Yoyarlay added 7 new photos — with Thet Hlaing and 2 others.
.
Ref: cctvnews
အောင်ခမ်း (ရိုးရာလေး) www.yoyarlay.com
#aungkham_yyl #news_yyl
(Unicode version)
ဇနီးအတွက် အဖိုးအို ကိုယ်တိုင် တီထွင်ပေးခဲ့တဲ့ လူနာ ကုလားထိုင်
တရုတ်ပြည်မှ Xu Suobao လို့ အသက် ရ၉ နှစ်အရွယ် အမျိုးသားဟာ သူ့ရဲ့ ဇနီးဖြစ်သူ လူနာကို ပြုစု စောင့်ရှောင့်ပေးနေတာ လွန်ခဲ့တဲ့ နှစ်လေးဆယ်ကျော် ကတည်းက ဖြစ်ပါတယ်။ rheumatism လို့ အမည်ရတဲ့ အရိုး အကြောလွဲ ရော တစ်မျိုးကို စတင် ခံစားရကတည်းက ခင်ပွန်းဖြစ်သူဟာ သူမကို နေ့တဓူဝ ပြုစု စောင့်ရှောင့်ပေးလာခဲ့ခြင်း ဖြစ်ပါတယ်။
အဖိုးအို အနေနဲ့ ပြုစု စောင့်ရှောင့်ကို လွယ်ကူစေရန် ယခုနှစ်ပိုင်း အတွင်း လူနာ ကုလားထိုင် တစ်လုံးကို အောင်မြင်စွာ တီထွင်ေ ပးနိုင်ခဲ့ ပါတယ်။ ဘက်ထရီ ထည့်သွင်း အသုံးပြုရပြီး လူတွန်းစရာ မလိုပဲ သူ့အလိုလို သွားစေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကုလားထိုင်မှာ တစ်ခါတည်း အလေးအပေါ့ သွားလို့ရအောင်ပါ စီစဉ်ထားပေး ပါတယ်။
အဖိုးအို အနေနဲ့ နေ့စဉ်နေ့တိုင်း သူ့ချစ်သူ အဖွားအိုကို ယင်း ကုလားထိုင် တွန်းလို့ အပြင်ထွက်ခြင်း၊ ဆေးခန်း သွားခြင်းတို့ကို ပုံမှန် ပြုလုပ်ပါတယ်။ သူတို့ရဲ့ သားသမီးဟာ သူတို့ အနီးအနားမှာ ရှိမနေ ပါဘူး။ သူတို့ နှစ်ဦးတည်း နေထိုင်ကြခြင်း ဖြစ်ပါတယ်။
အဖိုးအိုရဲ့ ဇနီးအပေါ် ထားတဲ့ အချစ် မေတ္တာကိုရော တီထွင် ကြံဆနိုင်မှုကိုရော အများက လေးစား အသိအမှတ်ပြုခဲ့ကြ ပါတယ်။
.
Ref: cctvnews
အောင်ခမ်း (ရိုးရာလေး)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။