"ပေါမိုက်တေလေ ငပေ ဒိုးလုံး"
ကျွန်တော်အကြိုက်ဆုံးမြူးဇစ်က အော်တာ၊ အကြိုက်ဆုံးအဆိုတော်က ဒိုးလုံး၊ သက္ကရာဇ်၂၀၀၀ တဝိုက်မှာ လူငယ်ဖြစ်ခဲ့သူအတော်တော်များများဟာ အော်တာနေးတစ်ဗ်နဲ့ ဒိုးလုံးကို ကြိုက်နှစ်သက်ခဲ့ကြပါတယ်။ နောက်ပိုင်းလူငယ်တွေထဲမှာလည်း ဒိုးလုံးကို ကောင်းကောင်းမသိမှီလိုက်ကြေ ပမယ့် ကြိုက်ကြတယ်ဆိုတာ တွေ့ရပါတယ်။
သူ့ရဲ့ ဂီတသက်တမ်းတိုတိုလေးမှာ အယ်လ်ဘမ်အရေအတွက်နည်းနည်းပဲ ထွက်ခဲ့ပါတယ်။ ပထမဆုံးခွေ "အရိုးထိအောင်ရူး" ၁၉၉၇ ခုနှစ်လောက်မှာ ထွက်ခဲ့တယ်။ AIDS နေ့ အထိမ်းအမှတ် သီချင်းပြိုင်ပွဲတစ်ခုမှာ ဆုရခဲ့တယ်။ သူ့မှာ ရေးထားတဲ့သီချင်းတွေရှိနေတယ်။ လေးဖြူက The Antsနဲ့ပူးပေါင်းစေပြီး တစ်ကိုယ်တော်မလုပ်ဖို့ တားမြစ်ရာက ခွာပြဲခဲ့ပြီး သူစီးနေတဲ့ကားကိုရောင်းချလို့ "အရိုးထိအောင်ရူး"ကို ထုတ်ခဲ့တယ်။ သိန်း ၃၀လောက် အရှုံးပေါ်ခဲ့ပါတယ်။ လူလည်း သိပ်မသိခဲ့ကြဘူး။ ဒုတိယခွေ "?" ကို ၂၀၀၀လောက်မှာ ထပ်ထုတ်ခဲ့တယ်။ တကယ်တော့ ဒုတိယခွေမှာ စီးရီးတိုင်တယ် ပေးမထားခဲ့ပါဘူး။ ပထမအခွေကလို သူ့အမေ သူ့သူငယ်ချင်းရေးတဲ့သီချင်း အနည်းအကျဉ်းပါခဲ့ပါတယ်။ အော်တာနေးတစ်ဗ် ဘာလဲဆိုတာကို စူးစမ်းနေသူတွေ အကြိုက်တွေ့ခဲ့ကြပါတယ်။ အော်တာနေးတစ်ဗ်ဆိုတဲ့အသံတွေ မြန်မာပြည်မှာ ကြားနေရပါပြီ။ ကျွန်တော်ကိုယ်တိုင်လည်း ဒုတိယခွေကို အကြိုက်ဆုံးပါပဲ။ တတိယခွေ "တစ်ယောက်သောချစ်သူ" ကိုတော့ TVမှာပါ ကြော်ငြာခဲ့လို့ လူတွေပိုသိလာကြတယ်။ Heart music production အရှိန်ကောင်းနေတဲ့အချိန်မှာ Heart ကနေ "အကောင်းဆုံးတေးများ"ထပ်ထွက်လာတယ်။ VCDခေတ်မှာ VCDပါထွက်လာခဲ့တော့ အုန်းခနဲ ထပေါက်သွားတယ်။ ရိုက်ကူးမှုပုံစံ ဆန်းသစ်တာလည်းပါမယ်ထင်ပါတယ် ။ တနိုင်ငံလုံးမှာ ဒိုးလုံးသီချင်းတွေ ကြားနေရတုန်း ဒိုးလုံးသီချင်းတွေ သီဆိုနေကြတုန်း အနိုင်နဲ့ပိုင်းပြီး နှုတ်မဆက်ဘဲ ရုတ်တရက် ထွက်ခွာသွားခဲ့တယ်။ ၂၀၀၃ ခုနှစ်....
