Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, October 21, 2015

မွန်တွေ ကိုတကယ်တန်းချစ်တယ်ဆိုရင်.......။


မွန်တွေ ကိုတကယ်တန်းချစ်တယ်ဆိုရင်.......။
=============================
မွန်အမျိုးအနွယ်အတွင်းမှ ပေါက်ဖွားဆင်းသက်လာရသည်ပင် စာရေးသူအနေနဲ့ ဂုဏ်ယူစရာတရပ်ဟုထင်မိပါသည်။
အကြောင်းသော်ကား မွန်လူမျိုးသည် မွန်ခမာအနွယ်မှဆင်းသက်လာသော လူမျိုးကြီးတရပ်ဖြစ်သည့်အပြင်
ဂေါတမဘုရားရှင်ပွင့်တော်မူစအချိန်မှစ၍ ရာတနာသုံးပါးလေးစားရမှန်း၊ တစ်ဦးနဲ့တစ်ဦးဆက်ဆံရာတွင်
ယဉ်ကျေးသိမ်မွေ့ရမှန်းတစတစသိလာကာ၊ ကိုယ့်မင်းကိုယ့်ချင်း၊ ကိုယ့်တိုင်းပြည်ကိုယ့်စာပေ
ကိုယ်ပိုင်ယဉ်ကျေးမှုအဆင့်ထိတိုးတက်လာသောကြောင့်ဖြစ်ပါသည်။

ဤသို့ခေတ်အဆက်ဆက်ချီတက်လာသော်လည်း စာပေယဉ်ကျေးမှုများမပျောက်ကွယ်ပဲ ယခုထက်တိုင်တည်ရှိနေနိုင်ခြင်းမှာ
မွန်မျိုးချစ်များဖြစ်ကြသောဘဘေး၊ ဘိုးဘီဘင်နောင်တော်ဆွေမျိုးစဉ်ဆက်တို့၏ ကျေးဇူးကြောင့်ဟုဆိုလျှင်မှားနိုင်မည်မထင်၊
မွန်ခမာနောက်မှမြန်မာပြည်တွင်းသို့ဝင်ရောက်လာသော
ပျူ၊ကမ်းယံ၊သက်လူမျိုးတို့မှာယခုအခါကျောက်စာအချို့မှလွဲ၍
လူမျိုးတစ်ရပ်အနေဖြင့်လက်ဆုပ်လက်ကိုင်ပြစရာလောက်အောင်ပင်ဤနိုင်ငံမှဆိတ်သုန်းသွားရသည်။

ဤသို့လူမျိုးပျောက်ကွယ်ရခြင်းမှာ ငါးကြီးကငါငယ်ကိုစား၊ ငါးငယ်ကပုစွန်ဆိက်ကိုစား၊ ပုစွန်ဆိတ်ကရေညှိကိုစားသကဲ့သို့
လူမျိုးကြီးတစ်ရပ်က လူမျိုးစု၊လူနည်းစုကိုဝါးမျိုသောကြောင့်လည်းကောင်း၊ လူမျိုးချင်းချင်းရောနှောဆက်ဆံ
ခြင်းကြောင့်သော်လည်းကောင်း၊ မိတို့၏စာပေယဉ်ကျေးမှုထက် တပါးအမျိုးနွယ်တို့၏ စာပေယဉ်ကျေးမှုကိုအထင်ကြီး
သောကြောင့် လည်းကောင်း၊ အစရှိသောအကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပေလိမ့်မည်။

ဘာသာစကားသည်ပထမ
အမျိုးသားတိုင်းမိမိတို့၏ အမျိုးမပျောက်ကွယ်သွားအောင် အရှည်တည်တံ့အောင် အမျိုးအပေါ်တွင်
သစ္စာရှိရမည်၊စောင့်ထိန်းရမည့် တာဝန်ကိုယ်စီရှိရမည်၊ မိမိ၏အမျိုးကို ချစ်ခင်လေးစားရမည်၊ ကမ္ဘာ့လောကတွင်
ဤအမျိုးအနွယ်ကမြတ်သည်၊ ဤအမျိုးအနွယ်ကယုတ်သည်ဟူ၍ အတိအကျတိုင်းတာ၍ ရမည်မဟုတ်ပါ။
မိမိ၏လူမျိုးဘယ်အခြေအနေရောက်ရောက်နေစေကာမူ မိမိ၏လူမျိုးရှေ့တန်းရောက်အောင် တိုးတက်လာအောင်ကြိုးစားရမည်မှာ
လူတိုင်းရှောင်ဖယ်၍ မရသော အဓိကတာဝန်တရပ်ဖြစ်ပေသည်။

