🍀 မိဘမေတ္တာ (၁) 🍀
🌹🌹🌹
ကိုယ့်သားသမီးတွေကို ကြီးလာတဲ့အခါမှာ ဘယ်လိုဖြစ်စေချင်သလဲ။ ကိုယ့်သားသမီးဟာ ခန္ဓာကိုယ်လည်း ကျန်းမာရမယ်။ စိတ်လည်း ကျန်းမာရမယ်။ သူငယ်ချင်း အပေါင်းအသင်းကောင်း၊ မိတ်ဆွေကောင်း များရမယ်။ မိတ်ဆွေကောင်းတွေနဲ့လည်းပဲ အပေးအယူ အပြန်အလှန် ရှိပြီးတော့ တစ်ယောက်ကိုတစ်ယောက် နားလည်တဲ့၊ ချစ်ခင်လေးစားတဲ့ ဆက်ဆံရေးမျိုး ဖြစ်ရမယ်။ ပညာရပ်အမျိုးမျိုးကိုလည်း နားလည်ရမယ်၊ သိရမယ်။ စားဝတ်နေရေးလည်း အဆင်ပြေရမယ်။ လွတ်လွတ်လပ်လပ် တွေးခေါ်နိုင်ရမယ်၊၊ ဒီထက်လည်း ထပ်ဖြည့်လိုက်ပါဦးနော်။ မိဘမေတ္တာနဲ့ ဖြည့်မယ်ဆို ဖြည့်စရာတွေ အများကြီး ရှိသေးတယ်။ ဘာသာတရားနဲ့ပတ်သက်တဲ့ အသိအမြင်လည်း နက်နက်နဲနဲ သဘာဝကျကျ သိတဲ့သူတွေ ဖြစ်ရမယ်။ လူကောင်းသူကောင်း ဖြစ်ရမယ်။ အကျင့်စာရိတ္တကောင်းတဲ့သူတွေ ဖြစ်ရမယ်။ တရားထူး အသိဥာဏ်ထူးကို ရနိုင်သူတွေလည်း ဖြစ်ရမယ်။ စသည်ဖြင့်ပေါ့။
🌹🌹🌹
အဲဒီလို မျှော်လင့်ရင်း သူတို့အတွက် ငါတို့ဘာတွေ စီစဉ်ပေးရမလဲ။ မိဘတစ်ဦးထဲလည်း မတတ်နိုင်ဘူး။ ကျောင်းက ဆရာဆရာမတွေ ချည်းပဲလည်း မတတ်နိုင်ဘူး။ မိဘဖက်ကလည်း လုပ်ပေးနိုင်သလောက် လုပ်ပေးရမယ်။ ဆရာ ဆရာမတွေဖက်ကလည်း တတ်နိုင်သလောက် လုပ်ပေးရမယ်။ တစ်ခါတလေ မိဘတွေ မတတ်နိုင်တာဆိုရင် တတ်နိုင်တဲ့သူတွေနဲ့ ထိတွေ့ပေးရတယ်။ ဘုန်းကြီးကိုယ်တိုင် အဲဒီလို လုပ်ပေးတာပဲ။ စာအုပ်ကောင်းလေးတွေ ရှာပေးတယ်။ တိပ်ခွေကောင်းတွေ ရှာပေးတယ်။ တစ်ခါတလေ စာဖတ်ပြတယ်။ ဖတ်ပြရင်းနဲ့ ဆွေးနွေးပေးတယ်။ သူတို့ ဒုက္ခတွေ အခက်အခဲတွေ ကြုံရတဲ့အခါ ကိုယ့်ကို လာပြောလို့ရှိရင် ဖြတ်လမ်းနည်းနဲ့ ဖြေရှင်းမပေးဘူး။ နက်နက်နဲနဲ နားလည်အောင် ထပ်ခါ ထပ်ခါ ဒါကို ဆွေးနွေးပေးတယ်။ ဒါ ဘာကြောင့် ဖြစ်ရတာလဲ၊ ဘယ်လို သဘောထားကြောင့် ဖြစ်ရတာလဲ။ ဘယ်လိုလုပ်ရင် အဆင်ပြေမလဲ။ နောင် ဒီလိုအခက်အခဲမျိုး မကြုံရအောင် ဘယ်လိုသဘောထားရမလဲ၊ ဘယ်လိုပြောရမလဲ၊ ဘယ်လိုဆိုရမလဲ။ နေတာ ထိုင်တာ ပြောတာ စားတာ သောက်တာ ဝတ်တာကအစ ဘာမှ မကျန်အောင် ဆွေးနွေးတယ်။
🌹🌹🌹
ကိုယ့်ကိုယ်ကိုယ် ဂုဏ်သိက္ခာရှိတဲ့သူတစ်ယောက် ဖြစ်ရမယ်။ ကိုယ့်ကိုယ်ကိုယ် လေးစားရမယ်။ ကိုယ့်ကို သူများလည်း လေးစားရမယ်။ အဲဒီလိုဖြစ်အောင် ဘယ်လိုနေရမလဲ။ အဲဒီလို သင်ပေးတော့လည်း တတ်လာတာပါပဲ။ “ဒီလိုလူ” ဖြစ်လာအောင်ဆိုပြီး ရည်ရွယ်ချက် ထားရတာပဲ။ ဒါကြောင့် မိဘတွေကိုယ်တိုင်လည်း ရည်ရွယ်ချက် ထားစေချင်တယ်။ သားသမီးတွေကိုလည်း ပြောပြစေချင်တယ်။ ပြောပါများရင် သူတို့ သဘောပေါက်လာမယ်။
