Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, October 22, 2015

သူငယ်ချင်းတွေဟာ ဒီကနေပြီး မိတ်ပျက်သွားတာပဲ


သူငယ်ချင်းတွေဟာ ဒီကနေပြီး မိတ်ပျက်သွားတာပဲ
**************************

(က)ကြီးက ကြက်ဥမကြိုက်ဘူး၊ ကြက်ဥကို အမြဲတမ်း (ခ)ခွေးကို ပေးတယ်။
(ခ)ခွေးက အစကတော့ ကျေးဇူးတင်ပါတယ်ပေါ့၊ ကြာတော့လဲ အကျင့်ဖြစ်သွားတယ်။

အကျင့်ဖြစ်လာတော့၊ ဒါက ပေးကိုပေးရမလိုဖြစ်လာတယ်။
တနေ့ကျတော့ (က)ကြီးက ကြက်ဥကို (ဂ)ငယ်ကို ပေးလိုက်တော့ (ခ)ခွေးက မကျေနပ်တော့ဘူး
ကြက်ဥက စကတည်းက (က)ကြီးဟာ ဆိုတာ သူမေ့သွားတယ်။
ကြက်ဥဘယ်သူကို ပေးမယ်ဆိုတာ (က)ကြီးမှာ ဆုံးဖြတ်ခွင့်ရှိတယ်ဆိုတာမေ့သွားတယ်။
ဒါနဲ့ သူတို့စကားများကြပြီး မိတ်ပျက်သွားကြတယ်။

***************************

သိပ်ပူတဲ့နွေရာသီတခုမှာ၊ လူတစုက မြစ်ရေလှိုင်းထဲဖောင်စီးသွားကြတယ်
ကောင်မလေးတယောက်ရေဆော့နေတုံး၊ ဖိနပ်က ရေထဲကျသွားတယ်။

ကမ်းပေါ်ရောက်တော့ နေပူထဲမှာ ပူကျစ်နေတဲ့ ရေချိုးကျောက်သဲပြင်ကျယ်ကြီးကို ဖြတ်ရမယ်။
ဒါနဲ့ကောင်မလေးက တယောက်ယောက်ဖိနပ်ငှားနိုင်မလားလို့ ကူညီတောင်းတယ်။

ဒါပေမဲ့ လူတယောက်မှာ ဖိနပ်တရံပဲပါတာ ဘယ်သူမှမပေးချင်ကြဖူး၊
ကောင်မလေးက မကျေနပ်ဖြစ်သွားတယ်
သူကမိန်းခလေးသဘာဝ နဲနဲလောက် ချွဲလိုက်ရင် သူများအကူညီရနေကျလေ
ဒါပေမဲ့ဒီတခါတော့မရတော့ဘူး။

ဒါနဲ့သူက ဒီလူတွေအားလုံး မကောင်းဘူး ၊ ကူညီချင်စိတ်မရှိဘူးလို့တွက်လိုက်တယ်
နောက်တော့ ကောင်လေးတယောက်က သူ့ဖိနပ်ကို ပေးလိုက်တယ်။
သူကတော့ ဖိနပ်ဗလာနဲ့အကြာကြီး ရေချိုးကျောက်ပူပူထဲ ပြေးလိုက်ရတယ်
သံပူနဲ့ကပ်နေသလိုပါပဲ။

ကောင်မလေးက ကျေးဇူးတင်ကြောင်းပြောလိုက်တယ်
ကောင်လေးက ၊ ဘယ်သူမှမင်းကို ကူညီဖို့တာဝန်မရှိပါဘူး။