လူမျိုးတစ်ရပ်၏အဓိကလက္ခဏာသည်ကာ ဘာသာစကားပင်ဖြစ်၏။ ကိုယ်ပိုင်ဘာသာစကားမရှိသောလူမျိုးစုတခုအနေဖြင့်
ရပ်တည်ဖို့ခဲယဉ်းလှပေသည်။ လူမျိုးတိုင်းကိုယ်ပိုင်ဘာသာစကားရှိသရွေ့ လူမျိုးတစ်ရပ်အ ဖြစ်တည်တံ့နိုင်သေးသည်သာဖြစ်၏။

မွန်တွေ ကိုတကယ်တန်းချစ်တယ်ဆိုရင်

ဘာသာစကားသည်ပထမ
-------------------------
ဘာသာစကားသာပျောက်ကွယ်သွားရင်“ဒါမွန်လူမျိုးပဲ၊ဒါဗမာလူမျိုးပဲ”ဟုညွှန်ပြစရာပင်ရှိမည်မဟုတ်။
ထို့ကြောင့်မွန်မျိုးချစ်ပုဂ္ဂိုလ်တိုင်းမွန်ဘာသာစကားကိုသင်ကြားရမည်။လေးစားရမည်။ မွန်စကားကိုနေရာတကာပြောကြားရပေမည်။

စာရေးသူတို့ငယ်စဉ်က အစိုးရစာသင်ကျောင်းတွင်နေရသဖြင့်
ကျောင်းမှာဗမာလိုအချင်းချင်းပြောကြအိမ်ရောက်ပြန်လျှင်လည်းဗမာလိုပြောကြသည်ကိုအဘိုးလုပ်သူကမြင်ပြင်းကပ်၍
“အိမ်မှာတော့ကိုယ့်အချင်းချင်းမွန်လိုပြောကြပါ”ဟုမိမိတို့ညီအကို ကိုတိုက်တွန်းခဲ့ဘူးသည်။ကလေးဘ၀မှစ၍မိမိ၏မိခင်ဘာသာ
စကားနှင့်ထိတွေ့မှုမရှိခဲ့ရင်ထိုကလေးသည်
ကြီးပြင်းလာသောအခါပိုဆိုးဘို့သာရှိတော့သည်။
မိမိ၏မိခင်ဘာသာစကားကိုလေးစားစားရမှန်းမသိတော့ပဲသူတပါး၏ဘာသာစကားကိုသာအထင်ကြီးလာပေလိမ့်မည်။

မိမိလူမျိုးရဲ့မြင့်မြတ်တဲ့ဘာသာစကားကိုသားသမီးတို့အား
လက်ဆင့်ကမ်းပေးရန်ပုခက်လွှဲသောလက်ပိုင်ရှင်မွန်မိခင်တိုင်း၊မွန်ကိုတကယ်ချစ်တဲ့မွန်ဖခင်တိုင်း၏တာဝန်ပင်ဖြစ်ပေသည်။

စာပေသည်ဒုတိယ
------------------
လူ့ယဉ်ကျေးမှုစတင်ကတည်းက ဘာသာစကားသည်တစ်ဦးနဲ့တစ်ဦး နားလည်အောင် ဆက်သွယ်ရာတွင် ပနာနကျသော
လက်နက်ကရိယာတစ်ခုပင်ဖြစ်သည်။ ဘာသာစကားပေါ်ပေါက်ပြီးမှသာ ဘာသာစကားကိုမှတ်တမ်းတမ်းတင်သည့်စာအရေး
အသားပေါ်ပေါက်လာရသည်။