🌹🌹🌹
မိဘတွေက သားသမီးတွေကိုတော့ ချစ်ကြပါတယ်။ ပညာတွေ သင်ပေးတယ်၊ ဘွဲ့တွေ ရစေချင်တယ်၊ အလုပ်တွေ ကြီးကြီးကျယ်ကျယ် လုပ်စေချင်တယ်၊ ပိုက်ဆံတွေ အများကြီးရှိစေချင်တယ်။ ဒါတွေအားလုံး ကောင်းပါတယ်၊ လိုအပ်ပါတယ်။ ဒါပေမယ့် စိတ်ဓာတ်နဲ့အသိဥာဏ် ရင့်ကျက်မှု၊ မြင့်မြတ်မှုကို အထောက်အကူပေးဖို့အရေး မပါလာရင် တကယ်အဆင့်မြင့်တဲ့ မေတ္တာလို့ မပြောနိုင်သေးဘူး။
🌹🌹🌹
အပျော်အပါး လုံးဝကင်းတယ် ဆိုတာကတော့ မဖြစ်နိုင်ပါဘူး။ လောကီမှာ အပျော်အပါးကို ထိန်းထိန်းသိမ်းသိမ်း ခံစားတတ်အောင် သင်ပေးပြီး နောက်တစ်ဖက်ကလည်း တရားနဲ့ ပတ်သက်တဲ့ အသိအမြင်လေးတွေ ရင့်ကျက်လာအောင် လုပ်တတ်ဖို့ သင်ပေးဦးမှ ဖြစ်မယ်။ ဒါမှ မိဘဝတ္တရားလည်း ကျေမယ်။ မိဘမေတ္တာကလည်း ပိုပြီးတော့ လေးနက် ပီပြင်လာမယ်။
🌹🌹🌹
လူတော် လူကောင်းဖြစ်အောင် ကြိုးစားရမယ်လို့ ပြောကြတယ်။ ဘုန်းကြီး တွေးကြည့်တယ်။ လူကောင်းဖြစ်ဖို့ အရင်ကြိုးစားရမယ်။ လူကောင်းက တော်မှ ကောင်းတာတွေကို ထိထိရောက်ရောက် လုပ်နိုင်မယ်။ မကောင်းတဲ့သူက တော်ရင် မကောင်းတာတွေကို များများလုပ်လိမ့်မယ်။ ဒါကြောင့် ကလေးတွေကို ကောင်းတဲ့သူကို အားကျတတ်အောင် သင်ပေးရမယ်။ စာအုပ်ကောင်းတွေကို ဖတ်ပြရမယ်။
🌹🌹🌹
မိဘတွေဟာ သားသမီးတွေကို ပြောရဲဆိုရဲတဲ့သူတွေ ဥာဏ်ရှိတဲ့သူတွေ ဖြစ်စေချင်တယ်။ ဒါပေမယ့် အိမ်မှာ လွတ်လွတ်လပ်လပ် ကိုယ့်အယူအဆကို ပြောခွင့်မရရင် ဘယ်လိုလုပ်ပြီး ပြောရဲ ဆိုရဲတဲ့သူ ဖြစ်လာတော့မလဲ။ လွတ်လပ်မှုဟာ အိမ်ကနေ စရမယ်။ မိသားစု ဆက်ဆံရေးမှာ လွတ်လပ်မှုရှိမှ အပြင်လောကမှာ လွတ်လပ်မှုရှိအောင် ဆက်ဆံတတ်မယ်။ မိဘတွေ လွတ်လပ်မှုကို ဘယ်လောက်တန်ဖိုးထားသလဲဆိုတာ သားသမီးတွေကို ဘယ်လောက် လွတ်လွတ်လပ်လပ် ဆွေးနွေးခွင့် ပြောခွင့် လုပ်ခွင့် ပေးသလဲဆိုတာနဲ့ တိုင်းတာလို့ရတယ်။ ကိုယ့်အိမ်ဟာ လွတ်လပ်မှု အပြည့်ရတဲ့နေရာ ဖြစ်ရမယ်။ အပြင်လောကမှာ မရနိုင်တဲ့ လွတ်လပ်မှုတွေကို အိမ်မှာရမှ အဲဒီအိမ်ဟာ လွတ်လပ်တဲ့အိမ်လို့ ဆိုနိုင်မယ်။ လွတ်လပ်သောအိမ် ဖြစ်မှ ပျော်စရာကောင်းသောအိမ် ဖြစ်မယ်။ လွတ်လပ်တဲ့နိုင်ငံဖြစ်ဖို့ ပထမဆုံး လွတ်လပ်တဲ့အိမ်ဖြစ်အောင် လုပ်ရမယ်။ အိမ်မှာ freedom of speech (လွတ်လပ်စွာ ပြောဆိုခွင့်) ရှိရမယ်။ သဘောထား အယူအဆတွေ မတူတာကို မကြောက်မရွံ့ ပြောလို့ရတဲ့နေရာဟာ ကိုယ့်အိမ်ဖြစ်ရမယ်။ သားသမီးတွေ လွတ်လပ်တဲ့စိတ်ဓာတ်ရှိဖို့ အိမ်ကနေ စပြီး လေ့ကျင့်ပေးရမယ်။
🌹🌹🌹
