အလုပ်သမားနဲ့ အချောင်သမား။
သူများနိုင်ငံတွေ အံ့မခန်းကြီးပွားချမ်းသာတယ်ဆိုတာ သေချာလေ့လာကြည့်ရင်..
မခိုမကပ် အလုပ်ကြတာကိုတွေ့ရတယ်။
အချောင်ကြီးပွားအောင်မလုပ်ဖူး။ အချောင်ထိုင်မစားဘူး။
စေ့စပ်သေချာစွာ အသိရှိရှိ၊ ဥပဒေကိုတိတိကျကျလေးစားလိုက်နာပြီး လုပ်ကိုင်တယ်။
စေတနာလည်းပါတယ်။
နောင် မျိုးဆက်တွေအတွက်ထားတဲ့စေတနာပါ။

ကျန်းမာရေးကောင်းသူတွေဟာ အသက် ၇၀ကျော်အထိ တလှုပ်လှုပ်နဲ့ အလုပ်လုပ်နေတုန်း။
ကိုယ့်နိုင်ငံမှာကတော့
အလုပ်လက်မဲ့တွေပေါရတဲ့အထဲ..
အလုပ်မလုပ်ဖဲ အချောင်ထိုင်စားနေသူတွေအများကြီး။
ကိုယ့်နိုင်ငံမှာကတော့
အလုပ်လက်မဲ့တွေပေါရတဲ့အထဲ..
အလုပ်မလုပ်ဖဲ အချောင်ထိုင်စားနေသူတွေအများကြီး။
ကျန်းမာရေးမကောင်းတဲ့ မသန်မစွမ်း အဖွားကြီး၊ အဖိုးကြီးတွေတောင်..လက်တွန်းလှည်းတွေ ၊ ၀ှီးလ်ချဲတွေ၊ တုတ်ကောက်တွေနဲ့ အနီးအနား စူပါမတ်ကက်တွေ၊ ဈေးဆိုင်ကြီးတွေမှာ ထုံ့ပိုင်းထုံ့ပိုင်းနဲ့ ဈေးဝယ်မပျက်၊ အချက်အပြုတ်မပျက်ကြဘူး.။
အော်စလိုမှာ ရုံးဆင်း ရုံးတက်ချိန်၊ အများသူငှာ အလုပ်လုပ်ချိန်ဖြစ်တဲ့ မနက်၆နာရီနဲ့ ၉နာရီကြားအချိန်ရယ်၊ ညနေ ၄နာရီနဲ့ ၇နာရီအကြားဆိုရင်. ကား၊ ရထား၊ယာဉ်တွေပြည့်ညှပ်နေတာပဲ.။ ကားလမ်းတွေလည်း ပိတ်ဆို့တယ်။မြို့ထဲမှာ ကြက်ပျံမကျစည်ကားတယ်။ပွဲရှိနေသလိုလိုပဲ။
အဲ..အဲဒီအချိန်မဟုတ်ပဲ မနက် ၉ခွဲနဲ့ နေ့လည်၃နာရီကြား၊ ဒါမှမဟုတ် ညနေ ၈နာရီကျော် ဆို ကိုယ်ပိုင် ကားတွေလည်းကြဲ၊ဘတ်စ်ကား၊ မက်ထရိုရထားတွေပေါ်လည်း ပြေးလွှား ခုန်ပေါက်ကနေလို့ရတဲ့အထိ ချောင်ချိပြီး လူ အသွားအလာကြဲတယ်။ခြောက်ကပ်နေလို့ တစ္ဆေခြောက်မလားထင်ရတယ်။
တခါတလေ (စနေ၊ တနင်္ဂနွေမဟုတ်ပဲ ကိုယ့်အလုပ်နားရက်မို့ အပြင်ထွက်ရင်) ကားပေါ်မှာ လူတယောက်မှမရှိ၊ ရထားတွဲတတွဲလုံးမှာကိုယ်တစ်ယောက်ထဲလည်းကြုံဖူးတယ်။ ဒါပေမဲ့ ကား၊ ရထားကတော့ သူ့အချိန်နဲ့သူပြေးနေတာပဲ။
တခါတလေ (စနေ၊ တနင်္ဂနွေမဟုတ်ပဲ ကိုယ့်အလုပ်နားရက်မို့ အပြင်ထွက်ရင်) ကားပေါ်မှာ လူတယောက်မှမရှိ၊ ရထားတွဲတတွဲလုံးမှာကိုယ်တစ်ယောက်ထဲလည်းကြုံဖူးတယ်။ ဒါပေမဲ့ ကား၊ ရထားကတော့ သူ့အချိန်နဲ့သူပြေးနေတာပဲ။
ဒါဟာ လူတိုင်း အိမ်မှာထိုင်မနေပဲ အလုပ်လုပ်နေတဲ့အခြေအနေကိုပြနေတာပါ။
ရုံးဆင်းရုံးတက်ချိန်ဆို လဘက်ရေဆိုင်၊ စားသောက်ဆိုင်တွေမှာတောင် စားသောက်မဲ့ လူမရှိပါ။
လူတွေဟာ ပျားတွေလိုပဲ..
ကိုယ့်ဆိုင်ရာဆိုင်ရာ အလုပ်တွေနဲ့ ရှုတ်ရှက်ခတ်နေကြတယ်။
ရုံးဆင်းရုံးတက်ချိန်ဆို လဘက်ရေဆိုင်၊ စားသောက်ဆိုင်တွေမှာတောင် စားသောက်မဲ့ လူမရှိပါ။
လူတွေဟာ ပျားတွေလိုပဲ..
ကိုယ့်ဆိုင်ရာဆိုင်ရာ အလုပ်တွေနဲ့ ရှုတ်ရှက်ခတ်နေကြတယ်။
..မြန်မာပြည်မှာလည်း အဲလိုပဲဖြစ်လိမ့်မယ်ထင်ပါရဲ့..။
နယ်စွန်နယ်ဖျားတွေမှာတောင် ပြည်သူတွေ လှုပ်ရှားရုံးကန်နေကြတာ၊ ကျနော်ငယ်ငယ်ခလေးဘ၀က စလို့ ဒီနေ့အထိ မြန်မာပြည်သူတွေ မနက်နေမထွက်ခင်ကစလို့ နေ၀င် မိုးချုပ်တဲ့အထိ ပင်ပန်းကြီးစွာ အလုပ်ကိုနေခဲ့ကြတာကို မြင်နေရတုန်း...သမုဒ္ဓရာ.၀မ်းတစ်ထွာအတွက်.။
အများစုက ကြီးပွားချမ်းသာမလာပဲ..လက်လှုတ်ခြေလှုတ် အလုပ်အလုပ်နိုင်တဲ့တနေ့ ညှိုးချုံးကျသွားကြတယ်။

