Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Wednesday, September 9, 2015

မဲတစ်ပြားအတွက် ချဉ်းကပ်မှုမျိုးစုံ


ဆိပ်ကြီးခနောင်တိုမြို့နယ်ရှိ ပြည်သူများသို့ ပြည်ခိုင်ဖြိုးပါတီကလှူဒါန်းမည့် ဆန်အိတ်များကို ဓမ္မသုခဘုန်းတော်ကြီးကျောင်းအတွင်း စက်တင်ဘာ၎ရက်က တွေ့ရစဉ်/ဓာတ်ပုံ−ဟိန်းသာ
မိုးကတဖွဲဖွဲကျနေသော်လည်း ရွာမှ လူများက ဆိုင်ကယ်၊  ဆိုက်ကား နှင့်သုံးဘီးယာဉ်တို့ဖြင့် ရပ်ကွက်ထဲရှိလူအားလုံးနီးပါး ဓမ္မသုခဘုန်းကြီးကျောင်းတိုက်လေး၏ အရှေ့သို့  ထီးကိုယ်စီဖြင့်  ရောက်လာကာ  ဘုန်းကြီးကျောင်းရှေ့တွင် စည်ကားနေသည်။

ဆိပ်ကြီးခနောင်တိုမြို့နယ် ဦးထွန်းအိုရပ်ကွက်ရှိ ဓမ္မသုခဘုန်း ကြီးကျောင်းတိုက်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီက အိမ်ထောင်စုတစ်စုလျှင် ဆန်တစ်အိတ်နှင့် ဆီတစ်လီတာ ပေးမည်ဆိုသောကြောင့် စက်တင် ဘာ ၄ရက်၌ ရပ်ကွက်လုံးနီးပါး လာစောင့်နေခြင်းဖြစ်သည်။

‘‘အရင်နေ့တွေက ပေးမယ် အသံကြားပေမယ့် ကောလာဟ လပဲထင်တာ။ ခုနလေးကမှ ဘုန်း ကြီးကျောင်းက လော်စပီကာနဲ့ ဆန်အိတ်တွေပေးမယ်ဗျို့ဆိုလို့ ၀မ်းသာပြီးလာစောင့်ကြတာ။ ရပ် ကွက်လုံးနီးပါးပဲ’’ဟု အဆိုပါရပ် ကွက်မှ ဆန်နှင့်ဆီရရှိရန်စောင့် ဆိုင်းနေသော ဒေါ်စန်းမြင့်မေက ပြုံးရွှင်စွာပြောသည်။
ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်းရပ် ကွက်ခြောက်ခုရှိ ပြည်သူများအား ပြည်ခိုင်ဖြိုးပါတီမှ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်လောင်းဦး မင်းသိမ်းက အိမ်ထောင်တစ်စု လျှ င် ဆန်တစ်အိတ်နှင့် ဆီတစ်လီ တာပေးဝေမည်ဟု လွန်ခဲ့သည့် တစ်ပတ်ခန့်ကတည်းက သတင်း ထွက်နေခြင်းကြောင့်ဖြစ်သည်။
ဆန်အိတ်ထောင်ချီလှူသော အဆိုပါအလှူအတွက် ဆိပ်ကြီးခ နောင်တိုမြို့နယ်ပါဝင်သည့် ရန် ကုန်တိုင်းမဲဆန္ဒနယ်အမှတ်(၈)မှ အမျိုးသားလွှတ်တော်ကိုယ်စား လှယ်အဖြစ်ဝင်ရောက်ယှဉ်ပြိုင်မည့်ဇေကမ္ဘာဦးခင်ရွှေကထောက်ပံ့ခြင်းဖြစ်သည်။
စက်တင်ဘာ ၈ရက်မှ နိုဝင်ဘာ ၇ ရက် ညဥ့်သန်းခေါင်အထိရက်ပေါင်း ၆၀အကြာတရားဝင်မဲဆွယ်စည်းရုံးကာလအဖြစ်သတ်မှတ်ထားသော်လည်း အာဏာရပါတီက ၀င်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းအချို့သည် မဲဆွယ်စည်းရုံးခြင်းမဟုတ်ဟုဆိုပြီး အလှူဟု ခေါင်းစဉ်တပ်ကာ ဒေသခံများအား လှူဒါန်းနေမှုများမှာ မဲဆွယ်စည်းရုံးခွင့်ကာလမတိုင်ခင်ကတည်းက ပြုလုပ်နေကြသည်။