သဘောထားအယူအဆ မတူတဲ့အခါမှာ ပွင့်ပွင့်လင်းလင်း ပြောခွင့်ဆိုခွင့် ဆွေးနွေးခွင့်တော့ ရှိသင့်တယ်။ ဒီလို ဆွေးနွေးခွင့် ပေးမှလည်းပဲ ဒီသားသမီးတွေမှာ စဉ်းစားနိုင်တဲ့ အရည်အချင်း ဆုံးဖြတ်နိုင်တဲ့ အရည်အချင်း၊ တာဝန်ယူနိုင်တဲ့ အရည်အချင်းရလာမယ်။
🌹🌹🌹
သားသမီးကိုချစ်ရင် စဉ်းစားခွင့်ပေးပါ။ မိဘက နေရာတကာ စဉ်းစားမပေးပါနဲ့။ မိဘက သားသမီးအစား စဉ်းစား ဆုံးဖြတ်ပေးတာ ချစ်ရာမရောက်ဘူး။ သားသမီးတွေ သူ့ဟာသူ စဉ်းစားတတ်အောင် အားပေးပါ။ စဉ်းစားတတ်၊ ဆုံးဖြတ်တတ်မှသာ လွတ်လပ်တဲ့သူဖြစ်လာမယ်။
ဘယ်လိုကိစ္စမျိုးဖြစ်ဖြစ် သူ့ဟာသူ စဉ်းစား၊ သူ့ဟာသူ ဆုံးဖြတ်၊ သူ့ဟာသူ တာဝန်ယူ၊ မှားသွားရင်လည်း သူ့ဟာသူပြင်။ အဲဒီလို နေသွားမှသာ တကယ့်ပြင်ပလောကမှာ လက်တွေ့ဘဝကို ရင်ဆိုင်ရတဲ့အခါ ကိုယ့်ဟာကိုယ် စဉ်းစားဆုံးဖြတ်နိုင်တဲ့၊ တာဝန်ယူနိုင်တဲ့ သူတွေ ဖြစ်လာနိုင်တယ်။ နောက်ဆုံး ဘယ်သူ့ကိုမှ အားမကိုးတော့ဘဲ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်တဲ့သူတွေ ဖြစ်လာနိုင်တယ်။
🌹🌹🌹
လူဟာ ကိုယ့်အသိဥာဏ်၊ ကိုယ့်အတွေးအခေါ်၊ ကိုယ့်ခံစားချက်နဲ့ ကိုယ့်ဟာကိုယ် နေရမှသာ ကိုယ့်ကိုယ်ကို အားရမှု၊ ကျေနပ်မှု ရှိတယ်။ ကိုယ့်ကိုယ်နဲ့ သူ့စိတ် နေရမယ်ဆိုရင် ဘယ်လိုမှ အားရမှုကျေနပ်မှု မရှိဘူး။ ကိုယ်ပိုင်အတွေးအခေါ် အယူအဆ၊ ကိုယ်ပိုင်ခံစားချက်မရှိရင် သူဟာ သီးခြားရပ်တည်နိုင်တဲ့ လူသားတစ်ယောက် ဖြစ်တယ်လို့ မပြောနိုင်ဘူး။
🌹🌹🌹
သားသမီးလုပ်ရင် လွဲမှာ၊ မှားမှာစိုးလို့ မိဘကချည်း အစစ အရာရာ လိုက်လုပ်ပေးလို့ရှိရင် ဒီသားသမီးက ကြီးလာတဲ့အခါ ဘာမှ မလုပ်တတ်တော့ဘူး။ လုပ်လည်း မလုပ်ချင်တော့ဘူး။ ဒီလိုကလေးတွေဟာ အစွမ်းအစမဲ့တဲ့သူတွေ၊ စိတ်အားငယ်တဲ့သူတွေ ဖြစ်လာမယ်။ မိဘတွေအနေနဲ့ အလုပ်သင့်ဆုံးအလုပ်က ကိုယ့်အပေါ် မှီခိုတာ၊ အားကိုးတာ၊ နည်းသထက်နည်းအောင် အားပေးရမယ်၊ ကူညီရမယ်၊ ပြုစုပျိုးထောင်ပေးရမယ်။ သားသမီးလေးတွေ တဖြည်းဖြည်း ကြီးလာလေလေ ကိုယ့်အပေါ် မှီခိုနေရတဲ့အဖြစ်ကနေ သူ့အားသူကိုးနိုင်အောင် အခွင့်အရေး ပေးရလေလေပဲ။ သူ့ကိစ္စသူ တာဝန်ယူနိုင်အောင် သူ့ကို အားပေးရမယ်၊ နည်းလမ်းပေးရမယ်။ သားသမီးကို ချစ်တယ်ဆိုရင် သူ့မှာရနိုင်တဲ့ အရည်အချင်းမှန်သမျှ များများရအောင် သူ့ကို အခွင့်အရေးပေးရမယ်။
🌹🌹🌹
မိဘတွေက သားသမီးတွေကို သူ့ဘာသာ တွေးခေါ်မြော်မြင်ပြီးတော့ တီထွင်ကြံဆပြီးတော့ ကိုယ့်ထက်ကောင်းအောင် လုပ်နိုင်ရမယ်။ ဒီလိုဖြစ်အောင် အထောက်အကူပေးသင့်တယ်၊ နည်းလမ်းပေးသင့်တယ်။ ဒါမှ တကယ် ချစ်ရာရောက်မှာ။
🌹🌹🌹
