Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, September 17, 2015

မိုးကုတ်ဆရာတော် ဘုရားကြီး၏ အခြေခံ ဝိပဿနာ ရှုနည်း

မိုးကုတ်ဆရာတော် ဘုရားကြီး၏ အခြေခံ ဝိပဿနာ ရှုနည်း
************************************
မိုးကုတ်ဆရာတော် ဘုရားကြီး၏ မူရင်း အာဘော်အတိုင်းသာ ရေးသား မျှဝေပါသည်။
ယခုမှ စတင်ကျင့်ကြံ အားထုတ်မည့် ကြံရွယ်သူများအတွက် ရှင်းလင်း လွယ်ကူစွာ အလုပ်လုပ်နိုင်စေရန် ရည်ရွယ်ပါသည် ခင်ဗျာ။
ခန္ဓာကိုယ်ကို စိုက်ပြီး သကာလ ဘုရားရှေ့မှာ ဖြစ်စေ၊ ကိုယ့်အိပ်ရာပေါ်မှာ ဖြစ်စေ၊ စိုက်ပြီး ကြည့်ပါ။ မကြည့်မီ ရှေ့အဖို့ကာလ၌ ဘာလုပ်ရမလဲလို့ မေးလို့ ရှိရင်ဖြင့် "လေလေး ထွက်လာတာလည်း သိနေပါ။ လေလေးပြန်ဝင်တာလည်း သိနေပါ။" ထိုသို့ သိနေတဲ့ အခါကျတော့ သိတဲ့ စိတ်ကလေး ဘယ်မှ မပြေးတော့ဘူး။

