ဟိုးရှေးရှေးက ...
ဗာရာဏသီ နေပြည်တော်ကြီးမှာပေါ့
ဘမှူးကြီးရယ် ဘပြောင်ရယ် ကာပုရယ် နန်းတော်ရှေ့က မြက်ခင်းမှာ
ဘီယာသောက်နေကြတယ်
အနားမှာ ...
မှူးလော်ရယ် ပဲမိုးရယ် ရဲဖွတ်ရယ်
အရက်လေး ထည့်ပေးလိုက်
အမြည်းလေး ကပ်စားလိုက်နဲ့ပေါ့
အဲဒီအချိန်မှာဘဲ
ဒေါင်း တအုပ်က နန်းတော်ရှေ့က
ဖြတ်ပြီး ပျံသွားကြတယ်
ဘမှူးကြီးက စာလုံးပေါင်းဖတ်နေတဲ့
တွတ်ပီပေါင်းချုပ်စာအုပ်ကို ပစ်ချလိုက်တယ်
"ငါ ဒီဒေါင်းတွေ ကြည့်မရဘူး
ဘပြောင် ပစ်ချစမ်းကွာ"
ဘပြောင်လဲ နှုတ်ခမ်းလေးကိုတွန့်
မဲ့သလို ပြုံးသလိုနဲ့ သေနတ်ကြီးကို
ကယောင်ကတမ်းကိုင်ပြီး ပစ်ထဲ့လိုက်တယ်
ဒေါင်းတွေက အပျံမပျက် ...
မှူးလော်က ထအော်တယ် ...
"ကြည့်စမ်း ပစ်ချက်လေးက
ရိုးရိုးစင်းစင်းလေး ချစ်စရာကောင်းလိုက်တာ"
ဘမှူးကြီးက မျက်စောင်းထိုးပြီး ...
"ဟိုကောင် ကာပု ပစ်လေကွာ"
ကာပုက နံမည်ကောင်းတော့ရတော့မယ်
ဆိုတဲ့မျက်နှာပေးနဲ့
သူ့အရပ်ထက် ၃ လက္မပိုမြင့်တဲ့
ပုခုန်းထမ်းလောင်ချာကြီးနဲ့ ကောက်ထုတယ်
ဒေါင်းတွေက အီအီးပါချပြီး ဆက်ပျံသွားတယ် ...
ပဲမိုးက ဝင်အော်တယ် ...
"အမြောက်တွေပစ်ပါ အမြောက်တွေပစ်ပါ
ဒေါင်းတွေ ကစင့်ကလျား ဆုတ်ခွာသွားကြပြီ"
ဘမှူးကြီး နှာတင်းလာတယ် ...
"သောက်လကားကောင်တွေ
ငါမပါရင် ဘာမှ မပြီးဘူး"
လက်စွဲတော် နှစ်လုံးပြူးကြီးနဲ့
နှစ်ချက်ဆင့် ပစ်ထဲ့လိုက်တယ်
ဒေါင်းအုပ်ထဲက တကောင်က လျာထုတ်ပြပြီး
ဆက်ပျံသွားကြတယ် ...
ရဲဖွတ် ကမန်းကတမ်း ထအော်လိုက်တယ်
"ဟာ ကြည့်စမ်း အံ့ဩစရာကြီး
ဒေါင်း အသေတွေ တအုပ်ကြီး
မိုးပေါ်မှာ ပျံနေကြတယ်"
ဗာရာဏသီ နေပြည်တော်ကြီးမှာပေါ့
ဘမှူးကြီးရယ် ဘပြောင်ရယ် ကာပုရယ် နန်းတော်ရှေ့က မြက်ခင်းမှာ
ဘီယာသောက်နေကြတယ်
အနားမှာ ...
မှူးလော်ရယ် ပဲမိုးရယ် ရဲဖွတ်ရယ်
အရက်လေး ထည့်ပေးလိုက်
အမြည်းလေး ကပ်စားလိုက်နဲ့ပေါ့
အဲဒီအချိန်မှာဘဲ
ဒေါင်း တအုပ်က နန်းတော်ရှေ့က
ဖြတ်ပြီး ပျံသွားကြတယ်
ဘမှူးကြီးက စာလုံးပေါင်းဖတ်နေတဲ့
တွတ်ပီပေါင်းချုပ်စာအုပ်ကို ပစ်ချလိုက်တယ်
"ငါ ဒီဒေါင်းတွေ ကြည့်မရဘူး
ဘပြောင် ပစ်ချစမ်းကွာ"
ဘပြောင်လဲ နှုတ်ခမ်းလေးကိုတွန့်
မဲ့သလို ပြုံးသလိုနဲ့ သေနတ်ကြီးကို
ကယောင်ကတမ်းကိုင်ပြီး ပစ်ထဲ့လိုက်တယ်
ဒေါင်းတွေက အပျံမပျက် ...
မှူးလော်က ထအော်တယ် ...
"ကြည့်စမ်း ပစ်ချက်လေးက
ရိုးရိုးစင်းစင်းလေး ချစ်စရာကောင်းလိုက်တာ"
ဘမှူးကြီးက မျက်စောင်းထိုးပြီး ...
"ဟိုကောင် ကာပု ပစ်လေကွာ"
ကာပုက နံမည်ကောင်းတော့ရတော့မယ်
ဆိုတဲ့မျက်နှာပေးနဲ့
သူ့အရပ်ထက် ၃ လက္မပိုမြင့်တဲ့
ပုခုန်းထမ်းလောင်ချာကြီးနဲ့
ဒေါင်းတွေက အီအီးပါချပြီး ဆက်ပျံသွားတယ် ...
ပဲမိုးက ဝင်အော်တယ် ...
"အမြောက်တွေပစ်ပါ အမြောက်တွေပစ်ပါ
ဒေါင်းတွေ ကစင့်ကလျား ဆုတ်ခွာသွားကြပြီ"
ဘမှူးကြီး နှာတင်းလာတယ် ...
"သောက်လကားကောင်တွေ
ငါမပါရင် ဘာမှ မပြီးဘူး"
လက်စွဲတော် နှစ်လုံးပြူးကြီးနဲ့
နှစ်ချက်ဆင့် ပစ်ထဲ့လိုက်တယ်
ဒေါင်းအုပ်ထဲက တကောင်က လျာထုတ်ပြပြီး
ဆက်ပျံသွားကြတယ် ...
ရဲဖွတ် ကမန်းကတမ်း ထအော်လိုက်တယ်
"ဟာ ကြည့်စမ်း အံ့ဩစရာကြီး
ဒေါင်း အသေတွေ တအုပ်ကြီး
မိုးပေါ်မှာ ပျံနေကြတယ်"
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။