Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, October 20, 2015

"အင်္ဂလိပ်စာကို ဘယ်လိုတိုးတက်အောင်လုပ်မလဲ"



မေး ။ ။ ဆရာ.....အင်္ဂလိပ်စာအရမ်းပြောတတ်ချင်ပါတယ်။
ဘယ်ကနေစ၍ လေ့လာရမယ်ဆိုတာ
အားလုံးကို ရှင်းပြပေးစေချင်ပါတယ်ခင်ဗျာ........။

ဖြေ ။ ။ ဟုတ်ကဲ့ပါခင်ဗျာ....ကျွန်တော့်ရဲ့ အချိန်အတိုအတွင်း အင်္ဂလိပ်စာသင်ယူလေ့လာမှု
နည်းလမ်းများအရ အောက်ပါအတိုင်း ရေးသားဖော်ပြပေးလိုက်ပါတယ်။

"How to improve your English "
"အင်္ဂလိပ်စာကို ဘယ်လိုတိုးတက်အောင်လုပ်မလဲ"



" ဘာသာစကားကို အင်္ဂလိပ်လို Language လို့ခေါ်ပါတယ်။
Language လို့ခေါ်တဲ့ ဘာသာစကားတစ်ခုကို လေ့လာတော့မယ်ဆိုရင် ကျွမ်းကျင်တတ်မြောက်မှု Skills (4) မျိုးရှိပါတယ်။
အဲ့ဒါတွေကတော့----
(၁) Writing စာရေးတတ်ခြင်းစွမ်းရည်
(၂) Reading စာဖတ်တတ်ခြင်းစွမ်းရည်
(၃) Listening နားထောင်တတ်ခြင်းစွမ်းရည်
(၄) Speaking စကားပြောတတ်ခြင်းစွမ်းရည် တို့ဖြစ်ပါတယ်။

