအတွင်း တစ်ဆစ်ချိုး အပြောင်းအလဲဖြစ်ပြီး ပြည်သူ့အာဏာ တော်လှန်ရေး အောင်ပွဲခံနိုင်ခဲ့တယ်။
ဒါကြောင့် ကျွန်တော်ကတော့ လူပုဂ္ဂိုလ်တစ်ဦးချင်း ခေါင်းဆောင် မှုကော၊ အစုအဖွဲ့လိုက် ခေါင်းဆောင်မှုရော အလွန်အရေးကြီးတယ်လို့ ပြောချင်တယ်။
၂၆ ၀၅ ၂၀၁၃

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။