တကယ်ချစ်ရင် လူကြီးဖြစ်ခွင့်ပေးရမယ်။ သူ့အတိုင်းအတာလေးနဲ့သူ တဖြည်းဖြည်း လူကြီးဖြစ်လာအောင် နည်းမျိုးစုံနဲ့ အကူအညီပေးရမယ်။ သူ့လွတ်လပ်မှု သူရှာနေတာကို မိဘတွေက မေတ္တာ ကရုဏာ အပြည့်နဲ့ ကောင်းတဲ့နည်းနဲ့ အထောက်အကူ ပေးလိုက်ပါ။ တစ်နေ့ မိဘတွေ မရှိတော့တဲ့အခါမှာ သူ့အားသူကိုးပြီးတော့ သူ့အသိဥာဏ်နဲ့သူ စဉ်းစားပြီး ဆုံးဖြတ်ပြီး သူ့စားဝတ်နေရေး၊ သူ့မိသားစု စားဝတ်နေရေးကို သူ့ဟာသူ လုပ်သွားရမှာ။ အဲဒါကို ဘယ်အချိန်ကစပြီး ပြင်ဆင်ရသလဲဆိုတော့ ၁၄-၁၅ နှစ်အရွယ်က စပြီး ပြင်ဆင်လိုက်ရတာပဲ။
🌹🌹🌹
ခေတ်ကာလကို နားလည်ပြီးတော့ အခြေအနေအရ သူ့ဟာသူ အဆင်ပြေဆုံးဖြစ်အောင် နေတတ်သွားဖို့ သူ့ကို အထောက်အကူပေးရမယ်။ သူ့အတွက် အဆင်ပြေအောင် မိဘက ကြိုတင်ပြီးတော့ အသိဥာဏ်ကြီးကြီးနဲ့ ပြင်ဆင်ပေးလိုက်မှသာ တကယ်ချစ်ရာ ရောက်လိမ့်မယ်။ တစ်နေ့ ငါတို့ သားသမီးတွေဟာ ငါတို့ကို ခွဲခွာပြီး ရပ်ဝေးကို သွားနေရမှာ။ အဲဒီအခါမှာ သူတို့ ဘယ်လိုနေမလဲ၊ ထိုင်မလဲ၊ ဘယ်လိုလူတွေနဲ့ ဆက်ဆံမလဲ၊ အဲဒါတွေနဲ့ ပတ်သက်ပြီးတော့ သူတို့ စဉ်းစားတတ်ပြီလား၊ အလေ့အကျင့် ရှိနေပြီလား၊ သဘောပေါက်ပြီလားဆိုတာ စဉ်းစားထားသင့်တယ်။ စဉ်းစားထားပြီးတော့ အခုကတည်းက သွားတာ လာတာ နေတာ ထိုင်တာ ပေါင်းတာ သင်းတာ၊ ဘယ်အချိန် ဘယ်အခါမှာ ဘယ်နေရာကို သွားသင့်တယ်၊ အန္တရာယ်မရှိအောင် ဂုဏ်သိက္ခာ မထိခိုက်အောင် ဘယ်လိုနေသင့်တယ်၊၊ ဘယ်လိုလူကို မပေါင်းသင့်ဘူး၊ ပေါင်းသင့်တယ် ဆိုတာကအစ လူကဲခတ်တတ်အောင် မိဘက သင်ပေးဖို့ လိုတယ်။ ဒီလို သင်မပေးခဲ့ရင် ဗြုန်းကနဲ ထွက်သွားတဲ့အခါမှာ သူတို့ အကြီးအကျယ် ဒုက္ခ ရောက်လိမ့်မယ်။ ဒီလိုမှ မဟုတ်ရင် သံယောဇဉ်ကြီးပြီး သောကဖြစ်နေတာကို တကယ့်မေတ္တာလို့ အဓိပ္ပါယ်ကောက်နေလိမ့်မယ်။
🌹🌹🌹
ငါ့မှာတော့ သူ့ကို ချစ်လိုက်ရလို့ သောကတွေ ဖြစ်လိုက်ရတာလို့ တွေးမယ်နော်။ အဲဒါ မေတ္တာမဟုတ်ဘူး။ အဲဒါ သမုဒယ သံယောဇဉ်၊ ပူလောင်တယ်။ မေတ္တာဟာ ဥာဏ်နဲ့ယှဉ်တယ်။ ဥာဏ်နဲ့ယှဉ်တဲ့အတွက်ကြောင့် ပူလောင်မှုကို မဖြစ်စေဘူး။
🌹🌹🌹
သူ့ကိုမြင်ရင် ဝမ်းသာတာတို့၊ ပျော်တာတို့၊ သူ့ကိစ္စတွေ အမျိုးမျိုး ဆောင်ရွက်ပေးတာတို့၊ သူ့အတွက် အနစ်နာခံတာတို့ဟာ မေတ္တာရဲ့ အရေးပါတဲ့ အသွင်သဏ္ဍာန် ဖြစ်ပါတယ်။ ဒါပေမယ့် မေတ္တာရဲ့ အမြင့်ဆုံးအဆင့် ရောက်တဲ့အခါမှာ မေတ္တာဟာ ခံစားမှုမဟုတ်တော့ဘူး၊ အသိဥာဏ်နဲ့ နားလည်ပြီးတော့ အကောင်းဆုံး အသင့်တော်ဆုံး ဖြစ်အောင် ဆောင်ရွက်ပေးတာ ဖြစ်သွားပြီ။ မေတ္တာဆိုတာ ခံစားမှု မဟုတ်တော့ဘဲ အကျိုးကိုလိုလားခြင်း ဖြစ်သွားတယ်။ အကျိုးကို လိုလားခြင်းဆိုတာ အသိဥာဏ်ဖြစ်သွားပြီနော်။ တကယ် မေတ္တာစစ်မှန်သွားရင် ကိုယ့်အတွက် ဘာအကောင်းဆုံးလဲလို့ တွေးတာမဟုတ်ဘူး။ သူ့အတွက် ဘာအကောင်းဆုံးဖြစ်မလဲ ဆိုတာကို တွေးပြီး အဲဒါကို လိုလားတယ်။🌿🌿