မင်းကိုကူညီတာ ခင်မင်မှုတစ်ခုကြောင့်ပဲ၊ မကူညီဖြစ်ရင်ဒါသမကြီးပါနဲ့ ဒါ သမရိုးကျပါ။
အဲ့လိုပြောတော့ ကောင်မလေးစိတ်ထဲ အောင့်သက်သက်ဖြစ်သွားခဲ့တယ်
အဲချိန်ကစပြီး သူ့ကိုကူညီဖူးသူတွေကို အမြဲမှတ်သားထားလေ့ရှိပြီး ပြန်လည်ကျေးဇူးဆပ်လေ့ ရှိသတဲ့။

ကျနော်တို့ဟာ အမြဲတမ်းသူများက ကိုယ့်အပေါ်ကောင်းဖို့ပဲ မျော်လင့်ကြတယ်။
အစပိုင်းတော့ ကျေးဇူးတင်မဆုံးဘူးပေါ့
ကြာလာတော့ သူများကိုယ့်အပေါ်ကောင်းတာကို အကျင့်ဖြစ်လာတယ် ။

ဒါက ဖြစ်သင့်တဲ့အရာလို့ထင်လာတယ်
တနေ့မှာ ကိုယ့်အပေါ်မကောင်းခဲ့ရင် အပြစ်တင်ရှုံ့ချ မိတော့တယ်။

တကယ်တန်းကျတော့၊ သူများမကောင်းတော့တာမဟုတ်ပါဘူး
ကိုယ့်ရဲ့ စိတ်တွေက ပြောင်းကုန်တာပါ
ရနေကျဆိုတော့ ကျေးဇူးတရားဆိုတာကို မေ့သွားတာပေါ့။

***************************

ညနေတခုမှာ၊ ဆိတ်ကလေးတကောင်တည်း တောင်ကုန်းလေးပေါ်ဆော့နေတယ်။
ရုတ်တရက် သစ်ပင်ခြုံကြားထဲက ၀ံပုလွေတကောင်ထွက်လာပြီး ဆိတ်ကို စားမယ်ပြင်တယ်။

ဆိတ်ငယ်က လန့်ခုန်ပြီး ခြေထောက်နဲ့အသားကုန်ကန်တယ်
အသံကျယ်နဲ့အော်ပြီး သူငယ်ချင်းတွေကို ကူညီလှမ်းတောင်းတယ်။

နွားက သစ်ပင်ခြုံထဲက တချက်လှမ်းကြည့်ပြီး ၀ံပုလွေကိုမြင်တော့ ပြေးပါလေရော
မြင်းကခေါင်းငုံပြီးတချက်ကြည့်၊ ၀ံပုလွေမြင်တော့ ၀ှစ်ကနဲကိုပြေးတာ
မြည်းကသွားနေရင်ကရပ်သွားတယ် ဒါပေမဲ့ ၀ံပုလွေမြင်တာနဲ့ တောင်အောက်ဆင်းပြေးတယ်။

ဝက်က ဖြတ်သွားရင်း ၀ံပုလွေမြင်တာနဲ့ ကမန်းကတန်းတောင်ပေါ်ကဆင်းပြေးရော
ယုန်ငယ်က အသံကြားတာနဲ့ မြှားပြစ်သလိုကိုပြေးတာ
တောင်အောက်မှာရှိတဲ့ ခွေးက ဆိတ်အော်သံကြားတော့ ကမန်းကတန်းတောင်ပေါ်ပြေးတက်
ခြုံပုတ်တွေထဲကနေဖြတ်ပြီး ၀ံပုလွေရဲ့ လည်မြိုကို ခဲပစ်လိုက်တယ်။

ဝံပုလွေက နာလွန်းလို့ထအော်တယ်၊ ခွေး မာန်ဖီလိုက်တော့ လန့်ပြီးပြေးပါလေရော
အိမ်ပြန်ရောက်တော့၊ သူငယ်ချင်းတွေအားလုံး ရောက်လာတယ်။

