ဒီမိန်းမ မြတ်သမိုင်း
နှိုင်းဖို့ မရှိ။
---------------------------------
ဒီ မိန်းမကွာ
ဗြိတိန်လို အမေရိကန်လို
နိုင်ငံမှာ နေခဲ့ပြီးတော့
ဘောင်းဘီလဲ မစွတ်
စကပ်လဲ မဝတ်ခဲ့ဘူး။
နှိုင်းဖို့ မရှိ။
---------------------------------
ဒီ မိန်းမကွာ
ဗြိတိန်လို အမေရိကန်လို
နိုင်ငံမှာ နေခဲ့ပြီးတော့
ဘောင်းဘီလဲ မစွတ်
စကပ်လဲ မဝတ်ခဲ့ဘူး။
ရည်းစားထည်လဲ မထား
ပါတီလဲ မသွားခဲ့ဘူး။
ပါတီလဲ မသွားခဲ့ဘူး။
ဂျပန်နိုင်ငံသွားတာတောင်မှ
ထဘီကြီး ဝတ်လို့ဗျ။
ထဘီကြီး ဝတ်လို့ဗျ။
အနောက်တိုင်းယဉ်ကျေးမှု
နှစ်သက်မွေ့လျော်သူလို့
အပြစ်ရှာစရာ
တစ်ကွက်မှလဲ မတွေ့ပါဗျာ။
နှစ်သက်မွေ့လျော်သူလို့
အပြစ်ရှာစရာ
တစ်ကွက်မှလဲ မတွေ့ပါဗျာ။
ထေရဝါဒဗုဒ္ဓဘာသာ
ရင်ထဲက ကောင်းစွာသိ
အဓိပတိတပ်ထားလို့
လေးစားကြည်ညို ကိုးကွယ်သူပါ။
ရင်ထဲက ကောင်းစွာသိ
အဓိပတိတပ်ထားလို့
လေးစားကြည်ညို ကိုးကွယ်သူပါ။
ဒီလိုနိုင်ငံတွေမှာနေပြီး
ဒီလောက် စောင့်စည်းသူ
မရှိသလောက်ရှား
ကမ္ဘာတလွှားမှာတော့
သူ့လို လူ
စာရိတ္တကို အလံထူ။
ဒီလောက် စောင့်စည်းသူ
မရှိသလောက်ရှား
ကမ္ဘာတလွှားမှာတော့
သူ့လို လူ
စာရိတ္တကို အလံထူ။
ချိန်ထားတဲ့ သေနတ်ပြောင်းကို
ကောင်းကောင်း ဖယ်ဆွဲ
ရဲပဲ ရဲနိုင်လွန်းလှသူ။
ကောင်းကောင်း ဖယ်ဆွဲ
ရဲပဲ ရဲနိုင်လွန်းလှသူ။
ပြည်သူကို သားလိုချစ်
ပြည်သူ့အကျိုးအတွက်
ဘဝကို နှစ်ထားတဲ့
ဒီ မိန်းမ။
ပြည်သူ့အကျိုးအတွက်
ဘဝကို နှစ်ထားတဲ့
ဒီ မိန်းမ။
ကမ္ဘာအရှည်
မြန်မာပြည် တည်နေသရွေ့
ဒီမိန်းမ မြတ်သမိုင်း
နှိုင်းဖို့ မတွေ့။ ။
မြန်မာပြည် တည်နေသရွေ့
ဒီမိန်းမ မြတ်သမိုင်း
နှိုင်းဖို့ မတွေ့။ ။
Win Maung
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။