➖➖➖🔹🍄🍄🔹➖➖➖
💡ဆရာတော်ဦးဇောတိက💡
🍀 ( မဟာမြိုင်တောရ ) 🍀
▫️▫️▫️▫️၏ ▫️▫️▫️▫️
💧“ တွေးမိတိုင်း ပျော်တယ် ” 💧
စာအုပ်မှ ကူးယူဖော်ပြပါသည်၊၊
(page 248)
🌹🌹🌹
ကိုယ့်သားသမီးတွေကို ကြီးလာတဲ့အခါမှာ ဘယ်လိုဖြစ်စေချင်သလဲ။ ကိုယ့်သားသမီးဟာ ခန္ဓာကိုယ်လည်း ကျန်းမာရမယ်။ စိတ်လည်း ကျန်းမာရမယ်။ သူငယ်ချင်း အပေါင်းအသင်းကောင်း၊ မိတ်ဆွေကောင်း များရမယ်။ မိတ်ဆွေကောင်းတွေနဲ့လည်းပဲ အပေးအယူ အပြန်အလှန် ရှိပြီးတော့ တစ်ယောက်ကိုတစ်ယောက် နားလည်တဲ့၊ ချစ်ခင်လေးစားတဲ့ ဆက်ဆံရေးမျိုး ဖြစ်ရမယ်။ ပညာရပ်အမျိုးမျိုးကိုလည်း နားလည်ရမယ်၊ သိရမယ်။ စားဝတ်နေရေးလည်း အဆင်ပြေရမယ်။ လွတ်လွတ်လပ်လပ် တွေးခေါ်နိုင်ရမယ်၊၊ ဒီထက်လည်း ထပ်ဖြည့်လိုက်ပါဦးနော်။ မိဘမေတ္တာနဲ့ ဖြည့်မယ်ဆို ဖြည့်စရာတွေ အများကြီး ရှိသေးတယ်။ ဘာသာတရားနဲ့ပတ်သက်တဲ့ အသိအမြင်လည်း နက်နက်နဲနဲ သဘာဝကျကျ သိတဲ့သူတွေ ဖြစ်ရမယ်။ လူကောင်းသူကောင်း ဖြစ်ရမယ်။ အကျင့်စာရိတ္တကောင်းတဲ့သူတွေ
🌹🌹🌹
အဲဒီလို မျှော်လင့်ရင်း သူတို့အတွက် ငါတို့ဘာတွေ စီစဉ်ပေးရမလဲ။ မိဘတစ်ဦးထဲလည်း မတတ်နိုင်ဘူး။ ကျောင်းက ဆရာဆရာမတွေ ချည်းပဲလည်း မတတ်နိုင်ဘူး။ မိဘဖက်ကလည်း လုပ်ပေးနိုင်သလောက် လုပ်ပေးရမယ်။ ဆရာ ဆရာမတွေဖက်ကလည်း တတ်နိုင်သလောက် လုပ်ပေးရမယ်။ တစ်ခါတလေ မိဘတွေ မတတ်နိုင်တာဆိုရင် တတ်နိုင်တဲ့သူတွေနဲ့ ထိတွေ့ပေးရတယ်။ ဘုန်းကြီးကိုယ်တိုင် အဲဒီလို လုပ်ပေးတာပဲ။ စာအုပ်ကောင်းလေးတွေ ရှာပေးတယ်။ တိပ်ခွေကောင်းတွေ ရှာပေးတယ်။ တစ်ခါတလေ စာဖတ်ပြတယ်။ ဖတ်ပြရင်းနဲ့ ဆွေးနွေးပေးတယ်။ သူတို့ ဒုက္ခတွေ အခက်အခဲတွေ ကြုံရတဲ့အခါ ကိုယ့်ကို လာပြောလို့ရှိရင် ဖြတ်လမ်းနည်းနဲ့ ဖြေရှင်းမပေးဘူး။ နက်နက်နဲနဲ နားလည်အောင် ထပ်ခါ ထပ်ခါ ဒါကို ဆွေးနွေးပေးတယ်။ ဒါ ဘာကြောင့် ဖြစ်ရတာလဲ၊ ဘယ်လို သဘောထားကြောင့် ဖြစ်ရတာလဲ။ ဘယ်လိုလုပ်ရင် အဆင်ပြေမလဲ။ နောင် ဒီလိုအခက်အခဲမျိုး မကြုံရအောင် ဘယ်လိုသဘောထားရမလဲ၊ ဘယ်လိုပြောရမလဲ၊ ဘယ်လိုဆိုရမလဲ။ နေတာ ထိုင်တာ ပြောတာ စားတာ သောက်တာ ဝတ်တာကအစ ဘာမှ မကျန်အောင် ဆွေးနွေးတယ်။
🌹🌹🌹