English နဲ့ပတ်သက်လို့ကတော့ သင်ယူသူတွေအနေနဲ့ ပြောင်းလဲရမှာလေးတွေအတော်များပါတယ်။ တစ်ချို့ကလည်း လွယ်လင့်တကူနဲ့ပဲ အင်္ဂလိပ်စာသင်မယ်၊ အင်္ဂလိပ်စာသင်တန်းတက်မယ်လို့ပဲ ပြောနေကြတာများပါတယ်။ အခုပြောင်းလဲလာတဲ့ Political, Economic, Social အခြေအနေတွေကြောင့် အင်္ဂလိပ်ကပိုလိုလာတယ်ဆိုတာလည်း အားလုံးသိနေတာပါပဲ။ ဒါကြောင့် အဖွဲ့အစည်းတွေ၊ Company တွေ၊ တစ်ဦးချင်းတွေအနေနဲ့ အင်္ဂလိပ်ကိုလေ့လာလာကြတာတွေ့ရပါတယ်။ ဒီလိုလေ့လာလာတဲ့နေရာမှာ အတော်များများက ခွဲခွဲခြားခြား နားမလည်နိုင်တော့ကာ မထိမရောက်တွေဖြစ်ကုန်တယ်။ အတိုင်းအတာတစ်ခုထိ ဖတ်နိုင်၊ ရေးနိုင်လာကြပေမဲ့၊ တစ်ဘက်နိုင်ငံခြားသားရဲ့ ပြောစကားကို နားလည်နိုင်ဖို့နဲ့ ပြန်တုန့်ပြန်ပြောဆိုနိုင်မှုက အလွန်အားနည်းသွားတယ်။ ကြည့်ရတာက ဆေးပုံမှန်မသောက်လို့ Immune ရသွားတဲ့ရောဂါတွေနဲ့တူပါတယ်။ ဒီတော့ အင်္ဂလိပ်ကိုဘယ်လိုလေ့လာကြမလဲ။ ပထမဆုံးနားလည်ရမှာက အင်္ဂလိပ်စာပေနဲ့ အင်္ဂလိပ်ဘာသာစကားနှစ်ခုကို ခွဲခွဲခြားခြားနားလည်ဖို့လိုမှာဖြစ်ပါတယ်။ အင်္ဂလိပ်စာပေကို (English Literature) လို့ဆိုပြီးတော့ အင်္ဂလိပ်ဘာသာစကား (English Language) ဆိုပြီးတော့ ခွဲခွဲခြားခြားသိရမှာဖြစ်ပါတယ်။ ကိုယ်က ဘာအတွက် English ကို လေ့လာသလဲဆိုတဲ့ ရည်ရွယ်တဲ့အကြောင်းကိုသိဖို့လိုပါတယ်။ ဘာသာစကားကိုလေ့လာမယ်ဆိုရင်တော့ တစ်ဦးနဲ့တစ်ဦး ဆက်သွယ်ဖို့ဖြစ်ပါတယ်။ ဒီတော့ တစ်ဦးနဲ့တစ်ဦးဆက်သွယ်ဖို့အတွက်၊ နားထောင်နိုင်ရမယ်၊ ပြန်ပြောနိုင်ရမယ်၊ ရေးနိုင်ရမယ်၊ ဖတ်နိုင်ရမယ်။ ဒီတော့ သင်ကြားပေးတဲ့သူတွေ၊ သင်ယူတဲ့သူတွေက ပုံစံပြောင်းမှရပါမယ်။ များများနားထောင်တဲ့အပိုင်းကိုသွားရမယ်။ များများ ပြန်ပြောနိုင်တဲ့ စဉ်းစားတွေးခေါ်မှုဘက်ကိုသွားရမယ်။ ဒါမှမဟုတ်ရင် သင်တန်းသာပြီးသွားတယ်၊ ဒုံရင်းကဒုံရင်းပဲ။ နောက် တစ်ခုက ကျွန်တော်တို့မြန်မာလူငယ်တွေဟာ သင်တန်းတစ်ခုတက်မယ်ဆိုရင် အချိန်တိုသင်တန်းတစ်ခုလောက်သာတက်လိုကြတာများပါတယ်။ အင်္ဂလိပ်မှာကတော့ ဒီလိုမရပါဘူး။ လူတစ်ဦးဟာ ဘယ်လောက်ပဲတော်တော် အချိန်တိုအတွင်းမှာ ပီသတဲ့ အင်္ဂလိပ် အသံထွက်ကို ပြောနိုင်ဖို့ကတော့ မလွယ်ပါဘူး။ ဒီတော့ သင်တန်းတွေကို စီစဉ်တဲ့အခါမှာ Level အလိုက် စီစဉ်ထားရပါတယ်။ ဒီ Level တွေကို ပြီးမြောက်အောင်ကြိုးစားကြရမှာဖြစ်ပါတယ်။ ဒီလိုမလုပ်ပဲ Level တစ်ခုလောက်ပဲတက်ပြီး ဆက်မလုပ်တော့ဘူးဆိုရင်တော့ အပေါ်မှာပြောခဲ့သလိုမျိုး ဆေးမတိုးတော့တဲ့ရောဂါတွေဖြစ်လာမှာပါ။

မည်သူမဆို မွေးကတည်းက စာမရေးတတ် စာမဖတ်တတ်ခဲ့ကြပါဘူး။
အင်္ဂလိပ်စကားမပြောတတ်ခင်မှာ ပထမဦးစွာ အရေးအသား အဖတ်စွမ်းရည် နားထောင်ခြင်းစွမ်းရည်တို့ကို အချိန်ယူပြီးတော့ ဖြတ်သန်းကြိုးစားရမည်ဖြစ်ပါတယ်။
ငယ်ရွယ်စဉ်က မိခင်ဘာသာစကား Mother Tongue (Mother Language) ကိုပင် ဘယ်လောက်ကြာကြာ အပြောလေ့ကျင့်ခဲ့ရတယ်ဆိုတာ သိရှိပြီးဖြစ်ပါလိမ့်မယ်။
အခြားဘာသာစကားဖြစ်တဲ့ အင်္ဂလိပ်လူမျိုးတွေပြောနေကြသော အင်္ဂလိပ်ဘာသာစကားပြောဖို့ပင် အလွန်ကြိုးစားရခက်မယ်ဆိုတာ ဖြစ်နိုင်ပါတယ်။
ဒါပေမယ့်လည်း အင်္ဂလိပ်ဘာသာစကားဟာ နိုင်ငံတကာသုံးဘာသာစကားတစ်ခုဖြစ်လာပါပြီ။
သင်ယူလေ့လာသူများအနေဖြင့် နိုင်ငံခြားဘာသာစကား Foreign Language တစ်ခုကို သင်ယူတော့မည်ဆိုပါက သင်ယူမှုအဆင့် (၄)မျိုး Four Skills Of Learning မှ Writing Skill ကိုစ၍ လေ့လာတာဟာ ပို၍အတတ်မြန်နိုင်ပါတယ်။