ဘယ်လူမျိုးတွေကမှစာအရေးအသားကဦးစွာပေါ်၍ဘာသာစကားနောက်မှပေါ်သည်ဟူ၍မရှိပေ။
လူတိုင်းလူတိုင်းရှေးဦးစွာ “ချိုမိုင်မိုင်”သင်လာရသည့်အချိန်မှစ၍ စာသင်ကျောင်းသို့မရောက်မှီကာလအတွင်း“ပုဗ္ဖစရိယမိနှင့်ဘ”
တို့၏လက်ထဲတွင်ဘာသာစကားကို သင်ကြားခဲ့ရသည်၊ထိုကြောင့်စာပေသည်လူမျိုးတည်တံ့ရေး၏ဒုတိယမှတ်ကျောက်ဖြစ်ပေသည်။

ယခုအခါမွန်အမျိုးသား၊အမျိုးသမီးတိုင်း မွန်ဘာသာပြောတတ်သည်ကိုထားဘိဦး၊မွန်ဘာသာဖြင့်ရေးတတ်၊ ဖတ်တတ်ရန်
ခပ်ရှားရှားဖြစ်လာသည်မှာ စာရေးသူအနေနဲ့ အလွန်ဝမ်းနည်းမိပါသည်၊
ဤကဲ့သို့မွန်ဘာသာကိုသာပြောတတ်၍မရေးတတ်၊
မဖတ်တတ်ရခြင်းမှာစာသင်ချိန်အရွယ်ရောက်သည်နှင့်
အစိုးရစာသင်ကျောင်းသို့ပို့ကြသောကြောင့်ပင်ဖြစ်ပေသည်။
စာရေးသူအနေနဲ့မွန်ကလေးငယ်များကိုအစိုးရကျောင်းဆီသို့မပို့ရဟု မဆိုလိုပါ။
သို့သော်အစိုးရကျောင်းမှာနေရင်းမိဘလုပ်သူကအားလျှင်အားသလိုသင့်တော်သည့်အချိန်မှာ....မွန်စာပေသင်ကြားသင့်ပေသည်

စာရေးသူအနေနဲ့အစိုးရမူလတန်းကျောင်းနေကတည်းက မွန်စာကိုကောင်းကောင်းရေးတတ်၊ဖတ်တတ်နေပေပြီ၊
အကြောင်းမှာအစိုးရကျောင်းတွင်နေရင်းအဘိုးက ကျောင်းပိတ်ရက်(အဖိတ်၊ဥပုသ်)ရက်နေ့တိုင်းဘုန်းကြီးကျောင်း
တက်ခိုင်း၍မွန်စာသင်စေခဲ့သည်။

နွေရာသီကျောင်း(၂)လပိတ်ချိန်တွင်လည်း(၂)လလုံးလုံးဘုန်းကြီးကျောင်းမှာ အချိန်ကုန်ရပြန်သည်။ စာရေးသူအနေနဲ့(၁၂)နှစ်
လုံးလုံးစာသင်နေရသည်မှာငြီးငွေ့ခဲ့သည်။
အဘိုးဖြစ်သူ၏အမိန့်ပညတ်ချက်ကိုမလွန်ဆန်ဝံ့၊အဘိုးကိုကြောက်နေရသဖြင့်
အစိုးရကျောင်းနှင့်ဘုန်းကြီးကျောင်းတွင်သံသရာလည်ခဲ့ရသည်။အဘိုးကွယ်လွန်သော
အခါမှအဘိုး၏ကျေးဇူးကိုဆပ်၍မကုန်နိုင်အောင်ကြီးမားကြောင်းသိရသည်။

ကျွနုပ်တို့လူမျိုးများမှာမွန်စာမတတ်လျှင်နေရမည်၊ဘာသာခြားတရုတ်၊ကုလားတို့မှာ အမျိုးသားကျောင်းအသီးသီးဖွင့်ကာအချိန်ပိုင်း
သော်လည်းကောင်း၊ အချိန်ပြည့်သော်လည်းကောင်း၊မိမိတို့စာပေကိုသင်ကြားနေ ကြသည်။
ထို့ကြောင့်တရုတ်လူမျိုး၊ကုလားလူမျိုးတိုင်းလိုလိုမိမိတို့၏ ဘာသာစကားကိုပြောတတ်ကြလည့်အပြင် ကောင်းမွန်စွာရေးတတ်၊
ဖတ်တတ်ကြပေသည်။ အတုယူစရာကောင်းလှပေသည်။တိုင်းရင်းဖွားမွန်လူမျိုးအနေဖြင့်မွန်စာတတ်ရန်ဘုန်းကြီးကျောင်းကိုသာ
အားကိုးရရှာသည်။

