Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, October 9, 2015

မသိစိတ်ရဲ့ တန်ခိုးစွမ်းအင်


ဒီနေ့ရဲ့နောက်ဆုံးတစ်ပုဒ် အနေဖြင့် အပတ်စဉ် ဖော်ပြပေးနေကြဖြစ်သော ARTICLE ကဏ္ဍအတွက် ဆရာဖူးကျော်ဇင်(Future Wave) ရေးသားထားတဲ့ ‘‘မသိစိတ်ရဲ့ တန်ခိုးစွမ်းအင်’’ ဆိုတဲ့ ဆောင်းပါးလေးကို JOB seekers တို့အတွက် တင်ဆက်ပေးလိုက်ရပါတယ်။
(JOB seekers Journal အတွဲ ၄ အမှတ် ၅ ARTICLE ကဏ္ဍမ ကောက်နုတ်ချက်ဖြစ်ပါတယ်။)
---------------------------------------------------------------------
လူတွေရဲ့ ဦးနှောက်အသိဉဏ်ဟာ သိစိတ် နဲ့ မသိစိတ်ဆိုတဲ့ စိတ်အခြေအနေ နှစ်မျိုးပေါ်မှာ မူတည်ပြီး အလုပ်လုပ်ပါတယ်။သိစိတ်နဲ့ မသိစိတ် ဆိုတဲ့ အခြေအနေနှစ်ရပ်က တစ်ခုနဲ့တစ်ခု ဆက် နွယ်မှုရှိနေပါတယ်။ အမျိုးအစားတွေ ခွဲခြားသိခြင်း၊ နှိုင်းယှဉ်ခြင်း၊ ချင့်ချိန်ဝေဖန်ခြင်း၊ အကဲဖြတ် သုံး သပ်ခြင်း၊ဆုံးဖြတ်ချက်တွေချမှတ်ခြင်း စတဲ့ ကိစ်္စရပ် တွေကို အချင်းချင်းဆက်သွယ်ပြီး သူ့ကဏ္ဍအလိုက် ဆက်သွယ်ဆောင်ရွက်ကြပါတယ်။
စိတ်စွမ်းအင်ကို လေ့လာကြည့်တဲ့အခါမှာ သိ စိတ်ဟာ သတိထားမိနိုင်တဲ့စွမ်းရည်ရှိ အပြင်ပန်း စိတ်အခြေအနေဖြစ်ပြီး မသိစိတ်ကတော့ မမြင်နိုင် တဲ့စွမ်းရည်၊ အလွယ်တကူသတိမထားမိနိုင်တဲ့ အ စွမ်းအစတွေရှိတဲ့အတွင်းစိတ်၊ တိမ်မြှုပ်နေတဲ့ စိတ်၊ တန်ခိုးသတ်္တိထူးတွေအမြောက်အမြားကိန်းအောင်း နေတတ်တဲ့စိတ်ပဲဖြစ်ပါတယ်။
သိစိတ်နဲ့ မသိစိတ်ဟာ ပင်လယ်ရေပေါ် ပေါ လောပေါ်နေတဲ့ ရေခဲတောင်ကြီးလိုပါပဲ။ ရေပေါ် မှာ မြင်နေရတဲ့ ရေခဲတောင်ရဲ့အပိုင်းထက် ရေ အောက်မှာ တိမ်မြှုပ်နေတဲ့ ရေခဲတောင်ကြီးက အဆများစွာ ကြီးထွားလွန်းပါတယ်။ စိတ်ပညာ ရှင်ကြီးတွေရဲ့ အဆိုအရ မသိစိတ်ရဲ့ စွမ်းအင်ထူး ဟာ သိစိတ်မှာရှိတဲ့ စွမ်းအင်ထက် အဆပေါင်း သုံးသောင်းလောက်ကို ပြင်းထန်ပါတယ်။
