" မပေါက်ကွဲရသေးတဲ့ ဗုံးတစ်လုံးမှန်း မသိပဲ
ပန်းအိုးအဖြစ်အသုံးပြုနေသူ အမျိုးသမီးတစ်ဦး "
ပန်းအိုးအဖြစ်အသုံးပြုနေသူ အမျိုးသမီးတစ်ဦး "
နှစ်ရှည်လများ အသုံးပြုလာတဲ့ ပန်းအိုးဟာ ယမ်းအပြည့်နဲ့ မပေါက်ကွဲရသေးတဲ့ ဗုံးတစ်လုံးဖြစ်နေမှန်းကို ဗြိတိန်အမျိုးသမီးတစ်ဦးဟာ ဆယ်စုနှစ်သုံးစုနီးပါးကြာမှ သိခဲ့ပါတယ်။
Kathryn Rawlins လို့ခေါ်တဲ့ အမျိုးသမီးဟာ ပန်းအိုးလုပ်နိုင်တဲ့ အခွံကို သူမအသက် ၁၅ နှစ်ကတည်းက ရှာတွေ့ခဲ့တာဖြစ်ပြီး အဲ့ဒီဗုံးခွံထဲမှာ သူမနှစ်သက်တဲ့ ပန်းတွေထိုးရင်းအသုံးပြုခဲ့တာလည်း ဖြစ်ပါတယ်။
ဒါပေမယ့် အဲ့ဒီပန်းအိုးလိုအသုံးပြုနေတဲ့ ဗုံးဟာ ပေါက်ကွဲခဲ့ခြင်းမရှိခဲ့သလို သူမကိုယ်တိုင်လည်း အဲ့ဒီပန်းအိုးဟာ မကွဲရသေးတဲ့ ဗုံးတစ်လုံးဖြစ်တယ်ဆိုတာ သီလရှင်ကျောင်းမှာပြသတဲ့ ဗုံးနဲ့ပတ်သတ်တဲ့ မှတ်တမ်းရုပ်ရှင်မကြည့်ခင်အထိ
မသိခဲ့ဘူးလို့ ဆိုထားပြန်ပါတယ်။
မသိခဲ့ဘူးလို့ ဆိုထားပြန်ပါတယ်။
ကွဲနိုင်သေးတဲ့ ဗုံးတစ်လုံးမှန်းသိသွားတဲ့ အချိန်မှာတော့ သူမဟာ အင်မတန် ထိတ်လန်ခဲ့ပြီး ရဲဌာနကို ချက်ကချင်းဆိုသလို အကြောင်းကြားခဲ့တာဖြစ်ပါတယ်။ ကာကွယ်ရေးဌာနက အဲ့ဒီဗုံး ပန်းအိုးကို သယ်ဆောင်သွားပြီး ပေါက်ကွဲနိုင်တဲ့ အနေအထားကနေ အန္တရာယ်မဖြစ်နိုင်အောင် ယမ်းတွေ ထုတ်ပြီးတဲ့ အချိန်မှာတော့ Kathryn တို့ မိသားစုထံ ပန်းအိုးကို ပြန်လည်ပေးအပ်ခဲ့ပါတယ်။
ဗုံးကို သယ်ဆောင်သွားပေးတဲ့ ရဲအရာရှိတွေကတော့ သူတို့ဆီကို လှမ်းဖုန်းဆက်အကြောင်းကြားတဲ့အချိန်က အဆိုပါ ဗုံးပန်းအိုးနဲ့ ပတ်သတ်လို့ ဒီလို မှတ်ချက်ပေးပါတယ်။
" ဒီဗုံးခွံဟာ မီတာ ၂၀ အတွင်းက လူတွေကို သေစေနိုင်တဲ့အထိ အစွမ်းသတ္တိရှိပါသေးသလို သူမတို့ အိမ်တစ်အိမ်လုံးကိုပါ ကောင်းကောင်းပျက်စီးသွားစေနိုင်တုန်းအနေအထားပါ" လက်ရှိမှာတော့ သူမဟာ ဒီပန်းအိုးလေးကို ဆက်သုံးနေတာဖြစ်ပြီး သူမရဲ့ မိသားစုဝင်တစ်ယောက်လို ဖြစ်နေပြီလို့ ဆိုပါတယ်။
သုတလင်း
Ref : CCTVNews
Ref : CCTVNews
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။