Photo by - မခင်ဆုဝေ
www.yoyarlay.com
#kln_yyl
#interview_yyl
(Unicode version)
အသက် ၂၀ အရွယ် မခင်ဆုဝေ၏ အံ့ဖွယ် ရောင်စုံ ခဲပန်းချီများ
ဇာတိ ပျော်ဘွယ်ကနေ ပေါက်ဖွား ကြီးပြင်းလာတဲ့ မခင်ဆုဝေဟာ ပန်းချီကို ငယ်ငယ်ကတည်းက ဝါသနာပါသူ တစ်ယောက် ဖြစ်တယ်လို့ သိရပါတယ်။ တက္ကသိုလ် ဒုတိယနှစ်နဲ့ တတိယနှစ်လောက်မှာ ပန်းချီသင်တန်း တစ်လလောက် သွားတက်ဖြစ်ခဲ့ ပေမယ့် နောင်ပိုင်းမှာ အချိန် မရှိတော့လို့ မတက်ဖြစ်ခဲ့ဘူးလို့ သူမက ပြောပါတယ်။
ဒါကြောင့် မခင်ဆုဝေဟာ ပန်းချီနဲ့ ပက်သက်တာတွေကို youtube ကနေ လေ့လာကာ ဆွဲဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဝါသနာအရ ဆွဲတာဖြစ်ပြီးတော့ ငွေကြေးတွေနဲ့ ရောင်းချတာတွေ ဘာတွေတော့ မရှိကြောင်း၊ 3D တွေ အဆွဲများပါတယ်ဟု သူမက ထပ်လှောင်း ရှင်းပြပါတယ်။ အထူးသဖြင့်တော့ ့ရောင်စုံ ခဲတံများကို အသုံးပြုပြီး ဆွဲထားပါတယ်လို့ ဆိုပါတယ်။
မခင်ဆုဝေကတော့ လေ့လာစရာတွေ အများကြီးရှိသေးကြောင်း၊ ဒီဘဝမှာ အခြေအနေပေး ရင်တော့ ပန်းချီဆရာ တစ်ယောက် အဖြစ်ရပ်တည်မှာ ဖြစ်တယ်လို့ ရိုးရာလေးကို ပြောပြသွားခဲ့ပါတယ်။
Photo by - မခင်ဆုဝေ
ကျော်လင်းနိုင် (ရိုးရာလေး)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။