Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, September 17, 2015

မအားလပ်တဲ့ တစ်နေ့တာထဲက စာဖတ်ချိန်ကို ဘယ်လိုဖဲ့ယူမလဲ


မနက်မိုးလင်းတာနဲ့ အိပ်မှုံစုံမွှားနဲ့ရေချိုးခန်းဝင်၊ တက်သုတ်ရိုက်ပြင်ဆင်ပြီး ထမင်းဘူးကိုဆွဲ ဘတ်စ်ကား မှတ်တိုင်ကိုပြေး။ လမ်းခရီးမှာ အနည်းဆုံး တစ်နာရီကနေ ၂ နာရီလောက် အချိန်ပေးပြီးမှ အလုပ်ကို ရောက်။ အလုပ်မှာ တနေကုန်နေပြီးတော့ ညနေ ၅ နာရီလောက်အိမ်ပြန်၊ ၇ နာရီလောက်မှရောက်။ ရေမိုးချိုး ထမင်းစားပြီးတော့ ကြိုက်တဲ့ကိုရီးယားကားက လာနေပြီ။ ကိုရီးယားကားလေးကြည့်ရင်း ဖေ့စ်ဘုတ်ကြည့် ဖုန်းပွတ်။ ပြီးရင် ၁၁-၁၂ နာရီလောက် အိပ်ရာဝင်၊ ဖုန်းလေးပွတ်ရင်း အိပ်ပျော်။ စနေတနင်္ဂနွေဆိုလည်း အိမ် အလုပ်တွေလုပ်၊ အပြင်သွားစရာရှိတာတွေ အဲတော့မှ စုပြီးသွား။ ဒီလိုနဲ့ပဲ စာအုပ်ဆိုတာကြီးတွေကို ထိချိန်ကိုင် ချိန်လေးတောင် မရှိတော့ပဲ တစိမ်းပြင်ပြင်ဖြစ်နေတာ ကြာခဲ့ပါပြီ။ ဒါဟာ စာရေးသူရဲ့နေ့စဉ်ဘ၀ပါ။ အလုပ်ထဲမှာ နေ့စဉ်နေ့တိုင်း အွန်လိုင်းကနေ စာဖတ်ဖြစ်တယ်ဆိုပေမဲ့ ၀တ္တုတွေ၊ ဇာတ်လမ်းတွေကို သေချာစိတ်နှစ် စီးဝင် ပြီးမဖတ်ဖြစ်တာ တော်တော်ကြာနေခဲ့ပါပြီ။

