ရည်ရွယ်ချက်က ကောင်းခဲ့တယ်....
လုပ်ဆောင်မှုတွေ ကောင်းခဲ့တယ်....
သစ္စာရှိကြတယ်....
အသက်နဲ့ ခန္ဓာကိုယ်ကို နိုင်ငံတော်အတွက် ပေးလှူထားကြတယ်....
သိပ်မြင့်မြတ်တဲ့ အလုပ်မို့ ပြည်သူတွေ အသဲစွဲပေါ့ကွာ....
ဒါပေမယ့် ....
တချို့သော တလွဲအသုံးချတဲ့ အာဏာရူးတချို့ကြောင့်
အခု နာမည်ပျက်နေရတယ်...
ဝင်စတုန်းက တိုင်းပြည်အတွက် ဆိုပေမယ့်
ဝင်ရောက်ပြီးတော့ အထက်လူကြီးတွေ အတွက်ဖြစ်သွားကြတယ်...
နောက်ဆုတ်လို့ မရတဲ့အခြေအနေမို့ ကြိတ်လုပ်နေသူတွေ...
အကြောက်တရားကြောင့် မှေးလုပ်နေသူတွေ..
ယောက်ျားပဲ ဆိုတဲ့မာနနဲ့ ဆက်နေနေသူတွေ..
ဒေါင်ကျကျ ပြားကျကျ ဆိုတဲ့ မထူးဇာတ်ခင်းနေသူတွေ...
ဗိုလ်ချုပ် တည်ထောင်ခဲ့တဲ့ အဖွဲ့အစည်း ဆိုရုံမျှနဲ့
ဂုဏ်ယူနေသူတွေ...
တသွေး တသံ တမိန့် ဆိုပြီး မျက်စိမှိတ် ယုံကြည်နေသူတွေ...
အထက်က အမိန့်ဆိုတာကို တချက်လွှတ်အမိန့်လိုမျိုး လိုက်နာနေသူတွေ....
အမှား အမှန်ထက် အမိန့်နာခံမှုကိုသာ ဦးစားပေးသူတွေ...
အထက်လူကြီးတွေရဲ့ အကျင့်ပျက်ခြစားမှုတွေကို
မသိလို့ အထင်ကြီး လေးစားနေသူတွေ...
အဲလို သနားစရာ စစ်သားတွေ အများကြီးရှိတယ်။
တချို့ကတော့..
အပြင်လောကမှာ လုပ်မစားချင်သူတွေ...
ဝင်ငွေကောင်းလို့ ပျော်ပျော်ကြီး လုပ်ပေးနေသူတွေ..
ဝေပုံကျ ပိုက်ဆံရနေသူတွေ...
အပြင်မှာ ဒီလောက်မသေချာဘူးဆိုတဲ့
အကြံတုံး ဥာဏ်တုံး သမားတွေ...
ရာထူး အရှိန်လေးကြောင့် မျက်နှာရနေသူတွေ...
တနေ့ကျရင် ငါတို့ဂွင်ရောက်လာမယ်ဆိုတဲ့
အခွင့်အရေးစောင့်နေသူတွေ...
သက်သက်သာသာ နဲ့လစာရတာပဲဆိုတဲ့ အချောင်သမားတွေ...
ပြည်သူတွေရဲ့ ရွံကြောက်ဘ၀ကို ဂုဏ်ယူနေတတ်သူတွေ...
အဲဒီလို ရွံစရာ စစ်သားတွေလဲ ရှိတယ်။
တပ်မတော် ထဲမှာပဲ...
တာဝန်သိမှုတွေ...
အမိန့်နာခံတတ်မှုတွေ...
သစ္စာရှိမှုတွေ...
စွန့်လွှတ် စွန့်စား မှုတွေ...
အနစ်နာခံမှုတွေ...
ပေးဆပ်မှုတွေ စတဲ့ လေးစားဂုဏ်ယူစရာတွေရှိတယ်...
ဒါပေမယ့် ရှားတယ်။
အဲဒါအပြင်....
တာဝန်မဲ့မှုတွေ...
အနိုင်ကျင့်မှုတွေ...
မနာလိုမှုတွေ...
ကုန်းတိုက် ချောက်ချမှုတွေ...
သစ္စာမဲ့မှုတွေ...
လာဘ်စားမှုတွေ...
ခေါင်းပုံဖြတ်မှုတွေ...စတဲ့ နိမ့်ကျယုတ်မာတာတွေရှိတယ်...
ဒါကတော့ ပေါတယ်။
အကောင်းဆုံးက ဆောင်ပုဒ်....
အဆိုးဆုံးက အကျင့်...
အပေါဆုံးက အချောင်သမား...
အရှားဆုံးက စစ်သားပီသတဲ့ စစ်သား...
အရဆုံးက လူကြီးများ...
အငတ်ဆုံးက အောက်ခြေက စစ်သား...
အချမ်းသာဆုံးက အထက်အရာရှိများ....
အဆင်းရဲဆုံးက အခြားအဆင့်များ...
အခိုးဆုံးက ခေါင်းဆောင်များ...
အရိုးဆုံးက တချို့ စစ်သား....
.....
.....
ဒီလိုနဲ့....
အခုခေတ် တပ်မတော်ကြီးလည်း
ဆောင်ပုဒ်နဲ့ ကျင့်ဝတ်ကတခြား...
လုပ်ဆောင်ချက်နဲ့ ရပ်တည်မှုကတခြား ဖြစ်နေပြီ။
ဗိုလ်ချုပ် ဖွဲ့စည်းစဉ်က ကျွန်လို အဖွဲ့အစည်း.. .
အခုဖြစ်နေတာက သခင်လို အဖွဲ့အစည်း...
ဗိုလ်ချုပ်ရည်ရွယ်တာက ပြည်ပရန် ကာကွယ်ရေး..
အခုလုပ်နေတာက ပြည်တွင်းနှိမ်နင်းရေး..
ဗိုလ်ချုပ်ပြောတာက ပြည်သူငတ်ရင် ငါတို့ငတ်...
အခုခေတ်က ဘယ်သူငတ်ငတ် သူတို့မငတ်..
ဗိုလ်ချုပ်စေတနာက အသက်စွန့်ဖို့...
အခုလူတွေက စည်းစိမ်တိုးဖို့...
ဗိုလ်ချုပ်စဉ်းစားတာက စွန့်လွှတ်ဖို့...
သူတို့တွေက ပိုင်ဆိုင်ဖို့...။
ကောင်းကွာ...
အမြင်မတော် ဆင်တော်နဲ့ ခလောက်..
ဆင်မဲကြီးကို ဆင်ဖြူလုပ်
အရှက်မဲ့တဲ့ အမျိုးယုတ်တွေရေ
ရှေးဘ၀က ကုသိုလ်ကောင်းလို့
ဒီဘ၀မှာ တူဖြစ်နေတာမို့
ပေဖြစ်တဲ့ ငါတို့တွေကို အားရအောင် ထုထားပါ..
ခင်ဗျားတို့ ပေဖြစ်ရင်တော့
တူနဲ့တော့ မထုတောဘူး...
အားကုန်လို့..
ကျုပ်တို့က အရည်ကျို ပြီး လမ်းခင်းလိုက်မယ်။
.
YaeTayZa
=========
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။