Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, September 14, 2015

စင်ကာပူမှာ တက်စီ(Taxi)မစီးခင် ဒီစာကို အရင်ဖတ်ပါ

စင်ကာပူမှာ တက်စီ(Taxi)မစီးခင် ဒီစာကို အရင်ဖတ်ပါ
စင်ကာပူနိုင်ငံမှာ အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ်ဟာ အဆင့်မြင့်ကောင်းမွန်ပြီး သက်တောင့်သက်သာရှိလှပါတယ် ။ ဈေးနှုန်းအနည်းငယ်ကြီးမြင့်တာကလွဲလို့ပေါ့လေ ။ တစ်ခါတစ်လေ အရေးပေါ်ကိစ္စတွေကြုံလို့ မဖြစ်မနေတက်စီစီးသွားရတော့မယ်ဆိုရင် ဒီစာလေးကိုဖတ်ထားသင့်ပါတယ် ။
တက်စီစတန်း(Taxi Stand)တွေ
တက်စီစောင့်တဲ့နေရာ တက်စီစတန်း(Taxi Stand)တွေကို စင်ကာပူတစ်ကျွန်းလုံးနေရာအနှံပြုလုပ်ပေးထားပြီး အမိုးအကာများဖြင့် စနစ်တကျတန်းစီရန်နေရာတွင် Taxi Stand Location Code ၊ တက်စီခေါ်ယူနိုင်မည့်ဖုန်းနံပါတ်များ ၊ ဈေးနှုန်းများ စသည်တို့ကို ဖော်ပြပေးထားပါတယ် ၊ များသောအားဖြင့် လူလွတ်တဲ့ တက်စီတွေဟာ ထိုနေရာကိုလာရောက်ခရီးသယ်တင်ကြလေ့ရှိပါတယ် ။

တက်စီကုမ္ပဏ္ဍီတွေ
စင်္ကာပူမှာတက်စီကုမ္ပဏ္ဍီအများအပြားရှိပြီး Comfort,SMRT,CityCab,Silver Cab,Premier Taxi,Prime Taxi စတဲ့ကုမ္ပဏ္ဍီတွေနာမည်ကျော်ကြားပါတယ် ။ ဈေးကွက်ဝေစုအရ Comfortတက်စီက အများဆုံးရရှိထားပါတယ်(၂၀၁၄ခုနှစ်စစ်တမ်းအရ)
Comfort & City Cab ကကုမ္ပဏ္ဍီတစ်ခုတည်းရဲ့လက်အောက်ခံဖြစ်ပြီး ၊ SMRT Taxi ကတော့ MRTရထားတွေ ကားတွေပိုင်တဲ့ SMRT မှ စီမံခန့်ခွဲ့ပါတယ်။
တက်စီအမျိုးအစားများ
SMRT တက်စီတွေကို တိုယိုတာ PRIUS(Hybrid) ကားတွေ ၊ Honda - Airwave ကားတွေ ၊ Toyota - Fielder ကားတွေအသုံးပြုပြေးဆွဲတာတွေ့ရပါတယ် ။၂၀၁၅ခုနှစ်မှ SMRT မှအသစ်မိတ်ဆက်လိုက်တဲ့ London Cab ကတော့ ရှေးဟောင်းကားဒီဇိုင်းဖြစ်ပြီး ၀ှီးချဲအသုံးပြုသူတွေကို တင်ဆောင်လို့ရပါတယ် ။
Comfort တက်စီတွေကို Hyundai - Sonata , Sorento အဆင့်မြင့်ကားတွေအသုံးပြုတာတွေ့ရပါတယ် ။
Prime တက်စီတွေကိုတော့ Toyota - Wish ကားတွေအများဆုံးအသုံးပြုတာတွေ့ရပါတယ် ။
အသွင်အပြင်
များသောအားဖြင့် စင်ကာပူတက်စီတွေဟာ အတွင်း အပြင် သန့်ပြန်ပြီး ၊ တက်စီအားလုံးလေအေးပေးစက် မဖွင့်မနေရဖွင့်ရတာကြောင့် စီးရတာ သက်တောင့်သက်သာရှိစေမှာပါ။
ခရီးသွားတွေလိုက်နာရမယ့်အချက်တွေ
၁။ တက်စီပေါ်မှာ ဆေးလိပ်သောက်ခွင့်မရှိပါဘူး