မွန်အမျိုးသားကျောင်းဟူ၍အသီးအခြားမရှိခဲ့။ဘုန်းကြီးကျောင်းဆိုရာ၌လည်းကျောင်း သူများကိုလက်ခံသည်မဟုတ်၊ထို့ကြောင့်မွန်စာကို
ဖတ်တတ်စရာရှိလျှင်ယောကျာ်းများသာတတ်၍မိန်းမများမတတ်ပဲရှိကြရသည်။
မွန်ဒေသရှိအချို့သောမူလတန်းစာသင်ကျောင်း၌မွန်စာကို သင်ကြားပေးသည်ဆိုသော်လည်းထိထိရောက်ရောက်မရှိ။

မတောက်တခေါက်နဲ့သာအချိန်ကုန်ခဲ့ရသည်၊တချိန်ကမော်လမြိုင်ကောလိပ်တွင
်မွန်ဘာသာကို(Optional
Subject)စိတ်ကြိုက်ဘာသာတရပ်အနေဖြင့်သင်းကြားပေးခဲ့သော်လည်း နောက်ပိုင်းတွင်
“ဖုတ်လေသည့်ငပိ၊ရှိသည်ဟုပင်မကြားမိတော့”
အချုပ်အားဖြင့်ဆိုရလေသော်ဘာသာခြားစာပေကိုတတ်သင့်သလို
ကိုယ့်စာပေကိုမသင်မနေရ၊တတ်အောင်သင်ရမည်။ဘာသာခြားစာပေကိုတော့တတ်
ပါလျှက်မိမိစာပေကိုတော့မတတ်ဘူးဆိုလျှင်
ရှက်စရာပင်ကောင်းလှပေသည်။ သို့သော်ဤရှက်စရာကိုအချို့ကဂုဏ်ယူစရာအဖြစ်ပြောနေ
ကြသည်ကိုကြားရတိုင်းစာရေးသူအနေဖြင့်ဆတ်ဆတ်ခါနားကျည်းလှသည်။
မိမိစာပေကိုတော့ဘယ်နည်းနဲ့မဆိုဆရာကောင်းရှာ၍တတ်မြောက်အောင်သင်ကြားရပေလိမ့်မည်။

ယဉ်ကျေးမှုသည် တတိယ
---------------------------
ဘာသာစကားနှင့်စာပေတိုးတက်လေလေယဉ်ကျေးမှုတိုးတက်လေလေဖြစ်ပေမည်။
ဘာသာစကားနှင့်စာပေကိုကြည့်ကာမျှဖြင့်
လူမျိုးတရပ်၏ယဉ်ကျေးမှုအဘယ်မျှအဆင့်အတန်းရှိသည်ကိုခန့်မှန်းနိုင်ပေသည်။
ဘာသာစကားနှင့်စာပေမှာယဉ်ကျေးမှု၏
ပင်ရင်းမူလ(သို့)အခက်အလက်များဖြစ်သော်လည်း၎င်းကောင်းတို့ကိုသီးခြားတင်ပြရခြင်းမှာ
၎င်းတို့သည်ယဉ်ကျေးမှု၏
ဝိသေသလက္ခဏာများဖြစ်သောကြောင့်ပင်ဖြစ်လေ၏။

ယဉ်ကျေးမှုဟုဆိုရာ၌လူမျိုးတမျိုး၏ဓလေ့ထုံးစံ၊အသက်မွေးမှု၊ဘာသာရေး၊နေထိုင်မှု၊
ဝတ်စားဆင်ယင်မှု၊အနုပညာစသည်ဖြင့်
အလွန်ကျယ်ဝန်းလှသည်။

R.W.Emenson အာဒဗလျူအီမာဆင်%E

ချစ်ခင်လေးစားသော
မွန်ပျိုချော (ရွှေအိမ်စည်
— with မိ အိမ်စည်.

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။