ဒါကြောင့် သိစိတ်နဲ့ မသိစိတ်ကို စွမ်းအင်ခြင်း ယှဉ်ပြိုင်မယ်ဆိုရင် အင်အားခြင်းလုံးဝမမျှတဲ့အ တွက် မသိစိတ်ကပဲ အနိုင်ရသွားတတ်ပါတယ်။ မသိစိတ်က အစွမ်းအစတွေ ထွက်ပေါ်လာပြီး လုပ် ဆောင်တဲ့အခါမှာ တကယ့်အံ့မခန်း အောင်မြင်မှု တွေကို တွေ့ရှိရတတ်ပါတယ်။ ဥပမာ - အခက်အ ခဲတွေကြုံနေတဲ့အခြေအနေမျိုးတို့၊ အသက်အန်္တ ရာယ်နဲ့ တွေ့ကြုံနေတဲ့အခါမျိုးတို့မှာ မသိစိတ်ရဲ့ အစွမ်းတွေ ထွက်ပေါ်လာတတ်ပါတယ်။
သာမန်အချိန်မှာ လုံးဝမသယ်နိုင်တဲ့ ကြီး မားလေးလံတဲ့ သေတ်္တာကြီးတွေကို မီးလောင်နေ တဲ့အခါမျိုးမှာ သယ်ပြေးနိုင်တဲ့ စွမ်းအားဟာ မသိ စိတ်က ထွက်ပေါ်လာတဲ့ တန်ခိုးစွမ်းအင်ပါ။ ဒီလို တန်ခိုးစွမ်းအင်တွေဟာ လူတွေရဲ့ မသိစိတ်ထဲမှာ အထူးကိန်းအောင်းနေတတ်ပါတယ်။ ဒါကြောင့် ယနေ့ခေတ် အောင်မြင်ရေးစိတ်စွမ်းအင် ပညာ ရှင်ကြီးတွေက မသိစိတ်ထဲက စွမ်းအားအပြင်းဆုံး တန်ခိုးသတ်္တိတွေကို ဖော်ထုတ်သုံးစွဲပြီး ထိပ်တန်း အောင်မြင်မှုတွေရရှိဖို့ နည်းလမ်းတွေကို လေ့လာ စူးစမ်းခဲ့ကြပါတယ်။
မသိစိတ်ဟာ သူ့ကိုပြောသမျှအရာအားလုံး ကို အတားအဆီးမရှိ လက်ခံယုံကြည်တတ်ပါ တယ်။ အကောင်းအဆိုး၊ အကြောင်းအကျိုး၊အမှား အမှန် မခွဲခြားဘဲ သူ့ဆီဝင်လာသမျှကို လက်ခံယူ တတ်တယ်။ မသိစိတ်ဟာ ကွန်ပျူတာတစ်လုံးနဲ့ ဆင်တူပါတယ်။ ကွန်ပျူတာဆိုတာ သူ့ထဲကို ထည့် သွင်းလိုက်တဲ့ ဆော့ဖ်ဝဲလ်တွေ၊ သတင်းအချက် အလက်တွေကို သိမ်းဆည်းထားနိုင်စွမ်းရှိပါတယ်။ လိုအပ်တဲ့အချိန်မှာ လိုအပ်သလို အသုံးပြုဆောင် ရွက်နိုင်အောင် အချက်အလက်တွေ၊ အဖြေတွေကို ပြန်ထုတ်ပေးတတ်ပါတယ်။