ကိုယ့်ကိုယ်ကိုယ် ဂုဏ်သိက္ခာရှိတဲ့သူတစ်ယောက် ဖြစ်ရမယ်။ ကိုယ့်ကိုယ်ကိုယ် လေးစားရမယ်။ ကိုယ့်ကို သူများလည်း လေးစားရမယ်။ အဲဒီလိုဖြစ်အောင် ဘယ်လိုနေရမလဲ။ အဲဒီလို သင်ပေးတော့လည်း တတ်လာတာပါပဲ။ “ဒီလိုလူ” ဖြစ်လာအောင်ဆိုပြီး ရည်ရွယ်ချက် ထားရတာပဲ။ ဒါကြောင့် မိဘတွေကိုယ်တိုင်လည်း ရည်ရွယ်ချက် ထားစေချင်တယ်။ သားသမီးတွေကိုလည်း ပြောပြစေချင်တယ်။ ပြောပါများရင် သူတို့ သဘောပေါက်လာမယ်။
🌹🌹🌹
မိဘတွေက သားသမီးတွေကိုတော့ ချစ်ကြပါတယ်။ ပညာတွေ သင်ပေးတယ်၊ ဘွဲ့တွေ ရစေချင်တယ်၊ အလုပ်တွေ ကြီးကြီးကျယ်ကျယ် လုပ်စေချင်တယ်၊ ပိုက်ဆံတွေ အများကြီးရှိစေချင်တယ်။ ဒါတွေအားလုံး ကောင်းပါတယ်၊ လိုအပ်ပါတယ်။ ဒါပေမယ့် စိတ်ဓာတ်နဲ့အသိဥာဏ် ရင့်ကျက်မှု၊ မြင့်မြတ်မှုကို အထောက်အကူပေးဖို့အရေး မပါလာရင် တကယ်အဆင့်မြင့်တဲ့ မေတ္တာလို့ မပြောနိုင်သေးဘူး။
🌹🌹🌹
အပျော်အပါး လုံးဝကင်းတယ် ဆိုတာကတော့ မဖြစ်နိုင်ပါဘူး။ လောကီမှာ အပျော်အပါးကို ထိန်းထိန်းသိမ်းသိမ်း ခံစားတတ်အောင် သင်ပေးပြီး နောက်တစ်ဖက်ကလည်း တရားနဲ့ ပတ်သက်တဲ့ အသိအမြင်လေးတွေ ရင့်ကျက်လာအောင် လုပ်တတ်ဖို့ သင်ပေးဦးမှ ဖြစ်မယ်။ ဒါမှ မိဘဝတ္တရားလည်း ကျေမယ်။ မိဘမေတ္တာကလည်း ပိုပြီးတော့ လေးနက် ပီပြင်လာမယ်။
🌹🌹🌹
လူတော် လူကောင်းဖြစ်အောင် ကြိုးစားရမယ်လို့ ပြောကြတယ်။ ဘုန်းကြီး တွေးကြည့်တယ်။ လူကောင်းဖြစ်ဖို့ အရင်ကြိုးစားရမယ်။ လူကောင်းက တော်မှ ကောင်းတာတွေကို ထိထိရောက်ရောက် လုပ်နိုင်မယ်။ မကောင်းတဲ့သူက တော်ရင် မကောင်းတာတွေကို များများလုပ်လိမ့်မယ်။ ဒါကြောင့် ကလေးတွေကို ကောင်းတဲ့သူကို အားကျတတ်အောင် သင်ပေးရမယ်။ စာအုပ်ကောင်းတွေကို ဖတ်ပြရမယ်။
🌹🌹🌹
မိဘတွေဟာ သားသမီးတွေကို ပြောရဲဆိုရဲတဲ့သူတွေ ဥာဏ်ရှိတဲ့သူတွေ ဖြစ်စေချင်တယ်။ ဒါပေမယ့် အိမ်မှာ လွတ်လွတ်လပ်လပ် ကိုယ့်အယူအဆကို ပြောခွင့်မရရင် ဘယ်လိုလုပ်ပြီး ပြောရဲ ဆိုရဲတဲ့သူ ဖြစ်လာတော့မလဲ။ လွတ်လပ်မှုဟာ အိမ်ကနေ စရမယ်။ မိသားစု ဆက်ဆံရေးမှာ လွတ်လပ်မှုရှိမှ အပြင်လောကမှာ လွတ်လပ်မှုရှိအောင် ဆက်ဆံတတ်မယ်။ မိဘတွေ လွတ်လပ်မှုကို ဘယ်လောက်တန်ဖိုးထားသလဲဆိုတာ
🌹🌹🌹
သဘောထားအယူအဆ မတူတဲ့အခါမှာ ပွင့်ပွင့်လင်းလင်း ပြောခွင့်ဆိုခွင့် ဆွေးနွေးခွင့်တော့ ရှိသင့်တယ်။ ဒီလို ဆွေးနွေးခွင့် ပေးမှလည်းပဲ ဒီသားသမီးတွေမှာ စဉ်းစားနိုင်တဲ့ အရည်အချင်း ဆုံးဖြတ်နိုင်တဲ့ အရည်အချင်း၊ တာဝန်ယူနိုင်တဲ့ အရည်အချင်းရလာမယ်။
🌹🌹🌹
သားသမီးကိုချစ်ရင် စဉ်းစားခွင့်ပေးပါ။ မိဘက နေရာတကာ စဉ်းစားမပေးပါနဲ့။ မိဘက သားသမီးအစား စဉ်းစား ဆုံးဖြတ်ပေးတာ ချစ်ရာမရောက်ဘူး။ သားသမီးတွေ သူ့ဟာသူ စဉ်းစားတတ်အောင် အားပေးပါ။ စဉ်းစားတတ်၊ ဆုံးဖြတ်တတ်မှသာ လွတ်လပ်တဲ့သူဖြစ်လာမယ်။
