Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, September 25, 2015

သို့... တနင်္ဂနွေ


သို့... တနင်္ဂနွေ
--------------------

တစ်ရက်မှာ အမေအိုကြီးက သူ့သားကို လှမ်းမေးတယ်။

"သားရေ.. ဒီကနေ့ ဘာနေ့လဲကွယ့်"

သားဖြစ်သူက - "တနင်္ဂနွေနေ့လေ အမေရဲ့.. ကျွန်တော် ရုံးပိတ်လို့ အိမ်မှာ ရှိနေတာ မမြင်ဖူးလား။" လို့ နည်းနည်း ကသိကအောင့်နဲ့ ပြန်ဖြေလိုက်တယ်။

"အော်.. အေးကွယ်.. ငါ့သား ဒါ့ကြောင့် ဒီနေ့ အိမ်မှာရှိနေ တာကိုး။ အမေက သားကိုတွေ့လို့ မေးကြည့် တာပါ။" ဆိုပြီး အမေအိုက ပြန်ဖြေရှာပါတယ်။

သိပ် မကြာ ခင် အမေအိုက -

"သားရေ.. ဒီနေ့ ဘာနေ့လဲ။" လို့ မေ့ပြီးတော့ ထပ်မေး မိပြန်တယ်။ 

"ဟာ.. အမေကလဲ။ ခုနကတင် ပြောပြီးပြီ ဒီနေ့ တနင်္ဂနွေ နေ့ လို့ဆို။ ကျွန်တော် ရုံးပိတ် တယ် လေ အမေ!"

သားဖြစ်သူ အသံ နည်းနည်း မာလာတယ်။ အမေအိုက "အေး..အေး.. " လို့ပဲ ပြန်ပြော ရှာတာပေါ့။

ဒီတော့ လည်း သား ဖြစ်သူက အမေလုပ်သူကို သနားသွားပြီး "အမေ.. ဒီနေ့ ဘယ်လျှောက်လည်ချင်လဲ ပြောလေ။ သားရယ် အမေ့ ချွေးမ ရယ် အမေရယ် သုံးယောက် လျှောက်လည်ကြ တာပေါ့။" လို့ သွား ပြောတယ်။

ဒီအခါ အမေအိုက ဝမ်းသာသွားပြီးတော့ "အမေ့ မမေးပါနဲ့ သားရဲ့။ သားတို့သွားချင်တဲ့ နေရာသွား။ အမေသားတို့နဲ့ လျှောက်သွားရတာပဲ ပျော်လှပြီ" လို့ပြန်ပြောတယ်။

ဒီတော့ သားဖြစ်သူလဲ သူ့အမေရယ် မိန်းမလုပ်သူရယ်ကို ခေါ်ပြီး ဘုရား သွားဖူးကြတယ်။ ဘုရားပေါ်တက်တဲ့ တလျှောက်လုံး သားဖြစ်သူဟာဂသူ့အမေကို စိတ်ပျက်စပြုလာတယ်။

"အမေရယ်.. မြန်မြန်လျှောက်.. ဟိုမှာ ဓာတ်လှေကား ပိတ်တော့မယ်ဗျ။ အထဲက လူတွေ အားနာ စရာ။"

"အမေ့ ကြည့်ရတာ လမ်းတောင်မလျှောက်နိုင် တော့ဘူး လားဗျာ။ စောစောစီးစီးပြောရောပေါ့။ ဒီလိုမှန်းသိရင် အိမ်မှာပဲ နေပြီး တစ်ခုခု လုပ်နေလို့ ရတာပေါ့"

"အမေ.. ဖိနပ် မစီးရ ဘူးလေ ဘုရားပေါ်" စသဖြင့် တစ်ခုပြီး တစ်ခု သူ့အမေကို အပြစ်တင်တာ။

အမေအိုကလဲ "ဪ.. အေးပါကွယ် အေးပါ" လို့ပြောပြီး သုတ်သုတ် သုတ်သုတ် နဲ့ လျှောက်ရှာတယ်။