(1) Writing Skill အရေးစွမ်းရည်

ပထမအနေဖြင့် ရေးတတ် ဖတ်တတ်လာမယ်။ များများဖတ်တော့ များများနှုတ်ကနေ ရွှတ်ဆိုတတ်လာပါမယ်။ အစပိုင်းမှာတော့ နှေးချင်နှေးပါလိမ့်မယ်။ ဒါပေမယ့် ဇွဲမလျော့ပဲ ကြိုးစားကြည့်ပါ ။
နည်းစနစ်ကျစေမယ့် Grammar တွေ အချိန်ကာလတွေပြသော Tenses တွေ ၀ါကျအထားအသိုမှန်စေမယ့် Sentences Structure တွေ အရေးအသား Writing Skills တွေ အဖတ်စွမ်းရည် Reading တွေကို အခြေခံကျကျလေ့ကျင့်သွားဖို့လိုပါတယ်။
လူအချို့က သင်ယူလေ့လာမှုမှာ ဖြတ်လမ်းသဘောကို အလွယ်ကြိုက်ကြပါတယ်။သို့သော်ငြားလည်း အဲ့ဒါဟာ နည်းစနစ်မကျတဲ့ အတွေးအခေါ်ပဲ ဖြစ်ပါတယ်။ ပုဂံမှာရှိတဲ့ ကလေးငယ်အချို့ ဆိုပါစို့။ နိုင်ငံခြားသားတစ်ယောက်အတွက် အဆင်ပြေစေဖို့ နေ့စဉ်ရွှဆိုရမယ့် အင်္ဂလိပ်စကားပြောဆိုနည်းလေးတွေ ကျက်မှတ်ပြီး နေ့တို်င်းဒါပဲ ရွှတ်ဆို ရှင်းပြပေးနေရတာဖြစ်ပါတယ်။ ဒါဟာလည်း သူတို့အတွက် လုပ်ရိုးလုပ်စဉ်တစ်ခုဖြစ်နေပါပြီ။ ဒါပေမယ့် အသက်မွေးဝမ်းကြောင်းဖြစ်တဲ့ လုပ်ငန်းခွင်နယ်ပယ်တွေမှာ နှုတ်တိုက်ရွှတ်ဆိုပြလို့ မရနိုင်ပါဘူး။ ဥပမာ. အထက်အရာရှိထံ စာရေးတင်မယ်ဆိုပါစို့ ။ ဘယ်လိုရေးရမယ်မသိပဲ နှုတ်တိုက်ရွှတ်ဆိုပြီး အသံထွက်အလိုက် ချရေးလိုက်မယ်ဆိုရင် အမှားများစွာ ဖြစ်ပေါ်လာပါလိမ့်မယ်။ ကျွန်တော်တို့ မြန်မာစာ မြန်မာစကားသည်ပင်လျှင် ရှေ့နောက် နေရာအထားအသိုလွဲပါက ဆိုလိုရင်းတွေ မှားသွားတတ်ပါတယ်။ ကြည့်မယ်ဆိုရင်-- ပေ ၂၀ ရှိသော ဦးမြက ရေကန်တစ်ကန်ကို အမြန်ဆုံး တူးဖော်နေပါသည်။ ဒီဝါကျဟာလည်း နေရာအထားအသိုမှားနေသည့်အတွက် ဦးမြက ပေ ၂၀ ရှိနေသည်ဟု ဆိုလိုချက်ဖြစ်သွားပါတယ်။ အင်္ဂလိပ်စာမှာလည်း အရေးအသားမကျွမ်းကျင်ပါက Subject ပြုလုပ်သူ နှင့် Object ခံရသူတို့ နေရာအထားအသို လွဲကောင်း လွဲသွားနိုင်ပါတယ်။
ဒါကြောင့် အရေးအသားစွမ်းရည် Writing Skill ကို ဦးစွာလေ့ကျင့်ရန် လိုအပ်ပါတယ်။
အင်္ဂလိပ်စာ ၊ အင်္ဂလိပ်စကားတတ်မြောက်မှုဟာ အလုပ်အကိုင်ကောင်းရရှိဖို့အခွင့်သာမှု ၊ လုပ်ငန်းခွင်မှာ အားသာမှု ၊ ဘ၀အောင်မြင်ရေးအတွက် အထောက်အကူဖြစ်မှု ၊ပညာသင်ကြားရေးမှာ မတတ်မဖြစ်လိုအပ်မှု ၊ ကွန်ပျူတာအင်တာနက်တို့ရဲ့ အဓိကဘာသာစကားဖြစ်သောကြောင့် အင်္ဂလိပ်စာကို အခုနှစ်ပိုင်းတွေမှာ ပိုမိုလေ့လာလိုက်စားလာကြပါတယ် ။ လေ့လာလိုက်စားသူများဟာလည်း အင်္ဂလိပ်စာကျွမ်းကျင်တတ်မြောက်ရေးအတွက် နည်းမျိုးစုံနဲ့လေ့လာအားထုတ်နေကြရပါတယ်။ ၃ လပြတ် ၊ သို့မဟုတ် ၆ လ အတတ်သင် ( Sudden 'quick fix' methods ) တို့ ဆိုတဲ့နည်းတွေနဲ့ အလုပ်မဖြစ်တာကို လက်ခံလာကြပြီး တစ်သက်တာရေရှည်လေ့လာရမယ့် လုပ်ငန်းစဉ် ( life long learning ) တစ်ခုအဖြစ် သင်ယူနေကြပါပြီ ။ အဲ့ဒီလို လေ့လာရာမှာ နည်းလမ်းတကျ လေ့လာရင် ပိုအကျိုးရှိ ၊ ပိုထိရောက်ပါတယ်။ အခု လူတိုင်းကြုံတွေ့နေရတဲ့ သွက်သွက်လက်လက်ပြောဆိုနိုင်မှု (Fluency) နဲ့ အသံထွက် ( Pronunciation) ပြဿနာတို့ကို ဖြေရှင်းနိုင်မယ့် နည်းလမ်းကောင်းတွေဖော်ပြပါမယ် ။ လက်တွေ့လိုက်နာ ကျင့်သုံးဖို့တော့ လိုပါတယ်။