တစ်နေ့မှာ ရုတ်တရက် စာအုပ်လေးကိုကိုင်၊ စာအုပ်နံ့ သင်းသင်းလေးကို ရှူရင်း စာဖတ်ချင်စိတ်တွေ အသည်းအသန်ပေါ်ပေါက်လာပါတယ်။ ငယ်ငယ်ကတည်းက စာအုပ်ဆိုခိုးဖတ်၊ ဗြောင်ဖတ် ၊ ကျူရှင်မှာတောင် စာမြန်မြန်လုပ်ပြီး ဆရာမရဲ့စာအုပ်တွေယူပြီး အသားကုန်ဖတ်ခဲ့တဲ့ စာဖတ်ရူးသူဆိုတော့ စာအုပ်တွေကို လွမ်း မိပြီပေါ့။ ဒါနဲ့ပဲ စာကိုဖတ်ဖြစ်အောင်ဖတ်မယ်လို့ ဆုံးဖြတ်လိုက်ပြီး စာဖတ်ချိန်ဖဲ့ယူနည်းတွေကို လက်လှမ်းမီသ လော်ကဖတ်ရှုလေ့လာပြီး လက်တွေ့ကျင့်သုံးခဲ့ပါတယ်။
စာဖတ်ကျင့်ဖြစ်အောင်လုပ်ပါ - စာဖတ်တဲ့အလေ့အကျင့်ကို အချိန်ရတိုင်းများများလုပ်ပေးပါ။ စာဖတ်တယ်ဆို တာကလည်း အလေ့အကျင့်ဖြစ်နေမှသာ ချက်ချင်းပျော်ဝင်လွယ်ပြီး ဖတ်မိသမျှကို ခံစားနားလည်ကာ မှတ်မိနေ မှာဖြစ်ပါတယ်။ ဒါကြောင့် စနေတနင်္ဂနွေလို အားလပ်တဲ့ရက်တွေမှာ ကိုယ်ဖတ်ချင်တဲ့စာအုပ်ကို သတ်သတ်မှတ် မှတ် တစ်အုပ်ထားပြီး အဲဒီစာအုပ်ကို အချိန်အနည်းဆုံး တစ်နာရီပြည့်အောင် ဖတ်ပါ။ ညတိုင်းအိပ်ရာဝင်ခါနီး နာရီဝက်ခန့်ဖတ်ပါ။ ဒါဆို စာအုပ်ကို စတင်နားလည်လာပြီမို့ ဘယ်အချိန်ဖြစ်ဖြစ် ချက်ချင်းအစပြန်ကောက်လို့ ရနိုင်မှာဖြစ်ပါတယ်။
အချိန်နည်းနည်းရတာနဲ့ဖတ်ပါ - စာဖတ်ချိန်ရယ်လို့ သီးသန့်မထားနိုင်တဲ့အခါမျိုးမှာ အချိန်လေးနည်းနည်းရ တာနဲ့ ဖတ်သွားရင်း စာတစ်အုပ်လုံးကို ပြီးတဲ့အထိဖတ်လို့ရပါတယ်။ ဘတ်စ်ကားမှတ်တိုင်မှာ ကားစောင့်နေ ရင်း ၅ မိနစ်ခန့်စာဖတ်လို့ရပါတယ်။ အလုပ်ထဲမှာ စာရွက်(၃၀)လောက်ပရင့်ထုတ်ရင်း စောင့်နေတုန်း စာဖတ်ပါ။
စာအုပ်ကို သွားလေရာသယ်သွားပါ - ကိုယ်ဖတ်လက်စ စာအုပ်ကို သွားလေရာတိုင်းသယ်သွားပါ။ ဒါမှသာ အချိန်ရတိုင်းဖတ်နိုင်မှာဖြစ်ပါတယ်။ စာရေးသူရဲ့မိတ်ဆွေတစ်ဦးဟာ သူဖတ်နေတဲ့စာအုပ်က ထူလွန်းလို့ အခန်းအလိုက်ခွဲပြီး ချုပ်ကာ သွားလေရာကို အဲဒီစာအုပ်အပိုင်းအစကို သယ်သွားပြီး အချိန်လုကာ ဖတ်လေ့ ရှိပါတယ်။
စောင့်နေတုန်းဖတ်ပါ - တစ်နေရာရာကိုသွားရင် ကိုယ်ကစောနေပြီး ထိုင်စောင့်နေရတာမျိုး ရှိတတ်ပါတယ်။ အဲလိုအချိန်တွေမှာ အများစုဟာဖုန်းပွတ်ပြီး ဂိမ်းကစားလိုက်၊ ဖေ့စ်ဘုတ်သုံးလိုက် လုပ်တတ်ကြပါတယ်။ တကယ်လို့ သွားဆေးခန်းမှာ ကိုယ်ကစောစောရောက်နေရင် စောင့်နေတုန်းစာဖတ်ရင်း အချိန်တွေကို အကျိုးရှိရှိသုံးနိုင်မှာဖြစ်ပါတယ်။
စာမျက်နှာနည်းနည်းချင်းစီဖတ်ပါ - ယုတ်စွအဆုံး အိမ်သာသုံးရင် စာဖတ်ရင်တောင် စာမျက်နှာအနည်းငယ် ခန့်ပြီးနိုင်တာမို့ နည်းနည်းပဲဖတ်နိုင်တယ်လို့ စိတ်ပျက်အားလျော့မှုမရှိပဲ ဖတ်ဖြစ်အောင်ဖတ်ပါ။ စာဖတ်ခြင်းမှာ ပျော်မွေ့လာပြီး စာအုပ်နဲ့ကိုယ်ဟာ တစ်သားတည်းဖြစ်လာပါလိမ့်မယ်။
ကိုယ်ရပ်နေရာထိုင်နေရာမှာ ဖတ်ပါ - တခါတလေမှာ ဘတ်စ်ကားပေါ် ထိုင်ခုံမရပဲ မတ်တတ်ရပ်ပြီးတစ်လမ်းလုံး စီးရတာမျိုးရှိတတ်ပါတယ်။ မီးပွိုင်းမိတဲ့အခါမျိုးမှာ စာမျက်နှာ ၃-၄ မျက်နှာခန့်ပြီးအောင်ဖတ်နိုင်ပါတယ်။ စာအုပ်ဖတ်တာဟာ ဖုန်းသုံးသလို screen ရဲ့အလင်းပြန်မှုကိုမခံရတာမို့ မျက်စိကိုမထိခိုက်စေ ပါဘူး။
ကိုယ့်တာဝန်ထဲ စာဖတ်ခြင်းကိုပါ ထည့်ထားပါ - စာဖတ်ခြင်းကို အချိန်အားမှ လုပ်မယ်လို့မတွေးထားပဲ မိမိရဲ့နေ့စဉ်တာဝန်ကို ကြိုတင်ဇယားဆွဲကတည်းက စာဘယ်နှမျက်နှာပြီးအောင်ဖတ်မယ်လို့ ထည့်ရေးထား ပါ။ တစ်လအတွင်းမှာ ဒီစာအုပ်ကိုအပြီးဖတ်မယ်၊ ဒီစာအုပ်ရဲ့ အနှစ်ချုပ်ကို review အဖြစ်ရေးမယ် စသဖြင့် တာဝန်အဖြစ်သတ်မှတ်ထားခြင်းက စာဖတ်ခြင်းကို မဖြစ်မနေလုပ်မိစေမှာဖြစ်ပါတယ်။
စာအုပ်ရွေးချယ်မှုကတော့ စာဖတ်သက်ရင့်လာမှသာ လုပ်နိုင်တာဖြစ်တဲ့အတွက် စာကိုစဖတ်ချိန်မှာ မိမိနှစ်သက်တဲ့၊ မိမိအတွက်လွယ်ကူစွာနားလည်ပျော်ဝင်နိုင်တဲ့ စာကိုသာရွေးပါ။ သူများညွှန်တိုင်းလည်း မိမိအတွက်လေးပင်တဲ့ (သို့) မိမိသိလိုတဲ့အကြောင်းအရာမပါတဲ့ စာတွေကို မရွေးချယ်သင့်ပါ။ သူတပါး အထင်ကြီးဖို့အတွက် စာဖတ်တာမျိုးလည်း မလုပ်သင့်ပဲ မိမိသဘောကျတဲ့ ဘယ်လိုစာမျိုးမဆို (ကာတွန်း၊ ဟာသ၊ ပညာပေး၊ အချစ်ဝတ္တု၊ တက်ကျမ်း၊ ဗုဒ္ဓစာပေ) ကြိုက်နှစ်သက်ရာကို ဖတ်ရှုရင်း စာပေက ပေးတဲ့ အလင်းရောင်နဲ့ ဘ၀ကိုထွန်းပြောင်စေသူများ ဖြစ်ကြပါလို့ ဆန္ဒပြုလိုက်ပါတယ်။
http://yangonlife.com.mm/

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။