ဂစ်တာနဲ့ပတ်သက်လို့ ပညာရပ်တွေများစွာ ယူဆောင်လာနိုင်ခဲ့တဲ့ နိုင်ဇော်ရဲ့ အမေရိက ခရီးစဉ်
========================== =======================
နိုင်ဇော်အနေနဲ့ သြဂုတ်လ အတွင်းက အမေရိကန်နိုင်ငံကို ခရီးထွက်ခဲ့ပြီး အဲဒီိခရီးစဉ်က ကိုနိုင်ဇော်အတွက် ပျော်ရွှင် ခြင်း၊ ဝမ်းသာခြင်း၊ အံ့သြခြင်းတို့ ရရှိစေခဲ့ရုံသာမက ဗဟုသုတနဲ့ အသိပညာတွေများစွာ ရရှိစေခဲ့ ပါတယ်။ ကိုနိုင်ဇော် အမေရိက ကို ရောက်ရှိနေတဲ့အချိန်မှာပဲ သူ့ရဲ့ မွေးနေ့နဲ့တိုက်ဆိုင်ခဲ့ပြီး အမှတ်တရလေးတွေ များစွာ ဖြစ်ပေါ်ခဲ့ပါတယ်။
"ကျွန်တော့်ဘဝမှာ အဆန်း ဆုံးကတော့ ကျွန်တော့်မွေးနေ့ ကို ၅ ခါ ကျင်းပပေးတာ ဒီတစ် ခေါက် အမေရိကခရီးစဉ်ရဲ့ ထူး ခြားချက်ပါ။ ကျွန်တော့်မွေးနေ့ကို ကျွန်တော်ရောက်တဲ့မြို့တိုင်းမှာ ကျင်းပပေးကြတယ်။ ဘာဖြစ်လို့လဲဆို တော့ ကျွန်တော့်ကို သူတို့ချစ်တာကိုး။ အားလုံးပျော်ပျော်ပါးပါးနဲ့ တီးကြ တယ်၊ ဆိုကြတယ်။ ကျွန်တော်က လည်း ကျွန်တော်တတ်တဲ့ ပညာတွေ ကို သင်ပေးတယ်။ သူတို့သိချင်တာ တွေ အကုန်ဖြေပေးခဲ့တယ်။" လို့ ကိုနိုင် ဇော်ကဆိုပါတယ်။ ကိုနိုင်ဇော် ရဲ့ နောက်ထပ် အမှတ်တရတစ်ခုက တော့ သူတအားကြည့်ချင်ခဲ့တဲ့ Van Hallen Show ကို ဘဝမှာ ပထမ ဦးဆုံးအကြိမ် ကြည့်ခဲ့ရကြောင်း သိ ရပါတယ်။Van Hallen ရဲ့ ဂစ်တာ ကာလာတွေ၊ အသံထွက် စနစ်တွေကို သေသေချာချာနားထောင်ခဲ့ရတဲ့ နိုင်ဇော်အနေနဲ့ အတွေ့အကြုံသစ် တွေ
များစွာရရှိခဲ့ကြောင်းလည်း သိရ ပါတယ်။ ဆက်လက်ပြီး နိုင်ဇော်က သူသွားခဲ့တဲ့ အမေရိကခရီးစဉ်နဲ့ ပတ်သက်ပြီး
"အဓိက ကျွန်တော်သွားတာက အလည်သက်သက်ဆိုပေမယ့် မြန်မာ နိုင်ငံမှာ အခုဂီတစာအုပ်ထုတ်လုပ် ရေး လုပ်နေတယ်လေ။ အဲဒီအတွက် လိုအပ်တဲ့စာအုပ်တွေကို မျက်ဝါး ထင်ထင် သွားကြည့်တာ။ အမေရိက မှာ ပေါတယ်လေ။ စုံလည်းစုံတယ် ဆိုတော့ တော်တော်လိုအပ်တဲ့ Link တွေကိုယူလာပြီးတော့ အခုကိုယ်လို ချင်တဲ့ စာအုပ်တွေကိုဝယ်ခဲ့တယ်။ ကျွန်တော်သွားတဲ့ခရီးက ပညာရပ် ဆိုင်ရာခရီးပေါ့။ ကျွန်တော်မသိသေး တာတွေ၊ ကိုယ်သိချင်တာတွေ၊ လူငယ်တွေသိသင့်တဲ့အရာတွေ၊ ကလေးတွေကို ဂစ်တာတီးနည်း သင် ပေးချင်တဲ့ အလွယ်ကူဆုံးစနစ်တွေ ကို အကုန်ဝယ်လာခဲ့တော့ ဒီတစ်နှစ် အမေရိကခရီးစဉ်က တော်တော် အကျိုးရှိပါတယ်" လို့ ပြောပါတယ်။ အမေရိကမှာရှိနေစဉ် ဒုတိယအကြိမ် မြောက်Guitar Solo Show ကို လည်း ကျင်းပနိုင်