(2) Reading အဖတ်စွမ်းရည်

မိမိနှုတ်မှ ရွှတ်ဆိုမှုအားကောင်းလာစေရန်အတွက် အင်္ဂလိပ်စာပိုဒ်များကို ဖတ်သည်ဖြစ်စေ အင်္ဂလိပ်သတင်းစာများ ဖတ်သည်ဖြစ်စေ အဖြတ်အတောက်နှင့်အတူ အသံထွက်ဖတ်ရန်လိုအပ်ပါတယ်။ အဲ့လိုဖတ်သည့်အခါ Dictionary အဘိဓာန်စာအုပ်ကို လက်စွဲထားပြီး လေ့လာမှတ်သားရမည်ဖြစ်ပါတယ်။ Vocabulary စကားလုံးဝေါဟာရများလည်း အသိများလာမည်။ များများဖတ်ခြင်းဖြင့် ရွှတ်ဆိုမှုအားထက်သန်ကာ နှုတ်မှ စကားပြောသွက်လက်လာမည်။

(3) "Listening & Pronunciation Skills " နားထောင်ခြင်းနှင့်အသံထွက်စွမ်းရည်

အသံထွက်နဲ့ပက်သက်လို့ကတော့ အရေးအကြီးဆုံးက " နားထောင်ခြင်း " ( Listening ) ပါပဲ ။ တစ်ခါတစ်လေမှာ တစ်ခါမှမကြားဘူးတဲ့ စကားလုံးတွေကို မှန်းဆပြီး ကြိုးစားပမ်းစား အသံထွက်နေမိတတ်ပါတယ်။ ကိုယ့်အသံထွက် မှန် / မမှန် ဘယ်လိုလုပ်သိနိုင်မလဲ ။ များများနားထောင်ပေးဖို့လိုပါတယ် ။ ဒါမှ အသံထွက်မှန်တွေ သိလားပြီး အတုယူလို့ရပါမယ်။
အခုစာအုပ်စာပေဆိုင်ကြီးများမျာ အသံထွက်နှင့်အတူ လေ့လာရန် စကားပြော CD Player ခွေများကို စာအုပ်နှင့် တပါတည်း ပူးတွဲရောင်းချပေးနေပါပြီ။ မိမိကြိုက်နှစ်သက်ရာ ၀ယ်ယူလေ့လာနိုင်ပါတယ်။ အကြံပေးချင်တာကတော့ Pronunciation In English စာအုပ်ဟာ အသံထွက်ဆိုပုံများကို နည်းလမ်းတကျ သင်ပေးထားတာဖြစ်ပါတယ် နားထောင်မှုစွမ်းရည် အဖတ်စွမ်းရည် အပြောစွမ်းရည်များကို တိုးတက်လာနိုင်မည်ဖြစ်ပါတယ်။
အင်္ဂလိပ်သီချင်းများကို နားထောင်ခြင်းဖြင့် အသံထွက်များကို သိရှိစေနိုင်ဖို့ဆိုတာ မလွယ်ပါဘူး။
မိမိအနေဖြင့် အင်္ဂလိပ်သီချင်းကို ကြိုက်သည်ဖြစ်စေ အင်္ဂလိပ်စာတတ်ကျွမ်းလို့ အင်္ဂလိပ်သီချင်းနားထောင်တယ်ဆိုရင်တော့ ကောင်းပါတယ်။ ဒါပေမယ့် အင်္ဂလိပ်စာလေ့လာချင်တစ်ခုတည်းဖြင့် အဆင်မပြေနိုင်ပါဘူး။ နားထောင်ခြင်းဖြင့် အသံထွက်များကို အတုအယောင်လိုက်ခြင်းများ မှားယွင်းစွာမှတ်သားခြင်းများ ဖြစ်ပေါ်လာနိုင်ပါတယ်။ တခါက သူငယ်ချင်းတစ်ယေက်ဆိုရင် အမေရိကန် နိုင်ငံခြားသားတစ်ယေက်က သူ၏ မိခင်ဘာသာစကားအသံထွက်နဲ့ Breakfast စားချင်နေတော့ သူ့ကို Where is the restaurant ? လို့ မေးလိုက်တယ်။ သူငယ်ချင်းက နိုင်ငံခြားသားပြောသော အသံထွက်ကို Where is the rest room (Toilet) ? လို့ နားကြားမှားပြီး Toilet အိမ်သာသို့ ညွန်ပြပေးလိုက်တာပေါ့ ။ နိုင်ငံခြားသားလည်း အိမ်သာသို့ ညွန်ပြရမလားဆိုပြီး Complains တက်တော့တာပါပဲ ။ သေချာရှင်းပြလိုက်တော့မှ စိတ်ကျေနပ်သွားတယ်ဗျာ။ ဒါ့ကြောင့် အသံထွက်ကို အတိအကျနားထောင်တတ်ဖို့ ထွက်ဆိုတတ်ဖို့ အရေးကြီးပါတယ်။ ဒါမှမဟုတ် "Ship or Sheep " တို့ " Three or Tree "်တို့တွေကို CD player အခွေတွေနဲ့ တွဲလေ့လာနိုင်ပါတယ် ။ စာအုပ်ဆိုင်ကြီးတွေမှာ ရနိုင်ပါတယ် ။