တစ်ကိုယ်တော်အနေနဲ့ဆို လေးခွေပဲထွက်ခဲ့တယ်။ ဒါတောင် တစ်ခွေက selection။ အတွဲခွေအနေနဲ့ဆို စောအဂ္ဂ၊ ညီညီတာတို့နဲ့ "အဆင်ပြေမယ်ဆို"၊ မျိုးကျော့မြိုင်နဲ့ "စားသုံးကြည့်"၊ ကျော်ဟိန်းနဲ့ "မော်ဒန်အန်းတစ်" ချောစုခင်နဲ့ "အလိုတော်အတိုင်း"၊ အဲလက်စ် ဆုန်သင်းပါရ်တို့နဲ့ "လူရွှင်တော်"၊ အလိုတော်အတိုင်းနဲ့ လူရွှင်တော်ဟာ သူဆုံးပြီးမှ ထွက်လာတဲ့ခွေတွေပါ။ Groupခွေအနေနဲ့ဆို "ချစ်ခြင်းမေတ္တာ၏မှန်ကူကွက် များ" "Heart ဂီတည" "Heart Selection" "မြရိပ်ညို တန်ဆောင်တိုင်မီးထွန်းပွဲတော်" "အတောင်ပံတစ်ခုရဲ့ကောင်းကင် သစ်"။ ဇာတ်ဝင်တေးအနေနဲ့ "နေကမွေးတဲ့လ" ရုပ်ရှင်ဇာတ်ကားကြီးတွင် ဝင်ရောက်သီဆိုခဲ့သည်။ ဓမ္မတေးများကိုတော့ ထည့်သွင်းမဖော်ပြတော့ပါ။
ဆယ်နှစ်တောင်မရှိတဲ့ ဂီတသက်တမ်းတိုတိုလေးမှာ လူငယ်ထုကို အရိုးထိအောင်ရူးစေခဲ့တဲ့ ကိုဒိုးလုံးကွယ်လွန်ခဲ့တာ ဘာလိုလိုနဲ့ ၁၂ နှစ်ကြာခဲ့ပါပြီ။ ကျွန်တော်ရေးထားတဲ့ သူ့အကြောင်းကဗျာလေးနဲ့ အဆုံးသတ်ပါရစေ။
"ကောင်းကင်ဘုံမှ နားတစ်စုံ(သို့)ဒိုးလုံး သို့"
~~~~~~~~~~~~~~~~~~~~~~~~~~
အဖုံဖုံအော်ဟစ်နေတဲ့ အသံတွေကြားက
လွတ်လပ်တဲ့အတွေးအခေါ်ကို ရင်ဘတ်ထဲထည့်
တခါမှမကြားဖူးတဲ့ စကားလုံးအဆန်းတွေနဲ့
ဘောင်တွေအားလုံးကို ရိုက်ချိုးပြီး
ကောင်းကင်သစ်ဆီသို့ လေကိုဆန်ပျံသန်းလို့
လူငယ်တွေအားလုံးကို "အရိုးထိအောင်ရူး"သွားစေသူ
ဒါဟာ… …………
အမေရိကတိုက်ကို တွေ့ရှိခဲ့တာမဟုတ်ဘူး။
စူးအက်တူးမြောင်းကို ဖောက်လုပ်ခဲ့တာမဟုတ်ဘူး။
လကမ္ဘာပေါ် ခြေချခဲ့တာ မဟုတ်ဘူး။
အီရတ်ကို အနိုင်တိုက်ခဲ့တာ မဟုတ်ဘူး။
ဒါတွေဟာ………
သူ့စိတ်ရဲ့ ကျက်စားရာကို ဖော်ထုတ်တွေ့ရှိခဲ့တာဖြစ်တယ်။
ဘယ်သူမှ မဖောက်လုပ်သေးတဲ့ လမ်းသစ်ကို လျှောက်လှမ်းခဲ့တာ ဖြစ်တယ်။
မျိုးဆက်သစ်တစ်ခုရဲ့ ရင်ဘတ်ပေါ်ကို ခြေချခဲ့တာဖြစ်တယ်။
ခံစားတတ်သူအားလုံးရဲ့နှလုံး သားကို စိုးမိုးခဲ့တာဖြစ်တယ်။
ပြီးတော့……………………………………………သူဟာ
ေ ပါ မို က္ ေ တ ေ လ င ေ ပ ကြီးတစ်ယောက်လည်းဖြစ်တယ်။
★ ★ ★ အောက်တွင် ဒိုးလုံးသီချင်းများ ဒေါင်းယူနိုင်ဆင်နိုင်ဖို့ လင့်ခ်ပေးထားပါတယ်။ အဲ့ဒီမှာမပါတာတွေ လိုချင်လျှင် တောင်းဆိုနိုင်ပါတယ်။