ထိုကဲ့သို့ သိတဲ့ စိတ်ကလေး ဘယ်မှ မပြေးအောင် အချိန်ကျတော့ ထွက်တိုင်းသိ ဝင်တိုင်းသိ။ ဒီသိတဲ့ စိတ်ကလေး ဘယ်မှ မပြေးအောင် ဒကာ၊ ဒကာမတွေက ထိန်းထားပါ။ ဝိပဿနာအစ ခန္ဓာကိုယ် ထွက်ဝင်သိတာကလို့ မှတ်လိုက်ပါ။ "ဝိပဿနာအစ ခန္ဓာကိုယ် ထွက်တဲ့ လေလေး၊ ဝင်တဲ့လေလေး သိတာက စပါ။"
ကောင်းပြီ။ ဤကဲ့သို့ သိနေပြီလို့ ၅မိနစ်၊ ၁၀ မိနစ်တိုင်တိုင် မိမိစိတ်ကလေးဟာ ဘယ်မှမပြေးတော့ဘူးလို့၊ ဒီလို "ကိုယ့်ဟာကိုယ် စိတ်ကလေးဟာ ထိန်းလို့ဖြင့်ရပြီဟ" လို့ဆိုတော့ ထိန်းနေရင်း မတ်တပ်နဲ့ ခန္ဓာကိုယ်ထဲကနေပြီး သကာလ ဟိုကအောင့်သလိုလို ပေါ်လာလိမ့်မယ်။
ဟိုနေရာက ယားသလိုလို ပေါ်လာလိမ့်မယ်။ ဟိုနေရာကလည်း စိတ်ကလေးတစ်မျိုး သော်လည်းကောင်း၊ ကြားတဲ့ စိတ်ကလေး လည်း ပေါ်လာလိမ့်မယ်။ "ပေါ်လာတဲ့အခါကျတော့ ထွက်သိ၊ ဝင်သိ စိတ်ကလေးကို ဖြုတ်ပစ်လိုက်ပါ။ အောင့်တဲ့ ယားတဲ့ နေရာကို လိုက် လိုက် ပါ။" အောင့်တဲ့ ယားတဲ့ နေရာကို ဘုန်းကြီးတို့ ဒကာ၊ ဒကာမတွေ လိုက် လိုက်တော့ ဒီအောင့်တာလေးကလည်း နဂိုကအောင့်တာ မဟုတ်ဘူး။
ယခုမှ ဖောက်ပြန် ပျက်စီးပြီး ပေါ်လာတာ။ ယခုမှ ဖောက်ပြန်တာ။ အဲဒီ ဖောက်ပြန်တာကလည်း ဥာဏ်နဲ့ ကြည့်လိုက်ပြီ ဆိုတော့ ထိုကဲ့သို့ ပျက်စီးတာပဲ တွေ့တဲ့အခါကျတော့ "ဖောက်ပြန် ပျက်စီးတာလေးက ဒုက္ခသစ္စာ။ ဖောက်ပြန် ပျက်စီးမှုကို သိတာလေးက လောကီမဂ္ဂသစ္စာ။"
ဒါလေး .... ရှေးဦးစွာ ဖောက်ပြန် ပျက်စီးတဲ့ စိတ်ကလေးကို ဒကာ၊ ဒကာမတွေက ဟိုနေရာပေါ် ဟိုနေရာလိုက်။ လက်မောင်းပေါ် လက်မောင်း၊ စိတ်ပေါ် စိတ်၊ ကိုယ်ပေါ် ကိုယ်လိုက်။ ဟဒယ ဝတ္ထုပေါ် ဟဒယ ဝတ္ထုလိုက်။ နားထဲပေါ် နားထဲလိုက်။ မျက်လုံးထဲက မြင်စိတ်ကလေးပေါ်လည်း မြင်စိတ်ကလေးက ခုမှ ပေါ်လာတာ၊ ဖြစ်ပြီး ပျက်တာပဲ။
"ဖောက်ပြန် ပျက်စီးတဲ့ ဓမ္မလေးပဲ လို့ဆိုပြီး ဒကာ၊ ဒကာမတွေက လိုက်နေပါ။"
လိုက်လို့ လိုက်စရာ မရှိတော့ပြန်ဘူးဘုရား။ ဘယ်နေရာမှ မပေါ်လာဘူးလို့ ဆိုလို့ရှိရင် ခုနင်က စိတ်ကလေးကို ထွက်တဲ့ ဝင်တဲ့စိတ်နဲ့ တွဲနေတဲ့ ဥာဏ်ကလေးကို ဟဒယဝတ္ထုဆိုတဲ့ ဝမ်းထဲ လှည့်လိုက်ပါ။ ဝမ်းထဲ လှည့်လိုက်တဲ့ အခါကျတော့ ဝမ်းထဲမှာရှိတဲ့ "လေကို ထွက်အောင် အားထုတ်တဲ့ စိတ်၊ လေကို အတွင်းပြန်ကို ပြန်ဆွဲယူတဲ့ စိတ်ကလေး နှစ်ခု လှည့်ရှုနေပါ။
ဒါလေးတွေလည်း ဖောက်ပြန် ပျက်စီးတာပဲ၊ ဖောက်ပြန် ပျက်စီးတာပဲလို့ ဒကာ၊ ဒကာမတွေက ဥာဏ်နဲ့ လိုက်နေပါ။"
လိုက်နေရင်း မတ်တပ်နဲ့ ဟိုနေရာက ယားတယ်၊ ဒီနေရာက အောင့်တယ်၊ ဒီနေရာက စပ်တယ်လို့ ပေါ်လာပြန်လို့ ရှိရင်လည်း အဲဒီနေရာတွေကို လှည့်လိုက်။
ဝမ်းထဲက ရှုနေတာလေးဟာ မရှိလည်း "မရှိသောကြောင့် ရှုမနေဘဲနဲ့ ပေါ်ရာပြန်လိုက်ပါ။"ထိုသို့ ပေါ်ရာ ပြန်လိုက်ပြီ ဆိုမှဖြင့် ဘုန်းကြီးတို့ ဒကာ၊ ဒကာမတွေ ဖြစ် ပျက်နဲ့ ရှုတဲ့ မဂ် ခွဲလို့ ရသေးရဲ့လား။ ဖြစ် ပျက်နဲ့ ရှုတဲ့ မဂ်နဲ့ ခွဲလို့ မရတော့ပါဘူး။
ဒီလိုဆိုရင်ဖြင့် မိမိစိတ်သည် "ဖြစ် - ပျက် နောက်က မဂ် အစဉ်လိုက်နေပြီ" ဆိုပြီး ဝမ်းသာလိုက်ပါ။
သံသရာတစ်လျှောက် တော်စပ်ခဲ့ဖူးသော ဆွေမျိုးအပေါင်း ကိုယ် စိတ် နှလုံး ငြိမ်းချမ်းကြပါစေခင်ဗျာ။
by sAiHsue
စိတ်ကူးပျော်ရာ မှ
တဆင့်ဓမ္မဒါနကူးယူပြီး တင်ပြအပ်ပါသည်ခင်ဗျာ
(ဗဟုသုတတိုးပွားပြီး ကုသိုလ်တရား ပွားများနိုင်ကြ
ပါစေခင်ဗျာ)
(ကျွန်တော့်၏Postများမှဓမ္မတရားတော်များကို အများသူငါဖတ်ရှုလေ့လာကုသိုလ်ပွားနိုင်ရန်အတွက်ထပ်ဆင့်၍ဝေမျှ Shareခြင်းဖြင့်ကုသိုလ်ယူနိုင်ကြ
ပါသည်ခင်ဗျာ)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။