(4) "Record Yourselves" မိမိအသံထွက်ဆိုမှုကို အသံဖမ်းယူပါ

မိမိအနေဖြင့် လေ့လာမည်ဆိုပါက စကားပြောခြင်း CD Player မှ သတင်းကြေညာချက်တစ်ပုဒ်ကို အသံဖမ်းထားပြီး လိုက်လံတုပပြောဆိုကြည့်ပါ ။ သတင်းဝါကျတစ်ကြောင်းလောက်နားထောင်ပြီး သတင်းကြေညာသူပြောသလို လိုက်ပြောကြည့်ပါ။ မရရင် တိတ်ခွေကို ပြန်ရစ်ပြီးနားထောင်ကြည့်ပါ။ ကိုယ့်အသံထွက်ကို အသံသွင်းထားပြီး မှန်/မမှန် ပြန်နားထောင်တာ ကောင်းပါတယ်။ ဒီလိုနည်းနဲ့ စကားလုံးတွေရဲ့ အသံထွက်အမှန်ကို သိလာမယ့် အပြင် သူတို့ရဲ့လေယူလေသိမ်း ( Intonation ) နဲ့ ပိ ၊ဖော့ ပြောသံ ( Accent ) ကိုလည်း ရိပ်စားမိလာမှာပါ ။မိမိတွင်ရှိသော ကြည့်မှန်ဖြင့်လည်း အခြားသူနှင့် ပြောဆိုဟန်အနေအထားအရ ပြောဆိုလေ့ကျင့်လို့ ရနိုင်ပါတယ်။ လေ့ကျင့်ပါများလာရင် သူတို့လို Fluency မျိုးရလာပါလိမ့်မယ်။
ဒီလိုလေ့လာတဲ့နည်းဟာ နှေးကွေးပေမယ့် ထိရောက်ပါတယ်။ ဘာသာစကားတစ်ခုကို ဖြေးဖြေးချင်းလေ့လာပြီး ပြင်းပြင်းထန်ထန်ကြိုးပမ်းတာဟာ အကောင်းဆုံးနည်းပါ ။ အားလပ်ချိန်တွေမှာ အသံထွက်ရတာခက်ခဲတဲ့စကားလုံးတွေ ၊ အသံထွက်ဆင်တူတဲ့ စကားလုံးတွေကို ကြိုးစားပြီး အသံထွက်ကြည့်နေသင့်ပါတယ် ။ ဒီလိုများများလေ့ကျင့်တာဟာ နားထောင်မှုစွမ်းရည် (Listening Skill ) ကိုလည်း တိုးတက်လာလေလေ နားထောင်မှုစွမ်းရည် ( Comprehension ) ပိုမိုမြင့်မားလာလေလေပါပဲ။

( 5 ) " Vocabularies In Dictionary " အဘိဓာန်မှ ဝေါဟာရများ

အဘိဓာန်အများစုဟာ စကားလုံးတွေရဲ့ အသံထွက်ကို ဖော်ပြပေးပါတယ် ။ နိုင်ငံတကာသုံးအသံထွက်သင်္ကေတ (International Phonetic Symbols ) တွေကို တတ်ကျွမ်းနားလည်ရင် စကားလုံးတွေကို မှန်မှန်ကန်ကန် ကောင်းကောင်းအသံထွက်တတ်ပါလိမ့်မယ် ။ အဘိဓာန်တစ်အုပ်ကို လက်စွဲအဖြစ်ထားပြီး Phonetic Symbols တွေကို လေ့လာတာ အသံထွက်ကို မှန်ကန်စေပါလိမ့်မယ်။ အသုံးများတဲ့ အဘိဓာန်ကတော့ 0xford Advanced Learner's Dictionary ( Online Dictionary) ဖြစ်ပါတယ် ။ မှားကြားလိုတာကတော့ Vowels , Diphthongs Phonetic Symbols တွေကို ကျွမ်းကျင်တဲ့ဆရာတစ်ယောက်ဆီမှာ လေ့လာနိုင်ပါတယ် ။အသံတွေကို မှန်းဆမထွက်မိဖို့ပါပဲ ။အမှားကို စွဲသွားရင် ပြင်ရခက်ပါတယ် ။ ဒါ့အပြင် အင်္ဂလိပ်စာအသံထွက်ကို မြန်မာလိုရေးမှန်တာလည်း အတော်များများမှာ မမှန်နိုင်ပါဘူး ။ ဥပမာ ...Television , Four တို့ရဲ့ အသံထွက်မှန်ကို မြန်မာလို ရေးလို့မရပါဘူး ။