တစ်နေကုန် အလုပ်တွေ မနားတမ်းလုပ်ပြီးလို့ အိမ်ပြန်လာတဲ့အခါမှာ သိစိတ်က ““ငါသိပ်ပင်ပန်း နေပြီ”” လို့ စတင်တွေးတောလိုက်တယ်ဆိုကြပါစို့။ ဒီအခါမှာ မသိစိတ်ဟာ ““ငါသိပ် ပင်ပန်းနေပြီ”” ဆို တဲ့ သတင်းကို ရရှိသွားတာနဲ့ ဒီသတင်းမှန်ကန် ကြောင်းကို သက်သေပြဖို့ အကြောင်းခိုင်လုံစေတဲ့ အရာတွေကို လုပ်ဆောင်ပြပါလိမ့်မယ်။ အချိန်တို အတွင်း ခန်္ဓာကိုယ်ဟာ တကယ်ပင်ပန်းလာသလို ခံစားလာရပြီး ခြေကုန်လက်ပန်းကျလာတတ်တယ်။ တဖြည်းဖြည်းနဲ့ ဘာမျှမလုပ်ချင် မကိုင်ချင်လောက် အောင်ကို အနားယူလာပါလိမ့်မယ်။ ဒါဟာ မသိ စိတ်က သူ့ကိုပြောထားတဲ့ ““ငါသိပ် ပင်ပန်းနေပြီ”” ဆိုတဲ့ စကား လုံးဝမှန်ကန်အောင် အထောက်အ ထားတွေကို ထုတ်ပြပေးလိုက်တာဖြစ်ပါတယ်။
ဒီလိုပါပဲ။ တစ်နေကုန် ပင်ပင်ပန်းပန်းနဲ့ အ လုပ်တွေများခဲ့ပေမယ့် ကိစ်္စတစ်ခုကို အခုပဲ ““မဖြစ် မနေ လုပ်ကိုလုပ်ရမယ်”” လို့ သိစိတ်က ဆုံးဖြတ် ချက်ချလိုက်တာနဲ့ ကျွန်တော်တို့ သတိမထားမိခင် မှာပဲ မသိစိတ်က ““မဖြစ်မနေ လုပ်ကိုလုပ်ရမယ်”” ဆိုတဲ့အချက်ကို ပြသဖို့အတွက် အသင့်ရှိနေပြီးသား စွမ်းအင်တွေကို သွားရောက်လှုံ့ဆော်ပါလိမ့်မယ်။
ကိုယ်က မနက်အစောကြီးထပြီး အရေးကြီးလုပ် စရာ ကိစ်္စရှိတဲ့အခါ ညအိပ်ယာမ၀င်မီကတည်းက ““ငါ မနက်စောစော ငါးနာရီ ထကို ထရမယ်၊ မထ လို့ကိုမဖြစ်ဘူး””လို့ ခိုင်မာတဲ့ဆုံးဖြတ်ချက်ချပြီး အိပ် စက်လိုက်တဲ့အခါမှာ မသိစိတ်ကို သတင်းပို့ပြီးသား ဖြစ်သွားပါတယ်။ လူက ကောင်းကောင်းအိပ်မော ကျသွားပေမယ့် မသိစိတ်က ဒီအချက်ကိုသက်သေ ပြဖို့ လုပ်ဆောင်ရန် အသင့်အနေအထား ဖြစ်နေပြီး သာပါ။ ထူးခြားအံ့သြစရာကောင်းလောက်အောင် ပဲ ကိုယ်သတ်မှတ်ထားတဲ့ အချိန်အတိအကျ အတိုင်းကို နိုးထလာတတ်ပါတယ်။ ဒါဟာ မသိ စိတ်ရဲ့ လှုံ့ဆော်စွမ်းအင်ကြောင့်ပါပဲ။
မသိစိတ်ဟာ ကျွန်တော်တို့ သတိမထားမိတဲ့ အချိန်တိုင်းလိုလိုမှာ အလုပ်လုပ်ဆောင်နေတတ် ပါတယ်။ သူဟာ ကျွန်တော်တို့ ယုံကြည်သမျှ ခံစား ချက်အတိုင်းတသွေမတိမ်း တုံ့ပြန်ဆောင်ရွက်တတ် ပါတယ်။ ““မလုပ်နိုင်ဘူး””လို့ မသိစိတ်မှာ စွဲနေရင် လုံးဝ မလုပ်နိုင်ပါဘူး။ ““လုပ်နိုင်တယ်”” လို့ စွဲမြဲ ယုံကြည်နေရင် လုပ်ကိုလုပ်နိုင်ပါတယ်။