ဘယ်လိုကိစ္စမျိုးဖြစ်ဖြစ် သူ့ဟာသူ စဉ်းစား၊ သူ့ဟာသူ ဆုံးဖြတ်၊ သူ့ဟာသူ တာဝန်ယူ၊ မှားသွားရင်လည်း သူ့ဟာသူပြင်။ အဲဒီလို နေသွားမှသာ တကယ့်ပြင်ပလောကမှာ လက်တွေ့ဘဝကို ရင်ဆိုင်ရတဲ့အခါ ကိုယ့်ဟာကိုယ် စဉ်းစားဆုံးဖြတ်နိုင်တဲ့၊ တာဝန်ယူနိုင်တဲ့ သူတွေ ဖြစ်လာနိုင်တယ်။ နောက်ဆုံး ဘယ်သူ့ကိုမှ အားမကိုးတော့ဘဲ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်တဲ့သူတွေ ဖြစ်လာနိုင်တယ်။
🌹🌹🌹
လူဟာ ကိုယ့်အသိဥာဏ်၊ ကိုယ့်အတွေးအခေါ်၊ ကိုယ့်ခံစားချက်နဲ့ ကိုယ့်ဟာကိုယ် နေရမှသာ ကိုယ့်ကိုယ်ကို အားရမှု၊ ကျေနပ်မှု ရှိတယ်။ ကိုယ့်ကိုယ်နဲ့ သူ့စိတ် နေရမယ်ဆိုရင် ဘယ်လိုမှ အားရမှုကျေနပ်မှု မရှိဘူး။ ကိုယ်ပိုင်အတွေးအခေါ် အယူအဆ၊ ကိုယ်ပိုင်ခံစားချက်မရှိရင်
🌹🌹🌹
သားသမီးလုပ်ရင် လွဲမှာ၊ မှားမှာစိုးလို့ မိဘကချည်း အစစ အရာရာ လိုက်လုပ်ပေးလို့ရှိရင် ဒီသားသမီးက ကြီးလာတဲ့အခါ ဘာမှ မလုပ်တတ်တော့ဘူး။ လုပ်လည်း မလုပ်ချင်တော့ဘူး။ ဒီလိုကလေးတွေဟာ အစွမ်းအစမဲ့တဲ့သူတွေ၊ စိတ်အားငယ်တဲ့သူတွေ ဖြစ်လာမယ်။ မိဘတွေအနေနဲ့ အလုပ်သင့်ဆုံးအလုပ်က ကိုယ့်အပေါ် မှီခိုတာ၊ အားကိုးတာ၊ နည်းသထက်နည်းအောင် အားပေးရမယ်၊ ကူညီရမယ်၊ ပြုစုပျိုးထောင်ပေးရမယ်။ သားသမီးလေးတွေ တဖြည်းဖြည်း ကြီးလာလေလေ ကိုယ့်အပေါ် မှီခိုနေရတဲ့အဖြစ်ကနေ သူ့အားသူကိုးနိုင်အောင် အခွင့်အရေး ပေးရလေလေပဲ။ သူ့ကိစ္စသူ တာဝန်ယူနိုင်အောင် သူ့ကို အားပေးရမယ်၊ နည်းလမ်းပေးရမယ်။ သားသမီးကို ချစ်တယ်ဆိုရင် သူ့မှာရနိုင်တဲ့ အရည်အချင်းမှန်သမျှ များများရအောင် သူ့ကို အခွင့်အရေးပေးရမယ်။
🌹🌹🌹
မိဘတွေက သားသမီးတွေကို သူ့ဘာသာ တွေးခေါ်မြော်မြင်ပြီးတော့ တီထွင်ကြံဆပြီးတော့ ကိုယ့်ထက်ကောင်းအောင် လုပ်နိုင်ရမယ်။ ဒီလိုဖြစ်အောင် အထောက်အကူပေးသင့်တယ်၊ နည်းလမ်းပေးသင့်တယ်။ ဒါမှ တကယ် ချစ်ရာရောက်မှာ။
🌹🌹🌹
တကယ်ချစ်ရင် လူကြီးဖြစ်ခွင့်ပေးရမယ်။ သူ့အတိုင်းအတာလေးနဲ့သူ တဖြည်းဖြည်း လူကြီးဖြစ်လာအောင် နည်းမျိုးစုံနဲ့ အကူအညီပေးရမယ်။ သူ့လွတ်လပ်မှု သူရှာနေတာကို မိဘတွေက မေတ္တာ ကရုဏာ အပြည့်နဲ့ ကောင်းတဲ့နည်းနဲ့ အထောက်အကူ ပေးလိုက်ပါ။ တစ်နေ့ မိဘတွေ မရှိတော့တဲ့အခါမှာ သူ့အားသူကိုးပြီးတော့ သူ့အသိဥာဏ်နဲ့သူ စဉ်းစားပြီး ဆုံးဖြတ်ပြီး သူ့စားဝတ်နေရေး၊ သူ့မိသားစု စားဝတ်နေရေးကို သူ့ဟာသူ လုပ်သွားရမှာ။ အဲဒါကို ဘယ်အချိန်ကစပြီး ပြင်ဆင်ရသလဲဆိုတော့ ၁၄-၁၅ နှစ်အရွယ်က စပြီး ပြင်ဆင်လိုက်ရတာပဲ။
