ရက်စက်ပါပေ့
*************
*************
လူတွေကိုလူလိုမမြင်တဲ့ ညံ့ဖျင်းသောအစိုးရပါဘဲ..
ကြုံလို့ ဒီလိုသဘေတရားချင်းတူတဲ့အဖြစ်ကလေးတခုပြောပြပရစေ..
ရခိုင်ပြည် မင်းပြားမြို့နယ် မင်းဖူးရွာက ရေဘေးသင့်ပြည်သူတွေကို ဆေးကုပေးဖို့ ဆရာဝန်မ တယောက်ရဲ့ ပရဟိတ အဖြစ်မှန်လေးပါ...
like emoticon
ရွာမှာရှိတဲ့ လူအားလုံးနီးပါးရဲ့ ခန္ဓာကိုယ်နေရာအနှံ့မှာကြောက်စရာအမဲကွက်ကြီးများထွက်လာတာတွေ့ရလို့ သူတို့ထိခဲ့တဲ့ ရေ ထဲမှာ ဘာအဆိပ်ဓါတ်ပါနိုင်လဲ..ဘာဖြစ်နိုင်တာလဲဆိုတာ တတ်သိပညာရှင်များထံမှအဖြေတခုခုရလိုရငြား FB ပေါ်ဓါတ်ပုံများနဲ့တကွတင်လိုက်ပါတယ်..Share လုပ်သူ ၂၀၀ ကျော်ကြောင့်ဒီသတင်းကို အစိုးရလူကြီးမင်းများ သိသွားတဲ့အခါမှာ...ဘာလာလုပ်ပေးတယ်ထင်ပါသလဲ???

မြို့နယ် ပြည်နယ် တိုင်းမှ ကျန်းမာရေးဌာနလူကြီးမင်းများမှ အဲဒီရွာကိုရောက်လာပီး ဆရာဝန်နဲ့အဖွဲ့ကို ခေါ်တွေ့ပီး ပစ်တင်ပြောဆိုပါတယ်.. သူတို့ကိုခွင့်မတောင်းဘဲဆေးကုတာကတပစ်..လူတွေကိုလန့်စေရန် fb ပေါ်တင်တာကတပစ်..စစ်ဆေးမေးမြန်းပါတယ်

ဒါပေမဲ့ အဲဒီ ဆရာဝန်မ ကအစိုးရအမှုထမ်းလဲမဟုတ် ဆေးခန်းဖွင့်ပီးစီးပွားရှာသူလဲမဟုတ်တော့ သူတို့ကိုသတ္တိရှိရှိရင်ဆိုင်ပီး ပြန်ချေပခဲ့ပါတယ်..တရားဝင် ဆမ ရှိတဲ့ဆရာဝန်တယောက်ဟာပရဟိတဆေးကုထွက်တိုင်း ဘယ်သူ့ဆီကခွင့်တောင်းဖို့လိုသလဲလို့ပြန်မေးပြီး ..ယခုအမဲကွက် ကိစ္စများဟာလဲ ရေများနစိမြုပ်ထိတွေ့ပီးမှမြင်ဘူးတဲ့ ပြသနာမို့ ဒီလိုFB ပေါ်တင်လိုက်လို့သာ လူကြီးမင်းများသိတာ မဟုတ်လားလို့ ပြန်ချေပခဲ့ပါတယ်..

အဲတော့ ဘာလုပ်ထားလဲမေးပါတယ်..ဆရာဝန်အဖွဲ့မှ ရေနမူနာကို ဓါတ်ခွဲခန်းပို့ထားကြောင်းပြောပါတယ်..

ကဲ.. ဒီမှာတင် ဟာသစကားတခွန်း ပြောပြပါရစေ..
လူကြီးမင်းများ ဘာပြောသွားလဲသိလား?? "
ဟုတ်ကဲ့..
အဖြေလေးများရရင် ကျနော်တို့ဆီအကြောင်းကြားပေးပါဦး" တဲ့..ကဲ..
.
comment by Htwe Htwe Kyi
Ma May Moon
=========
pic-int
=========
pic-int
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။