အလုပ်ကိစ်္စတွေရှိတဲ့အခါမှာ ““သိပ်အရေး မကြီးပါဘူး၊ ခဏရွှေ့ဆိုင်းထားလို့ရပါတယ်”” လို့ စိတ်မှာ သတ်မှတ်လိုက်တာနဲ့ တစ်ပြိုင်နက် ပျင်းရိ ခြင်းကို ဖြစ်စေတဲ့ စိတ်ကူးတွေ၊ စိတ်ကို ထိုင်းမှိုင်း စေတဲ့အခြေအနေတွေကို မသိစိတ်က ဖြည့်ဆည်း ပေးမယ့် အခွင့်အလမ်းတွေ ဖန်တီးလာတတ်ပါ တယ်။ အလုပ်ကိစ်္စတွေကို ဟိုရွှေ့ ဒီရွှေ့နဲ့ ဘေး ချိတ်ထားတတ်တဲ့ အကျင့်က ကြာလာလေလေ ပိုပျင်းတတ်လာလေ ဖြစ်တတ်ပါတယ်။ အလုပ်ကိစ်္စ တိုင်းကို အရေးမကြီးပါဘူးဆိုတဲ့ အစွဲတွေဖြစ်လာ တတ်ပါတယ်။
တကယ်တော့ လူတွေအားလုံး အရေးတကြီး အလုပ်တွေ လုပ်ဆောင်နေတဲ့အချိန်မှာ သုံးစွဲလို့ မကုန်ဘူးလို့ ထင်ရတဲ့ စွမ်းအင်တွေရှိနေတတ်ပါ တယ်။ သာမန်လူသားတစ်ယောက်ဟာ သူ့မှာရှိနေ တဲ့ အစွမ်းအစတွေအားလုံးရဲ့ ၀.၀၂ % ကိုသာ အသုံးချကြပါတယ်လို့ အိုင်းစတိုင်းကြီးကဆိုခဲ့ပါ တယ်။ လူသာမန်ဘ၀မှ ရုန်းထွက်နိုင်တဲ့ စွမ်းအားနဲ့ အမြင့်မားဆုံး အောင်မြင်မှုအားလုံးတို့ဟာ မသိ စိတ်မှာရှိတဲ့ စွမ်းအင်တွေရဲ့ လှုံ့ဆော်အားတွေကို ကောင်းကောင်း ထုတ်သုံးတတ်လို့ သာဖြစ်ပါတယ်။
ဒါကြောင့် ဘ၀အောင်မြင်မှုတွေကို အလွယ် တကူနဲ့ ရယူပိုင်ဆိုင်ချင်တဲ့သူတိုင်းဟာ မသိစိတ်ရဲ့ တန်ခိုးစွမ်းအားကို အားကိုးအသုံးချပြီး အရာအား လုံးကို ဖန်တီးလုပ်ဆောင်နိုင်ပါတယ်။ မသိစိတ်ကို လုံးဝယုံကြည်ပြီး အသုံးချတတ်မှသာ မသိစိတ်က ပိုမိုရင့်ကျက်လာပြီး တန်ခိုးစွမ်းအားတွေကို တိုးပွား လာစေမှာဖြစ်ပါတယ်။ မသိစိတ်ကို အသုံးချလေ လေ၊ ယုံကြည်မှုပိုရှိလေ၊ ယုံကြည်မှုတွေ ရှိလာလေ လေ မသိစိတ်တန်ခိုးစွမ်းအင် ပိုပြီးပြင်းထန်လာလေ လေပဲဖြစ်ပါတယ်။
Let's Fly Together!
ဖူးကျော်ဇင်(Future Wave)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။