http:// www.myanmarsongs.net/ artist/98/doe-lone
— ကျွန်တော်အကြိုက်ဆုံးမြူးဇစ
သူ့ရဲ့ ဂီတသက်တမ်းတိုတိုလေးမှာ အယ်လ်ဘမ်အရေအတွက်နည်းနည်းပဲ
တစ်ကိုယ်တော်အနေနဲ့ဆို လေးခွေပဲထွက်ခဲ့တယ်။ ဒါတောင် တစ်ခွေက selection။ အတွဲခွေအနေနဲ့ဆို စောအဂ္ဂ၊ ညီညီတာတို့နဲ့ "အဆင်ပြေမယ်ဆို"၊ မျိုးကျော့မြိုင်နဲ့ "စားသုံးကြည့်"၊ ကျော်ဟိန်းနဲ့ "မော်ဒန်အန်းတစ်" ချောစုခင်နဲ့ "အလိုတော်အတိုင်း"၊ အဲလက်စ် ဆုန်သင်းပါရ်တို့နဲ့ "လူရွှင်တော်"၊ အလိုတော်အတိုင်းနဲ့ လူရွှင်တော်ဟာ သူဆုံးပြီးမှ ထွက်လာတဲ့ခွေတွေပါ။ Groupခွေအနေနဲ့ဆို "ချစ်ခြင်းမေတ္တာ၏မှန်ကူကွက်
ဆယ်နှစ်တောင်မရှိတဲ့ ဂီတသက်တမ်းတိုတိုလေးမှာ လူငယ်ထုကို အရိုးထိအောင်ရူးစေခဲ့တဲ့ ကိုဒိုးလုံးကွယ်လွန်ခဲ့တာ ဘာလိုလိုနဲ့ ၁၂ နှစ်ကြာခဲ့ပါပြီ။ ကျွန်တော်ရေးထားတဲ့ သူ့အကြောင်းကဗျာလေးနဲ့ အဆုံးသတ်ပါရစေ။
"ကောင်းကင်ဘုံမှ နားတစ်စုံ(သို့)ဒိုးလုံး သို့"
~~~~~~~~~~~~~~~~~~~~~~~~~~
အဖုံဖုံအော်ဟစ်နေတဲ့ အသံတွေကြားက
လွတ်လပ်တဲ့အတွေးအခေါ်ကို ရင်ဘတ်ထဲထည့်
တခါမှမကြားဖူးတဲ့ စကားလုံးအဆန်းတွေနဲ့
ဘောင်တွေအားလုံးကို ရိုက်ချိုးပြီး
ကောင်းကင်သစ်ဆီသို့ လေကိုဆန်ပျံသန်းလို့
လူငယ်တွေအားလုံးကို "အရိုးထိအောင်ရူး"သွားစေသူ
ဒါဟာ… …………
အမေရိကတိုက်ကို တွေ့ရှိခဲ့တာမဟုတ်ဘူး။
စူးအက်တူးမြောင်းကို ဖောက်လုပ်ခဲ့တာမဟုတ်ဘူး။
လကမ္ဘာပေါ် ခြေချခဲ့တာ မဟုတ်ဘူး။
အီရတ်ကို အနိုင်တိုက်ခဲ့တာ မဟုတ်ဘူး။
ဒါတွေဟာ………
သူ့စိတ်ရဲ့ ကျက်စားရာကို ဖော်ထုတ်တွေ့ရှိခဲ့တာဖြစ်တယ
ဘယ်သူမှ မဖောက်လုပ်သေးတဲ့ လမ်းသစ်ကို လျှောက်လှမ်းခဲ့တာ ဖြစ်တယ်။
မျိုးဆက်သစ်တစ်ခုရဲ့ ရင်ဘတ်ပေါ်ကို ခြေချခဲ့တာဖြစ်တယ်။
ခံစားတတ်သူအားလုံးရဲ့နှလုံး
ပြီးတော့……………………………………………သ
ေ ပါ မို က္ ေ တ ေ လ င ေ ပ ကြီးတစ်ယောက်လည်းဖြစ်တယ်။
★ ★ ★ အောက်တွင် ဒိုးလုံးသီချင်းများ ဒေါင်းယူနိုင်ဆင်နိုင်ဖို့ လင့်ခ်ပေးထားပါတယ်။ အဲ့ဒီမှာမပါတာတွေ လိုချင်လျှင် တောင်းဆိုနိုင်ပါတယ်။
http://
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။