ဘုရားပေါ် ရောက်တော့လဲ အမေအို ဘုရားရှိခိုးပြီး တိုင်း တွဲထူ တွဲထိုင်နဲ ချွေးမ လုပ်သူရော သားဖြစ်သူပါ ငြိုငြင် လာ တော့ အမေအိုလဲ "သားရယ်.. အမေတို့ အိမ်ပဲ ပြန်ကြတာပေါ့။ သား တို့ လင်မယား အမေ့ အတွက်နဲ့ ပင်ပန်းလှပါတယ်" လို့ ပြောရှာ တယ်။ ဒီတော့မှ သူတို့ အိမ်ပြန်ဖြစ်ခဲ့ကြတယ်။

ဒီလိုနဲ့ တစ်ရက်တော့ အမေအို လူကြီးရောဂါနဲ့ပဲ သေဆုံးသွားခဲ့ တယ်။ အသုဘကိစ္စတွေ လုပ်လို့ အားလုံးအပြီးမှာ အမေအိုရဲ့ အခန်းထဲ ဝင်ရှင်း ရင်း ဒိုင်ယာရီစာအုပ်လေး တစ်အုပ် ထွက်လာ တယ်။ သား ဖြစ်သူ လဲ ဖွင့်ဖတ်ကြည်ရြင်းနဲ့ တစ်နေရာ ရောက် တော့ သူ့ မျက်လုံး တွေ ဝိုင်းစက်သွားတယ်။ သူဖတ် နေရင်းနဲ့ အမေ့ကို ပြောခဲ့ မိတာတွေ အတွက် နောင်တ ရမဆုံး ဖြစ်မိပြီး ငိုကြွေး နေခဲ့မိတယ်။

စာမှာ ရေးထားတာက -

"ဒီနေ့ မှတ်မှတ်ရရ တနင်္ဂနွေနေ့ပေါ့။ သားလေး မနက်ဖြန်ဆိုရင် ပထမဆုံး ကျောင်းတက်ရတော့မယ်။ ဒါနဲ့ အထိမ်းအမှတ် အဖြစ် ယောင်္ကျား လုပ်သူရယ် ကျွန်မရယ် သားလေး လက်ကို ဆွဲလို့ ဘုရားထွက်ခဲ့ကြတယ်။ လမ်းမှာ သားကမေးတယ်

"မေမေ ဒီနေ့ ဘာနေ့လဲ" တဲ့။

ကျွန်မက တနင်္ဂနွေနေ့ လို့ ခေါ်တယ် သားရဲ့ လို့ သူ့ကို ပြောပြတာ ကို သဘောကျလို့ ရီတာလေ သူက။

ပြီးတော့ ထပ်မေးတယ်။

"မေမေ ဒီမေ့ဘာနေ့လဲတဲ့။"

ကျွန်မကလဲ "ဒီနေ့ တနင်္ဂနွေနေ့ လို့ခေါ်တယ် သားရေ" လို့ ပြောတော့ သူ သဘော ထပ် ကျ ပြန်တယ်။

ဒီလိုနဲ့ ဘုရား သွားတဲ့ တစ်လမ်းလုံး တနင်္ဂနွေ အမေးအဖြေ လုပ်လာတာ နောက်ဆုံး ယောင်္ကျား ဖြစ်သူက နားငြီး တယ် ပြောလို့တောင် ကျွန်မနဲ့ ရန်ဖြစ် ကြသေးတယ်။

ဒီလိုနဲ့ ဘုရား ပေါ်တက်ကြတော့ သားငယ်ကို လမ်းလျှောက် ခိုင်းတယ်။

မေမေ ဒီနေ့ တော့ မချီဘူးလို့။ မနက်ဖြန် ကျောင်းသား ကြီး ဖြစ်တော့ မှာလေ ကျွန်မသားက။

အဲ့လိုနဲ့ လင်မယားနှစ်ယောက် သားလေးကို လက်တွဲ လို့ တနင်္ဂနွေနေ့ ဘုရားဖူး ထွက်ရတာ ကျွန်မ တစ်သက်မှာ ပျော်စရာ အကောင်း ဆုံး ပါပဲ။

ဒီနေ့ လေး လို ပျော်စရာ ကောင်းတဲ့ တစ်ရက် နောက် လဲ ပြန်ရဖို့ အမြဲမျှော်နေမိမှာပဲ။"

--------------------

- မှတ်စုကြမ်း #kyawnge

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။