ယခင်က သွားရောက်ခြင်းမရှိခဲ့သော်လည်း သက်ဆိုင်ရာမဲဆန္ဒနယ်များသို့ ခပ်စိပ်စိပ်သွား ရောက်ကာဒေသခံများအား ကူညီ ပံ့ပိုးမှုများပေးလာသည့်ဖြစ်ရပ် များက ၂၀၁၅ရွေးကောက်ပွဲကြိုကာလတွင် ထင်ထင်ရှားရှားမြင်တွေ့လာရသည်။
ဗိုလ်ချုပ်ကြီး(ငြိမ်း)ဦးလှဌေး ၀င်း၊ ကာကွယ်ရေးဝန်ကြီးဟောင်း ဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း)ဦးဝေလွင်၊ လယ်ဆည်ဝန်ကြီးဦးမြင့်လှိုင်နှင့်လယ်ဆည်ညွှန်ချုပ်(ငြိမ်း) ဦးကျော်ဝင်းတို့က နေပြည်တော်နယ်မြေတွင် အလှူအတန်းများပြုလုပ်ခြင်း၊ ပစ္စည်းများပေးကမ်းခြင်းက ၎င်းတို့ကိုယ်တိုင်မဲဆွယ်သည်ဟု မပြောသော်လည်း အငြင်းပွားစရာဖြစ်ခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီက ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်းရှိ ပြည်သူများအား စက်တင်ဘာ ၄ ရက်တွင် ဆန်နှင့်ဆီများပေးဝေနေစဉ်/ဓာတ်ပုံ-ဟိန်းသာ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဒက္ခိဏသီရိမြို့ နယ်ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်လောင်း လယ်ဆည်ဝန်ကြီး ဦးမြင့်လှိုင်နှင့် အမျိုးသားလွှတ် တော်မဲဆန္ဒနယ်အမှတ်(၁၀)မှယှဉ်ပြိုင်မည့် တစ်သီးပုဂ္ဂလကိုယ် စားလှယ်လောင်း လယ်ဆည်ဝန် ကြီးဌာနညွှန်ချုပ်(ငြိမ်း)ဦးကျော် ၀င်းတို့မှာ ရွေးကောက်ပွဲတွင် မဲ ပေးရန် ထီး၊ ယပ်တောင်များ၌ စာရေးဝေခဲ့ပြီး ကျောင်းသုံးပရိ ဘောဂများအပါအ၀င်ဆန်နှင့် ဆီများလည်း ပေးဝေခဲ့သည်ဆိုသည့်သတင်းအား ပြည်တွင်းမီဒီယာများက ကျယ်ကျယ်ပြန့်ပြန့်ဖော်ပြခဲ့ကြ သည်။
‘‘လယ်ဆည်ညွှန်ကြားရေး မှူးချုပ်ဟောင်းဦးကျော်ဝင်း၊ မြို့ နယ်ပညာရေးမှူးဒေါက်တာရဲညွန့် ၊စိုက်ပျိုးရေးတာဝန်ခံကိုအောင် နိုင်တို့ ဦးဆောင်ပြီး စက်တင်ဘာ ၅ရက်က အမကကျောင်းမှာရှိတဲ့ ကျောင်းဆရာ၊ ဆရာမခြောက်ဦးကို တစ်ဦးလျှင်ဆန် ၁၂ပြည်၊ အမေထွားဆီတစ်ပိဿာ၊ ကျောင်းဝတ်စုံတစ်စုံစီ ပေးဝေသွားတယ်။ ကျောင်းမျက်နှာကြက်ကိုလည်း လုပ်ပေးမယ်၊ တခြားလိုအပ်တာတွေကိုလည်း လုပ်ပေးမယ်ပေါ့။ သူတို့ဘက်ကလည်း ကျောင်းကိုကြည့်ပေးတယ်။ ဆရာ၊ ဆရာမတွေအနေနဲ့လည်း သူတို့ကိုပြန် ကြည့်စေချင်တယ်လို့ ပြောသွား တယ်လို့သိရတယ်’’ဟု ဒက္ခိဏသီ ရိမြို့နယ်ညောင်ကုန်းဒေသခံကို သန်းထိုက်က ပြောသည်။