ခဲ့ကြောင်း ကိုနိုင် ဇော်က ပြောပြခဲ့ပါတယ်။
မျိုးမောင်
==========================
နိုင်ဇော်အနေနဲ့ သြဂုတ်လ အတွင်းက အမေရိကန်နိုင်ငံကို ခရီးထွက်ခဲ့ပြီး အဲဒီိခရီးစဉ်က ကိုနိုင်ဇော်အတွက် ပျော်ရွှင် ခြင်း၊ ဝမ်းသာခြင်း၊ အံ့သြခြင်းတို့ ရရှိစေခဲ့ရုံသာမက ဗဟုသုတနဲ့ အသိပညာတွေများစွာ ရရှိစေခဲ့ ပါတယ်။ ကိုနိုင်ဇော် အမေရိက ကို ရောက်ရှိနေတဲ့အချိန်မှာပဲ သူ့ရဲ့ မွေးနေ့နဲ့တိုက်ဆိုင်ခဲ့ပြီး အမှတ်တရလေးတွေ များစွာ ဖြစ်ပေါ်ခဲ့ပါတယ်။
"ကျွန်တော့်ဘဝမှာ အဆန်း ဆုံးကတော့ ကျွန်တော့်မွေးနေ့ ကို ၅ ခါ ကျင်းပပေးတာ ဒီတစ် ခေါက် အမေရိကခရီးစဉ်ရဲ့ ထူး ခြားချက်ပါ။ ကျွန်တော့်မွေးနေ့ကို ကျွန်တော်ရောက်တဲ့မြို့တိုင
များစွာရရှိခဲ့ကြောင်းလည်း သိရ ပါတယ်။ ဆက်လက်ပြီး နိုင်ဇော်က သူသွားခဲ့တဲ့ အမေရိကခရီးစဉ်နဲ့ ပတ်သက်ပြီး
"အဓိက ကျွန်တော်သွားတာက အလည်သက်သက်ဆိုပေမယ့် မြန်မာ နိုင်ငံမှာ အခုဂီတစာအုပ်ထုတ်လုပ် ရေး လုပ်နေတယ်လေ။ အဲဒီအတွက် လိုအပ်တဲ့စာအုပ်တွေကို မျက်ဝါး ထင်ထင် သွားကြည့်တာ။ အမေရိက မှာ ပေါတယ်လေ။ စုံလည်းစုံတယ် ဆိုတော့ တော်တော်လိုအပ်တဲ့ Link တွေကိုယူလာပြီးတော့ အခုကိုယ်လို ချင်တဲ့ စာအုပ်တွေကိုဝယ်ခဲ့တယ်။ ကျွန်တော်သွားတဲ့ခရီးက ပညာရပ် ဆိုင်ရာခရီးပေါ့။ ကျွန်တော်မသိသေး တာတွေ၊ ကိုယ်သိချင်တာတွေ၊ လူငယ်တွေသိသင့်တဲ့အရာတွေ၊ ကလေးတွေကို ဂစ်တာတီးနည်း သင် ပေးချင်တဲ့ အလွယ်ကူဆုံးစနစ်တွေ ကို အကုန်ဝယ်လာခဲ့တော့ ဒီတစ်နှစ် အမေရိကခရီးစဉ်က တော်တော် အကျိုးရှိပါတယ်" လို့ ပြောပါတယ်။ အမေရိကမှာရှိနေစဉ် ဒုတိယအကြိမ် မြောက်Guitar Solo Show ကို လည်း ကျင်းပနိုင်
ခဲ့ကြောင်း ကိုနိုင် ဇော်က ပြောပြခဲ့ပါတယ်။
မျိုးမောင်
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။