အမေ့မျက်နှာပေါ်က အမာရွတ်
--------------------
ကောင်လေးက မူလတန်းကျောင်းမှာ သူပထမဆုံးကြုံရသည့် မိဘဆရာအသင်း အစည်းအဝေးပွဲ အတွက် အမေ့ကို ဖိတ်ခိုင်း တော့ သူဖိတ်သည်။ သို့သော် အမေ တကယ် တက်မည် ဆိုသည့်အခါ သူလန့် သွားသည်။ သူ့မိခင်ကို အတန်းဖော်များနဲ့ ဆရာမ ပထမဆုံးအကြိမ် အဖြစ် မြင်ကြ ရတော့မည် ဆိုတာ တွေးကာ ထူထူပူပူ ဖြစ်သွားသည်။
မိခင်က နဂိုမူလ ရုပ်ရည်ချောမောသူတစ်ဦးဖြစ်သ ည်။ သို့သော် မျက်နှာညာဘက် အခြမ်းမှာ အတော် ဆိုးဆိုးဝါးဝါး အမာရွတ် ကြီး တစ်ခု ထင်နေသည်။
ကောင်လေးက ဒီအမာရွတ် အကြောင်း မကြားချင်။ သည်အမာရွတ်ကြီး ဘာကြောင့် ရသလဲ၊ ဘယ်လို ရသလဲ မသိချင်။ ဒါကြောင့် ဘယ်တော့မှ သူမမေး။
အစည်းအဝေးမှာ အခြားလူများနှင့်ဆုံကြတော့ သူ့မိခင်မှာ အမာရွတ်ရှိတာ မှန်သော်လည်း ပင်ကိုယ် အလှ ရှိတာ၊ ယဉ်ကျေးပျူငှာတာ တွေကြောင့် လူတွေကသဘောကျကြသည်။ ဒါကိုမြင်သော်လည်း ကောင်လေး ရှက်စိတ်မပြေ၊ ရှောင်ဖယ် ပုန်းလျှိုးလျက်သာ နေသည်။
သို့သော် တစ်နေရာမှာတော့ ဆရာမနှင့် သူ့မိခင်တို့ စကားပြောနေကြတာ သူကြားရသည်။
"မျက်နှာပေါ်က အမာရွတ်ကဘယ်လိုရတာလဲ" ဆရာမ ကမေးသည်။
"သားလေးနို့စို့အရွယ်တုန်းက ပေါ့။ သူ့အခန်းထဲ မီးလောင်တော့ သားက ခုတင်လေးထဲမှာ၊ အခန်း ထဲ မှာကလည်း မီးတွေက တဟုန်းဟုန်း ဆိုတော့ ဘယ်သူမှမဝင်ရဲဘူး ၊ကျွန်မ အတင်း ဝင်ပြေးတာ။ အဲ့ဒီ မှာ ကျွန်မသား အပေါ် ထုပ်တန်းကြီး တစ်ခုပြုတ်ကျလာတော့ ပြေးပြီး ကာလိုက်တာ ကျွန်မကို ရိုက်မိ ပြီး အဲ့ဒီမှာတင် မေ့လဲသွားတယ်။ ကံအားလျော်စွာပဲ မီးသတ်သမား ရောက်လာပြီး ဝင်ကယ်လို့ သားအမိ နှစ်ယောက်လုံး အသက်ချမ်းသာရာရတာ။"
မိခင်က မျက်နှာပေါ်ရှိ မီးလောင်ရာအမာရွတ်ကို စမ်းရင်း ပြောပြနေသည်။ "တစ်သက်လုံး အမာရွတ် ကြီး တစ်ခုတော့ ထင်သွားတာ ပေါ့လေ၊ ဒါပေမယ့် ဒီအတွက် ကျွန်မ တစ်ခါမှ ဝမ်းမနည်း မိပါဘူး"
သည်စကား ကြားတော့မှ ကောင်လေး မျက်ရည် တွေအဝိုင်းသားနှင့် ပြေးထွက်လာကာ အမေ့ကို ဖက် သည်။ သူ့အတွက် အသက် ကာကွယ်ပေးမည့် အမေ၏ စေတနာ၊ အမေ့ဂရုဏာတွေကို ခံစားရကာ သူ့ရင်ထဲမှာ လှိုက်ကာ နေသည်။ အဲ့သည့်တစ်နေ့လုံး အမေ့လက်ကို တင်းတင်းဆုပ်ထားသည်။ တစ်ချက်မျှပင် မလွှတ်တော့။