ထို့အပြင် သြဂုတ်လကုန်ပိုင်း က နေပြည်တော်ကောင်စီမြို့နယ် လေးခုသို့ ဒီချုပ်ဥက္ကဋ္ဌဒေါ်အောင် ဆန်းစုကြည်၏ ရွေးကောက်ပွဲဆိုင် ရာအသိပညာပေးဟောပြောပွဲနေ့ ရက်အတွင်း ပြည်ခိုင်ဖြိုးပါတီကယင်းဒေသခံများကို ငွေငါးထောင်  နှင့် ထမင်းကျွေးကာဘုရားဖူးခေါ် ဆောင်မည်ဟု လိုက်လံစည်းရုံးမှု များရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။
‘‘ပိုက်ဆံငါးထောင်ပေးမယ် လို့ပြောပေမယ့် တကယ်တမ်းမ ပေးဘူး။ ထမင်းကျွေးတယ်။ ဘု  ရားဖူးလိုက်ပို့တယ်။ စက်စက်ယို ကွင်းမှာ လယ်ဆည်ဝန်ကြီး ဟောင်းဦးမြင့်လှိုင်က ပြည်ခိုင်ဖြိုး ကိုမဲပေးဖို့ မဲဆွယ်တယ်။ ဒက္ခိဏ သီရိမြို့နယ်အရှေ့ခြမ်းရော၊အ နောက်ခြမ်းရောက ရွာတွေပါ တယ်’’ဟု ဦးမြင့်လှိုင်ပြောဆိုသည့် အသံဖိုင်ရရှိထားသည်ဆိုသောဒေ သခံတစ်ဦးကပြောသည်။
ထို့အပြင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းများဖြစ် သည့် ဇေယျာသီရိမြို့နယ် မဲဆန္ဒ နယ်မှ ၀င်ပြိုင်မည့်အငြိမ်းစားဗိုလ် ချုပ်ကြီးဦးလှဌေးဝင်းသည်လည်း ပြီးခဲ့သည့် သြဂုတ်လကုန်ပိုင်းကတပ်မတော်ဆေးရုံမှ အရာရှိစစ်သည်များကိုအသုံးပြု၍ ဒေသခံများအား ဆေးကုသပေးခဲ့သည်။ ပုဗ္ဗသီရိမြို့နယ်မှ ရွေးကောက်ပွဲဝင်မည့် ကာကွယ်ရေးဝန်ကြီး (ငြိမ်း)ဦးဝေလွင်ကလည်း လျှပ်စစ်မီးလင်းရေးအတွက် လှူဒါန်းခဲ့သည်။
ရွေးကောက်ပွဲနီးကပ်လာချိန် တွင် ဒေသခံပြည်သူများအား ထောက်ပံ့ကူညီမှုပေးခြင်းမှာ မဲ  ဆွယ်ခြင်းမဟုတ်ဘဲ စာနာသနား ၍ လှူဒါန်းခြင်းသာဖြစ်ပြီး မဲဆွယ် သည်ဟု စွပ်စွဲပြောဆိုခြင်းမှာပါတီ ကို မနာလို၍ဖြစ်သည်ဟု ဆိပ်ကြီးခနောင်တိုမြို့တွင် ဆန်နှင့်ဆီလှူခဲ့သော ဦးမင်းသိမ်းက တုံ့ပြန်ပြောကြားခဲ့သည်။
‘‘ဒါ ကျွန်တော်တို့က မဲဆွယ် တာမဟုတ်သေးဘူး။ မဲဆွယ်တဲ့ ကာလလည်းမရောက်သေးဘူး။ စ မဲဆွယ်ရမှာက ၈ ရက်နေ့မှပါ။ ဒီ ဟာတွေက ကြိုပြီးနမူနာလေးပြ တဲ့ သဘောပဲရှိပါသေးတယ်’’ဟု မဲဆွယ်ခြင်းမဟုတ်ကြောင်း လယ်ဆည်အငြိမ်းစားညွှန်ချုပ်ဦး ကျော်ဝင်းကလည်း ငြင်းဆိုခဲ့သည်။