အဲ..ဒါပေမယ့်
တခုတော့ရှိတယ်။
စစ်သည်အင်အား ၅သိန်းနဲ့..
အင်အား ၅သိန်းရှိတဲ့ သံဃာ( အတုတွေလည်း ရောယောင်ပါကောင်းပါနိုင်ပါတယ်)
တွေကရော...။
ဘယ်လိုလဲ..။
အရေးပေါ် စားနပ်ရိက္ခာ အရံ တနှစ်စာ၊ တ၀ါတွင်းစာ အနည်းဆုံးထားပြီး ဟိုးအရင်တုန်းကလို စုဆောင်း သိုလှောင်ဖြစ်ကြသေးလား.။
ဘယ်ကရတဲ့ရိက္ခာတွေလဲ..။

ပြည်သူတွေရဲ့ ဦးခေါင်းပေါ်၊ ပုခုံးပေါ်၊ကျောကုန်း ပေါ်သာမက..
နှလုံးသားတွေ ဦးနှောက်တွေအပေါ်မှာလည်း ကြီးမားတဲ့ ၀န်ထုတ်ဝန်ပိုးကြီးတွေနဲ့ပါလား..။
နောက်ထပ် နှစ်ပေါင်း ဘယ်လောက်ကြာမလဲ.။
နှလုံးသားတွေ ဦးနှောက်တွေအပေါ်မှာလည်း ကြီးမားတဲ့ ၀န်ထုတ်ဝန်ပိုးကြီးတွေနဲ့ပါလား..။
နောက်ထပ် နှစ်ပေါင်း ဘယ်လောက်ကြာမလဲ.။
ကိုညို(အော်စလို) ရေးသည်။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။