ခေတ်လူငယ် added 3 new photos.
အမျိုးသမီးများမိမိကိုယ့်ကိုကာကွယ်နိုင်ရန် နည်းလမ်းကောင်း
ယခုရက်ပိုင်း မြန်မာနိုင်ငံမှာ နေ့ခင်းကြောင်တောင်ကြီးမှာတောင် လုယက်မှုတွေ၊ မိန်းကလေးတစ်ယောက်တည်း မောင်းတဲ့ကားတွေကို ခက်တည်တည်နဲ့ ကားတံခါးဆွဲဖွင့်တာတွေ၊ တက်စ်ဆီ ကားငှားစီးတာတွေမှာတောင် စိတ်မချရတာတဲ့သတင်းတွေ နေ့စဉ်နဲ့အမျှ ကြားနေမြင်နေရပါတယ် ဒါ့ကြောင့်မိမိ တစ်ဦးတည်းသွားလာ လှုပ်ရှားရတဲ့ အမျိုးအမီးများ အနေနဲ့မိမိ ကိုယ့်ကို ကာကွယ်နိုင်မဲ့ ပစ္စည်းတစ်ခုခု ကိုယ်နဲ့မကွာဆောင်ထားနိုင်ရင် အကောင်းဆုံးလို့တွေးမိပါတယ်။ ခုပိုစ့်လေးကတော့ အမျိုးသမီးများမိမိကိုယ့်ကို ကာကွယ်နိုင်ရန် ရည်ရွယ်ပြီး ထိလည်းထိရောက် ကိုယ်တိုင်လည်း အိမ်မှာ အလွယ်တကူ လုပ်ယူနိုင်တဲ့ ငရုတ်သီး စပရေးလုပ်နည်းကို မျှဝေလိုက်ပါတယ်။ ငရုတ်သီးစပရေးကို ဆောင်ထားခြင်းအားဖြင့် မိမိအနီးချဉ်းကပ်လာတဲ့ မသမာသူရဲ့ မျက်စိ သို့ နား ဒါမှမဟုတ်လက်လှမ်းမှီရာတစ်နေရာရာကို ဖြန်းလိုက်နိုင်ပါတယ်။
ငရုတ်သီးစပရေးဟာ တစ်ဖက်လူရဲ့ ဖြန်းမိတဲ့နေရာကို ပူစပ်ပူလောင်ဖြစ်သွားစေနိုင်ပါတယ် ပါးစပ်ထဲဝင်သွားရင်တော့ ချောင်းအဆက်မပြတ်ဆိုး စေမှာဖြစ်ပါတယ်။ တစ်ဖက်လူ အငိုက်မိသွားတဲ့အချိန်မှာ ကိုယ့်ရဲ့လွတ်လမ်းကို ရှာဖွေဖို့အချိန်ရမှာဖြစ်ပါတယ်။ငရုတ်သီးစပရေးလုပ်ဖို့ အတွက်အောက်ပါ ပစ္စည်းတွေလိုအပ်ပါတယ် ငရုပ်သီးခြောက်မှုန့်( အရသာ ပိုစပ်လေပိုထိရောက်လေဖြစ်ပါတယ်)၊ လက်ကိုင်အိတ်ထဲ ထည့်ပြီးအလွယ်တကူယူသွားနိုင်တဲ့ စပရေးဗူးအလွတ် နဲ့ အောက်ဖော်ပြပါ ဗူးစိမ်းလေးနဲ့ Isopropyl Alcohol (အရက်ပြန်မဟုတ်)တို့ပဲဖြစ်ပါတယ်။ Isopropyl Alcohol ကို စီးတီးမတ်၊ Orange စတဲ့ စူပါမားကတ်တွေ မှာရှာဝယ်နိုင်ပါတယ်။
ပြုလုပ်ရမဲ့နည်းလမ်းကတော့လွယ်ကူပါတယ်။ အရင်ဆုံး မိမိသုံးမဲ့စပရေးဗူးနဲ့ ငရုတ်သီးမှုန့်ကိုချိန်ဆပါ။ထို ပမာဏ ကိုဗူးတစ်ခုထဲမှာ Isopropyle Alcohol ကိုနဲ့ရောပြီးမွှေလိုက်ပါ။ ငရုတ်သီးမှုန်းအနည်ကျရန် နဲ့ ပိုပြီးထိရောက်စေရန် ဗူးအဖုံးဖုံးပြီး ၈နာရီ သို့ ညသိပ်ထားလိုက်ပါ။ အဲ့ဒီနောက် ငရုတ်သီး အနည်ကျသွားချိန် အဖတ်တွေကို ရေစစ်နဲ့စစ်ပြီး အရည်ကို စပရေးဗူးလေးထဲကိုပြောင်းထည့်လိုက်ရင် မိမိကိုယ့်ကိုယ်ကာကွယ်နိုင်မဲ့ အိတ်ဆောင်လက်နက်လေးတစ်ခု အလွယ်တကူရနိုင်ပါပြီ။
သတိဆိုတာပိုတယ်မရှိပါဘူး။ ငရုတ်သီးစပရေးဗူးလေးကိုဆောင်ထားခြင်းအား ဖြင့် အန္တရာယ်တွေကြုံလာတဲ့ အခါ မိမိကိုယ့်ကို ထိရောက်စွာကာကွယ်နိုင်မှာမလွဲပါဘူး။
မြန်မာအမျိုးသမီးများအား အန္တရာယ်မှကာကွယ်နိုင်လိုသောစေတနာဖြင့် ~~
#MissLittleH
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။