ထိုသို့ထောက်ပံ့ကူညီမှုများ ပြုလုပ်ခြင်းသည် ဒေသခံများအ တွက် လိုအပ်ချက်ဖြည့်ဆည်းပေး ရာရောက်၍ ကြိုဆိုသော်လည်း  ရွေးကောက်ပွဲတွင် ပြည်သူများဆန္ဒအပေါ် သက်ရောက်မှုရှိနိုင်စေ မည်မဟုတ်ဟု ထောက်ပံ့မှုရရှိထားသူအချို့ကပြောသည်။
‘‘လာပေးရင်တော့ ယူရမှာ ပဲ။ သူ့ဟာသူဘာပဲပြောပြောလေ။ ရွေးကောက်ပွဲအတွက်မဲဆွယ်တဲ့ စကားမျိုးတွေတော့မပြောပါဘူး။ ပြောလည်းအာရုံထဲတော့မရှိဘူး။ သူ တို့က တစ်နှစ်တစ်ခါမှ မှိုလိုပေါ် လာတာ နာမည်လည်းမကြားဖူး ဘူး။ အဘတို့ကတော့ ရွေး ကောက်ပွဲမှာ ပြည်သူ့ကိုအ ကောင်းဆုံးလုပ်ပေးနိုင်မယ့်ပါတီ ကို ရွေးချယ်ပြီးပြီ။ အဲဒါကိုပဲထည့် မယ်’’ဟု ဆိပ်ကြီးခနောင်တိုမြို့ နယ်သခင်ဘသောင်းရပ်ကွက်နေ ဦးအေးစန်းက ပြောသည်။
ဒေသခံများအား ကူညီပံ့ပိုးမှု များပြုလုပ်နေခြင်းသည် မဲရလိုမှု အတွက် မဲဆွယ်စည်းရုံးခြင်းမ ဟုတ်ဟု ၎င်းတို့က ငြင်းဆိုထားကြ သော်လည်း လွန်ခဲ့သည့်ငါးနှစ် ကျော်ကာလ ၂၀၁၀ရွေးကောက်ပွဲ အကြိုမဲဆွယ်မှုပြုလုပ်ခဲ့သည့်ဖြစ် စဉ်များနှင့် တူညီနေခြင်းကြောင့် ယခုလုပ်ဆောင်ချက်များမှာသွယ် ၀ိုက်သောနည်းဖြင့် ယခင်နည်း လမ်းအတိုင်း စည်းရုံးနေခြင်းသာ ဖြစ်သည်ဟု ယုံကြည်ရကြောင်း နိုင်ငံရေးစောင့်ကြည့်လေ့လာသူ များက မှတ်ချက်ပြုသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်  ဖွံ့ဖြိုးရေးပါတီသည် ၂၀၁၀ရွေး ကောက်ပွဲမတိုင်မီကလည်းလမ်း များခင်းပေးခြင်း၊ လမ်းမီးတိုင်များ စိုက်ထူပေးခြင်း၊ ငွေထုတ်ချေးပေး ခြင်းစသည့်လုပ်ဆောင်ချက်များ ဖြင့် စည်းရုံးမှုများရှိခဲ့ရာ ယခုလုပ် ဆောင်ချက်များမှာ တစ်ချိန်က ယင်းလုပ်ရပ်ကို ပြန်လည်အသက် သွင်းရာရောက်နေသည်ဟု ၎င်းတို့ ကဆိုသည်။
ရှမ်းပြည်နယ် နောင်ချိုမြို့နယ်မှနေ၍ ယဉ်ကျေးမှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးအေးမြင့်ကြူ ၀င်ရောက်ယှဉ်ပြိုင်ရန်ရှိပြီး ယင်းဒေသရှိ ဘုန်းတော်ကြီးကျောင်းများသို့ မကြာခဏ၀င်ထွက်လှူဒါန်းမှုများနေခြင်း၊ လမ်းခင်းရန်  ဘိလပ်မြေများပေးပို့လှူဒါန်းထားခြင်းများလုပ်ဆောင်ကြောင်း အင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌဦးဝင်းမြင့်က ပြောသည်။
