Yoyarlay added 4 new photos.
ပင္လယ္ေျမႊႏွင့္ ေက်ာက္ငါးတို႔ တိုက္ပြဲ
ပင္လယ္ေျမႊ (Sea Snake) နဲ႔ ေက်ာက္ငါး (Stone Fish) တုိ႔ဟာ ပင္လယ္မွာ အဆိပ္ျပင္းတဲ့ သတၱဝါမ်ား ျဖစ္ပါတယ္။ ၾသစေတးလ် Darwin's harbour ဆိပ္ကမ္းေဒသမွာ ပင္လယ္ငါးဖမ္းတဲ့ အမ်ိဳးသား တစ္ဦးဟာ ေရထဲမွာ လံုးေထြး တိုက္ခိုက္ေနတဲ့ ပင္လယ္ေျမႊနဲ႔ ေက်ာက္ငါးကုိ ေတြ႔ရွိခဲ့ ပါတယ္။
ယင္း တိုက္ခိုက္မွုကို ဓာတ္ပံု၊ ဗီဒိယိုတို႔နဲ႔ မွတ္တမ္းတင္ျပီး ဖမ္းယူလို႔ ခြဲေပးလိုက္ပါတယ္။ ျပီးေတာ့ ဆိပ္ကမ္း အနီးကေန ျပန္လြတ္ေပးလိုက္ေပမယ့္ မထူးပါဘူး။ သူတို႔ ႏွစ္ေကာင္ဟာ ေရထဲေရာက္တာနဲ႔ ျပန္လည္ တိုက္ခိုက္ ပါတယ္။ ေျမႊက ငါးကို ေပါက္သလို၊ ငါးကလည္း ေျမႊကို ျပန္ကိုက္ ပါတယ္။ ႏွစ္ေကာင္သား တိုက္ခိုက္မွုရဲ႕ ရလဒ္ကေတာ့ ႏွစ္ေကာင္စလံုး ေသဆံုးျခင္း ျဖစ္ပါတယ္။
တစ္ေကာင္ရဲ႕ အဆိပ္ဟာ တစ္ေကာင္ကို ေသေစျပီး ႏွစ္ေကာင္စလံုးဟာ အဆိပ္မ်ား အျပန္အလွန္ မိလို႔ ေသဆံုးကုန္ၾက ပါတယ္။ ဒါေၾကာင့္မို႔ အခ်ည္းႏွီး ျဖစ္တဲ့ တိုက္ပြဲေလး တစ္ခုပါပဲ။ ယင္း ဗီဒိယိုနဲ႔ ဓာတ္ပံုကိုေတာ့ ၾသစေတးလ် ငါးဖမ္းသမား Mr Trippe မွ အမိအရ ရိုက္ယူႏုိင္ခဲ့ပါတယ္။
.
Ref: dailymail
ေအာင္ခမ္း (ရိုးရာေလး)
#aungkham_yyl
#news_yyl
www.yoyarlay.com
.
Ref: dailymail
ေအာင္ခမ္း (ရိုးရာေလး)
#aungkham_yyl
#news_yyl
www.yoyarlay.com
(Unicode version)
ပင်လယ်မြွှေနှင့် ကျောက်ငါးတို့ တိုက်ပွဲ
ပင်လယ်မြွှေ (Sea Snake) နဲ့ ကျောက်ငါး (Stone Fish) တို့ဟာ ပင်လယ်မှာ အဆိပ်ပြင်းတဲ့ သတ္တဝါများ ဖြစ်ပါတယ်။ ဩစတေးလျ Darwin's harbour ဆိပ်ကမ်းဒေသမှာ ပင်လယ်ငါးဖမ်းတဲ့ အမျိုးသား တစ်ဦးဟာ ရေထဲမှာ လုံးထွေး တိုက်ခိုက်နေတဲ့ ပင်လယ်မြွှေနဲ့ ကျောက်ငါးကို တွေ့ရှိခဲ့ ပါတယ်။
ယင်း တိုက်ခိုက်မှုကို ဓာတ်ပုံ၊ ဗီဒိယိုတို့နဲ့ မှတ်တမ်းတင်ပြီး ဖမ်းယူလို့ ခွဲပေးလိုက်ပါတယ်။ ပြီးတော့ ဆိပ်ကမ်း အနီးကနေ ပြန်လွတ်ပေးလိုက်ပေမယ့် မထူးပါဘူး။ သူတို့ နှစ်ကောင်ဟာ ရေထဲရောက်တာနဲ့ ပြန်လည် တိုက်ခိုက် ပါတယ်။ မြွှေက ငါးကို ပေါက်သလို၊ ငါးကလည်း မြွှေကို ပြန်ကိုက် ပါတယ်။ နှစ်ကောင်သား တိုက်ခိုက်မှုရဲ့ ရလဒ်ကတော့ နှစ်ကောင်စလုံး သေဆုံးခြင်း ဖြစ်ပါတယ်။
တစ်ကောင်ရဲ့ အဆိပ်ဟာ တစ်ကောင်ကို သေစေပြီး နှစ်ကောင်စလုံးဟာ အဆိပ်များ အပြန်အလှန် မိလို့ သေဆုံးကုန်ကြ ပါတယ်။ ဒါကြောင့်မို့ အချည်းနှီး ဖြစ်တဲ့ တိုက်ပွဲလေး တစ်ခုပါပဲ။ ယင်း ဗီဒိယိုနဲ့ ဓာတ်ပုံကိုတော့ ဩစတေးလျ ငါးဖမ်းသမား Mr Trippe မှ အမိအရ ရိုက်ယူနိုင်ခဲ့ပါတယ်။
.
Ref: dailymail
အောင်ခမ်း (ရိုးရာလေး)
.
Ref: dailymail
အောင်ခမ်း (ရိုးရာလေး)
No comments:
Post a Comment
မိတ္ေဆြ...အခ်ိန္ေလးရရင္ blogg မွာစာလာဖတ္ပါေနာ္
ဗဟုသုတ ရနိုင္တယ္။