၂။ ရှေ့ခန်းယာဉ်မောင်းဘေးထိုင်ခုံမှာထိုင်မယ့်သူဟာ မဖြစ်မနေ အသက်ကယ်ခါးပတ်ပတ်ရပါမယ် (မပတ်ရင် ဒရိုင်ဘာကပတ်ခိုင်းပါလိမ့်မယ်)
၃။ အိတ်အကြီးများ ၀န်စည်စလယ်အကြီးစားများကို ကားနောက်ခန်းမှာ ထည့်ရပါမယ်။
၎။ မော်တော်ယာဉ်ဥပဒေအရ နောက်ခန်းမှာထိုင်တဲ့သူတွေလည်း အသက်ကယ်ခါးပတ်ပတ်ရပါတယ် (များသောအားဖြင့် ပတ်ကြလေ့မရှိပါဘူး ၊ ဒါပေမယ့် ရှေ့ခန်းကလူကတော့ မဖြစ်မနေပတ်ကိုပတ်ရပါတယ်)
၅။ တက်စီကားတိုင်းမှာ လိုက်ပါစီးနင်းရမယ့် လူဦးရေပမာဏသတ်မှတ်ထားပြီး ၊ ဆလွန်းကား ဗင်ကားဆို ယာဉ်မောင်းအပါ ၅ဦးထက် ပိုစီးနင်းခွင့်မရှိပါဘူး ၊ လူများနေရင်တော့ 7seater ခေါ်တဲ့ ပေါင်မုန့်ကားလေးများဌားရမ်းစီနင်းစေလိုပါတယ် ၊ ဒီထက်လူများရင် မိုက်ခရိုဘတ်စ်ခေါ်တက်စီကိုဌားရမ်းလိုလည်း ရပါသေးတယ် ၊ ဒါအပြင် Mercedes , Crysler စတဲ့ အဆင့်မြင့် ဇိမ်ခံကားများလည်းရှိပြီး ဈေးနှုန်းပိုမိုကျသင့်မှာပါ ။
ငွေပေးချေမှု့ပုံစံ
ယာဉ်စီးခကို ငွေအကြွေ ၊Nets ကတ်စနစ် ၊ American Express ကတ်စနစ် ၊ Visa စနစ် စတာတွေနဲ့ပေးချေနိုင်ပြီး တက်စီအန်ကယ်အများစုက ငွေအကြွေနဲ့ပေးတာကို သဘောကျပါတယ် ၊ အစွန်းထွက် ငွေအကြွေပြားဂဏန်းကို ပြန်မယူပဲ သူတို့ကိုပေးပျော်လိုက်ပါ။
တက်စီဘယ်လိုခေါ်မလည်း
MRT ဘူတာရုံကြီးတွေအနီးအနား ၊ ရှော့ပင်းစင်တာတွေအနီးအနား ၊ ဘတ်စ်စကားမှတ်တိုင်အနီးအနားမှာရှိတက်တဲ့ Taxi Stand ကနေခေါ်လည်းရပါတယ် ။ ဖုန်းဆက်ခေါ်လည်းရပါတယ် ၊ Comfort taxi က စင်ကာပူမှာအများဆုံးမို့ 6552 1111 ကို ခေါ်လိုက်လည်းရပါတယ် ၊ သင်နေတဲ့နေရာကို (ကြိုးဖုန်းဆို)ဖုန်းနံပါတ်ကို အလိုအလျှောက်ရှာဖွေပြီး အနီးဆုံးနေရာက တက်စီကို စေလွှတ်ပေးပါတယ် ၊(ဟန်းဖုန်းဆို) ဂဏန်းခြောက်လုံးပါတဲ့ Location Code ရိုက်နှိပ်ထည့်သွင်း ပေးရပါမယ် ၊ Location Code ပြောဖို့အဆင်မပြေဖြစ်ရင် သင်ရောက်နေတဲ့ လမ်း ၊ တိုက်အမှတ် စသည်တို့ကိုပြောပြဖို့ Customer Service နံပါတ်ကိုခေါ်လိုက်ပါ။စင်္ကာပူတက်စီ ၉၀ရာခိုင်နှုန်းမှာ တစ်ကျွန်းလုံးအနှံ့ ဆက်သွယ်နိုင်တဲ့ AM လှိုင်းသုံး ရေဒီယိုစနစ် ၊ GPS စနစ်တွေ ပါဝင်တာမို့ အလွယ်တစ်ကူ ဆက်သွယ်ခေါ်ယူနိုင်တာလည်း ဖြစ်ပါတယ် ။
ခုနောက်ပိုင်းတိုးတက်လာတဲ့ နည်းပညာတွေကြောင့် တက်စီကို Android App , iOS App တွေကနေတစ်ဆင့် ခေါ်ယူနိုင်အောင် စီစဉ်လာကြတာလည်းတွေ့ရပါတယ် ။