 ‘‘အဝေးကြီးမဟုတ်ပါဘူး။ လွန်ခဲ့တဲ့ တစ်နှစ်လောက်က တောင် ဒီဒေသကို မရောက်ခဲ့တဲ့ သူတွေက ရွေးကောက်ပွဲကပ်မှ မ ကြာမကြာရောက်လာပြီး လှူဒါန်း ပေးကမ်းမှုတွေလုပ်နေတာက တ ခြားဘာအကြောင်းရှိနိုင်မှာလဲ။ ပြည်သူတွေအတွက်ကတော့ ကောင်းတာပေါ့။ ပေးတာရတယ် လေ။ ရည်ရွယ်ချက်ကိုသိတဲ့ပြည် သူတွေအတွက်က ဒါကကွယ်ရာ မှာ ပြက်ရယ်ပြုစရာဖြစ်နေတာ ပေါ့’’ဟု ဦးဝင်းမြင့်ကဆက်လက် ပြောသည်။
ထိုသို့ ရွေးကောက်ပွဲနီးကပ် ချိန်တွင် လက်ဆောင်ပစ္စည်းများ ပေး၍ ထောက်ပံ့ကူညီမှုများပေး ခြင်းအားဖြင့်ဒေသခံများ၊ ပြည်သူ များ၏ ထောက်ပံ့မှုရရှိရန်မှာ ထင် သလောက်လွယ်ကူနိုင်မည်မ ဟုတ်ဟုဦးဝင်းမြင့်က မှတ်ချက်ပြုသည်။
‘‘လက်ဆောင်ပစ္စည်းပေးရုံနဲ့ စည်းရုံးနိုင်မယ်ထင်ရင်တော့ ဒါ ပြည်သူကို အထင်သေးတာပဲ။ အ ခု ပြည်သူတွေလိုလားနေတာစစ် မှန်တဲ့ ဒီမိုကရေစီစနစ်ရရှိရေးပါ။ အဲဒီယုံကြည်ချက်ကို ပြောင်းလဲ ပစ်ဖို့ မလွယ်ပါဘူး’’ဟု ယနေ့ ခေတ်မဂ္ဂဇင်းအယ်ဒီတာဦးသက် ဇင်က မှတ်ချက်ပေးသည်။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ကိုယ်စားလှယ် လောင်းမဲဆွယ်စည်းရုံးခွင့်ပြုထား သည့်ကာလ မဟုတ်သေးဘဲ မဲ ဆွယ်မှုပြုလုပ်ခဲ့ခြင်း၊ အချို့ပုဂ္ဂိုလ် များက နိုင်ငံတော်ကပေးအပ်ထား သည့် လက်ရှိအခွင့်အရေးသြဇာ များအသုံးချလုပ်ဆောင်မှုများရှိ နေခြင်းကြာင့် ကော်မရှင်ကစည်း မျဉ်းအတိုင်းစစ်ဆေးအရေးယူမှုပြု လုပ်ရန် လိုအပ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
နေပြည်တော်ကောင်စီနယ် မြေအတွင်းလုပ်ဆောင်နေသည့် မဲဆွယ်စည်းရုံးမှုသဏ္ဌာန်ဆောင် ရွက်ချက်များနှင့်ပတ်သက်၍ အ မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ကလည်း စောင့်ကြည့်နေကာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံတိုင်ကြားရန်စီစဉ်နေကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးမင်းသူကပြောသည်။
‘‘ဥပဒေကိုမသိလို့လုပ်နေ တာလား၊ သိရက်နဲ့ ကျူးလွန်နေ တာလားဆိုတာတော့မသိဘူး။ ကျွန်တော်တို့ စောင့်ကြည့်နေ တယ်။  တခြားပါတီတွေအနေနဲ့ တော့ ဒီလိုလုပ်ဖို့ဆိုတာ ခဲယဉ်း တယ်။ မဲဆွယ်တာကို လှူဒါန်းတယ်လို့အမည်တပ်တာကလည်း မဖြစ်သင့်တဲ့ကိစ္စပဲ။ သူတို့ရဲ့ ပစ္စည်းပေးဝေရာမှာလည်း သူတို့ကို မဲပေးဖို့အဓိကပြောတယ်လို့သိရတယ်’’ဟု ၎င်းက ဆိုသည်။ 