(6) "Spelling " စာလုံးပေါင်းခြင်း

စာလုံးပေါင်းကလည်း အခက်အခဲတစ်ခုပါပဲ ။ အင်္ဂလိပ်စာမှာ အသံထွက်တစ်ခုကို နည်းမျိုးစုံနဲ့ပေါင်းလို့ရတဲ့အပြင် " ရေးတော့ အမှန် ၊ဖတ်တော့ အသံ " ဆိုတာမျိုးတွေလည်းရှိတာကြောင့် ရှုပ်ထွေးစရာပါ ။ ဥပမာ...One နဲ့ Won ဟာ အသံထွက်တူပါတယ် ။ Bass (ဂီတသံ) ကို base အတိုင်းအသံထွက်ရပါတယ် ။ အသံထွက်ကို လေ့လာတိုင်း စာလုံးပေါင်းတို့ကိုပါ ကျက်မှတ်သင့်ပါတယ် ။ တစ်ချက်ခုတ် နှစ်ချက်ပြတ်ပေါ့ ။

( 7 ) " Pronunciation And Fluency Skills" အသံထွက်လေယူလေသိမ်းနှင့်စကားပြောဆိုသွက်လက်မှုစွမ်းရည်

Pronunciation နဲ့ Fluency ဟာ အတော်ကွာခြားပါတယ်။ Pronunciation ဟာစကားလုံးတွေရဲ့ အသံကို မှန်မှန်ကန်ကန်ထွက်နိုင်တာ ၊ လေယူလေသိမ်းမှန်တာ ၊ နိမ့်မြင့် တက်ကျသံ မှန်တာဖြစ်ပြီး ၊ Fluency ကတော့ စကားကို သွက်သွက်လက်လက် အခက်အခဲမရှိ ပြောနိုင်တာဖြစ်ပါတယ်။
Pronunciation ကောင်းတိုင်း Fluency မကောင်းနိုင်ပါဘူး ။ Fluency ကောင်းဖို့အတွက် ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိမှာဖြစ်ပြီး ကိုယ်ပိုင် ပိုင်နိုင်သိတဲ့ ဝေါဟာရတွေကို သင့်တော်သလို သဒ္ဒါနဲ့ ဟန်ချက်ညီညီ တွဲဖက်နိုင်ရပါမယ်။
Pronunciation မကောင်းပေမယ့် Fluency ကောင်းတာလည်း ရှိပါတယ် ။ အဲ့ဒီလို လူမျိုးတွေကတော့ စကားကို သွက်သွက်လက်လက်ပြောနိုင်ပေမယ့် အသံထွက်ကျတော့ မှန်ချင်မှ မှန်ပါလိမ့်မယ် ။ ဒါပေမယ့် သူတို့တွေ ပြောဆိုတာက အသံထွက်မှန်ပြီး စကားကို တစ်လုံချင်း ပြောဆိုနေသူတွေထက် ပိုနားလည်လွယ်ပါတယ် ။
အချုပ်ပြောရရင် အင်္ဂလိပ်စကားပြောဆိုရမှာ စကားလုံးတွေကို အသံထွက်အရမ်းတိကျအောင် တစ်လုံးချင်းစဉ်းစားပြီးမပြောဘဲ ၊ စကားလုံးတွေကို အုပ်စုလိုက် ၊ အတွဲလိုက် ၊ ( ဥပမ- noun group , prepositional phrase ) စသည်ဖြင့် သွက်သွက်လက်လက်ပြောဆိုနိုင်ဖို့ ဦးစားပေးသင့်ကြောင်း အကြံပေးလိုပါတယ် ။ တစ်ယောက်နဲ့တစ်ယောက် ပြောဆို ဆက်သွယ်ရာမှာ Communication ဖြစ်ဖို့အတွက် Fluency ကို ဦးစားပေးတဲ့ သဘောပါ ။ Pronunciation ရော Fluency ပါ ရအောင်လေ့လာနိုင်ရင်တော့ အကောင်းဆုံးဖြစ်ပါတယ်...ဟုရေးသား ဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ...."

ကျွန်တော့်နည်းလမ်းကို နှစ်သက်သဘောကျမယ်ဆိုရင်တော့ ပြုလုပ်ကြည့်ပါ..
အင်္ဂလိပ်စာအရည်အသွေးတိုးတက်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်ခင်ဗျာ.....

"ဝေါဟာရများ တွင်တွင်ကျယ်ကျယ်အသုံးပြုနိုင်ကြပြီး အင်္ဂလိပ်စာစိတ်ဝင်စားသူများအားလုံး တိုးတက်အောင်မြင်ကြပါစေ........"

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။