ဖေမြင့် (နှလုံးသား အာဟာရ) စာအုပ်မှ ကူးယူဖော်ပြသည်။
--------------------
- မှတ်စုကြမ်း #kyawnge
--------------------
ကောင်လေးက မူလတန်းကျောင်းမှာ သူပထမဆုံးကြုံရသည့် မိဘဆရာအသင်း အစည်းအဝေးပွဲ အတွက် အမေ့ကို ဖိတ်ခိုင်း တော့ သူဖိတ်သည်။ သို့သော် အမေ တကယ် တက်မည် ဆိုသည့်အခါ သူလန့် သွားသည်။ သူ့မိခင်ကို အတန်းဖော်များနဲ့ ဆရာမ ပထမဆုံးအကြိမ် အဖြစ် မြင်ကြ ရတော့မည် ဆိုတာ တွေးကာ ထူထူပူပူ ဖြစ်သွားသည်။
မိခင်က နဂိုမူလ ရုပ်ရည်ချောမောသူတစ်ဦးဖြစ်သ
ကောင်လေးက ဒီအမာရွတ် အကြောင်း မကြားချင်။ သည်အမာရွတ်ကြီး ဘာကြောင့် ရသလဲ၊ ဘယ်လို ရသလဲ မသိချင်။ ဒါကြောင့် ဘယ်တော့မှ သူမမေး။
အစည်းအဝေးမှာ အခြားလူများနှင့်ဆုံကြတော့ သူ့မိခင်မှာ အမာရွတ်ရှိတာ မှန်သော်လည်း ပင်ကိုယ် အလှ ရှိတာ၊ ယဉ်ကျေးပျူငှာတာ တွေကြောင့် လူတွေကသဘောကျကြသည်။ ဒါကိုမြင်သော်လည်း ကောင်လေး ရှက်စိတ်မပြေ၊ ရှောင်ဖယ် ပုန်းလျှိုးလျက်သာ နေသည်။
သို့သော် တစ်နေရာမှာတော့ ဆရာမနှင့် သူ့မိခင်တို့ စကားပြောနေကြတာ သူကြားရသည်။
"မျက်နှာပေါ်က အမာရွတ်ကဘယ်လိုရတာလဲ" ဆရာမ ကမေးသည်။
"သားလေးနို့စို့အရွယ်တုန်းက
မိခင်က မျက်နှာပေါ်ရှိ မီးလောင်ရာအမာရွတ်ကို စမ်းရင်း ပြောပြနေသည်။ "တစ်သက်လုံး အမာရွတ် ကြီး တစ်ခုတော့ ထင်သွားတာ ပေါ့လေ၊ ဒါပေမယ့် ဒီအတွက် ကျွန်မ တစ်ခါမှ ဝမ်းမနည်း မိပါဘူး"
သည်စကား ကြားတော့မှ ကောင်လေး မျက်ရည် တွေအဝိုင်းသားနှင့် ပြေးထွက်လာကာ အမေ့ကို ဖက် သည်။ သူ့အတွက် အသက် ကာကွယ်ပေးမည့် အမေ၏ စေတနာ၊ အမေ့ဂရုဏာတွေကို ခံစားရကာ သူ့ရင်ထဲမှာ လှိုက်ကာ နေသည်။ အဲ့သည့်တစ်နေ့လုံး အမေ့လက်ကို တင်းတင်းဆုပ်ထားသည်။ တစ်ချက်မျှပင် မလွှတ်တော့။
ဖေမြင့် (နှလုံးသား အာဟာရ) စာအုပ်မှ ကူးယူဖော်ပြသည်။
--------------------
- မှတ်စုကြမ်း #kyawnge

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။