ထီး၊ ယပ်တောင်နှင့် ပစ္စည်း များကို မဲဆန္ဒရှင်များအားပေးဝေခဲ့ သော ဦးမြင့်လှိုင်ကို အမျိုးသားဒီ မိုကရေစီအဖွဲ့ချုပ်က စက်တင် ဘာ ၆ရက်တွင် ဒက္ခိဏသီရိမြို့ နယ်ရဲစခန်းတွင် အမှုဖွင့်ခဲ့သော် လည်း ရဲအရေးမပိုင်သောအမှုဖြစ် ၍ ရဲစခန်းကပယ်ချသည်။ ‘‘မဲရဖို့ အတွက်ပစ္စည်းနဲ့ လာဘ်ပေးတဲ့ပုံစံ ဖြစ်နေလို့ ရဲအရေးပိုင်တဲ့အမှုဆို ပြီး ရဲစခန်းသွားတိုင်တာပါ’’ဟုရွေး ကောက်ပွဲကော်မရှင်သို့မတိုင်ဘဲ ရဲစခန်းတိုင်ရခြင်းနှင့်ပတ်သက်၍ မေးမြန်းရာ တရားလိုအဖြစ်တိုင် ကြားသူဒေါ်သန်းသန်းစိုးကပြော သည်။
ရွေးကောက်ပွဲတရားဝင်မဲ ဆွယ်စည်းရုံးခွင့်သတ်မှတ်ရက်မ တိုင်မီ ယင်းကဲ့သို့ ကိုယ်စားလှယ်လောင်းအချို့၏ လုပ်ဆောင်နေမှု နှင့်ပတ်သက်၍ သတင်းများထွက် ပေါ်ကြားသိနေရသော်လည်း တ ရားဝင်စောင့်ကြည့်မှတ်တမ်းတင် မှုမပြုလုပ်နိုင်သေးကြောင်း ရွေး ကောက်ပွဲလေ့လာရေး ပြုလုပ် သွားမည့် PEACE(ပြည်သူများပူး ပေါင်းလှုပ်ရှားမှုအဖွဲ့) အမှုဆောင်ဒါရိုက်တာဦးစိုင်းရဲကျော်စွာကပြောသည်။
‘‘ဒီဖြစ်စဉ်တွေနဲ့ပတ်သက်လို့ ပါတီအချင်းချင်းကပဲ ထိန်းကျောင်းမှုတွေလုပ်ဖို့လိုမယ်ထင် တယ်’’ဟု ၎င်းကမှတ်ချက်ပြု သည်။
သို့သော်မဲဆွယ် စည်းရုံးစဉ်ကာလရောက်လျှင်ပင် လွှတ်တော်ကိုယ်စားလှယ်များ မဲဆွယ်စည်းရုံးရာတွင် လုံခြုံရေးနှင့် စည်းကမ်းတကျဖြစ်ရေးအပြင် လက်ဆောင်ပစ္စည်းပေးအပ်ပြီး မဲဆွယ်စည်းရုံးမှုမပြုရဟူ၍ နိုင်ငံရေးပါတီများသို့ အမိန့်ညွှန်ကြား ချက်တိတိကျကျထုတ်ပြန်ထား ခြင်းဖြစ်သည်ဟု ခေတ်သစ်ပြည်ထောင်စုပါတီဥက္ကဋ္ဌဦးအောင် သန်းကပြောသည်။
 ‘‘လက်ဆောင်ပစ္စည်းပေး စည်းရုံးတာလည်း မဲဆွယ်တာဘဲ။ ဒီလိုလုပ်ခွင့်မရှိဘူးလို့  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က ညွှန်ကြားထားသလို နိုင်ငံရေး ပါတီတွေနဲ့ ကော်မရှင်ဥက္ကဋ္ဌတွေ တွေ့တုန်းကလည်း  နှုတ်နဲ့ထပ်သတိပေး ပြောကြားထားတာရှိ တယ်’’ဟု ၎င်းကဆိုသည်။
http://www.7daydaily.com/

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။