🌹🌹🌹
ခေတ်ကာလကို နားလည်ပြီးတော့ အခြေအနေအရ သူ့ဟာသူ အဆင်ပြေဆုံးဖြစ်အောင် နေတတ်သွားဖို့ သူ့ကို အထောက်အကူပေးရမယ်။ သူ့အတွက် အဆင်ပြေအောင် မိဘက ကြိုတင်ပြီးတော့ အသိဥာဏ်ကြီးကြီးနဲ့ ပြင်ဆင်ပေးလိုက်မှသာ တကယ်ချစ်ရာ ရောက်လိမ့်မယ်။ တစ်နေ့ ငါတို့ သားသမီးတွေဟာ ငါတို့ကို ခွဲခွာပြီး ရပ်ဝေးကို သွားနေရမှာ။ အဲဒီအခါမှာ သူတို့ ဘယ်လိုနေမလဲ၊ ထိုင်မလဲ၊ ဘယ်လိုလူတွေနဲ့ ဆက်ဆံမလဲ၊ အဲဒါတွေနဲ့ ပတ်သက်ပြီးတော့ သူတို့ စဉ်းစားတတ်ပြီလား၊ အလေ့အကျင့် ရှိနေပြီလား၊ သဘောပေါက်ပြီလားဆိုတာ စဉ်းစားထားသင့်တယ်။ စဉ်းစားထားပြီးတော့ အခုကတည်းက သွားတာ လာတာ နေတာ ထိုင်တာ ပေါင်းတာ သင်းတာ၊ ဘယ်အချိန် ဘယ်အခါမှာ ဘယ်နေရာကို သွားသင့်တယ်၊ အန္တရာယ်မရှိအောင် ဂုဏ်သိက္ခာ မထိခိုက်အောင် ဘယ်လိုနေသင့်တယ်၊၊ ဘယ်လိုလူကို မပေါင်းသင့်ဘူး၊ ပေါင်းသင့်တယ် ဆိုတာကအစ လူကဲခတ်တတ်အောင် မိဘက သင်ပေးဖို့ လိုတယ်။ ဒီလို သင်မပေးခဲ့ရင် ဗြုန်းကနဲ ထွက်သွားတဲ့အခါမှာ သူတို့ အကြီးအကျယ် ဒုက္ခ ရောက်လိမ့်မယ်။ ဒီလိုမှ မဟုတ်ရင် သံယောဇဉ်ကြီးပြီး သောကဖြစ်နေတာကို တကယ့်မေတ္တာလို့ အဓိပ္ပါယ်ကောက်နေလိမ့်မယ်။
🌹🌹🌹
ငါ့မှာတော့ သူ့ကို ချစ်လိုက်ရလို့ သောကတွေ ဖြစ်လိုက်ရတာလို့ တွေးမယ်နော်။ အဲဒါ မေတ္တာမဟုတ်ဘူး။ အဲဒါ သမုဒယ သံယောဇဉ်၊ ပူလောင်တယ်။ မေတ္တာဟာ ဥာဏ်နဲ့ယှဉ်တယ်။ ဥာဏ်နဲ့ယှဉ်တဲ့အတွက်ကြောင့်
🌹🌹🌹
သူ့ကိုမြင်ရင် ဝမ်းသာတာတို့၊ ပျော်တာတို့၊ သူ့ကိစ္စတွေ အမျိုးမျိုး ဆောင်ရွက်ပေးတာတို့၊ သူ့အတွက် အနစ်နာခံတာတို့ဟာ မေတ္တာရဲ့ အရေးပါတဲ့ အသွင်သဏ္ဍာန် ဖြစ်ပါတယ်။ ဒါပေမယ့် မေတ္တာရဲ့ အမြင့်ဆုံးအဆင့် ရောက်တဲ့အခါမှာ မေတ္တာဟာ ခံစားမှုမဟုတ်တော့ဘူး၊ အသိဥာဏ်နဲ့ နားလည်ပြီးတော့ အကောင်းဆုံး အသင့်တော်ဆုံး ဖြစ်အောင် ဆောင်ရွက်ပေးတာ ဖြစ်သွားပြီ။ မေတ္တာဆိုတာ ခံစားမှု မဟုတ်တော့ဘဲ အကျိုးကိုလိုလားခြင်း ဖြစ်သွားတယ်။ အကျိုးကို လိုလားခြင်းဆိုတာ အသိဥာဏ်ဖြစ်သွားပြီနော်။ တကယ် မေတ္တာစစ်မှန်သွားရင် ကိုယ့်အတွက် ဘာအကောင်းဆုံးလဲလို့ တွေးတာမဟုတ်ဘူး။ သူ့အတွက် ဘာအကောင်းဆုံးဖြစ်မလဲ ဆိုတာကို တွေးပြီး အဲဒါကို လိုလားတယ်။🌿🌿
➖➖➖🔹🍄🍄🔹➖➖➖
💡ဆရာတော်ဦးဇောတိက💡
🍀 ( မဟာမြိုင်တောရ ) 🍀
▫️▫️▫️▫️၏ ▫️▫️▫️▫️
💧“ တွေးမိတိုင်း ပျော်တယ် ” 💧
စာအုပ်မှ ကူးယူဖော်ပြပါသည်၊၊
(page 248)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။