နွားက… နင်ကဘာလို့ငါ့ကိုမခေါ်တာလဲ.. ငါဂျိုနဲ့ သူ့ဗိုက်ပေါက်အောင်လုပ်ပစ်မှာပေါ့

မြင်းက… နင်ကဘာလို့ငါ့ကိုမပြောလဲ၊
ငါသူ့ခေါင်းကို ခွာနဲ့ကန်ပစ်မှာပေါ့

မြည်းက… နင်သာငါ့ကိုပြောရင် ငါအော်သံနဲ့ကို သူလန့်ပြေးမှာ

ဝက်က… နင်ငါ့ကိုခေါ်ရောပေါ့ ငါတချက်ပက်လိုက်ရင် သူတောင်ပေါ်ကတောင်ပြုတ်ကျသွားမယ်

ယုန်ကလည်း နင်ငါ့ကိုခေါ်လိုက်ရင် ငါကအပြေးသန်တော့ သူများတွေကို သွားခေါ်ပေးနိုင်တာပေါ့တဲ့..

အဲ့ဆူဆူညံညံ ပြောသံတွေကြားမှာ ခွေးပဲ မပါခဲ့ပါ။

***************************

မိတ်ဆွေစစ်ဆိုတာ စကားအလှတွေသုံးနေစရာမလိုပါ
တကယ့်လိုအပ်ချိန်မှာ မင်းကိုလက်လှမ်းကူညီတဲ့သူပါပဲ။

မင်းနားမှာတနေကုန်ဝိုင်းဝိုင်းလည်နေတဲ့သူငယ်ချင်းတွေ ၊ မင်းကိုခင်သလိုလိုလုပ်နေတဲ့ သူငယ်ချင်းတွေက
သူငယ်ချင်းအစစ် ဟုတ်မဟုတ်မသေချာပါ။

တခါတလေ အဝေးမှာရှိနေပေမဲ့၊ မင်းကို ကပ်ဖားမြှောက်ပင့်နေတာမဟုတ်ပေမဲ့
မင်းတကယ်လိုအပ်နေချိန်မှာ၊ အပိုမပြောပဲကူညီတဲ့၊ ဂရုစိုက်တတ်တဲ့
သူကမှတကယ့် မိတ်ဆွေစစ် သူငယ်ချင်းစစ်စစ်ပါပဲ။

#၁နှစ်ကြာခင်ဖို့ဆိုတာ မလွယ်ပါဖူး

#၂နှစ်ထိခံရင်တော့ တန်ဖိုးထားသင့်ပါပြီ၊

#၃နှစ်ထိ အခင်မပျက်ရင် အံဘွယ်လို့ကိုဆိုရမှာပဲ

#၅နှစ်ထိ ခင်မင်နေသေးရင်တော့ အတွင်းသိအစင်းသိဖြစ်ပြီ

#၆နှစ်ကျော်ထိ ခင်မင်နေရင် အမှတ်တရ သတိရနေတဲ့သူ

#၁၀နှစ်တာကြာ ခင်မင်မပျက်ရင် ဘ၀ထဲထိဝင်ရောက်နေသူ

#၁၂နှစ်ကြာအောင် ခင်မင်နေသေးရင်တော့ အမျိုးတပိုင်းတောင်ဖြစ်နေပါပြီတဲ့

#အပြောင်းလဲများတဲ့ ခုလိုခေတ်ကြီးမှာ၊ အနီးနားက သူငယ်ချင်းတွေကို တန်ဖိုးထားပါ၊၊

#နားလည်မှုပိုပေးပါ၊ တွက်ကပ်တာတွေလျော့ပါ၊

#ကိုယ့်အပေါ်ကောင်းတဲ့သူကို မေ့မပြစ်ပါနဲ့။

မေ ......
#ဘ၀မှာ တန်ဖိုးထားသင့်တဲ့ မိတ်ဆွေသူငယ်ချင်းကောင်းကို ပိုင်ဆိုင်ကြပါစေလို့တောင်းဆုပြု လျှ က်.....

U Nay Pyauk For Thiri (May)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။