အနောက်ဘက်ကကြယ်တစ်ပွင့် (သို့မဟုတ်) ညီမင်းခိုင်
ရခိုင်ဒေသထွက်အဆိုတော်တွေ မြန်မာ့ဂီတလောကမှာ နေရာယူခဲ့ကြတာ ကြာပါပြီ။ ကျွန်တော်သိသလောက် "မိုင်"။ နောက်ပိုင်းမှာ ဦးစောနုရဲ့ ဂီတသင်တန်းသားတွေ ဂီတလောကထဲ ထိုးဖောက်လာခဲ့ကြတယ်။ `သူငယ်တန်း´`စုံထောက်ကြီးရှားလော့ဟုမ်း´စတဲ့အခွေတွေနဲ့ ။ အဲ့ထဲမှာ ကျွန်တော်သတိထားမိတာကတော့ တေးရေးဝင်းကိုခိုင်နဲ့ ဦးစောနုသား နိုင်ဟယ်လင်။၂၀၀၀ပတ်ဝန်းကျင်က စစ်တွေသားဖော်ကာနှင့်အတူ Wantedကိုလည်း ကြိုက်ခဲ့ဖူးသည်။ မြောက်ဦးကို ဘုရားဖူးသွားတုန်းက ရခိုင်ပြည်နယ်အနှံ့ ကြားခဲ့ရတာက "ဗျာလ"။ ရခိုင်သားတို့သည် ရခိုင်သီချင်းတွေ အများအပြားသီဆိုထားကြသည်။
လူငယ်ထုကြား Wanted Band ရေပန်းစားလာသောအခါ တိုက်ဆိုင်စွာပင် ရခိုင်သားတွေ ဂီတလောကထဲ အများအပြားထိုးဖောက်ဝင်ရောက်လာကြသည်။ စတင်သတိထားမိတာ ညီမင်းခိုင်ရဲ့ လက်ခံမလား။ တခွေလုံး ဟုန်းခနဲမပေါက်ပေမယ့် "နွယ်နီ"ကတော့ အွန်လိုင်းကတဆင့် ပေါက်သွားခဲ့သည်။ နောက်ထပ် ကျွန်တော်အကြိုက်တွေ့မိတာက SARAH ရဲ့ `လိပ်ခွံ´။ လိပ်ခွံနှင့်အတူ အဆိုတော် မင်းခန့်ဇော်နှင့် တေးရေး ထက်အောင်ကျော်@H.A.Kတို့ကို လူငယ်တွေ သတိထားမိကြသည်။ အွန်လိုင်းမိတ်ဆွေ Zip Zip၏ အော်တာသီချင်းလေးတွေကိုလည်း ကြိုက်နှစ်သက်မိသည်။ခုလောလောဆယ်ကို နေတိုးညီ မင်းသွေးက `ထိုးစစ်´အယ်လ်ဘမ် ထွက်ရှိထားသည်။ နားတော့မထောင်ရသေးပေ။
ညီမင်းခိုင်သည် ဒုတိယအယ်လ်ဘမ် "အနောက်ဘက်ကထွက်တဲ့နေ" ကို သေသပ်လှပစွာ ပရိသတ်ဆီ ပို့ဆောင်ပေးထားသည်။ ပထမခွေထက် ပိုကြိုက်မိပာသည်။ ရော့ခ်သီချင်း နှစ်သက်ကြသူတွေ အကြိုက်တွေ့ကြလိမ့်မည်ဟုလည်း ယုံကြည်မိပါသည်။
အနောက်ဘက်ကထွက်တဲ့နေ ➳ ➳ ➳
https://my.pcloud.com/ publink/ show?code=kZcNmkZN4lLqq6K0a 07gB3yzh3YL5vOAQey#folder= 18797673ညီမင်းခိုင်
★ ★ ★တချို့ ရခိုင်ဂီတအနုပညာရှင်များ ကျန်ခဲ့ပါလျှင် ကျွန်တော်၏ညံ့ဖျင်းမှုသာဖြစ် ပါသည်။
ရခိုင်ဒေသထွက်အဆိုတော်တွေ မြန်မာ့ဂီတလောကမှာ နေရာယူခဲ့ကြတာ ကြာပါပြီ။ ကျွန်တော်သိသလောက် "မိုင်"။ နောက်ပိုင်းမှာ ဦးစောနုရဲ့ ဂီတသင်တန်းသားတွေ ဂီတလောကထဲ ထိုးဖောက်လာခဲ့ကြတယ်။ `သူငယ်တန်း´`စုံထောက်ကြီးရှ
လူငယ်ထုကြား Wanted Band ရေပန်းစားလာသောအခါ တိုက်ဆိုင်စွာပင် ရခိုင်သားတွေ ဂီတလောကထဲ အများအပြားထိုးဖောက်ဝင်ရောက
ညီမင်းခိုင်သည် ဒုတိယအယ်လ်ဘမ် "အနောက်ဘက်ကထွက်တဲ့နေ" ကို သေသပ်လှပစွာ ပရိသတ်ဆီ ပို့ဆောင်ပေးထားသည်။ ပထမခွေထက် ပိုကြိုက်မိပာသည်။ ရော့ခ်သီချင်း နှစ်သက်ကြသူတွေ အကြိုက်တွေ့ကြလိမ့်မည်ဟုလည်
အနောက်ဘက်ကထွက်တဲ့နေ ➳ ➳ ➳
https://my.pcloud.com/
★ ★ ★တချို့ ရခိုင်ဂီတအနုပညာရှင်များ ကျန်ခဲ့ပါလျှင် ကျွန်တော်၏ညံ့ဖျင်းမှုသာဖြစ်
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။