တက်စီကို လမ်းဘေးလူရှင်းတဲ့နေရာကနေလည်း လက်ပြတားလို့ရပါတယ် ၊ မီးပှိုင့်လို ဘတ်စကားရပ်တဲ့နေရာလို လူရှုပ်တဲ့နေရာတွေလိုမျီုးဆိုရင်တော့ ရပ်ပေးဖို့ မလွယ်ပါဘူး ။
တက်စီမတားခင် ခေါင်မိုးပေါ်က ဆိုင်းဘုတ်လေးကိုကြည့်ပါ Available(အပြာရောင်) ဆို ကားအားတယ် ၊ Busy (အနီရောင်)ဆို ကားမအားဘူး စသဖြင့် ဖော်ပြထားပါတယ် ။
တက်စီကိုဖုန်းနဲ့ဆက်ခေါ်ရင် ဘွတ်ကင်ကြေး စလုံး၃ကျပ်ကျော်ပေးရမှာဖြစ်ပြီး ၊ လမ်းကနေ , Taxi Stand ကနေ တားစီးရင်တော့ ပေးဖို့မလိုပါဘူး (တက်စီခဈေးနှုန်းများ ပုံတွင်ဖော်ပြထားသည်)
စင်ကာပူတက်စီတွေအားလုံး မီတာစနစ်အသုံးပြုကြပါတယ် ၊ ယာဉ်မောင်းတွေဟာ အသက်ကြီးပိုင်းတွေများတာလည်း တွေ့ရမှာပါ ၊ ယာဉ်မောင်းအမည် ကားနံပါတ်နဲ့ ကိုယ်ရေးအချက်အလက်တွေကို ယာဉ်မောင်းဘေး ခရီးသည်ထိုင်ခုံရှေ့မှာ ထင်ရှားမြင်သာစွာ ဖော်ပြထားတာလည်းတွေ့ရပါတယ် ။ တက်စီယာဉ်မောင်းများအားလုံး ရှပ်အကျင်္ီလက်ရှည် စတိုင်ဘောင်းဘီရှည်ကို စနစ်တကျဝတ်ဆင်ထားကြပြီး ဆေးလိပ် အရက်သေစာ သောက်စားခြင်းမရှိတာကြောင့် အမျီုးသမီးတွေဌားရမ်းစီးနင်းရင်တောင်မှ အဆင်ပြေနိုင်မှာပါ ။
ကားပေါ်တက်တာနဲ့ Flag Down လို့ခေါ်တဲ့ အလံချိုးခ စလုံး၎ ကျပ်ဝန်းကျင်ကို စတင်ပေးချေရမှာဖြစ်ပါတယ် ၊ ကားပေါ်တက်တက်ချင်း သွားလိုတဲ့အရပ်ကို စာရွက်မှာရေးတာပဲဖြစ်ဖြစ် / နှုတ်ကနေပြောပြီးပဲဖြစ်ဖြစ် ယာဉ်မောင်းကိုပြောပြပါ ။အ ချို့ဒရိုင်ဘာတွေက စက်မှု့ဇုန်လိုနေရာမျီုး လူပြတ်တဲ့နေရာမျိုးဆို မလိုက်ချင်ကြပါဘူး ၊ အပြန်အတွက်ခရီးသည်မရလို့ပါ ။
ကားအတော်များများမှာ Touch Screen LCD မျက်နှာပြင်ပါ GPS စနစ်သုံး ကွန်ပျူတာစနစ်လည်း ပါရှိလို့ တစ်ချို့နည်းပညာဂုရုတက်စီအန်ကယ်တွေက GPS ဖွင့်မောင်းပြီး လမ်းကြောင်းရှာတက်ပါတယ် ။
တက်စီမီတာဟာ မီးပှိုင့်မှာစောင့်ဆိုင်းနေရချိန်မှာလည်း အလုပ်လုပ်ပြီး များသောအားဖြင့် တက်စီအန်ကယ်တွေက လမ်းရှင်းပြီဆို အမြန်မောင်းလေ့ရှိတာမို့ မီးပှိုင့်စောင့်ရတဲ့အချိန်ကို ကာမိစေမှာပါ ၊ ERP ခေါ်တဲ့ လမ်း တံတားကြေးများကိုလည်း ခရီးသည်က ပေးဆောင်ရမှာဖြစ်ပါတယ် ။တက်စီခကျသင့်ငွေပေးချေပြီးရင် ပြေစာ(Receipt ) တောင်းယူလို့ရပါတယ် ။
ဒီအချိန်တွေတက်စီစီးရင်သတိထား
၁။ Midnight surcharge ည၁၂နာရီမှ မနက် ၅: ၅၉ အတွင်းတက်စီဌားရမ်းသူများ Midnight Surcharge ကြေးပေးဆောင်ရမှာဖြစ်ပြီး စုစုပေါင်းကျသင့်ငွေ+ ကျသင့်ငွေ၏ ၅၀ % ပေးဆောင်ရမှာပါ ။
