ဘောင်းဘီရှည် ဝတ်ကြတဲ့ အခါ
Social Skills ကိုပြောရင်း Smart Dressing ကို ပြောချင်လာတယ်..။ အမျိုးသားများ ဘောင်းဘီရှည်ဝတ်တဲ့ အလေ့အထ အတော်ထွန်းကားလာတာတွေ့ရပါပြီ..။ ဒါဟာ Globalization ကို ကူးပြောင်းခြင်းပါပဲ..။ အဲဒီလိုကူးပြောင်းရာမှာ ကိုယ်နဲ့ အံဝင်ခွင်ကျ ဖြစ်တဲ့ အဝတ်အစားကို ရွေးချယ် ဝတ်ဆင်တတ်တာကို Smart Dressing လို့ပြောချင်တာပါ..။ ဘောင်းဘီရှည်တွေဟာ ခေတ်အလိုက် ပြောင်းလဲခဲ့ကြတယ်..။ ဘောင်းဘီရှည်ခြင်းအတူတူ ကြပ်တာ ပွတာ ရှူးတာ ကားတာ ရှေ့ဒေါက် (Pleat) ပါတာ. မပါတာ (ဒေါက်ပျောက်)..။ ချက်အပေါ် .. ချက်ပြုတ်.. ဂွတို.. ဂွရှည် .. ရှေ့အိတ်.. နောက်အိတ်..ဘေးအိတ်..ဆိုပြီး အမျိုးမျိုး ဖြစ်တည်ခဲ့ကြ .. တီထွင်ခဲ့ကြတယ်..။
Smart Trouser တွေကို ဒီနေ့ စတိုင်ပင် (Style Pant) လို့လဲ ခေါ်ကြပါတယ်..။ အဲဒါကို ဝတ်တဲ့ အခါမှာ အရှည်ကို ဂရုစိုက်ရပါတယ်..။ ဘောင်းဘီရဲ့ အရှည်ဟာ စီးထားတဲ့ ရှူးဖိနပ်ရဲ့ အထက်မှာပဲ ရှိရပါတယ်..။ ဒါမှ ခေါက်ရိုးပေါ်အောင် မီးပူ အကျအန တိုက်ထားတဲ့ ဘောင်းဘီရဲ့ စမတ်ကျ မှုကို ဖေါ်ပြနိုင်မှာပါ..။ ဖိနပ်ပေါ်မှာ ဘောင်းဘီ အောက်ဖျားက ပုံကျ ပြီး တွန့်ခေါက်နေရင် Smart မဖြစ်တော့ပါဘူး..။ ဒါကို ချုပ်လုပ်တဲ့ စက် ချုပ်ဆရာများကလဲ သတိထားဖို့ လိုသလို ဝတ်ဆင်သူကလဲ သတိထားသင့်ပါတယ်..။ ခါးမှာ အဆင်ပြေနေရုံနဲ့ smart trouser ဖြစ်မလာနိုင်ပါဘူး..။ ဘောင်းဘီရှည်ဝတ် ရှူးစီးပြီး မှန်ထဲမှာ ကြည့် လိုက်ပါ..။ ဖြောင့်ဖြောင့်စင်းစင်း မနေပဲ အောက်မှာ ပုံကျ ပြီး တွန့်နေတယ် ဆိုရင် ပြင်သင့်တာကို ပြင်ရမှာပါ..။ smart trouser မဟုတ်တဲ့ တခြား ဘောင်းဘီရှည်တွေကို ဝတ်ဆင်ရာမှာတော့ တွန့်တာ လိပ်တာ ..တို့ ခြေထောက်အဖျားမှာ ပုံကျ နေတာတို့ဆိုတာ တွေဟာ ကိစ္စမရှိပါဘူး..။
ချစ်ခင်စွာဖြင့်
ကောင်းလွန်း

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။