၂။ Peak hour surcharge ကားကြပ်ချိန်အပိုကြေး
တနင်္လာမှ သောကြာနေ့ထိ မနက် ၆နာရိမှ ၉:၃၀ ထိ ၊
တနင်္လာမှ တနင်္ဂနွေ နှင့် အများပြည်သူရုံးပိတ်ရက်များ(Public Holidays) ည ၆နာရီမှ ညလယ်ထိ
ထိုအချိန်များအတွင်းတက်စီဌားရမ်းစီးနင်းလျှင် စုစုပေါင်းကျသင့်ငွေ + ကျသင့်ငွေ၏ ၂၅% ပေးဆောင်ရပါမည် ။
၃။ မြို့တွင်းဧရိယာ အပိုကြေး
တနင်္လာမှ တနင်္ဂနွေ နှင့် အများပြည်သူရုံးပိတ်ရက်များ(Public Holidays) ညနေ ၅နာရီမှ ညလယ်ထိ စုစုပေါင်းကျသင့်ငွေ+ ၃ကျပ်
၎။ နေရာဒေသနှင့်ဆိုင်သော အပိုကြေး
Changi Airport & Changi Air Freight Centre
Seletar Airport
Marina Bay Sands
Resorts World Sentosa
Singapore Expo Centre ထိုနေရာများသို့ သွားရောက်ပါက စုစုပေါင်းကျသင့်ငွေ+ ၃ကျပ် ကျသင့်မည်ဖြစ်ပါသည်။
(အသေးစိတ်ကို ပုံတွင်ဖော်ပြထားသည်)
*** သတိထားရမှာတွေ ***
အခုနောက်ပိုင်းတက်စီအန်ကယ်တွေထဲ တရုတ်ပြည်ကြီးက လာရောက်လုပ်ကိုင်သူအချို့တွေ့ရှိရပြီး လမ်းတွေကကောင်း ၊ ကားတွေကကောင်းတာမို့ ကားမောင်းကြမ်းတာတွေ့ရပါတယ် (များသောအားဖြင့် ညပိုင်းတွေ ) အဲ့ဒါကြောင့် ရှေ့ခန်းမှာထိုင်ထိုင်၊ နောက်ခန်းမှာ ထိုင်ထိုင် ခါးပတ်ပတ်စီးနင်းသင့်ပါတယ် ။
မူးယစ်ပြီးတက်စီစီးလျှင် တက်စီဒရိုင်ဘာကိုမရစ်ပါနှင့်
အရက်မူးပြိးတက်စီစီးမိလို့ ရဲကားပေါ်ပါလိုက်စီးလိုက်ရတဲ့ဖြစ်စဉ်တစ်ခု ၂၀၁၅ နှစ်လည်မှာဖြစ်ပွားခဲ့ဖူးပါတယ်။
ပိုက်ဆံအကြွေဆောင်ထားပါ ။တက်စီအန်ကယ်တွေက မူအရ ကတ်နဲ့ပေးချေတာကို မဖြစ်မနေလက်ခံရပေမယ့် ရှေးရိုးစွဲတွေမို့ ငွေအကြွေကို သူတို့ပိုသဘောတွေ့ပါတယ် ၊ ဒါကြောင့်တက်စီစီးမယ်ဆို အကြွေဆောင်ထားသင့်ပါတယ် ။
ကင်မရာ
စင်ကာပူနိုင်ငံက ကားအတော်များများမှာ လုံခြုံရေးအတွက် ကင်မရာငယ်တွေကို ရှေ့လေကာမှန်မှာ တပ်ဆင်ထားလေ့ရှိပါတယ် ။ အခုတက်စီတော်တော်များများမှာလည်း အရှေ့ကိုမြင်ရတဲ့ကင်မရာအပြင် အနောက် ခရီးသည်ထိုင်ခုံထိပါမြင်ရတဲ့ကင်မရာတွေတပ်ဆင်လာကြပြီမို့
တက်စီစီးနင်းနေစဉ် မိမိရဲ့အပြုအမူတွေကို သတိထားသင့်ပါတယ် ။
အခြားအချက်အလက်များကိုလည်း ပုံတွင်ဖော်ပြထားပါတယ် ။
လိုရာအရပ်သို့ ဘေးကင်းချောမွေ့စွာရောက်ရှိကြပါစေ . . .
ညီရဲ
Credit : Singaporetaxi
Photo credit : Sg local media

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။